Sunday, December 2, 2007

Yet Another Wordpress Blogging

Contributor: မှော်ဆရာ


[ဒီဆိုဒ်လေး]ကို တွေ့ထားတာ (၁)ပတ်လောက်ရှိသွားပါပြီ။ အခက်အခဲဖြစ်နေတဲ့ မြန်မာဘလော့ဂ္ဂါတွေအတွက် အတော်အဆင်ပြေမယ်လို့ ယူဆမိပါတယ်။ Blogging လုပ်ဖို့အတွက်ဖြစ်ပြီး သဘောကတော့ Blogspot & Wordpress.com လိုပါပဲ။ Platform အဖြစ် Wordpress ကိုသုံးထားပြီး ထူးခြားတာကတော့ Wordpress.com မှာလို CSS နှင့် Template အပိုင်းကို ပိတ်မထားတာပါပဲ။ CSS ကို မိမိကြိုက်သလိုပြင်လို့ရပါတယ်(၀ါ့ဒ် ပရက်စ် ကုဒ်င် ဥပဒေသများနှင့်အညီပေါ့)။ CSS ကို ကိုင်လို့ရပြီဆိုမှတော့ မြန်မာဖောင့်ထ် အတွက်လည်း ပူစရာမလိုတော့ ပါဘူး။ လောလောဆယ်တော့ အချိန်မပေးနိုင်သေးတဲ့ အတွက် အဲဒီမြန်မာဖောင့်ထ် ရမရဆိုတာကို ကျွန်တော်ကိုယ်တိုင် စမ်းမကြည့်ရသေးပါဘူး။ စိတ်ပါဝင်စားသူများ စမ်းသပ်လေ့လာပြီး၊ ပြန်လည်မျှဝေပေးဖို့ တိုက်တွန်းလိုပါတယ်။


အထက်ပါဆိုဒ်မှာ ဘလော့လုပ်လိုသူများအနေဖြင့်-

(၁)မိမိနှစ်သက်ရာ နာမည်တစ်ခုရွေးချယ်ပြီး ဘလော့ဂ်တစ်ခုရယူပါ။ Require Info တွင်ထည့်လိုက်သော မိမိအီးမေးလ်သို့ Wordpress Admin(Blog Admin) လုပ်ရန်အတွက် လင့်ခ် တစ်ခုနှင့် Login လုပ်ရန်အတွက် User name, Password စသည်တို့ကို မေးလ် တစ်စောင်ဖြင့်ပို့လာပါမယ်။

(၂)အထက်ပါ ဒေတာများကို ရယူပြီး မိမိဘလော့ဂ် Admin Panel သို့ဝင်ရောက်ပါ။ Dashboard တွင် Manage မှတဆင့် Themes ကိုသွား၍ မိမိနှစ်သက်ရာ ဒီဇိုင်းတစ်ခုကို ပြောင်းလဲနိုင်ပါတယ်။

(၃)ဘလော့ဂ် ရဲ့ CSS နှင့် ဒီဇိုင်းပိုင်းကို ထပ်မံမွမ်းမံချင်တယ်ဆိုရင်တော့ Manage Tab ထဲမှာပင် Files ကိုသွား၍ မိမိပြင်လိုသော မိမိ၏ Wordpress Template အပိုင်းကို စိတ်ကြိုက်ရွေးချယ်ပြင်ဆင်နိုင်ပါတယ်။


Wordpress Coding ပိုင်းနဲ့ပတ်သက်ပြီး အခြေခံမှစ အတွင်းကျကျ လေ့လာလိုတယ် ဆိုရင်တော့ [ဤနေရာ] သို့ကြွပါ။


Uptade: Blogsome နှင့်ပတ်သက်ပြီး ဆက်လက်လေ့လာဖို့အတွက် ကိုသင်ကာ ရေးထားတဲ့ ဒီပို့စ် ကိုဆက်လက်ဖတ်ရှုပေးပါခင်ဗျား။


Technorati Tags: | | | | | |

1 comment:

  1. Blogsome နဲ့ပက်သက်ပြီး ကိုသင်ကာ ရေးထားတဲ့ပို့စ်က ဆက်ဖတ်လို့မရဘူးဖြစ်နေတယ် အကိုတို့ရေ..
    http://my-webs.org/hosting-blog/index.php အဲဒီကိုရောက်သွားတယ်။ ကျေးဇူးပြုပြီးပြန်စစ်ကြည့်ပေးပါအုံးဗျ။

    ReplyDelete