Contributor: ရန်အောင်
ဒီတစ်ခါတော့ ဆီဗုံးလို့ အများစုက ချစ်စနိုးပြောင်ခေါ်နေကြတဲ့ Cbox နဲ့ ပတ်သက်တာ လေးတွေ ကျွန်တော်သိသလောက် ရေးပေးပါမယ်.
Cbox ဆိုတာကတော့ ဘလော့ဂ်တွေ တော်တော်များများမှာ တွေ့နေရတဲ့ ဘလော့ဂ်ရေးသူနဲ့ လာလည်သူတွေကြားက communication tool လေးတစ်ခု ပါပဲ. လာလည်သူတွေ ကလည်း သူတို့ပြောချင်တဲ့ Message တွေကို Cbox မှာ ထားခဲ့တယ်။ ဘလော့ဂ်ပိုင်ရှင်ကလည်း ပြန်ပြောမယ်။ မှန်တာကို ပြောစတမ်းဆိုရင် ကိုယ့်ရဲ့ Cbox မှာ လာလည်သူတွေ များတာကို ဘလော့ဂ်ပိုင်ရှင်တိုင်း ၀မ်းသာအားရ ဖြစ်မိကြပါတယ်။
ခုနောက်ပိုင်းဆိုရင် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်နောက်ပြောင်တာ လေးတွေကို ဆီဗုံးမှာ ရေးခဲ့ကြတယ်။ အပြင်က မောမောနဲ့ ပြန်လာပြီးနောက် ကျွန်တော်ပထမဆုံး လုပ်တာကတော့ Email စစ်တာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ဆီဗုံးမှာ ဘယ်သူတွေ ၀င်ရေးသွားလဲ၊ ဘယ်သူတွေ ၀င်ဖွသွားလဲ ဆိုတာကို အရင်ကြည့်တာပါပဲ။
ကဲ. စလိုက်ကြရအောင်လားဗျာ.
ပထမဆုံး http://www.cbox.ws/ ကိုသွားပါ။ Account တစ်ခု Sign Up လုပ်ပါ။ See all styles မှာ ကိုယ်ကြိုက်တဲ့ Color လေးတွေ ရွေးယူလို့ ရပါတယ်။
ပြီးရင် ကိုယ့် Account ထဲကို ၀င်ပါ။ Admin Tab ကိုသွားပါ။ အဲဒီ့နေရာကနေ ကိုယ့်ရဲ့ Cbox ကို အမျိုးမျိုး manage လုပ်လို့ ရပါတယ်။
Width တွေ Height တွေလည်း ပြောင်းလို့ရပါတယ်။ Default ပေးထားတဲ့ Width က တော်တော်ကျဉ်းပါတယ်။ ၁၆၀ ပဲ ပေးထားပါတယ်။ ၂၀၀ (သို့) ၂၂၀ လောက် ပြောင်း ကြည့်လိုက်ပါ။ ဒါဆိုရင် ကိုယ့်ရဲ့ Cbox မှာ စာတွေ ကောင်းကောင်းမြင်ရတဲ့ အဆင့်ထိ ရောက်သွားပါလိမ့်မယ်။ စိတ်ကြိုက်ပြောင်းယူပါ။ ကိုယ့်ရဲ့ Template က ပေးထားတဲ့ Column Width နဲ့ ကိုက်ညီအောင် ပြောင်းယူပါ။
Form Layout မှာတော့ Cbox ရဲ့ Design ကို ပြောင်းယူလို့ရပါတယ်။ Message ရေးတာကို အပေါ်မှာ ထားလို့ရသလို အောက်မှာလည်း ထားလို့ရပါတယ်။ ကိုယ့် စိတ်ကြိုက် ပြောင်းကြည့်ပါခင်ဗျာ။
Messages တို့၊ Message Length တို့မှာလည်း ကိုယ်လိုသလို Setting ကိုထားနိုင် ပါတယ်။
Cbox ကို မိတ်ဆက်တဲ့ အပိုင်းကတော့ ပြီးပါပြီ။ ခုပြောမှာကတော့ အရေးကြီးတဲ့ အပိုင်းပါ။ Cbox မှာ မြန်မာလို စာကောင်းကောင်းပေါ်အောင် ဘယ်လိုလုပ်ရမလဲ ဆိုတဲ့ ပြဿနာပါ။
Colors & Fonts ကို သွားပါ။ Fonts ဆိုတာကို သွားပါ။ သူ့ရဲ့ Default က Arial Font ကို ပေးထားပါတယ်။ အဲဒီ့ Box လေးနေရာမှာ Zawgyi-One လို့ ပြောင်းရိုက်ပေးလိုက်ပါ။ ပြီးရင် Apply Button လေးကို နှိပ်လိုက်ပါ။ ဒါဆိုရင် ကိုယ့်ရဲ့ Cbox မှာ မြန်မာလို စာကောင်းကောင်း ပေါ်ပါပြီ။
နောက်တစ်ခုကတော့ Smilies Tab ပါ။ အပေါ်ခပ်ကျကျနေရာလေးက Preset Smilies ဆိုတာလေးကို နှိပ်လိုက်ရင် ခုလို ပုံမှာ မြင်ရပါလိမ့်မယ်။
အဲဒီ့နေရာမှာ ကိုယ့် Cbox ထဲမှာ ပေါ်စေချင်တဲ့ Smilies Color လေးတွေကို ပြောင်းလို့ရပါတယ်။ Default Blue, Default Orange, Default Yellow လို့ ပေးထားပါတယ်။ ကြိုက်ရာပြောင်းယူနိုင်ပါတယ်။
Customize Smilies ကို ပြန်သွားပါ။ ခုပြောမှာကတော့ ကိုယ်ကြိုက်တဲ့ Smilies ပုံလေးတွေကို ဘယ်လိုထည့်လို့ ရနိုင်မလဲ ဆိုတာပါပဲ။
New Row ကို ယူလိုက်ပါ။ URL Address နေရာမှာ ကိုယ်ထည့်ချင်တဲ့ Smilies ပုံလေးရဲ့ URL ကို ရိုက်ထည့်ပေးလိုက်ပါ။ Code နေရာမှာတော့ ကိုယ့်ရဲ့ Smilies လေးအတွက် သီးသန့် သင်္ကေတလေးတစ်ခု ကိုယ့်ဖာသာကိုယ် လုပ်ပေးလိုက်ပါ။ ဥပမာ ဟားတိုက်ရီနေတဲ့ ပုံလေးထည့်ထားမိရင် :)) လို့ ရိုက်ထည့်ပြီး မှတ်ခိုင်းထားတဲ့ ပုံစံမျိုးပေါ့။
My Users Tab ကတော့ Diabled ဖြစ်နေပါတယ်။ သူကတော့ ပိုက်ဆံသွင်းထားတဲ့ Registered Users တွေအတွက်ပဲ ရပါတယ်။ Blocked Users ကတော့ ကိုယ့်ဘက်က Block လုပ်ထားတဲ့ User တွေနဲ့ ပတ်သက်တဲ့ Information တွေ ပြထားတာပါ။
Messages မှာကတော့ ကိုယ့် Cbox မှာ ရေးထားတဲ့ Messages တွေကို Manage လုပ်လို့ရပါတယ်။
ကိုယ်ဖျက်ချင်တဲ့ Message ကို Tick လုပ်ပြီး ဖျက်ပစ်လို့ရပါတယ်။ ကိုယ် Ban လုပ်ချင်တဲ့ User ကိုလည်း Tick လုပ်ပြီး Ban ဆိုတာကို နှိပ်လိုက်လို့ရပါတယ်။ ဒါဆိုရင် အဲဒီ့ user ကိုယ့် Cbox မှာ စာလာရေးလို့ မရတော့ပါဘူး။ IP Address ကိုလည်း Tracking လိုက်လို့ ရပါတယ်။ ဘယ်နေရာကနေ စာလာရိုက်တယ်ဆိုတာကို သိနိုင်တာပေါ့။ ကျွန်တော်သုံးတဲ့ IP Tracking Tool ကတော့ IP Hacker ပါ။
Cbox အကြောင်းကတော့ ဒီမှာ ပြီးပါပြီ။
ကိုယ့်ရဲ့ဘလော့ဂ်မှာ Cbox တင်ဖို့အတွက် Quick Setup ကို ပြန်သွားပါ။ သူပေးထားတဲ့ Codes တွေကို ကူးယူပါ။
ပြီးရင် Blogger ထဲကို Sign in ၀င်ပြီးတော့ Template>Add Page Element မှာ HTML/JavaScript ကို ရွေးလိုက်ပါ။ ပြီးရင် ကူးယူလာတဲ့ Code လေးတွေ ကို ထည့်ပေးလိုက်ရုံပါပဲ။

အားလုံး အဆင်ပြေ ချောမွေ့ကြပါစေ ခင်ဗျာ။ မရှင်းတာရှိရင်လည်း Comments ထဲမှာ ၀င်ရောက် မေးမြန်းနိုင်ပါတယ်။
မှတ်ချက်။
၁. Cbox တွင် အကောင်းအဆိုးရောနေသည်။ Cbox ထည့်ထားခြင်းကြောင့် မိတ်ဆွေများတိုးပွားလာနိုင်သကဲ့သို့ အမည်မဖော်ဘဲ ၀င်ရောက်နှောင့်ယှက် တတ်သူများကြောင့်လည်း စိတ်အနှောင့်အယှက် ဖြစ်ရတတ်ပါသည်။
၂. Blogger အသစ်များအနေဖြင့် Cbox ရှိထားခြင်းသည် မိမိဘလော့ဂ်အတွက် လာလည်သူများထံမှ အကြံဥာဏ်ကောင်းများ ပိုမို၍ ရလာစေနိုင်ပါသည်။ မိတ်ဆွေ များလည်း ပိုမိုတိုးပွားလာစေနိုင်ပါသည်။
၃. Cbox မရှိသော ဘလော့ဂ်သို့ ၀င်လျှင် မရင်းနှီးသေးသော သူစိမ်းအိမ်သို့ အလည်သွား ရသည်နှင့် တူပါသည်။ ထို့ပြင် မိမိအား အေးစက်စက်နှင့် ဆက်ဆံနေသကဲ့သို့ ခံစားရပါသည်။
(ဤကား စာရေးသူ၏ အာဘော်ပင် ဖြစ်၏…)
hello brother
ReplyDeletethanks u a lot.teach me ,talk me as u like,visit my blog and tell the requirements .aww don't forget to send gmail invitation.
ကျေးဇူးတင်ပါတယ်ရှင်။ ကျမ ဆီဗုံးမှာ နံမယ်တွေက မြန်မာလိုမပေါ်ပဲ ??? တွေပေါ်နေတာ အခုမှပဲအဆင်ပြေသွားတော့တယ်။ကျေးဇူး။
ReplyDeleteThis comment has been removed by the author.
ReplyDeleteကျွန်တော့် blog မှာcbox တင်မလို့  Add a Page Element မပေါ့ဘူးဘယ်လိုလုပ်ရမလဲပြောပေးပါအုန်းအကိုကြိး
ReplyDeleteကျနော် က HTML/java scrips မှာ ကုတ်ကို ကော်ပီ ကူးပြ်ီး ထည့်ပြီး save တာ မရဘူျးြဖစ်နေတာ save changes မဟုတ်ပဲ save ပဲဖြစ်နေတာ ဘယ်လို လုပ်ရမ လဲ ပြောပါအုံး.....
ReplyDeleteကျေးဇူတင်ပါတယ်
ReplyDeletecbox ကအလယ်မှာဖြစ်နေတယ်..တစ်ခုကအလယ်မှာ..နောက်တစ်ခုက..ညှာဘယ်မှာ.ဘယ်လိုလုပ်ရမလဲ..ကျေးဇူးပြုပြီး.ဖြေကြားပေးပါ..
ReplyDelete..blog သင်တန်းတက်ချင်ပေမယ့်..နယ်ကမို့..အကိုစာတွေဖတ်ပြီး..မှန်းတန်းလုပ်နေရတယ်..
ကျေးဇူးတင်တယ်..
ကျေးဇူးတင်ပါတယ်ဗျာ အခုမှ စလုပ်တဲ့အသစ်ပါ ကူညီပေးပါဦးနော်
ReplyDeleteကျေးဇူးတင်ပါတယ် ခင်ဗျာ.....
ReplyDeleteအစ်ကိုcbox ဘလော့မှာထည့်တာ code ထည့်ပြိးနောက် page elements မပေါ်ဘူး၊ အဲဒီတော့ add a page element မပေါ်တော့ခတ်နေတယ်၊ ပြောပြအုံးအစ်ကို
ReplyDelete