Myanmar Blogger Helpdesk

Learning, Sharing and Growing Together at Blogging Community!

Blogger Comment နှင့် Post Section တို့တွင် Smile ရုပ်ပုံများ ထည့်သွင်းခြင်း  

Contributor: မှော်ဆရာ

နှုတ်တစ်ရာ၊ စာတစ်လုံး။ စာလုံးတစ်ထောင်ထက် ရုပ်ပုံတစ်ခုက အဓိပ္ပာယ်ပေါင်း မြောက်များစွာကို ဖော်ပြနိုင်စွမ်းရှိပါတယ်။ အဲဒီတော့ ကျွန်တော်တို့ ရေးသားနေတဲ့ ပို့စ်တွေ၊ မှတ်ချက်တွေထဲမှာလည်း သူ့နေရာလေးနဲ့သူ အဓိပ္ပာယ်ရှိတဲ့ ပုံလေးတွေနဲ့ ကိုယ်စားပြုဖော်ပြပေးလိုက် မယ်ဆိုရင် အတိုင်းထက် အလွန်၊ တံခွန်နဲ့ ကုက္ကား ဆိုသလိုပဲ အစစ၊ အရာရာ သာလွန်ပြည့်စုံ ကောင်းမွန်တဲ့ ပို့စ် တွေ၊ မှတ်ချက်တွေ၊ ဆွေးနွေးချက် တွေဖြစ်လာမှာအမှန်ပါပဲ။

မိမိဘလော့ဂ်ရဲ့ Comment မှာရော၊ ပို့စ်တွေထဲမှာပါ အပြုံးလေးတွေကို လူမျိုးဘာသာမရွေး အားလုံးအသုံးပြုနိုင်ဖို့ အလွယ်ကူဆုံး နည်းလမ်းများကို ရှာဖွေ တင်ဆက်ထားပါတယ်။

နည်းလမ်း။ ။ Blogger Comment & Post Section တို့တွင် Smiles ရုပ်ပုံများထည့်သွင်းခြင်း

အောက်ပါအတိုင်းလုပ်ဆောင်ပါ။

(၁) မိမိရဲ့ စက်ထဲမှာ မီးမြေခွေး (FireFox) ဘရောက်ဇာ ရှိရပါမယ်။ မရှိခဲ့လျင် [ဒီနေရာ] မှာဒေါင်းလုဒ်ချ၍ Install လုပ်ပါ။

(၂) နောက်တစ်ခုကတော့ Greasemonkey ဆိုတဲ့ FireFox Addon ရှိရပါမယ်။ မရှိခဲ့လျင် [ဒီနေရာ] မှာ ဒေါင်းလုဒ်လုပ်၍ Install လုပ်ပါ။ ၎င်း Addon အား မိမိ FireFox Browser တွင် Install လုပ်ပြီးပါက ဘရောက်ဇာ၏ ညာဘက်အောက်ခြေထောင့်တွင် နီညိုရောင် မျောက်ခေါင်းပုံတစ်ခု ပေါ်လာမည်ဖြစ်သည်။

(၃) အထက်ပါအဆင့်များ အောင်မြင်စွာပြုလုပ်ပြီးစီးပါက Comment Section တွင် Smiles များထည့်သွင်းရန်အတွက် -

[ဤနေရာ] တွင် ”ကလစ်” လုပ်ပါ။ Greasemonkey မှ ၎င်း Script ကို Install လုပ်ပေးမည်ဖြစ်၍ အောက်ပါအတိုင်း Pop up ၀င်းဒိုး တစ်ခုတက်လာလျင် ”Install” ကိုသာ ဆက်၍ ကလစ်လိုက်ပါ။



ပြီးလျင် မိမိ၏ Comment ရေးသားသော နေရာတွင် အောက်ပါအတိုင်း Smile များနှင့်တကွ HTML Code အချို့ကိုပါ အလွယ်သုံးနိုင်အောင် လုပ်ပေးထားသော Tab လေးများကို တွေ့ရမှာဖြစ်ပါတယ်။



(၄) Post Section တွင် Smiles များထည့်သွင်းရန်အတွက် ကိုမူ -

[ဤနေရာ] တွင်ကလစ်လုပ်ပါ။ အထက်ကအတိုင်း Popup တစ်ခုတက်လာလျင် Install ကိုကလစ်ပါ။ပြီးလျင် အောက်ပါအတိုင်း မြင်တွေ့နိုင်ပါပြီ။



(၅) ဤနောက်ဆုံးအဆင့်တွင် အောက်ပါကုဒ် များကိုရှာ၍ အနီပြထားသော ကုဒ်များကို Delete လုပ်ပါ။

.post img {
margin:0 0 5px 0;
padding:4px;
border:1px solid $borderColor;
font-family: "ZawGyi-One", ZawgyiOne, Zawgyi1;
}


အဆုံးသတ်အနေဖြင့် အောက်ပါကုဒ် များကို မိမိ၏ Template ထဲရှိ </head> ဆိုသောကုဒ် မတိုင်မှီ Template ၏ CSS အပိုင်းတွင်ထည့်ပေးပါ။

img.emoticon {
padding: 0;
margin: 0;
border: 0;
}


ပြီးလျင် အားလုံး အဆင်သင့်ဖြစ်ပါပြီ။ ပို့စ်ရေးသောအခါ၊ သို့၊ မှတ်ချက်ရေးသောအခါ တွင် Smile များကိုအသုံးပြုလိုပါက၊ မိမိပေါ်စေချင်သော နေရာတွင် Cursor ချပြီး၊ အသုံးပြုမည့် Smile လေးများပေါ်တွင် ကလစ်ပေးလိုက်ရုံသာဖြစ်သည်။



မှတ်ချက်။ ။အထက်ပါ Smiles Hack တွင် Comment Section အတွက် Hack သည် ၎င်း Hack ကို Install လုပ်ထားသော ဘလော့ဂ် နှင့် အဆိုပါ စက်တွင်သာမြင်ရမည်ဖြစ်သည်။ အခြားသူများ၏ ဘလော့ဂ်နှင့် စက်များမှ မြင်တွေ့ရမည်မဟုတ်။ထို့ပြင် ဘလော့ဂ်၏ ပို့စ် Section တွင် Comment မှ Smile များပေါ်မည်မဟုတ်ပဲ သင်္ကေတများဖြင့်သာ ကိုယ်စားပြုမည်ဖြစ်သည်။ ဘလော့ဂ်၏ Comment Section တွင်သာ Smiles များကိုမြင်တွေ့ရမည်ဖြစ်သည်။



Sources: BloggerHacked | Notes4PC

Technorati Tags: | | | | |

Read More...
AddThis Social Bookmark Button

ဘလော့ဂ် ထိပ်ဆုံးက navbar ဖျောက်ခြင်းသည် တရားဝင်၊မ၀င် ?  

Contributor: မှော်ဆရာ

Blogspot အသုံးပြုသူတိုင်း မိမိဘလော့ဂ်ရဲ့ ထိပ်ဆုံးမှာ ဘလော့ဂ်တွေကို ရှာဖွေလို့ရတဲ့ Search Box တစ်ခုနဲ့ အတူ မိမိရဲ့ Gmail Address ကိုပါအမြဲဖော်ပြနေတဲ့ Navigation Bar တစ်ခုကို သတိပြုမိကြမှာပါ။ တစ်ချို့ ကအဲဒီဘားကို ကြိုက်တာရှိသလို တစ်ချို့ကလည်း မကြိုက်တာတွေရှိကြပါတယ်။ အဲဒီ navbar ကလည်း တစ်ချို့သော Blogger Template တွေမှာ ပါသလို တစ်ချို့သော Template တွေမှာ မပါပါဘူး။ သေချာတာက တော့ Blogger.com ရဲ့ မူရင်း Template အားလုံးလိုလိုမှာ ပါပါတယ်။နောက် များသောအားဖြင့် ဘလော့ဂ္ဂါတွေ တော်တော်များများကလည်း အဲဒီ Navigation Bar ကို မိမိနည်း ၊ မိမိဟန်နဲ့ ဖျောက်ပြီးအသုံးပြုနေကြတာ အစဉ် အလာတစ်ခုလိုဖြစ်နေပါပြီ။

ဒီနေရာမှာ အရေးကြီးတဲ့ မေးခွန်းတစ်ခုကတော့ အဲဒီလို Navigation Bar ဖျောက်သုံးခြင်းဟာ Google ရဲ့ Terms of Service တွေ ၊ Privacy Polcy တွေနဲ့ညီ မညီဆိုတာပါပဲ။ဒါနဲ့ပတ်သက်ပြီး လေ့လာကြည့်မိတဲ့ အချိန်မှာ Blogger ရဲ့ TOS စာမျက်နှာ မှာမည်သည့် ရည်ညွှန်းချက်မှ မတွေ့မိသလို Blogger Support Group ရဲ့ ဆွေးနွေးခန်း မှာ ဆိုရင်လည်း Navigation Bar နဲ့ ပတ်သက်တဲ့ မေးခွန်းတိုင်းကို အမြဲတစေ ငြင်းပယ်လေ့ ရှိတာကိုတွေ့ရပါတယ်။

ဒီပြဿနာကို ရှင်းရှင်းလင်းလင်း သိဖို့အတွက် အိန္ဒိယ နိုင်ငံ ဘန်ဂလိုမြို့မှာ ပြုလုပ်ခဲ့တဲ့ Google ရဲ့ Road Show ပြပွဲအတွင်း Blogger များမှ navbar Polcy နဲ့ပတ်သက်တဲ့ အကြောင်းအရာများကို ရှင်းလင်းပြောကြားပေးဖို့ Google ရဲ့တာဝန် ရှိသူများကို မေးမြန်းခဲ့ကြပါတယ်။ အဲဒီပြပွဲအတွင်းမှာပဲ Google အမှုဆောင်အဖွဲ့( Google's Bangalore office) မှ အရေးပေါ်အစည်း အဝေးခေါ်ခဲ့ပြီး navbar ဖျောက်ခြင်းဟာ တရားဝင်(Legal) ဖြစ်ပါကြောင်း သေချာတဲ့ ဆုံးဖြတ်ချက်နှင့် ရှင်းရှင်းလင်းလင်းကြေညာခဲ့ပါတယ်။

ကောင်းပါပြီ။ အဲဒီတော့ ကျွန်တော်တို့ဒီ nvabar လေးကိုဖျောက်သုံးခြင်းဟာ တရားဝင်ဖြစ်ကြောင်း သေချာသွားပါပြီ။ ဘယ်လိုဖျောက်မလဲ။ နည်းလမ်းတွေကတော့ အမျိုးမျိုးရှိပြီး၊ အမျိုးမျိုးသုံးကြပါတယ်။ ဘလောဂ္ဂါအများစု သုံးလေ့သုံးထရှိတဲ့ နည်းလမ်းကတော့ မိမိရဲ့ Blog Template အတွင်း </head> ဆိုတဲ့ကုဒ် မတိုင်ခင်မှာ အောက်ပါကုဒ် လေးထည့်သွင်း လိုက်ကြခြင်းပါပဲ။

#navbar-iframe {display:block}
ဒါပေမယ့် အဲဒီ နည်းလမ်းအရ သုံးတဲ့ navbar ကို ဖျောက်ရာမှာ တိကျသေချာမှု သိပ်မရှိလှပါဘူး။ တစ်ခါတစ်လေ လုပ်တဲ့ နေ့ကတော့ အကောင်းဖြစ်ပေမယ့် နောက်(၂) ရက်လောက်အကြာမှာ navbar ကပြန်ပေါ်လာတတ် တာမျိုးတွေရှိပါတယ်။

နောက် .. ဒီနည်းနဲ့လည်း navbar ကိုဖျောက်နိုင်ပါသေးတယ်။ မိမိဘလော့ဂ်ရဲ့ Edit Html စာမျက်နှာကိုသွား ပါ။ body { ဆိုတဲ့ ကုဒ် ကိုတွေ့အောင်ရှာပါ။ ပြီးတဲ့နောက် ၎င်းကုဒ်မတိုင်ခင် အောက်ပါကုဒ် များကို ပြထားသည့် အတိုင်း ထည့်ပါ။
.Navbar {
display:none;
visibility:hidden
}
body {


အထက်ပါနည်းလေးကတော့ မဆိုးလှပါဘူး။အသုံးပြုသူတွေကို လုံလောက်တဲ့ ကျေနပ်မှုရစေမှာပါ။

အကောင်းဆုံးနဲ့ လက်ရှိကျွန်တော်သုံးနေတဲ့ နည်းကတော့ အောက်ပါ နည်းလမ်း ပါပဲ။

၁) သင့် ဘလော့ဂ္ဂါ အကောင့်ထ် ကိုဝင်ပါ။ Setting ကိုဆက်ဝင်ပြီး ၊ Template tab မှတဆင့် Edit HTML ကိုဆက်သွားပါ။ အဲဒီကိုရောက်ပြီဆိုတာနဲ့ အောက်ပါ ကုဒ် ကိုတွေ့အောင်ရှာပါ။
<body>
၂)ကုဒ်ကိုတွေ့ပြီဆိုပါက ၎င်း၏နောက်မှ ကုဒ်များကို အောက်ပါအတိုင်း ဆက်ထည့်ပေးပါ။

<body>
<style type="'text/css'">
#navbar-iframe {display:none;}
</style>

ဒါဆိုရင် မပေါ်စေချင်တဲ့ navbar လုံးဝ ကိုပေါ်လာတော့မှာ မဟုတ်ပါဘူး။ navbar မပေါ်စေချင်သူများ မိမိဘလော့ဂ်မှာ လက်တွေ့စမ်းသပ်ကြည့်နိုင်ပါတယ်။

Read More...
AddThis Social Bookmark Button

FavIcon လုပ်ကြမလား?  

Contributor: မှော်ဆရာ

FavIcon ဆိုတာရဲ့ ဆိုလိုရင်းကတော့ Favourite Icon ပါ။ သူ့ကို အသုံးပြုတဲ့ နေရာကတော့ ၀ဘ်ဘရောက်ဇာတွေရဲ့ Website Address တွေရဲ့ရှေ့မှာ ၎င်းဝဘ်ဆိုဒ်ရဲ့ အမှတ်တံဆိပ်အသေးစားအဖြစ်၊ လှုပ်ရှားနေတဲ့ ပုံတွေအဖြစ်လည်းကောင်း၊ ပုံသေတွေ အဖြစ်လည်းကောင်း အသုံးပြုကြပါတယ်။ အောက်ကပုံကိုကြည့်လိုက်ရင် FavIcon ဆိုတာ ဘာလဲဆိုတာပိုရှင်းသွားပါလိမ့်မယ်။



အထက်က ပုံကတော့ ကျွန်တော်တို့ ရောင်းရင်းကြီး Blogger.com ရဲ့ Favicon ပဲဖြစ်ပါတယ်။ များသောအားဖြင့်တော့ ကိုယ်ပိုင် Web Hosting ၀ယ်ပြီး၊ ကိုယ်ပိုင်ဝဘ်ဆိုဒ် ရေးသားလွတ်တင် ထားတဲ့သူတွေ အတွက် Favicon ကိုမိမိကိုယ်တိုင် ထည့်သွင်းပေးရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ Blogger.com မှာတော့ အလိုအလျောက်ပဲ ပါရှိပြီးသားဖြစ်တဲ့အတွက် အဲဒီ မူရင်းပါရှိတဲ့ Blogger ရဲ့ Favicon ကို မိမိစိတ်ကြိုက်၊ မိမိရဲ့ အမှတ်တံဆိပ်တစ်ခုနဲ့ အစားထိုးဆောင်ရွက်ကြည့်ကြပါမယ်။ ဘယ်လိုအစားထိုးကြမလဲ။ လုပ်နည်းက သိပ်ကိုလွယ်ပါတယ်။ အောက်ပါအတိုင်း ဆောင်ရွက်ပါ။


နည်းလမ်း(၁)

၁)Favicon အဖြစ်အသုံးပြုရန် မိမိ စိတ်ကြိုက် ဆော့ဖ်ဝဲလ်တစ်ခုကို အသုံးပြုကာ စိတ်ကြိုက်ဒီဇိုင်းတစ်ခုဖန်တီးပါ။ ပြီးလျင်ပုံကို .png အမျိုးအစားဖိုင် အဖြစ်သိမ်းဆည်းပါ။ ဖိုင်ရဲ့ အရွယ်အစားကတော့ ၁၆*၁၆ Pixels မှ ၃၂*၃၂ Pixels အတွင်းကြိုက်သလို ဖန်တီးလို့ရပါတယ်။

၂)၎င်း Icon ကို (Photobucket သို့မဟုတ် Googlepage) စသဖြင့် တစ်နေရာရာတွင် Upload လုပ်ပါ။ရလာသော လင့်ခ်ကို တစ်နေရာတွင် ကော်ပီကူးပြီးမှတ်ထားပါ။

၃)Blogger Dashboard ကိုဝင်ရောက်ပြီး၊ Template အောက်ရှိ Edit HTML တွင်အောက်ပါ ကုဒ်များကို Ctrl+F အကူအညီဖြင့် တွေ့အောင်ရှာဖွေပါ။

<title><data:blog.pagetitle/></title>

၎)တွေ့ရှိပါက ၎င်းကုဒ်များ၏ အောက်တွင် အောက်ပါကုဒ်များကို Copy->Paste လုပ်ပါ။

<link href='URL of your icon file' rel='shortcut icon' type='image/vnd.microsoft.icon'/>

၅)"URL of your icon file" ဆိုသောနေရာတွင် မိမိ Favicon ၏လင့်ခ်ကို အစားထိုး ရပါမယ်။

၆)Template ကို Save လုပ်ပါ။ ပြီးလျင် ဘရောက်ဇာ အသစ်တစ်ခုဖွင့်ပြီး မိမိ ဘလော့ဂ်လိပ်စာကိုရိုက်ထည့်၍ Favicon ပေါ်မပေါ်ကြည့် ကြည့်ပါ။

အကယ်၍ Favicon မပေါ်ဘူးဆိုလျင် မိမိဘရောက်ဇာရှိ Temporary Internet ဖိုင်များကို Delete လုပ်ပေးရပါမယ်။


နည်းလမ်း(၂)

အထက်ပါနည်းမှာ ကိုယ်ပိုင် Favicon တစ်ခုဖန်တီးဖို့ဆိုတဲ့ အဆင့်အတွက် အခက်အခဲ ရှိကောင်းရှိနိုင်ပါတယ်။ အကယ်၍ ဖန်တီးဖို့ အခက်အခဲ မရှိခဲ့ဘူး ဆိုရင်လည်း အချိန်ပေးဖို့အတွက် စကားပြောစရာရှိလာပါမယ်။ အဲဒီအတွက် အချိန်လည်းပေးစရာမလို၊ ကိုယ်တိုင်လည်း ဘာမှဖန်တီးစရာမလိုပဲ အမိုက်စား Animation FavIcon တွေကို မိမိစိတ်ကြိုက်၊ မိမိစက်ထဲမှာရှိတဲ့ ပုံတစ်ပုံပေးလိုက်ရုံ နဲ့ မိမိဘလော့ဂ် (သို့) ဆိုဒ် အတွက် Favicon တစ်ခုကို အမြန်ဆုံးနဲ့၊ အလကားဖန်တီးပေးတဲ့ ဒီနေရာ ကိုသွားတာ အကောင်းဆုံးပါပဲ။
(ကျွန်တော့်ဆိုဒ်မှာ အဲဒီနည်းကိုသုံးထားပါတယ်။)



ပုံအကြီးကြည့်ရှုရန် ပုံပေါ်တွင်ကလစ်ပေးပါ။

အဲဒီနေရာကိုရောက်ရင် ညီအစ်ကိုမောင်နှမများ တွေ့ကြတဲ့ အတိုင်းပါပဲ။

၁)Browse ထဲမှနေ၍ မိမိစိတ်ကြိုက်ပုံတစ်ပုံ (အရွယ်အစား၊ဖိုင်အမျိုးအစား ကန့်သတ် ချက်မရှိ) ကိုရွေးပါ။

၂) ပြီးလျင် Scrolling Text ၏ဘေးမှ အကွက်တွင် မိမိဘလော့ဂ်နာမည်၊ သို့ မိမိစိတ်ကြိုက် မိမိ ပေါ်စေချင်သော စာသားကိုရိုက်ထည့်ပါ။

၃)ပြီးလျင် Animate Favicon ၏ဘေးရှိ Check Box တွင် Enable ပေးပြီး Generate FavIcon.ico ကိုကလစ်လုပ်ပါ။

၎)နောက်တစ်မျက်နှာတွင် Download နှင့် Preview ဆိုပြီးပြလာမှာဖြစ်ပါတယ်။ မိမိ၏ FavIcon အထုပ်ကို Download လုပ်ပါ။

၅)ဒေါင်းလုဒ်လုပ်လို့ရလာတဲ့ အထုပ်ဟာ zip file နဲ့ထုပ်ထားတာဖြစ်တဲ့ အတွက် အဲဒီအထုပ်ပေါ်မှာ Right Click ပေးပြီး Extract Here လုပ်ပါ။

၆)Extra File ထုပ်ထဲမှ animated_favicon1 ကိုရွေးချယ်ပြီး အထက်မှာ ပြောခဲ့တဲ့အတိုင်း မိမိစိတ်ကြိုက်နေရာတစ်ခုမှာ Upload လုပ်ပါ။ရလာတဲ့ လင့်ခ်ကို ကော်ပီကူးပြီးမှတ်သားထားပါ။

၇)ပြီးလျင် အထက်တွင်ရှင်းပြခဲ့သည့်အတိုင်း "URL of your icon file" နေရာတွင်မိမိ FavIcon ရဲ့ လင့်ခ်ကိုအစားထိုးထည့်ပါ။
ထိုစာကြောင်းရှိ ' type='image/vnd.microsoft.icon' ဆိုသောနေရာတွင် အောက်ပါကုဒ်ဖြင့် အစားထိုးပါ။

type='image/gif'

၈)Template ကို Save လုပ်ပြီးလျင် အားလုံး Ready ဖြစ်ပါပြီ။ မိမိဘလော့ဂ်အား ဘရောက်ဇာ အသစ်တွင်ဖွင့်ပြီး ကျေနပ်မှုရယူပါ။

(Blogging ကိုအခုမှ စတင်ထိတွေ့သူများအတွက် ရည်ရွယ်ပြီး အသေးစိတ် ရေးသားပေးထားတာ ဖြစ်ပါတယ်။ တစ်ကယ်လုပ်လျင်(၂)မိနစ် လောက်အတွင်း ပြီးစီးသွားနိုင်ပါတယ်ခင်ဗျား။)

Read More...
AddThis Social Bookmark Button

Blog Footer ကို (၃) ကော်လံ ခွဲခြင်း  

Contributor: မှော်ဆရာ

မိမိဘလော့ဂ် မှာ Footer ကို (၃) ကော်လံခွဲလိုက်ခြင်းအားဖြင့် ထပ်ဆောင်း Widget တွေထည့်ဖို့ အပိုနေရာတွေ ရရှိလာစေရုံမျှမက၊ Blog ရဲ့ ဒီဇိုင်းကိုလည်း ယခုနောက်ဆုံး Modern Web Design ရေးခြင်းမှာ အသုံးပြုမှုအများဆုံးဖြစ်နေတဲ့ Web 2.0 ပုံစံအဖြစ် Upgrade လုပ်ပြီးသားဖြစ်နေပါလိမ့်မယ်။ ၎င်းအပြင် မိမိဘလော့ဂ် ကို Page Loading လုပ်တဲ့နေရာမှာ မြန်ဆန်သွက်လက်လာစေခြင်း၊ စတဲ့ ထပ်ဆောင်း အကျိုးကျေးဇူး တွေကိုပါ ခံစားရဦးမှာပါ။

Blog Footer ကို (၃) ကော်လံခွဲဖို့အတွက် အောက်ပါအဆင့်များအတိုင်း လုပ်ဆောင်နိုင်ပါတယ်။


(၁) မိမိ Template ကို Backup ပြုလုပ်ခြင်း

ဒါဟာ ဘလော့ဂ္ဂါကောင်း တစ်ယောက်မှာ ရှိနေသင့်တဲ့ အရေးကြီး အမူအကျင့်တစ်ခုပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ အကယ်၍ Backup လုပ်မထားခဲ့ရင် မိမိ Template ကို ပြုပြင်မှုလုပ်ရင်း မှားယွင်းမှုတစ်စုံတစ်ရာ ဖြစ်ပွားခဲ့ပါက အကြီးအကျယ် မဟုတ်သည့်တိုင်၊ အနည်းအကျဉ်းတော့ ဒုက္ခရောက်တတ်လို့ပါပဲ။မိမိမှာ Backup လုပ်ထားတဲ့ Template ရှိခဲ့ရင်တော့ မှားယွင်းသွားလျင်ပင် သက်တောင့် သက်သာဖြေရှင်းနိုင်ပါလိမ့်မယ်။ Edit HTML စာမျက်နှာမှာ Download Full Template ကို ကလစ်ပြီး Template XML ဖိုင်ကို ဒေါင်းလုဒ် ပြုလုပ်ထားလိုက်လျင် Template Backup လုပ်ခြင်းကိစ္စပြီးပါပြီ။

(၂)Footer Section ရှိ ယခင် Widget Contents များကို Backup ပြုလုပ်ခြင်း

Blogger Dashboard မှတဆင့် Layout ကိုသွားပြီး၊ မိမိ Footer Section မှာယခင်ထည့်ထားတဲ့ Widget Content များအားလုံးကို Edit ကိုကလစ်၍ Copy လုပ်ကာ Notepad တစ်ခုချင်းစီနှင့် သိမ်းဆည်းထားပါ။ ပြီးလျင် ၎င်း Footer Content များအားလုံးကို Remove လုပ်ပါ။ ဤသို့မလုပ်လျင် Template အား Footer Section 3 -Columns ခွဲ၍ ရမည်မဟုတ်။ New Footer Section တွေခွဲပြီးသွားတဲ့ အချိန်ကျတော့ အလွယ်တကူ အားလုံးကိုပြန်ထည့်နိုင်ပါလိမ့်မယ်။ (ယခင်ကတည်းက Footer Section မှာ ဘာမှထည့်မထားတဲ့ သူများအနေနဲ့ကတော့ ဒီအဆင့်ကို လုပ်ဆောင်ရန်လိုမည် မဟုတ်ပါ။)

(၃)Footer Section အတွက် CSS(Cascading Style Sheets) တွင် ဖြည့်စွက်ကြေညာခြင်း

Blogger Dashboard မှ တဆင့် Layout ကိုသွားပြီး Edit HTML Box ထဲတွင် "</b:skin>" ဆိုသော Tag ကိုတွေ့အောင်ရှာပါ။ ၎င်းကို တွေ့သည်နှင့် ထို Tag မတိုင်မှီ အောက်ပါကုဒ်များကို အပေါ်မှ ပေါင်းထည့်ပေးပါ။

#footer-column-container {
clear:both;
}

.footer-column {
padding: 10px;
}



(၄)ထပ်ဆောင်းကုဒ်များ Footer Section တွင်ထည့်သွင်းခြင်း

Blogger Dashboard မှတဆင့် Layout->Template->Edit HTML ကိုသွားပါ။ အောက်ပါကုဒ်များကို တွေ့အောင်ရှာပါ။

<div id='footer-wrapper'>
<b:section class='footer-wrapper' id='footer'/>
</div>


အထက်ပါကုဒ်များကို ရှာဖွေရာမှာ မိမိရဲ့ Template ပေါ်မူတည်ပြီးတော့ အနည်းငယ်ကွဲလွဲမှု ရှိကောင်းရှိနိုင်ပါတယ်။ ဥပမာ- 'footer-wrapper' အစား 'footer' ပဲဖြစ်နေတာမျိုးတွေရှိတတ်ပါတယ်။အားလုံးဟာ အတိအကျ နေရာတိုင်းမှာ မတူပဲကွဲပြားမှု ရှိနိုင်တယ်ဆို တာလေးကို မှတ်ထားဖို့အတွက်ပါ။

၎င်း Footer Section ကိုတွေ့ပြီဆိုလျင် ကျွန်တော်တို့လုပ်ဖို့လိုတာကတော့ အနီနှင့်ပြထားတဲ့ ကုဒ်များအားလုံးကို အောက်ပါကုဒ်များဖြင့် အစားထိုးရန်ပါပဲ။

<div id='footer-column-container'>

<p>
<center><b>{ <i>YOUR TEXT</i> }</b></center>
<hr align='center' color='#cccccc' width='90%'/>
</p>


<div id='footer2' style='width: 30%; float: left; margin:0; text-align: left;'>

<b:section class='footer-column' id='col1' preferred='yes' style='float:left;'/>
</div>

<div id='footer3' style='width: 40%; float: left; margin:0; text-align: left;'>
<b:section class='footer-column' id='col2' preferred='yes' style='float:left;'/>
</div>

<div id='footer4' style='width: 30%; float: right; margin:0; text-align: left;'>

<b:section class='footer-column' id='col3' preferred='yes' style='float:right;'/>
</div>

<div style='clear:both;'/>
<p>
<hr align='center' color='#5d5d54' width='90%'/></p>
<div id='footer-bottom' style='text-align: center; padding: 10px; text-transform: lowercase;'>

<b:section class='footer' id='col-bottom' preferred='yes'>
<b:widget id='Text2' locked='false' title='' type='Text'/>
</b:section>

</div>
<div style='clear:both;'/>

</div>


အထက်ပါကုဒ်များထဲမှာ အနီနှင့်ရေးထားတဲ့ Your Text Here ဆိုတာကတော့ The Whole Footer Section ကြီးတစ်ခုလုံးအတွက် ခေါင်းစဉ်တပ်ထားပေးခြင်းဖြစ်၍ မိမိကြိုက်နှစ်သက်ရာ နာမည်တစ်ခုခုပေးနိုင်ပါတယ်။
အားလုံးပြီးတာနဲ့ မိမိ Template ကို Save လုပ်နိုင်ပါပြီ။ Blog View တွင် Footer Section ကို (၃) ကော်လံဖြင့်ပေါ်နေတာကို တွေ့ရပါလိမ့်မယ်။ Layout ထဲကို သွားပြီး ကြိုက်နှစ်သက်ရာ Widget Contents များထပ်ဆောင်းပေါင်းထည့်နိုင်ပါပြီ။



အကယ်၍ Footer Section ကိုပိုင်းခြားထားသော ရေပြင်ညီမျဉ်းအရောင်ကို မိမိဘလော့နှင့်လိုက်ဖက်ညီအောင်ပြောင်းလဲလိုပါက အောက်ပါကုဒ်ကို တွေ့အောင်ရှာပြီး အနီပြထားသော ကာလာကုဒ် ကိုစိတ်ကြိုက်ပြောင်းလဲသတ်မှတ်နိုင်ပါတယ်။

<hr align='center' color='#5d5d54' width='90%'/></p>

ကာလာကုဒ်တွေကို အတိအကျနဲ့ အလွယ်တကူ သိချင်တယ်ဆိုရင်တော့ ဒီဆော့ဖ်ဝဲလ် လေးက ကူညီနိုင်ပါလိမ့်မယ်ခင်ဗျား။ ၎င်းမျဉ်း ပါရှိတာကိုပင် မလိုလားဘူးဆိုပါကလည်း အထက်ပါ စာကြောင်းတစ်ကြောင်းလုံးကို Delete လုပ်လိုက်ရုံသာဖြစ်ပါတယ်။

Sources: BLogU | BloggerBuster

Technorati Tags: | | | | |

Read More...
AddThis Social Bookmark Button