Sunday, October 17, 2010

RAM နည်းနေရင် အလွယ်ကူဆုံး ဘယ်လိုမြှင့်မလဲ.

Contributor: ရန်အောင်

အားလုံးပဲ မင်္ဂလာပါခင်ဗျာ.

ကွန်ပြူတာကို ဖက်ပြီးအိပ်တတ်ကြတဲ့ ကွန်ပြူတာသမားစစ်စစ်တွေ အမြဲညည်းညူတောင့်တတတ်တာ တစ်ခုရှိပါတယ်.

Memory မြှင့်လို့ရရင်ကောင်းမယ်. မြှင့်လိုက်ချင်တယ်.

အဲလိုစိတ်ကူးစိတ်သန်းတွေ တခဲခဲနဲ့ ရှိနေပေမယ့်လည်း လူတိုင်း memory မြှင့်တဲ့ဖက်ကို မရောက်နိုင်ကြပါဘူး. အကြောင်းကြောင်းကြောင့်ပေါ့ဗျာ. RAM Card တွေ ဈေးကြီးတာကလည်းတစ်ကြောင်း၊ စက်ကိုဖွင့်ပြီး လုပ်ရမှာလည်း မရဲတာကလည်း နှစ်ကြောင်း၊ အဲ. လက်တွေ့အကျဆုံးပြောရရင်တော့ (ကျွန်တော်အပါအ၀င်ပေါ့) လုပ်ရမှာ ပျင်းနေတာ.. ဟတ်ဟတ်.

ကဲဗျာ. ဘာမှမပူနဲ့... မြန်.လွယ်.ကောင်း နည်းလမ်းလေးတစ်ခုပေးမယ်. ညီအစ်ကိုတို့ရဲ့ RAM မြင့်လွန်းလို့ စိတ်တောင်ညစ်သွားမယ်.

တကယ်တကယ်...း)

ဘယ်လိုလုပ်ရမလဲ ဟုတ်လား...

ဂလိုလုပ်ပါဗျာ..

နံပါတ်တစ်...

အနည်းဆုံး 1 GB လောက်ရှိမယ့် Thumb Drive လေးတစ်ခု ၀ယ်လိုက်ပါ. ရှာလိုက်ပါ. မ၀ယ်နိုင်ရင်လည်း သယ်ရင်းတစ်ယောက်ဆီက ခဏငှားပြီး အပျောက်ရိုက်လိုက်ပါ. (အဲလိုနဲ့ ကျွန်တော့် ဖလက်ရှ် ဒရိုက်ဗ်တွေ ဆုံးလွန်းလို့စိတ်နာတယ်. )

Capacity များလေကောင်းလေဆိုပါတော့ဗျာ. ဒါပေမယ့် သိပ်အများကြီးလည်း မလိုပါဘူး. ကျွန်တော့်မှာတော့ 4 GB Thumb Drive လေးရှိတယ်. (ဒီတစ်ခါတော့ ဘယ်သူ့မှ မပေးတော့ဘူး.း) )

နံပါတ်နှစ်...

အဲဒီ့ Thumb Drive လေးကို ကွန်ပြူတာမှာ တပ်လိုက်ပါ. ကိုယ့်ကွန်ပြူတာမှာ အဲဒီ့ Drive လေးပေါ်လာအောင်စောင့်ပါ. မှတ်ထားလိုက်ပါ. ဥပမာ Drive F: စသည်ဖြင့်ပေါ့ဗျာ.

နံပါတ်သုံး...


တစ်ခြားစက်တွေ ဘယ်လိုနေတယ်တော့မသိဘူး. ကျွန်တော်ကတော့ XP ရော Windows 7 ရောကို သုံးနေတယ် သဘောတရားချင်းအတူတူပဲ. ဒါကြောင့် Vista Users တွေ၊ တစ်ခြား Windows သုံးသူတွေလည်း ကျွန်တော်ခု ဆွေးနွေးမယ့် အိုင်ဒီယာလေးကိုပဲ ကြည့်လိုက်ပါ. လိုက်ရှာကြည့်လိုက်ပါ. အဆင်ပြေပါလိမ့်မယ်.

လောလောဆယ်တော့ XP/Win 7 သမားတွေအတွက်ပဲ ရည်ရွယ်ပြောလိုက်မယ်ဗျာ. နော်. Windows 7 မှာကျတော့ နည်းနည်းလေး ကွဲတယ်. အဲဒါကို ကြားညှပ်ပြီး ဆွေးနွေးပေးသွားပါမယ်.

(၁) My Computer ကို သွားပါ. Right Click နှိပ်ပြီး Properties ကိုသွားလိုက်ပါ.

XP သမားတွေမှာ ဒီလိုပေါ်တယ်.


Windows 7 သမားတွေမှာတော့ ဒီလိုပေါ်တယ်.


(၂) Advanced Tab လေးကို နှိပ်ပါ. (Win 7 သမားတွေအတွက်ကတော့ ဘယ်ဖက် ကော်လန်လေးမှာ ရှိနေတဲ့ Advanced System Settings ဆိုတာလေးကို ရွေးပေးရမှာ ဖြစ်ပါတယ်.) ပြီးရင်တော့ Performance Settings ကို ဆက်သွားပါ.

(၃) Advanced ကို ဆက်နှိပ်ပါ.

(၄) Virtual Memory ဆိုပြီး Pop Up Window လေးတစ်ခု ပွင့်လာပါလိမ့်မယ်. Change ကိုနှိပ်ပါ. အဲဒီ့ထဲမှာမှ ခုနက ကျွန်တော်တို့ရဲ့ Thumb Drive လေးကို ရွေးပေးပါ. ကျွန်တော့်မှာတော့ Drive F လို့ပေါ်ပါတယ်. အဲလိုရွေးလိုက်တာနဲ့ Paging File Size for Selected Drive ဆိုတဲ့ စာကြောင်းလေးအောက်မှာ ကိုယ့်ရဲ့ Thumb Drive လေးပေါ်လာမှာဖြစ်ပြီး Space Available ဆိုတာလေးလည်း ပေါ်လာပါလိမ့်မယ်.

For XP


For Win 7



(၅) Win 7 သမားတွေအတွက်ကတော့ Automatically manage paging file size for all drives ဆိုတဲ့ Box လေးကို Uncheck ပြန်လုပ်ပေးရပါမယ်. XP သမားတွေကတော့ မလိုပါဘူး. ပြီးသွားရင်တော့ Custom Size ကို ရွေုးလိုက်ပါ. Space Available မှာ ပေါ်နေတဲ့ Thumb Drive ရဲ့ storage capacity လေးကို အပေါ်ကွက်လပ်လေးမှာရော အောက်ကွက်လပ်လေးမှာပါ ရိုက်ထည့်ပေးလိုက်ပါ.


(၆) Set ကိုနှိပ်ပါ. Ok ကိုနှိပ်ပါ.

(၇) ကွန်ပြူတာကို Restart ပြန်လုပ်ပါ.

(၈) ၀ါးးးးးးးးးးးးးး သိုင်းကျူး ကိုရန်အောင်. သိုင်းကျူးဘဲထီးမတ်ခ်ျ ကိုရန်အောင်လို့ ၈ ခွန်းပြည့်အောင်ပြောလိုက်ပါ.

(ကျွန်တော်က ၈ ရက်နေ့ မွေးတာမို့လို့လေ. ဟတ်ဟတ်)


အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့စွာ ဘလော့ဂင်းနိုင်ကြပါစေ...

ချစ်ခင်စွာဖြင့်

ရန်အောင်

မှတ်ချက်။

ဒီနေရာက ပို့စ်လေးကို သင့်တော်သလို ဘာသာပြန်ရေးသားထားတာ ဖြစ်ပါတယ်.

9 comments:

  1. အဟမ်း ...
    စမ်းအုံးမှ ...
    ဂတ် ဂတ် ဂတ် ....
    ကိုရန်အောင်ေ၇ ... အော်ခေါ်သံ ရှစ်ခါ ကြားရင်အောင်မြင်ပြီလို့  သဘောထားလိုက်ပါ မအောင်မြင်သေးရင် ဆက်လုပ်ပါအုံးမယ်
    ဟတ် ဟတ် ဟတ်

    ReplyDelete
  2. ပိုမမြန်တဲ့ အပြင် ပိုတောင် နှေးကွေးလာ နိုင်ပါသေးတယ်။
    Virtual memory ဆိုတာ harddisk ပေါ်မှာထားတာက flash drive ပေါ်မှာ ထားတာထက်စာရင် အများကြီးပိုအကျိုးရှိပါတယ်။
    ယနေ့ SATAII harddisk များသည် 3Gbps ဆက်သွယ်ရေးစနစ်နဲ့ အလုပ်လုပ်ပါတယ်။ ဒါပေမယ့် USB2.0 flash drive များကတော့ 480 Mbps နဲ့အလုပ်လုပ်ပါတယ်။ အဲဒါကြောင့်မို့လို့ virtual memory access time အဆပေါင်း ၆ဆလောက် ပိုမိုနှေးကွေးစေမှာဖြစ်ပါတယ်။
    ဒါက ဆက်သွယ်ရေးစနစ်တစ်ခုတည်းပေါ်မူတည်ပြီးပြောတာပါ။ ဒါ့အပြင် flash memory များသည် USB2.0 ရဲ့ အမြန်နှုန်းအထိပင် အလုပ်မလုပ်နိုင်ကြပါ။ များသောအားဖြင့် 25-30 MByte/sec ခန့်အထိသာ အလုပ်လုပ်နိုင်ပါတယ်။
    ထိုမျှမက flash rom များ၏ block size သည် harddisk ရဲ့ block size ထက်ပိုမိုကြီးမားပါတယ်။ ၄င်းတို့သည် block တစ်ခုလုံး ရေးရ ဖတ်ရသဖြင့် block size ကြီးမားလေလေ၊ ကြာချိန်ပိုများလေလေ ဖြစ်ပါတယ်။ ထို့ကြောင့် ပိုမိုနှေးကွေးလေလေ ဖြစ်ပါတယ်။
    အတိုချုပ်ပြောရရင်တော့ RAM နည်းတဲ့စက်တွေမှာသာ ဒီလိုအသုံးပြုမိရင် သိသာထင်ရှားစွာ နှေးကွေးလာတာကို တွေ့ရပါလိမ့်မယ်။

    ReplyDelete
  3. Tell me more, it is useful... See you on next page.Thanks bro..

    ReplyDelete
  4. bar KK are you sure ?..should I try or not.>?

    ReplyDelete
  5. ဆေးကောင်းဝါးကောင်းတိုင်းမှာ side affect ရှိတတ်ပါသည်
    ဆေးကောင်းလေလေ side affect ပိုများလေလေပါပဲ..
    ဒါဆို useful ဖြစ်ပါပြီ

    ReplyDelete
  6. This is Very very nice article. Everyone should read. Thanks for sharing. Don't miss WORLD'S BEST GAME FOR GameDownload

    ReplyDelete