Friday, August 17, 2007

အပြုံးလေးများ နှင့် ပို့စ်

Contributor: ချမ်းမြစိုး

ဘလော့ပို့စ်တွေမှာ ဒီတိုင်းရေးနေရတာပျင်းလာလို့ smiley လေးတွေထည့်ချင်တယ်ဆိုရင် အောက်ဖော်ပြပါဆိုဒ်မှာ ပါဝင်တဲ့ အဆင့်များအတိုင်းပြုလုပ်နိုင်ပါတယ်။ ကျွန်တော်ရဲ့ cmsmdy.blogspot.com မှာတော့ ထည့်သွင်းထားပါတယ်။


Smiley for Blog

Update: 14/01/07

ဒီဆိုဒ်မှာ ပါတဲ့နည်းအတိုင်း လုပ်လို့ အဆင်မပြေဘူးဆိုရင် နောက်တစ်နည်းအနေနဲ့ ထပ်ပြီးလုပ်ကြည့်နိုင်ပါတယ်။ အခုတွေ့ထားတဲ့ နည်းကတော့ လုပ်ရတာ လုံးဝ လွယ်ကူပါတယ်။

1. Firefox ရှိရပါမယ် [ Download ]

2. Firefox ရဲ့ Add-ons တစ်ခု ဖြစ်တဲ့ Grase Monkey ကို Install လုပ်ပါ [ GetAdd-Ons Here ]

3. GraseMoneky install လုပ်ပြီးပြီဆိုရင် Firefox ရဲ့ ညာဘက်အောက်ခြေ ဒေါင့်မှာ မျောက်ကလေးကို တွေ့ရပါလိမ့်မယ် biggrin

4. Emotions/Smiles လေးတွေပါတဲ့ Javasript Code ကို GraseMonkey နဲ့ install လုပ်ပေးရပါမယ်။ [ Just Click Here ]

5. Javascript ကို GracseMonkey က Auto install လုပ်ပေးသွားပါလိမ့်မယ်။ အဲဒါပြီးတာနဲ့ ဘလော့ဂါရဲ့ Compose View ကို သွားလိုက်တာနဲ့ ဒီလို တွေ့ရပြီပေါ့ razz


6. နောက်ဆုံးအဆင့် အနေနဲ့ကတော့ ဘလော့ဂါရဲ့ img boder code ကြောင့် auto ပါလာမည့် image border ကိုဖျောက်ပေးရပါမယ်။ မဟုတ်ရင် ပုံလေးတွေမှာ border လေးတွေ ပါလာလိမ့်မယ်။ အဲဒီအတွက် ဒီကုဒ်လေးကို header tag မပိတ်ခင်မှာ ထည့်ပေးလိုက်ပါ။ ဒါဆို အိုကေပြီ။

img.emoticon {
padding: 0;
margin: 0;
border: 0;
}

နောက်ပြီး Post မှာ ပါဝင်တဲ့ image တွေကို Border ပေးထားတဲ့ CSS code ကို ဖျက်ပေးရပါမယ်။

.post img {
margin:0 0 5px 0;
padding:4px;
border:1px solid $borderColor; (delete this line)
font-family: "ZawGyi-One", ZawgyiOne, Zawgyi1;
}

အားလုံးအိုကေသွားပါပြီ။ smiles လေးတွေထပ်ရချင်သေးတယ်ဆိုရင် အောက်မှာပါတဲ့ လင့်ခ်တွေကို Click လုပ်ပါ။ GraseMoneky က Auto install လုပ်ပေးသွားပါလိမ့်မယ်။




razz အပြုံးများနှင့် ပျော်ရွှင်ပါစေခင်ဗျာ razz

1 comment:

  1. ဒီပို့စ်အတွက် ဖိုးချမ်းကို ကျေးဇူးပါ သူ့ဘလော့ဂ်မှာ ရေးထားတုန်းက ဖတ်ပြီး လုပ်ကြည့်ဖို့ မေ့သွားတာနဲ့ ပို့စ် ပြန်ရှာတာ မတွေ့တော့ဘူး ခုလိုမျိုး စုထားပေးတာ ဦးရန်လဲ ကျေးဇူးပါ...

    ReplyDelete