Wednesday, December 19, 2007

Spotback - Let your visitors rate your posts

Contributor: မျိုးကျော်ထွန်း

Spotback - Rate everything
spotback က ပို့စ်တွေကို rating ပေးတဲ့ plugin တစ်ခုပါပဲ။ register လုပ်ထားတဲ့သူကော မလုပ်တဲ့သူပါ rate လုပ်လို့ရပါတယ်။ spotback member တွေထဲက ဘယ်သူ ဘယ်ပို့စ်မှာ ဘယ်လောက် rate လုပ်သွားတာကိုလည်း သိနိုင်ပါတယ်။ highest rated tag တို့ top suggested rated tag တို့ကိုလည်း ဖော်ပြပေးတဲ့ widget ကိုလည်း ကိုယ့်ဘလော့ဂ်ရဲ့ ဆိုဒ်ဘားမှာ ထည့်လို့ရပါတယ်။ ကိုယ့်ဘလော့ဂ်ကို လာဖတ်တဲ့ အကြောင်းတစ်ခုခုကြောင့် comment မပေးချင်တဲ့ invisible visitor တွေကိုလည်း ဒါလေးနဲ့ ကူညီလို့ရပါတယ်။ blogger (new beta, old) , wordpress နဲ့ တစ်ခြား blog platform မှာ ဘယ်လို ထည့်ရတယ်ဆိုတာကိုလည်း code ယူတဲ့ အချိန်မှာ သေချာရှင်းထားပါတယ်။ အောက်က ပုံလေး နှစ်ခုက snapshot လုပ်ထားတာပါ။ ဒိပြင် ပုံစံမျိုးစုံလည်း ရှိပါတယ်။

Spotback rating
ဒါကို Go2Web2 မှာ စစတွေ့ပြီး limited user account ရကတည်းက ရေးမယ်ဆိုပြီး လုပ်ထားတာ မရေးဖြစ်ဘူး။ ကဲ စမ်းကြည့်ကြပါလေ။

1 comment:

  1. အဲဒိမှာ ဖိုရမ်ဖတ်ပြီး လုပ်ကြည့်တာလဲ မရဘူး... Dashboard မှာ Template ကို နှိပ်ပါဆိုပြီး... နှိပ်စရာ Template ဆိုတဲ့ဟာလဲ Dashboard ထဲမှာ ရှာမတွေ့ဘူး... လုပ်ပါအုံး...

    ReplyDelete