Monday, August 20, 2007

ဘလော့ဂ်အတွက် Gadgets များ


Contributor: Tayzar Blink44

ဘလော့ခ် side bar မှာ Widget လေးတွေ ထည့်ဖို့ အတွက် Google Gadgets မှာ ရယူနိုင်ပါတယ်။

Blog Widgets, Gadgets and Add-ons



Google Gadgets က applications တွေကို developers တွေ users တွေ ကပဲ ဖန်တီးထားတာပါ။ Registration လုပ်စရာမလိုပါဘူး။ သင် ကြိုက်တဲ့ဟာကို ရွေးပြီး “Add to your webpage” ကို click လုပ်ပါ။ နောက် Gadget ရဲ့ title, width, height နဲ့ border ကို သင် အလိုရှိသလိုပြင်ပါ။ ဥပမာ - သင့် sider bar က 150 px ကျယ်တယ် ဆိုပါစို့ သင်ရဲ့ gadget ကို 150 px ထက် နည်းသင့်တာပေါ့။ နဂို အကျယ်အတိုင်း ထားလည်း ရပါတယ်။ ဒါပေမယ့် သင့် readers က gadget ကို အကုန်မြင်ရဖို့ scroll လုပ်ရမှာပေါ့။ စိတ်ကြိုက်ပြင်ပြီးရင်တော့ “Get the Code” ကို click လုပ်ပါ။ Code ကို copy လုပ်ပါ။ ပြီးတော့ "Page Element" မှာ paste လုပ်ချပါ။ ဒါဆိုရပါပြီ။

No comments:

Post a Comment