Contributor: ရန်အောင်
ဒီပို့စ်က ဖောင့်သွင်းတာ မပြေလည်သေးသူတွေအတွက် အထူးရည်ရွယ်ပြီး ရေးထားတာပါ ခင်ဗျာ.
ဘလော့ဂ်တစ်ခု စလုပ်တဲ့အခါမှာ EOT တွေဘာတွေ မလုပ်ခင် ဒီတိုင်းလေး စရေးနေလို့လည်း ရပါတယ်. ဖောင့်တွေကို မှန်မှန်ကန်ကန် ထည့်သွင်းတတ်ဖို့ လိုပါတယ်. ဒီအကြောင်းကို ပို့စ်တစ်ခု ရေးပြီး တင်ပေးခဲ့ပါပြီ. ဒါပေမယ့် မမြင်သာဘူးဖြစ်နေတယ် ထင်လို့ လိုတိုရှင်း ထပ်ရေးပေးလိုက်ပါတယ်.
မြန်မာဘလော့ဂ်တွေ စရေးချင်သူများ ကြုံတွေ့ရတဲ့ ပြဿနာကတော့ မြန်မာစာကောင်းကောင်း မပေါ်တာပါပဲ. Classic Template သုံးနေတဲ့ ဘလော့ဂါများ အနေနဲ့ကတော့ ကိုယ့်ဘလော့ဂ်မှာ ဇော်ဂျီဖောင့် Assign လုပ်တဲ့နည်းကို ကိုညီလင်းဆက်က ဒီနေရာမှာ ရေးထားပေးပါတယ်။ ဖြစ်နိုင်ရင်တော့ New Blogger Version ကို ပြောင်းသုံးကြည့်ပါ။ သူကပိုပြီးတော့ user friendly ဖြစ်လို့ပါပဲ။ Widgets တွေ ထည့်ရတာလည်း အဆင်ပြေလို့ပါ။ ဒါကြောင့်မို့လည်း New Blogger Template ကို Widget Template လို့လည်း ခေါ်ပါသေးတယ်.
New Blogger Template သုံးနေသူတွေ များလာပြီမို့ အဲဒီ့ Template တွေအတွက်ပဲ အထူးရည်ရွယ်ပြီး အတိုဆုံး ရေးပေးလိုက်ပါမယ်.
Template ပုံစံတွေ မတူလို့ တစ်ချို့ Template တွေမှာ စာကြောင်း ၂ ကြောင်းလောက်ပဲ ပါတတ်ပေမယ့် တစ်ချို့ Template တွေမှာတော့ ၄ ကြောင်းလောက်ပါတတ်ပါတယ်. တစ်ချို့မှာတော့ အောက်မှာဖော်ပြခဲ့တဲ့ အတိုင်း အကုန်ပါတတ်ပါတယ်. အဲဒါတွေကို ခေါင်းခြောက်ခံမနေပါနဲ့.
% ဆိုတဲ့ Sign လေးရဲ့ နောက်မှာ အနီရောင်လေးနဲ့ ပြထားသလို Zawgyi-One လို့သာ ရိုက်ထည့်ပေးလိုက်ပါ. ၂ ခါတွေ့ရင် ၂ ခါထည့်ပေါ့ဗျာ
<Variable name="bodyFont" description="Text Font" type="font"
default="normal normal 100% Zawgyi-One,
<Variable name="pageTitleFont" description="Blog Title Font" type="font"
default="normal bold 200% Zawgyi-One,
<Variable name="descriptionFont" description="Description Font" type="font"
default="normal normal 100% Zawgyi-One,
<Variable name="headerFont" description="Sidebar Title Font" type="font"
default="normal bold 100% Zawgyi-One,
<Variable name="postTitleFont" description="Post Title Font" type="font"
default="normal bold 135% Zawgyi-One,
အဲဒါဆိုရင် မိမိဘလော့ဂ်မှာ မြန်မာစာလုံးတွေ ကောင်းမွန်စွာ ပေါ်လာပါလိမ့်မယ် ခင်ဗျာ. ထပ်ပြောပါမယ်နော်. Template တစ်ခုနဲ့တစ်ခု မတူနိုင်ပါဘူး. ဒါပေမယ့် Idea ကတော့ အတူတူပါပဲ. Bodyfont, headerfont…. ဘာပဲလာလာပါ. အဲဒီ့ % နောက်မှာ အပေါ်မှာ ရေးထားသလိုမျိုး ကြေငြာပေးလိုက်ပါ ခင်ဗျာ.
အားလုံးပဲ အဆင်ပြေကြပါစေ..
ကိုရန်အောင် post ထဲကအတိုင်း ကျွန်မ blog လေးကိုပြင်ကြည့်ထားတယ်။ ကျေးဇူးတင်ပါတယ်ရှင်။ ကျွန်မက blog သာရေးနေတာ blog ဘယ်လိုပြင်ရမှန်းမသိဘူး။ ကိုရန်အောင်တို.blog တွေရှိနေလို.သာတော်တော့တယ်။ ကျေးဇူးပဲ။
ReplyDeleteကျေးဇူးပါပဲဗျာ။ကျွန်တော်ကအခုမှစလုပ်တာဆိုတော့ဘာမှသိပ်မသိသေးဘူး။ဒီကပို့စ်တွေအတိုင်းလုပ်ကြည့်နေတာ။တကယ်ကျေးဇူးတင်တယ်ဗျာ။
ReplyDeleteကျွန်တော်သိပ်မလုပ်တက်လို့ ဖြစ်နိုင်ရင် ပုံလေးတွေနဲ့ရှင်းပြရင် ပိုကောင်းမယ်ထင်ပါတယ်။ အခုမှ စလေ့လာသူမို့လို့ပါ
ReplyDeleteThis comment has been removed by the author.
ReplyDeleteကျွန်မက Browser အတွက် Mozilla Firefox သုံးပါတယ်။ အရင်က အကုန်အဆင်ပြေပေမယ့် အခု Firefox Version 4 ကို စသုံးကတည်းက ကျွန်မဘလော့ကစာတွေမှာ ယယစ် (ြ )/ သဝေထိုး (ေ) စတာတွေနဲ့ သူတို့ရဲ့ ကပ်ရက်စာလုံးတွေ လိုတာထက်ပိုကွာခြားနေတာ တွေ့ရပါတယ်။ တချို့ Blog တွေမှာ အဲဒီလို ပြဿနာ မတွေ့ရတာကြောင့် Blog မှာ Zawgyi-One Font သွင်းတာ အမှားအယွင်းများ ရှိနေလားလို့ တွေးမိပါတယ်။ ကျေးဇူးပြုပြီး ပြောပြပေးပါရှင်။ ကျေးဇူးတင်ပါတယ် ကိုရန်အောင်...
ReplyDeleteThis comment has been removed by the author.
ReplyDeleteြမန်မာ
ReplyDelete