Friday, August 17, 2007

ဘလော့ဂ်ကို Back Up လုပ်နည်း


Contributor: ဘုရင့်နောင်

အချိန်ကုန်ခံ၊ အပင်ပန်းခံ၊ ခါးညောင်းခံ တင်ထား ရေးထားတဲ့ မိမိရဲ့ ပို့စ်တွေကို backup လုပ်ထားချင်သူများ အောက်ပါနည်းတွေအတိုင်းလုပ်လို့ ရကြောင်းရှာတွေ့တာလေး ပြန်လည်မျှဝေ လိုက်ပါတယ်။ သိပြီးသား လည်းဖြစ် ချင်ဖြစ်မှာပါ။

http://blogname.blogspot.com/search?max-results=1000

blogname နေရာမှာ မိမိဘလောဂ့် နာမည်ကိုရိုက်ပါ။ ပို့စ် ၁၀၀၀ ထက်နည်းရင် save လုပ်လို့ရ တယ်လို့ ဆိုထားပါ တယ်။ တစ်ထောင် ထက် ကျော်ရင်တော့ မပြောတက်ဘူး။ အပေါ်က လိပ်စာအတိုင်း ရိုက်ထည့်လိုက်ရင် သင်ရေးခဲ့သမျှ ပို့စ်အားလုံးပေါ်လာပါလိမ့်မယ်။ ပထမ ဦးစွာ ပုံတွေကို သီးသန့် save လုပ်ဖို့ firefox extension တခုဖြစ်တဲ့ DownThemAll ကိုသုံးပြီး ပုံတွေကို download လုပ်ယူနိုင်ပါတယ်။ မိမိဖတ်ချင်တဲ့ ဘလော့ဂါတစ်ယောက်ရဲ့ ရေးခဲ့သမျှ ပို့စ်တွေကို တစ်ခါတည်း ဖတ်ချင်ရင်လည်း အပေါ်က လင့်ခ်မှာ မိမိဖတ်မယ့် ဘလော့ဂါရဲ့ လိပ်စာကိုပြောင်း ထည့်လိုက်ပါ။

နောက်တစ်ဆင့်က ရေးထားတဲ့ ပို့စ်တွေက စာတွေကို သီးသန့် save ဖို့ အောက်က လင့်ခ်ကို သွားပါ။

http://blogname.blogspot.com/feeds/posts/default?max-results=1000

XML feed ပါပဲ။ ပို့စ်က စာတွေပဲ သီးသန့်ပေါ်လာတာကို save page as(Ctrl+S) လုပ်လိုက်ရုံပါပဲ။ comments တွေကို သိမ်းဖို့

http://blogname.blogspot.com/feeds/comments/default?max-results=1000

ဖြစ်ပါတယ်။

No comments:

Post a Comment