Myanmar Blogger Helpdesk

Learning, Sharing and Growing Together at Blogging Community!

Awesome New Features from Blogger in Draft  

Contributor: MhawSayar

အထူးသတိပြုရန်

အောက်ပါ ပို့စ် တစ်ခုလုံး၏ ရည်ညွှန်းပါ Bloggr.C0M ဆိုသည်မှာ HTTP://DRAFT.BLOGGER.COM/ ကိုဆိုလိုခြင်း ဖြစ်ကြောင်း သိစေအပ်ပါသည်။ ၎င်း Blogger in Draft ဆိုသည်မှာ အလွယ်ကူဆုံး ပြောရလျင် Blogger.Com ၏ အခြား Admin Dashboard User Interface တစ်ခုဖြစ်ပြီး ထိုနေရာတွင် http://blogger.com/ မှတဆင့် မိမိ ဘလော့ဂ် ၏ Admin Dashboard သို့ ၀င်ရောက် အသုံးပြုပါက မရနိုင်သော Blogger.Com ၏ စိတ်လှုပ်ရှားဖွယ် အခြား Feature အသစ်ပေါင်းများစွာကို ဘလော်ဂါများ အနေဖြင့် ရယူ သုံးစွဲ နိုင်သည်။
[ အောက်တွင် ဖော်ပြပါ Feature အသစ်များ အားလုံးသည် http://blogger.com/ မှ ၀င်ရောက် အသုံး ပြုပါက ရရှိမည် မဟုတ်ပဲ http://draft.blogger.com/ မှ ၀င်ရောက် အသုံးပြုမှသာ ရရှိမည်ဖြစ်သည်။ ]

Blogger in Draft

သူနဲ့ ပတ်သက်လို့ ကျွန်တော် Blogspot Blogger ဘ၀တုန်းက ပို့စ်တစ်ပုဒ် ရေးခဲ့ဖူးပါတယ်။ အဲဒီကတည်းက Blogger in Draft ဟာ တစ်ချိန်ချိန်မှာ Blogger.Com ရဲ့ Admin Panle ရာဇပလ္လင်ကို ၀င်လုမယ့် ပြိုင်ဘက် ဖြစ်လာနိုင်တယ် ဆိုတာ အနည်းငယ် ရိပ်မိခဲ့သလိုပါပဲ။ အခုတော့ အဲဒီယူဆချက် မှန်ကန်ကြောင်း အောက်ပါ အချက်တွေကို ဖတ်ရှုကြည့်တာနဲ့ လူကြီးမင်း သဘောပေါက်နိုင်ပါပြီ။

New Feature-I :  New Dashboard
Dashboard of Blogger in Draft
သိသိသာသာ တိုးတက်ပြောင်းလဲခြင်း လို့ ဆိုနိုင်တဲ့ ဒီ Dashboard ကြီး တစ်ခုလုံးကို ပြောင်းမပစ်ခင် အရင် လူမသိ သူမသိ New Feature တွေ ရှိခဲ့ပါသေးတယ်။ ဒါပေမယ့် ဘလော်ဂ္ဂါတို့ နေ့တစ်ဓူဝ အ၀င်အထွက် လုပ်နေတဲ့ ဒီ Dashboard ကြီး တစ်ခုလုံး ပြောင်းလဲမှု လုပ်လိုက်တာက အစပြုပြီး Blogger.Com ကြီး တစ်ခုလုံးကို Blogger in Draft နဲ့ အစားထိုးပစ်ဖို့ ကြံစည်နေကြောင်း ပိုမိုသိသာ လာပါတယ်။ Blogger in Draft ရဲ့ အသစ်ထုတ်လုပ် လိုက်တဲ့ Admin Dashboard မှာ အောက် ပါတို့ကို Feature အသစ် တွေ အဖြစ် တွေ့ရှိရပါတယ်။


၁။ Blogger in Draft Dashboard ကို မိမိဘလော့ဂ်ရဲ့ Default Dashboard အဖြစ် သတ်မှတ်နိုင်တဲ့ စနစ်တစ်ခု ပါဝင်လာပါတယ်။ http://draft.blogger.com/ ကနေ ၀င်လိုက်တာနဲ့ အဲဒီ Feature အသစ်ကို မိမိဘလော့ဂ် Dashboard ရဲ့ နဖူးစည်းမှာ ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်။
Make Default Dashboard for Blogger

၂။ Blogger in Draft ရဲ့ အသစ်သော Dashboard ကို Dashboard, My Reading List နှင့် Other Stuffs ဆိုပြီး အပိုင်းကြီး သုံးပိုင်းနဲ့ ခွဲခြားထားတာကို တွေ့ရပါတယ်။

  • ပထမ အပိုင်း ဖြစ်တဲ့  Dashboard မှာ မိမိ လက်ရှိရေးသားနေတဲ့ ဘလော့ဂ် အားလုံးတို့ထဲက နောက်ဆုံး Update လုပ်ခဲ့တဲ့ Blog နှစ်ခုကို ပုံသေ သတ်မှတ်ချက် အနေနဲ့ အမြဲပြပေးမှာ ဖြစ်ပါတယ်။ အကယ်၍ မိမိ အကောင့်ထ် ထဲမှာ ရှိတဲ့ ဘလော့ဂ် အားလုံး ပြစေချင်တယ် ဆိုရင်တော့ Blog List ရဲ့ အောက်မှာ ရှိတဲ့ ”Show all Blogs” ဆိုတာလေးကို ကလစ် လိုက်ရင် ရပါပြီ။
  • ဒုတိယ အပိုင်း မှာတော့ My Reading List ဆိုတဲ့ အတိုင်းပဲ Blogger.Com ရဲ့ Official Blog နှစ်ခုဖြစ်တဲ့ Blogger Buzz နှင့် Blogger in Draft တို့က နောက်ဆုံးရ Update သတင်းတွေကို အလွယ်တစ်ကူ ဖတ်လို့ ရအောင် စီမံပေးထားတာကို တွေ့ရမှာပါ။
  • တတိယ အပိုင်း Dashboard ကြီး တစ်ခုလုံးရဲ့ Footer မှာတော့  ခေါင်းစဉ်ကြီး Other Stuffs ဆိုတာရဲ့ အောက်မှာ Mobile Devices, Tools & Resources နှင့် Help Resources ဆိုပြီး ကဏ္ဍသုံးခုနဲ့ ခွဲခြားပြထားတာကို တွေ့ရမှာပါ။ အဲဒီထဲက Mobile Devices ဆိုတာကတော့ Mobile Phone တို့ကဲ့သို့သော ရွေ့ပြောင်းသယ်ဆောင် နိုင်တဲ့ ပေါ့ပေါ့ပါးပါး ပစ္စည်းလေးတွေက တဆင့် Blogging လုပ်နိုင်ဖို့ အတွက် ဖြစ်ပြီး Tools & Resources ဆိုတာကတော့ Seo ဆိုင်ရာ၊ Adsence ဆိုင်ရာ၊ Picasa ဆိုင်ရာ များကို အလွယ် တစ်ကူ  အသုံးချနိုင်စေရန် အတွက် စုစည်းပေးထားခြင်း ဖြစ်ပါတယ်။ နောက်ဆုံး Help Resources ဆိုတဲ့ နေရာမှာတော့ မိမိရဲ့ ဘလော့ဂ် ဂင်းနဲ့ ပတ်သက်တဲ့ အခက်အခဲတွေ ကို ဖြေရှင်းပေးနိုင်ဖို့ အတွက် User တွေ အချင်းချင်း ဆွေးနွေးရာ၊ တိုင်ပင်ရာ၊ လေ့လာစရာ ကျူတိုရီရယ်တွေ စသဖြင့် လိုအပ်သမျှကို စုံလင် အောင် စီစဉ်ထားရှိပေးတာကို တွေ့ရပါမယ်။
New Feature-II :  Posting Gadget for iGoogle

Post Gadget iGoogleနောက် Feature အသစ် တစ်ခုကတော့ မိမိရဲ့ ဘလော့ဂ်ကို ပို့စ် တင်ဖို့ အတွက် တစ်ခြားနေရာတွေကနေ သွားလာနေစရာ မလို၊ Admin Panel ကို ၀င်စရာ မလိုပဲ iGoogle ကနေတဆင့် တိုက်ရိုက် ပို့စ် တင်နိုင်တဲ့ Gadget လေး တစ်ခုကို Blogger in Draft က ထုတ်လုပ်ပေး လိုက်ခြင်းပါပဲ။ အဲဒီ Gadget လေးမှာ ပို့စ် တစ်ပုဒ် အတွက် လိုအပ်တဲ့ အချက်အလက် တွေမှန်သမျှနဲ့ တကွ၊ မိမိမှာ ဘလော့ဂ် လေး၊ငါး ခုရှိခဲ့ ရင် ကြိုက်ရာ ဘလော့ဂ်မှာ ရွေးချယ် ရေးသားနိုင်လောက်အောင် အထိ ပြုလုပ်နိုင်တဲ့ အခွင့် အလမ်းတွေကို အပြည့် အ၀ပေးထားပါတယ်။

စိတ်ပါဝင်စားရင် အောက်က Button လေးကို ကလစ်လို့ အထက်ပါ Gadget လေးကို မိမိ ရဲ့ iGoogle စာမျက်နှာမှာ ထည့်သွင်း အသုံးပြုနိုင်ပါပြီ။
Add post Gadget to iGoogle

New Feature-III:  Embedded Comment Form
Embedded comment Form
Blogger.COM မှ Blogger များ အနှစ်နှစ်အလလ တောင်းဆို၊ အလိုရှိခဲ့ကြတဲ့ WordPress Style Feature တစ်ခုဖြစ်ပါတယ်။ ဘာလို့လဲ။ Comment ဆိုတာ Blogger တစ်ယောက်ရဲ့  Post တစ်ပုဒ်အတွက် များသော အားဖြင့် Blogger အတော်များများအတွက် သူတို့ရဲ့ ကြိုးစား အားထုတ်မှု တွေ အတွက် အမြင့်ဆုံး ပြန်လည်ရရှိတဲ့ ဆုကြေး၊ ဒါမှမဟုတ် ဆုလာဘ်၊ တွန်းအား၊ ရွှေ . စသဖြင့် ရရှိတဲ့ မှတ်ချက်ပေါ်မူတည် ပြီးတော့ အမျိုးမျိုး အဓိပ္ပာယ် ဖွင့်လို့ရပါတယ်။ အဲဒီလို တန်ဖိုးရှိလှတဲ့ အရာတစ်ခုကို သူတို့  ကြိုးစား အားထုတ်ပြီး ရေးဖွဲ့ထားတဲ့၊ ရေးသား တင်ပြထားတဲ့ ပို့စ် တစ်ပုဒ် နှင့် အတူရှိစေချင်၊ မြင်ချင်ကြတာဟာ လည်း Blogger တို့ အတွက် သဘာဝကျပါတယ်။

Blogger.Com မှာ မူလကတည်းက Comment အတွက် ဖတ်တာကိုရော၊ ရေးတာကို ပါ သီးခြား စာမျက်နှာ တစ်ခုဆီကို  သပ်သပ်စီသွားပြီး ဖတ်ခြင်း၊ ရေးခြင်း လုပ်နေရတော့ တယ် အဆင်မပြေလှပါဘူး။ အဲဒီအတွက် နှစ်ရှည်လများကတည်းက Blogspot Blogger များက ဒီ Embedded Comment Form လို့ ခေါ်တဲ့ သက်ဆိုင်ရာ ပို့စ်ရဲ့ အောက်ခြေမှာ တစ်ပါတည်း တွဲရက် Comment များကို ဖတ်၊ရေး လုပ်နိုင်တဲ့ Feature ကို တောင်းဆိုလာခဲ့ကြတာပါ။

သူတို့ရဲ့ တောင်းဆိုမှုတွေဟာ အလဟဿမဖြစ်ခဲ့ဘူးဆိုတာ Blogger in Draft က အခု သက်သေ ပြလိုက်ပြီ ဖြစ်ပါတယ်။ ယခု အသစ် ဖြည့်စွက် လိုက်တဲ့ Embedded Comment Form Feature ဟာဆိုရင် အရင် Blogger.Com ရဲ့ မူလ Comment မှာလိုပဲ Open ID ကို အသုံးပြုနိုင်ခြင်း၊ Word Verification များ ထည့်သွင်း အသုံးပြုနိုင်ခြင်း၊ နောက် Comment message alart များကိုလည်း ယခင်လိုပဲ Comment ရေးသားတဲ့ နေရာရဲ့ အပေါ်မှာ ဖော်ပြပေးထားခြင်း စတာတွေ ပါရှိမှာ ဖြစ်ပါတယ်။ အဲဒီ Embedded Comment Form ဆိုတဲ့ Feature အသစ်စက်စက် ကို အသုံးပြုဖို့ အတွက် အောက်ပါ အတိုင်း လုပ်ဆောင်နိုင်ပါတယ်။:)

Blogger in Draft ကနေတဆင့် မိမိဘလော့ဂ်ရဲ့ Admin Panel Dashboard ကို ၀င်ပါ။ ပြီးတာနဲ့ Seeting ဆိုတဲ့ စာမျက်နှာကို ရွေးချယ် သွားရောက်ပါ။ ၎င်းစာမျက်နှာမှာ Comments ဆိုတာကို ရွေးချယ် ပြီး “Comment Form Placement” ဆိုတဲ့ Setting မှာ  “Embedded below post” ဆိုတာကို ရွေးချယ် ကလစ်ပေးပါ၊ အဲဒီနောက် “Save Setting” ကို ဆက်လက် ကလစ်ပါ။

Comment Form Placement
မိမိဘလော့ဂ် ကိုသွားရောက် ကြည့်ရှုစစ်ဆေးပါ။ ယခင်က စာမျက်နှာ တစ်ခု၊ သို့ Pop up window တစ်ခုနဲ့ တက်လာနေကြ ဖြစ်တဲ့ Comment တွေဟာ သူနဲ့ သက်ဆိုင်ရာ ပို့စ်တွေရဲ့ အောက်တွေမှာ ပြနေ၊ မပြနေ ကြည့်ရှုစစ်ဆေးပါ။ အကယ်၍ လူကြီးမင်းဟာ Modified လုပ်ပြီးသား Template တစ်ခုကို အသုံးပြုထားမယ် ဆိုရင်တော့ အဲဒီ Embedded Comment Form မှာ တိုက်ရိုက် Comment ရေးနိုင်ဖို့ အတွက် အောက် ပါ အဆင့် တစ်ခုကို ထပ်မံလုပ်ဆောင်ရပါမယ်။


မိမိဘလော့ဂ်ရဲ့ Dashboard မှတဆင့် Layout ကိုသွားပါ၊ နောက် တစ်ဆင့် အနေနဲ့ Edit HTML ကို ဆက်သွားပါ။ ဘာမှ ပြုပြင်မှု မလုပ်ခင် မိမိရဲ့ Original Template ကို Bakcup လုပ်ထားတတ်တဲ့ အကျင့်တစ်ခုကို မွေးမြူထားပါ။ မူလ Template ကို Backup လုပ်ပြီးတဲ့ နောက် Template Codex Box ရဲ့ ညာဘက် အပေါ်ထောင့်က  Expand Widget Templates ကို ကလစ် လုပ်ပါ။ ပြီးတဲ့ နောက် အောက်ပါ ကုဒ်လေးကို Ctrl+F အကူအညီနဲ့ Search လုပ်ပါ။
<b:include data='post' name='comment'/>
အထက်ပါ ကုဒ်များကို တွေ့တာနဲ့ သူပြီးနောက် တစ်ကြောင်းမှာ အောက်ပါ ကုဒ်များကို ထပ်မံထည့်သွင်းပေးပါ။
<b:include data='post' name='comment-form'/>
ပြီးတဲ့ နောက် Save Template ကို ဆက်လက် ကလစ် လုပ်ပြီး မိမိဘလော့ဂ်ကို ကြည့်ရှုစစ်ဆေးပါ။ Post တိုင်းရဲ့ အောက်ခြေမှာ Comment များကို တစ်ပါတည်း ရေး၊ ဖတ် လုပ်နိုင်ပြီ ဆိုပါက ၎င်း Embedded Comment Form Feature ကို လူကြီးမင်းရဲ့ ဘလော့ဂ်မှာ အောင်မြင်စွာ ထည့်သွင်းပြီး ဖြစ်တယ် လို့ယုံကြည်နိုင်ပါပြီ။
တစ်ကယ်လို့ အထက်ပါ နည်းလမ်းများ နဲ့ပင် အဆင်မပြေသေးဘူး ဆိုပါက အောက်ပါ နေရာများမှာ ဆွေးနွေးပြောဆို၊ လုပ်ကိုင် ထားကြ တာတွေ ကို သွားရောက် ဖတ်ရှုလေ့လာပြီး မိမိနဲ့ ကိုက်ညီမယ့် နည်းလမ်းကို ရွေးချယ် အသုံးပြု နိုင်ပါကြောင်း။ :D




New Feature-IV: Stars Rating
အရင်တုန်းကတော့ ကျွန်တော်တို့ တတွေဟာ ဒီ Feature လေး သုံးရဖို့ အရေးကို တစ်ခြားသူတွေကနေ Blogger အတွက် Provide လုပ်ပေးထားတဲ့ Widget တွေ ကို လိုက်လံရှာဖွေ ထည့်သွင်း သုံးစွဲခဲ့ကြရပါတယ်။ အခုတော့ Blogger in Draft ကနေ ဒီလိုအပ်ချက်ကို ဖြည့်ဆည်းပေးလိုက်ပါပြီ။

Stars Rating in Blogger
ဒီ Feature လေးကို အသုံးပြုဖို့ အတွက် မိမိ Blog Dashboard ကို http://draft.blogger.com/ ကနေ တဆင့် ၀င်ရောက်ပါ။ Layout ကို ရွေးချယ်ပါ၊ ပြီးတဲ့နောက် Page Element ကို ဆက်လက်ရွေးချယ်ပြီး ပုံမှာ ပြထားတဲ့ အတိုင်း Blog Post နေရာမှာပါတဲ့ Edit ကို ရွေးချယ်ကလစ်ပြီး၊ Configure Blog Posts ဆိုတဲ့ Pop Up Windows  မှာ Show Stars Rating ဆိုတဲ့ Radio Button လေးကို ကလစ် လုပ်ပြီး Save လုပ်ပါ။
၎င်း စာမျက်နှာလေးမှာပဲ Scroll Down အောက်ကို ဆွဲချလို့ အဲဒီ Stars Rating လေးကိုလည်း မိမိထားလိုတဲ့ နေရာမှာ စိတ်ကြိုက် ရွှေ့ပြောင်း ထားရှိနိုင်ပါတယ်။

New Feature-V : Import & Export

ကျွန်တော် Blogspot ကနေ WordPress ကို ပြောင်းရွှေ့စဉ် အခါက Blogspot ဆိုတာ ကိုယ့်ပို့စ် ကိုယ်တောင် မပိုင်တဲ့ဘ၀ ဆိုပြီး ရေးသားခဲ့ဖူးပါတယ်။ အခုတော့ အဲဒီ အမြင်တွေအားလုံး ကို Blogger in Draft က ပြောင်းပြန်လှန်ပစ် လိုက်ပါပြီ။
Export Blogger
Blogger in Draft ကနေတဆင့် မိမိဘလော့ဂ်ရဲ့ Dashboard ကို သွားကာ၊ Setting စာမျက်နှာကို သွားလိုက်တယ် ဆိုရင် ပဲ Basic Submenu Tab မှာအဲဒီ Feature ကို သုံးဖို့အတွက် ခင်ဗျား မျက်လုံးတစ်စုံနဲ့ ရှင်းလင်းစွာ တပ်အပ်မြင်တွေ့ နိုင်ပါပြီ။ အရင် ဘလော့ဂ်အဟောင်း ကပို့စ်တွေကိုပဲ Import လုပ်ချင်သလား၊ အခုဘလော့ဂ် ကိုပဲ Export လုပ်ပြီး မိမိ စက်ထဲမှာ Backup လုပ်ထားချင်သလား စတဲ့ ကြိုက်ရာ Feature တစ်ခုကို ရွေးချယ် အသုံးပြုနိုင်ဖို့ အလွယ် တစ်ကူပဲ ဖော်ပြထားတာကို တွေ့ရမှာပါ။
Export Blogger XML
Export လုပ်လိုသများ အတွက်ကတော့ Export ဆိုတာကို ကလစ်လိုက်တာနဲ့ပဲ တစ်ဖက်ပါ အတိုင်း Popup Window အသေးတစ်ခု တက်လာပြီး ဘယ် ဖိုင် အမျိုးအစားနဲ့ သိမ်းဆည်းမှာလဲ ဆိုတာ မေးမြန်းပါလိမ့်မယ်။ ပုံမှန်အားဖြင့် တော့ သတ်မှတ်ချက်ဖြစ်တဲ့ .xml file Type နဲ့ သိမ်းဆည်းတာ အကောင်းဆုံးပါပဲ။
ဒီ လတ်လတ်ဆတ်ဆတ် နဲ့ တစ်ကယ်အသုံးဝင်တဲ့ Feature နဲ့ ပတ်သက်လို့ မှတ်သားဖွယ်ရာတွေကတော့ အောက်ပါတို့ပဲ ဖြစ်ကြပါတယ်။

  1. (၂) ခုနှင့် အထက် ဘလော့များကို တစ်ခုတည်း အဖြစ် ပေါင်းစည်း နိုင်ခြင်း - မိမိမှာ ရေးသားနေတဲ့ အကြောင်း အရာတူ၊ ဒါမှမဟုတ် အမျိုးအစား တူ ဘလော့ဂ် (၂) ခုနှင့် အထက် ရှိနေခဲ့ ရင် ဒီ Feature မှာ ပါတဲ့ Import function ကို အသုံးပြုပြီး ၁-ခုတည်း အဖြစ် ပေါင်းစည်းပစ်လို့ ရပါတယ်။  လတ်တလော အနေနဲ့ ကတော့ တစ်ခါ Import လုပ်ခြင်း အတွက် ခွင့်ပြုထားတဲ့ File Size Limit က 1-Mb ဖြစ်ပါတယ်။ ဒီသတ်မှတ်ချက်ထက် တိုးပြီးပေးနိုင်ဖို့ Blogger Team မှ လုပ်ဆောင်နေတယ် ဆိုတာကိုလည်း သိရပါတယ်။Import Blogger
  2. ပို့စ် တစ်ခုချင်းစီကို ရွှေ့ပြောင်းချင်း - Import လုပ်ပြီးတဲ့ အဆင့်နောက်မှာ၊ အဲဒီ Import file မှာ ပါတဲ့ ပို့စ်တွေအနက်က ကိုယ်လိုချင်တဲ့ ပို့စ်တွေကိုပဲ ရွေးချယ်လို့၊ မလိုတဲ့ ပို့စ်တွေကို ချန်ထားခြင်းဖြင့်လည်း ပို့စ်တစ်ခုချင်း စီအလိုက် Blog တစ်ခုမှ နောက် တစ်ခု သို့ လွယ်ကူစွာ ရွှေ့ပြောင်းနိုင်ပါတယ်။ အဲဒီလို ပြောင်းရွှေ့တဲ့ နေရာမှာ Blogger in Draft Team ရဲ့ အကြံပေးချက်ကတော့ တစ်ကယ်ပြောင်းမယ့် Blog ထဲကို Import မလုပ်မီ အစမ်း Blog တစ်ခုနဲ့ အရင်ဆုံး အဲဒီ Feature ရဲ့ သဘောသဘာဝတွေကို သိရှိနားလည်အောင် စမ်းသပ်ထားသင့်တယ် လို့ ဆိုပါတယ်။
  3. မိမိဘလော့ဂ်အား Backup ပြုလုပ်ခြင်း - တစ်ခါတစ်ရံမှာ မလိုလားအပ်တဲ့ အခြေအနေတွေနဲ့ ကြုံလာခဲ့ရင် အလွယ်တစ်ကူ ဖြေရှင်းနိုင်ဖို့ အတွက် မိမိရဲ့ ဘလော့ဂ်ကို အမြဲ Backup လုပ်ထားသင့်ပါတယ်။ Blogger in Draft က အဲဒီ အခြေအနေတစ်ခုကို အခု အလွယ်တစ်ကူ ရယူနိုင်အောင် ဖန်တီးပေးလိုက်ပါပြီ။ ထူးထူး ထွေထွေ လုပ်စရာ မရှိပါဘူး။ ဒီ Feature မှာ ပါတဲ့ Import ဆိုတာ ကိုပဲ ပုံမှန် ကလစ် ပြီး သိမ်းဆည်းပေးရုံနဲ့ ခင်ဗျားရဲ့ လက်ရာတွေ၊ စာကောင်းပေမွန်တွေကို စိတ်ချလက်ချ သိမ်းဆည်းထားလို့ ရစေပါမယ်။ လတ်တလောအားဖြင့် တော့ ဒီ Import သို့ Backup Feature မှာ Template file တွေ၊ Widget တွေ မပါသေးပါဘူး။ မိမိရေးသားခဲ့ သမျှ ပို့စ်တွေနဲ့ မှတ်ချက်တွေ (Comments) တွေပဲ ပါဦးမှာ ဖြစ်ပါတယ်။ [အမှန်တော့ အဓိက ကလည်း ဒါပါပဲဗျာ။ Template က Edit HTML Page ကနေလည်း ဒေါင်းလုဒ် လုပ်လို့ ရနေတာပဲ မဟုတ်လား။ ;) ]
  4. ခင်ဗျားရဲ့ ဘလော့ဂ်ကို တစ်နေရာရာ ပြောင်းချင်ရင် - အခု Blogger in Draft က လက်ရှိပေးထားတဲ့ Export File Type အမျိုးအစား ဟာဆိုရင် Standard Atom XML ဖိုင် အမျိုးအစားဖြစ်ပါတယ်။ အဲဒီ အမျိုးအစား ဖိုင်တိုပ် ကိုပဲ တစ်ခြားသော Blogging Platform တွေမှာလည်း Import လုပ်ဖို့ အတွက် ခွင့်ပြုပေးထားတာကို (အနီးစပ်ဆုံး ဥပမာ ပေးရရင်) WordPress User တွေ သိရှိပြီးသား ဖြစ်မှာပါ။ အဲဒီတော့ လိုရင်းကတော့ ဒီ Export File လေးကို အလွယ်တစ်ကူ ဒေါင်းလုဒ် လုပ် သိမ်းဆည်းနိုင်တဲ့ အတွက် တစ်ချိန်ချိန်မှာ Blogger ကနေ တစ်ခြား Blogging Platform တစ်ခုခုကို ပြောင်းချင်လာပြီ ဆိုရင်တောင် အလွယ်တစ်ကူ ပြောင်းရွှေ့နိုင်တဲ့ အခွင့်အရေး တစ်ခုကို အလိုအလျောက် ရရှိစေပါပြီ။
အထက်ပါ အကြောင်း အရာတို့ ကတော့ ကျွန်တော် လေ့လာမိသမျှ နဲ့ ကျွန်တော့် ယူဆချက်တွေ အရ အထူးအရေးကြီးလို့ သတ်မှတ်ထားတဲ့ Blogger in Draft တစ်ဖြစ်လဲ Blogger.Com ကြီးရဲ့ အဓိက ပြုပြင်ပြောင်း လဲမှု တွေ အကြောင်းပဲ ဖြစ်ပါတယ်။ ဒီ Feature အသစ်တွေကို ရယူ အသုံးပြုနိုင်မှု တွေနဲ့ တင် Blogger.Com ဟာလည်း သူ့ရဲ့ စားသုံးသူတွေကို ဆက်လက် ဆွဲဆောင်ထားဖို့၊ အလွယ်ကူဆုံး Blogging Software တစ်ခု အဖြစ် ဆက်လက် ရပ်တည် နိုင်ဖို့ အပြင်းအထန် အားထုတ်နေတယ် ဆိုတာ သိသာနိုင်ပါတယ်။ Blogger.Com ရဲ့ User ဖြစ်တဲ့ Blogger တွေ အနေနဲ့လည်း ဒီ အသစ်သော၊ လတ်ဆတ်သော၊ အသုံးဝင်သော ရင်ခုန်ဖွယ် Feature တွေ အပေါ်မှာ ၀မ်းမြောက်စွာနဲ့ ကြိုဆိုလျက် ရှိကြမယ် ဆိုတာ မှားနိုင်လိမ့်မယ် လို့ ကျွန်တော် မထင်ပါဘူး။ :D
ဒီနေရာမှာ တစ်ခု ကျွန်တော် ပြောစရာ ရှိတာကတော့ အမှန်တစ်ကယ် အရေး အကြီး ဆုံးလို့ ဆိုနိုင်တဲ့ နောက်ဆုံး Feature ကြီး တစ်ခု အကြောင်း ရေးသားဖို့ ကျန်သေးတယ် ဆိုတာပါပဲ။ ဘာအကြောင်း အရာလဲ ဆိုတော့ ဘလော့ဂါတိုင်းနဲ့ မသိမဖြစ်၊ မသုံးမဖြစ် သုံးနေရပြီး ရင်းနှီးကျွမ်းဝင်နေတဲ့၊ Blogger in Draft က အခု နည်းပညာ အသစ်နဲ့ ထပ်မံထုတ်လုပ် လိုက်ပါတယ် ဆိုတဲ့ Feature အသစ်ပေါင်း မြောက်များစွာ ပါဝင်တဲ့ Post Editor အကြောင်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တစ်ကယ်လို့ ကျွန်တော် အဲဒီ အကြောင်းကို ယခု၊ ဒီနေရာမှာ ဆက် ရေးလိုက်ရင် ၄င်း တစ်ခုနဲ့တင် အပေါ်က ရေးပြီးခဲ့သမျှ စာလုံးရေ နီးပါး၊ ရှင်းလင်းချက်တွေ နီးပါးလောက်နဲ့ ပြန်ရေးရ၊ ရှင်းပြရမှာ ဖြစ်ပြီး စာဖတ်သူတွေ ပျင်းရိငြီးငွေ့ပြီး အိပ်ပျော်ခြင်း အဖြစ်ကို ရောက်သွားမှာ စိုးတဲ့ အတွက် (ကျမ်းလေးအံ့စိုး၍ ပေါ့ဗျာ :D ) ချန်ရစ်ခဲ့ပါတယ်။ နောက်နောင် အကြောင်း တိုက်ဆိုင်လို့ ကြုံကြိုက်တဲ့ အခါ အဲဒီ New Post Editor အကြောင်း ကို ရေးပါဦးမယ်။ ယခုလောလောဆယ်တော့ စိတ်ပါဝင်စားသူတွေ အနေနဲ့ Blogger in Draft က မူရင်းပို့စ် ကိုပဲ သွားရောက် ဖတ်ရှု၊ လေ့လာဝေဖန်၊ သုံးသပ်ပြီး အသုံးပြုတော် မူကြပါလို့ပဲ တိုက်တွန်းလိုက်ပါရစေ.။ :)
နောက် ကျန်ရှိနေသေးတဲ့ SEO အတွက် အရေးပါတဲ့ Web Master Tools များ အကြောင်းတို့ ကိုလည်း စိတ်ပါ ၀င်စားသူများ အနေနဲ့  Blogger in Draft official Blog ရဲ့ မူရင်းဆောင်းပါး များမှာ သွားရောက် လေ့လာ ဖတ်ရှုနိုင်တဲ့ အကြောင်း သတင်းလက်ဆောင် ပါးလိုက်ပါရစေ။ :) 
ကျေးဇူးစကား - ၁၀၀ မြောက် ပို့စ် အတွက် မေတ္တာအားဖြင့် လိုဂိုကူညီ ရေးဆွဲပေးသူ The Unrivaled ဂိုဏ်းမှ ရောင်းရင်းကြီး DanFader အား ကျေးဇူး အထူးတင်ရှိပါကြောင်း။ :D 

ရည်ညွန်းကိုးကား

Read More...
AddThis Social Bookmark Button

ကိုယ်နှစ်သက်တဲ့ Site လေးတွေကို ဒီလိုစောင့်ဖတ်မယ်...  

Contributor: ရန်အောင်

အားလုံးပဲ မင်္ဂလာပါ.

ဒီတစ်ခါမျှဝေချင်တာကတော့ ကိုယ့်ရဲ့ သူငယ်ချင်း (သို့မဟုတ်) ကိုယ်အမြဲဖတ်လေ့ရှိတဲ့ ဘလော့ဂ်လေးတွေ၊ ၀က်ဘ်ဆိုက်လေးတွေမှာ ဘာပို့စ်အသစ်တွေတက်ပြီလဲ၊ ဘယ်တုန်းကတင်လိုက်ပြီလဲ ဆိုတာကို စောင့်ကြည့်လို့ရတဲ့ Widget လေးတစ်ခု အကြောင်းပါ.

ဘာလဲဆိုတာ အရင်ဆုံးသိချင်တယ်ဆိုရင်တော့ ကျွန်တော့်ဘလော့ဂ်ရဲ့ ဆီဘောက်စ်အောက်နားလေးမှာ တင်ထားတဲ့ “Latest News/Posts” ဆိုတာလေးကို ကြည့်လိုက်ပါခင်ဗျာ….

Hack လုပ်ထားတာ မဟုတ်သလို သုံးရတာ ခဲယဉ်းခြင်းလည်း မရှိပါဘူး။ အရမ်းကို လွယ်ကူရိုးရှင်းပါတယ်. ဘာလို့လဲဆိုတော့ ဒီ widget လေးကို Blogger ကိုယ်တိုင်က လုပ်ပေးထားတာမို့ပါ. ယူသုံးရုံပါပဲ. ဒါပေမယ့် မသိသေးသူတွေ ရှိကောင်းရှိနိုင်တာမို့ ကျွန်တော်က လူသိများအောင် လုပ်ပေးလိုက်တယ်လို့ပဲ မှတ်ယူစေချင်ပါတယ်.

ကဲ. ဘယ်လိုလုပ်ရမလဲဆိုတော့ ဒီလိုလုပ်ပါခင်ဗျာ.

Layout>Add a page element ကိုသွားလိုက်ပါ. ဒီလိုလေး ပေါ်လာပါလိမ့်မယ်.



Blog List ဆိုတာလေးကို ရွေးလိုက်ပါ. ဒါမျိုးလေး ထပ်ပေါ်လာပါလိမ့်မယ်.



လက်ကလေးနဲ့ ထောက်ပြထားတဲ့ "Add a blog to your list" ဆိုတာလေးကို ရွေးလိုက်ပါ.



ပေါ်လာတဲ့ ကွက်လပ်ကလေးထဲမှာ ကိုယ်ဖတ်ချင်တဲ့ ဘလော့ဂ် (သို့) ၀က်ဘ်ဆိုက်ရဲ့ URL လင့်ခ်လေးကို ထည့်ပေးလိုက်ရုံပါပဲ.

ဒါဆိုရင် ပြီးပါပြီ. ဟုတ်ကဲ့. အဲသလောက်ကို လွယ်ပါတယ်.

နောက်တစ်ခုသတိထားရမှာကတော့ ကိုယ်က ထည့်ကောင်းကောင်းနဲ့ လင့်ခ်တွေ အများကြီးထည့်နေမိရင် ကိုယ့်ဘလော့ဂ်လေးမှာ ရှုပ်ရှက်ခတ်ကုန်တော့မှာပေါ့. အဲဒီ့တော့ ခုနက Widget လေးမှာပဲ Show ဆိုတဲ့ Drop Down Menu Box လေးကို ဖွင့်ကြည့်လိုက်ပါ. Default ပေးထားတာက All Blogs ပါ. ကျန်တဲ့ ရွေးချယ်စရာ options တွေကတော့ 5 blogs, 10 blogs, 25 blogs တွေပါ. မိမိနှစ်သက်သလို ရွေးချယ်နိုင်ပါတယ်. 5 blogs ကတော့ လုံလောက်ပါတယ်. ကျန်တာတွေကို Show all ခေါက်လိုက်ရင် ပေါ်လာမှာမို့ စိတ်ပူစရာမလိုပါဘူး.



Sort မှာတော့ Alphabetically (အက္ခရာအလိုက်) စဉ်မလား၊ Most Recently Updated (နောက်ဆုံးတင်တဲ့ပို့စ်အလိုက်) စဉ်မလားလို့ မေးထားပါသေးတယ်. Most Recently Updated က ပိုကောင်းပါတယ်. ဒါမှ နောက်ဆုံးတင်လိုက်တဲ့ ပို့စ်လေးတွေကို အလျင်မီအောင် လိုက်ဖတ်လို့ရမှာလေ.

ကဲဗျာ. ဒီတော့ ကျန်တာတွေကို ဥာဏ်ရှိသလို သုံးလို့ရပါတယ်. တစ်ခုတော့ ရှိတယ်နော်. လင့်ခ်ပေးတိုင်း ကောက်ထည့်လို့ရတာမဟုတ်ဘူး. သက်ဆိုင်ရာ ဘလော့ဂ်တွေ၊ ၀က်ဘ်ဆိုက်တွေမှာ RSS ရှိဖို့လိုပါတယ်. မြန်မာဘလော့ဂ်တွေကတော့ လင့်ခ်လေး ကောက်ထည့်လိုက်ရုံနဲ့ ရပါတယ်. တစ်ခြားသတင်းဘလော့ဂ်တွေ (ဥပမာ. CNN, BBC...etc..) တွေကိုတော့ သူတို့ပေးထားတဲ့ RSS Link လေးကို လိုက်ရှာပြီးမှ ထည့်လို့ အဆင်ပြေပါမယ်. Feedburner နဲ့ RSS တွေ အကြောင်းကို ကျွန်တော်နောက်တစ်ခေါက် အကျယ်ချဲ့ပြီး ထပ်ဆွေးနွေးပေးပါဦးမယ်.

ကဲ. ဘယ်သူတွေ ဘာတွေရေးနေကြတယ်ဆိုတာကို မျက်ခြည်မပြတ် စောင့်ဆိုင်း ဖတ်ရှုလေ့လာနိုင်ကြပါစေဗျား....

အားလုံးကို ချစ်ခင်လေးစားလျက်

ရန်အောင်

Read More...
AddThis Social Bookmark Button