Saturday, September 15, 2007

နောက်ဆုံး ရေးထားတဲ့ Comment များကို side bar မှာ ထည့်နည်း...

Contributor: မောင်လှ

ပထမဆုံး လုပ်ရမယ့် အလုပ်က www.blogger.com ထဲကို login အရင်ဝင်ပါ.... Dashboard ထဲကို ရောက်ပြီဆိုရင် ကျတော်တို့ ပြင်ချင်တဲ့ blog ရဲ့ Manage: ဆိုတဲ့ နေရာမှာ ရှိတဲ့ Layout ကို click လုပ်ပါ....


ပုံထဲမှာ ပြထားတဲ့ အတိုင်း (၁) Page Elements ဟုတ်ရဲ့လား အရင်စစ်ပါ... ဟုတ်ပြီဆိုရင် (၂) Add A Page Element ကို click လုပ်ပါ... နောက်ထပ် windows တစ်ခုပေါ်လာရင် (၃) Feed ကို တွေ့အောင် ရှာပါ... တွေ့ပြီဆိုရင် ADD TO BLOG ကို နှိပ်ပါ... http://your_site_name.blogspot.com/feeds/comments/default ထည့်ပေးပါ... your_site_name ဆိုတဲ့နေရာမှာ ကိုယ့် blog နာမည် ထည့်ပါ... MgHla လို့ သွားထည့်မိရင်တော့ ကျတော့် ဘလော့က comment တွေ လာပေါ်နေပါလိမ့်မယ်... OK ကို click နှိပ်လိုက်ရင် အောက်က ပုံအတိုင်း windows နောက်တစ်ခု ပြောင်းသွားပါလိမ့်မယ်...


Title ဆိုတဲ့ နေရာမှာ Recent Comments or Latest Comments or ကိုယ်ကြိုက်တဲ့ စာသား ရိုက်ထည့်ပါ... show နေရာမှာ ကျတော်တို့ ပေါ်စေချင်တဲ့ comment အရေအတွက်ကို ရွေးပေးရမှာ ဖြစ်ပါတယ်... Item dates ဆိုတာက comment ပေးထားတဲ့ ရက်စွဲ ဖော်ပြချင်ရင် သုံးပါတယ်... Item sources/authors ရဲ့ ရှေ့မှာ အမှန်ခြစ်ပေါ်အောင် လုပ်ထားမယ်ဆိုရင်တော့ comment ပေးထားခဲ့သူ နာမည်(nick) ကို ဖော်ပြပေးမှာဖြစ်ပါတယ်... ပြီးပြီ ဆိုရင်တော့ SAVE CHANGES ကို click လုပ်လိုက်ပါ... ပထမဆုံးပုံက နေရာ ပြန်ရောက်သွားရင် SAVE button ကို နှိပ်လို့ရရင် နှိပ်လိုက်ပါ... ပြီးရင် ကိုယ့်ဘလော့ကို ပြန်ကြည့်ပါ...

ကျတော့် ဘလော့မှာတော့ အပေါ်က အတိုင်း မြင်နေရပါတယ်... Saturngod ရေးတဲ့ Comment တွေကို RSS နဲ့ကြည့်မယ်... ဆိုတဲ့ post ကို ဖတ်ပြီး စမ်းလုပ်ကြည့်ရင်း ရလာတာပါ...


8 comments:

  1. I don't know why..

    I can't put the code in Feed.

    it says "Invalid feed URL."

    ReplyDelete
  2. ကိုမောင်လှ ကျေးဇူးနဲ. ဘလော.ရေးနိုင်ပြီး recent comment လဲ ထည်.နိုင်လို. လေနဲ.လာပြီး လာ ဂါရဝပြူတာပါ။

    ReplyDelete
  3. ကိုမောင်လှ ကျေးဇူးနဲ. ဘလော.ရေးနိုင်ပြီး recent comment လဲ ထည်.နိုင်လို. လေနဲ.လာပြီး လာ ဂါရဝပြူတာပါ။

    ReplyDelete
  4. တီး
    တို.ထင်တာ တီး ပထမ လို့ ထဲ.လိုက်လို.ဖြစ်မယ် တို.လဲ ဖြစ်သွားတယ်. ဒုတိယ လိုမှ မှန် သွားတယ်။

    http://khinoomay77.blogspot.com/
    http://khinoomay77.blogspot.com/feeds/comments/default

    ReplyDelete
  5. အစ်ကိုရေ ပညာတွေမျှဝေပေးတာ ကျေးဇူးအများကြီးတင်ပါတယ်ဗျာ

    ReplyDelete
  6. အကိုရေ... ညီမဘလော့ဂ်လည်း အိုကေသွားပြီ။ ကျေးဇူးတင်လိုက်တာ....

    ReplyDelete