Myanmar Blogger Helpdesk

Learning, Sharing and Growing Together at Blogging Community!

Special Offer For Merry X-Mas!  

Contributor: မှော်ဆရာ

X-mas Blog Theme (Blogger Template)



Demo Blog

Download


For Wordpress Theme


-->Download Here <--



Crystal Xmas pack






In pack is:

XmasCandy ViOrbv2 Skin For Window XP
Xmas ViStart Style For Window XP
Xmas Visual Style For Window XP
and CrystalXmas Wallpaper (800x600, 1024x786, 1200x900, 1600x1200)


Download


X-Mas Visual Style For Window XP



Download



X-Mas Theme For Firefox 2.0 +




Download & Install



Crystal XP PNG Pack For Merry X-Mas






Download PNG Pack

Download ICON Pack




biggrin Happy New Year & Merry X-Mas For All! biggrin

Read More...
AddThis Social Bookmark Button

Spotback - Let your visitors rate your posts  

Contributor: မျိုးကျော်ထွန်း

Spotback - Rate everything
spotback က ပို့စ်တွေကို rating ပေးတဲ့ plugin တစ်ခုပါပဲ။ register လုပ်ထားတဲ့သူကော မလုပ်တဲ့သူပါ rate လုပ်လို့ရပါတယ်။ spotback member တွေထဲက ဘယ်သူ ဘယ်ပို့စ်မှာ ဘယ်လောက် rate လုပ်သွားတာကိုလည်း သိနိုင်ပါတယ်။ highest rated tag တို့ top suggested rated tag တို့ကိုလည်း ဖော်ပြပေးတဲ့ widget ကိုလည်း ကိုယ့်ဘလော့ဂ်ရဲ့ ဆိုဒ်ဘားမှာ ထည့်လို့ရပါတယ်။ ကိုယ့်ဘလော့ဂ်ကို လာဖတ်တဲ့ အကြောင်းတစ်ခုခုကြောင့် comment မပေးချင်တဲ့ invisible visitor တွေကိုလည်း ဒါလေးနဲ့ ကူညီလို့ရပါတယ်။ blogger (new beta, old) , wordpress နဲ့ တစ်ခြား blog platform မှာ ဘယ်လို ထည့်ရတယ်ဆိုတာကိုလည်း code ယူတဲ့ အချိန်မှာ သေချာရှင်းထားပါတယ်။ အောက်က ပုံလေး နှစ်ခုက snapshot လုပ်ထားတာပါ။ ဒိပြင် ပုံစံမျိုးစုံလည်း ရှိပါတယ်။

Spotback rating
ဒါကို Go2Web2 မှာ စစတွေ့ပြီး limited user account ရကတည်းက ရေးမယ်ဆိုပြီး လုပ်ထားတာ မရေးဖြစ်ဘူး။ ကဲ စမ်းကြည့်ကြပါလေ။

Read More...
AddThis Social Bookmark Button

Blogger Xmas Logo Icons  

Contributor: Tayzar44

Change Your Blog Into Christmas Decoration



Download Blogger Xmas Icons (15 Icons)
Download

Format : .png
Dimensions : 200x200 (Approx.)
Footprint : 30-40 KB (Approx.)(Each image)

Please help spread the word by letting others know about this freebie. Please don't directly link to the zipped file, instead link to the download overview page.

Read More...
AddThis Social Bookmark Button

Blogger အတွက် Wordpress Themes  

Contributor: ရန်အောင်


အားလုံးပဲ မင်္ဂလာပါခင်ဗျာ.

ခုတလော ကိုသင်္ကြန်တို့၊ ကို Thinker တို့၊ ကိုမှော်ဆရာတို့က Wordpress Template တွေအကြောင်း တော်တော်လေး ဆွေးနွေးနေကြတာကို တွေ့ရပါတယ်. ကျွန်တော်တောင် စိတ်ပါလာတယ်.(ဩော်. Wordpress ဖက်ပြောင်းဖို့ကို ပြောတာပါ. ဟတ်ဟတ်.)

ကဲ. Wordpress ဖက်ကို မသွားချင်သေးဘူး. Blogger မှာပဲ Wordpress Themes လေးတွေနဲ့ စမ်းသပ်ကြည့်ချင်သေးတယ် ဆိုရင်တော့ ဒီဆိုဒ်လေးကို သွားကြည့်လိုက်ပါခင်ဗျာ.

http://thaslayer.com/category/templates/

အားလုံးပဲ အဆင်ပြေကြပါစေ..

ခင်မင်လေးစားလျက်

ရန်အောင်

Read More...
AddThis Social Bookmark Button

Wordpress Themes  

Contributor: mtj

Wrdpress အတွက် မြန်မာစာ နဲ့ အသင့်သုံးနိုင်တဲ့ themes တွေကို တင်ပေးထားပါတယ်။ themes install လုပ်တာကို how to wordpress မှာ ဖတ်ရှုနိုင်ပါတယ်။ တကယ်လို့ မေးမြန်းချင်တာရှိရင် helpdesk cbox ဖြစ်ဖြစ် smsy cbox တွင် ဖြစ်ဖြစ် မေးမြန်း နိုင်ပါတယ်။







Read More...
AddThis Social Bookmark Button

Blogspot အားလုံးအတွက် EOT လာပြီ...  

Contributor: ရန်အောင်


ခုတလော ဘလော့ဂ်လောကကြီးထဲမှာ EOT ပြဿနာတက်နေတယ်လို့ သတင်းသိုးသိုးသန့်သန့်လေး ကြားရတယ်ဗျ. ဘာတဲ့ Peekaboo ကြီးလည်း မဘူးတော့ပြန်ဘူး ဆိုလားပဲ..

ဒီတော့လည်း ချောင်ထဲမှာ ခေါက်သိမ်းထားခဲ့တဲ့ ကျွန်တော့်ရဲ့ Helpdesk ၀တ်စုံယူနီဖောင်းလေးကို ခေါက်ရိုးမကျိုးအောင် သပ်သပ်ရပ်ရပ်လေး မီးပူတိုက်ဝတ်ဆင်ပြီး ဘလော့ဂ်လောကကြီးထဲကို လာခဲ့ပါတော့သဗျား…

(impression ကောင်းအောင် မီးပူတိုက်ဝတ်တာပါ. ပုံမှန်အချိန်မှာဆိုရင်တော့ ဟဲဟဲ. သိတယ်မလား… အိမ်နေရင်း Banana Republic လောက်ပဲ ၀တ်တာပါ)

ကဲဗျာ. EOT ဘာကြောင့် ကွိုင်ရတာလဲ သိလား..

ဘာကြောင့်လဲဆိုတော့ ဘလော့ဂါမောင်မယ်တို့အတွက် ကျွန်တော်လုပ်ပေးထားတဲ့ EOT ကြီးက အလုပ်မလုပ်တော့တာ ကြာနေပြီလေ..

ဟတ်ဟတ်ဟတ်..

သေချာတယ်. မေတ္တာတွေ ပို့နေကြပြီ..

ဘယ်သူတွေများ ဘာပြောမလဲလို့ ကျွန်တော်လည်း စောင့်ကြည့်နေတာ. ဘယ်သူမှ လာမပြောတော့ အိုကေနေတယ်ထင်ပြီး ကျွန်တော်လည်း ဘာမှဆက်မပြောတော့တာဗျ.

အားလုံးကို ပြန်လုပ်ပေးနေရရင် ကျွန်တော်လည်း လျှာထွက်လိမ့်မယ်. EOT ကော်မန့်မှာ သွားကြည့်လိုက်ရင် ကော်မန့်တွေက အောက်ထစ် ၄၀ လောက် ရှိတယ်. ကဲ. ဒီတော့ တာကောကြီး ဦးမောင်လှရဲ့ EOT လုပ်နည်းလေးကို ကျွန်တော့်ရဲ့ အွိရှိအရှ နည်းလေးတွေနဲ့ ရွှိုင်းပေးပြီး အားလုံးအတွက် EOT လုပ်ပေးလိုက်ပါမယ်…

ဘယ်သူမဆို သုံးနိုင်ပါတယ်. အသားအရောင်၊ Blog အရောင် ခွဲခြားခြင်း မရှိပါဘူး. Wordpress Platform အတွက်တော့ မရဘူးဗျ. ကျွန်တော်က Blogspot ကိုပဲ အရင်လုပ်ပေးမှာ. ဟိုဖက်ကို မသွားဖူးသေးတော့ မလုပ်ပေးရဲသေးဘူး. ဒါမျိုးကျတော့ ကိုသင်္ကြန်တို့၊ ကိုမှော်ဆရာတို့၊ ကို Thinker တို့ လုပ်ပေးလိမ့်မယ်. ဟုတ်တယ်မလား ဘရားသားကြီးတို့ရေ…

ကဲဗျာ. စမယ်.

ဒါလေးကို EOT Coding နေရာလေးမှာ ထည့်ပေးလိုက်ပါ.

(၁) Classic Template သုံးတဲ့သူများကတော့ <STYLE TYPE="text/css">
ဆိုတာလေးကို တွေ့အောင်ရှာပြီး အဲဒီ့စာကြောင်းလေးအောက်မှာ ကျွန်တော်ခုရေးပေးလိုက်မယ့် Coding လေးတွေကို ထည့်ပေးပါ.

(၂) New Blogger Template သုံးတဲ့သူများကတော့ <STYLE TYPE="text/css"> ဆိုတဲ့ စာကြောင်းလေးကို ရှာလို့တွေ့မှာ မဟုတ်ပါဘူး. Helpdesk က EOT ပို့စ်လေးမှာ ဘလော့ဂါလေးတွေ ပြဿနာတက်နေကြတာ အဲဒီ့ script လေးကို လိုက်ရှာနေကြလို့ပါ.

အဲဒီ့ Script လေးကို ကိုယ့်ဖာသာပဲ ထည့်ပေးရပါမယ်. ဒါကြောင့် New Blogger သမားများ (အများစုက New Blogger သုံးနေကြပါတယ်.) ကတော့ ကျွန်တော်ရေးပေးလိုက်တဲ့ Coding လေးတွေကို တိုက်ရိုက်ပဲ ကူးထည့်လိုက်ပါ. အကောင်းဆုံးကူးထည့်သင့်တဲ့ နေရာကတော့

<Variable name="postTitleTxtColor" description="Post Title Text Color"
type="color" default="#000000">

*/

ဆိုတဲ့ စာကြောင်းလေး ဆုံးတဲ့နောက်မှာ

/* My EOT
-------------------------------------- */

ဆိုပြီး နေရာလေးပေးလို့ ခုရေးပေးလိုက်တဲ့ စာကြောင်းလေးတွေကို ကူးထည့်လိုက်မယ်ဆိုရင် လိုအပ်လို့ ပြန်ရှာရင်လည်း အလွယ်တကူတွေ့နိုင်မှာ ဖြစ်ပါတယ်. စနစ်လည်း ကျမှာ ဖြစ်ပါတယ်.

ကဲ. Coding လေးပေးပြီနော်.


<STYLE TYPE="text/css">
@font-face {
font-family: Zawgyi-One;
font-style: normal;
font-weight: normal;
src: url(http://www.fileden.com/files/2007/9/23/1451933/EOT_Zawgyi4.eot);
}
@font-face {
font-family: Zawgyi-One;
font-style: oblique;
font-weight: normal;
src: url(http://www.fileden.com/files/2007/9/23/1451933/EOT_Zawgyi3.eot);
}
@font-face {
font-family: Zawgyi-One;
font-style: oblique;
font-weight: 700;
src: url(http://www.fileden.com/files/2007/9/23/1451933/EOT_Zawgyi2.eot);
}
@font-face {
font-family: Zawgyi-One;
font-style: normal;
font-weight: 700;
src: url(http://www.fileden.com/files/2007/9/23/1451933/EOT_Zawgyi1.eot);
}


ဒါဆိုရင် EOT ပြီးပါပြီ..

ပြီးပြီလား..

ပြီးပြီပေါ့နော်..

အဲလိုမျိုး မလုပ်ချလိုက်ပါနဲ့..

မကြာခင်မှာပဲ ပြဿနာထပ်တက်ပါလိမ့်မယ်..

ဘာလို့လဲသိလား

ကျွန်တော့်ရဲ့ EOT ဖိုင်လေးတွေကို Hosting လုပ်ထားတဲ့ Fileden.com က Free Hosting Site ပါ. ပေးထားတဲ့ Bandwidth က နည်းနည်းလေးရယ်ပါ. ကျွန်တော့်အကောင့်ကို ဘလော့ဂါတွေ အများကြီးက ၀ိုင်းသုံးကြတာ များရင် Bandwidth နိုင်မှာ မဟုတ်တော့ပါဘူး. ဒေါင်းသွားပါလိမ့်မယ် ခင်ဗျာ.

ဒီတော့ ဘာလုပ်ရမလဲ..

အခုပေးလိုက်တဲ့ ဖိုင်လေးဖိုင်ကို Download ချလိုက်ပါ. ပြီးတော့ ကိုယ့်ရဲ့ Hosting Site တစ်ခုခုမှာ ကိုယ့်ဖာသာတင်ပါ. ပြီးတော့မှ လင့်ခ်လေးကို ပြန်ကူးယူပြီး ကိုယ့်ရဲ့ EOT ကုဒ်လေးတွေထဲကို ပြန်အစားသွင်းပါ.

ရှုပ်သွားလား.. မရှုပ်ပါနဲ့ဗျာ. ပြန်ရှင်းပြပါမယ်.

File Hosting လုပ်တာကို မသိသေးတဲ့သူများ ဒီပို့စ်လေးကို သွားဖတ်ပါ. File Hosting လုပ်နည်းလေးတွေကို ရှင်းပြထားတာပါ.

ပြီးမှ ဆက်ဖတ်ပါ.

ကဲ. ဖိုင်လေးဖိုင်ပေးပြီနော်. ယူပါတော့

(၁) EOT_Zawgyi1.eot
(၂) EOT_Zawgyi2.eot
(၃) EOT_Zawgyi3.eot
(၄) EOT_Zawgyi4.eot

ရပြီလား

ဘာလုပ်ရမလဲဆိုတော့ ကိုယ့်ရဲ့ Googlepages မှာပဲဖြစ်ဖြစ်၊ Fileden.comRipway.com စသည်တို့မှာပဲ ဖြစ်ဖြစ် ဒီဖိုင်လေးတွေကို ပြန်တင်လိုက်ပါ. ပြီးရင် လင့်ခ်ကို ယူပါ.

ရပြီဆိုရင် အဲဒီ့လင့်ခ်လေးတွေကို ကျွန်တော်အထက်မှာ ရေးပြခဲ့တဲ့ EOT Coding လေးတွေနေရာမှာ ပြန်အစားသွင်းပါ.

ဥပမာ..

<STYLE TYPE="text/css">
@font-face {
font-family: Zawgyi-One;
font-style: normal;
font-weight: normal;
src: url(http://www.fileden.com/files/2007/9/23/1451933/EOT_Zawgyi4.eot);
}
@font-face {
font-family: Zawgyi-One;
font-style: oblique;
font-weight: normal;
src: url(http://www.fileden.com/files/2007/9/23/1451933/EOT_Zawgyi3.eot);
}
@font-face {
font-family: Zawgyi-One;
font-style: oblique;
font-weight: 700;
src: url(http://www.fileden.com/files/2007/9/23/1451933/EOT_Zawgyi2.eot);
}
@font-face {
font-family: Zawgyi-One;
font-style: normal;
font-weight: 700;
src: url(http://www.fileden.com/files/2007/9/23/1451933/EOT_Zawgyi1.eot);
}


ဆိုတဲ့နေရာမှာ အားလုံးတူပါတယ်. တစ်နေရာပဲ ပြင်ပေးရမှာပါ.

src: url(http://www.fileden.com/files/2007/9/23/1451933/EOT_Zawgyi4.eot);

ဆိုတဲ့နေရာမှာ

src: url(Your_Zawgyi4_File.eot);


လို့ပြင်ပေးရပါမယ်.

File Hosting Site ကပေးတဲ့ လင့်ခ်ကို ယူရမှာနော်. ကျွန်တော်ရိုက်ပြပေးထားတဲ့ နာမည်အတိုင်း ရိုက်မိလို့ကတော့ တိုင်ပတ်သွားလိမ့်မယ်... တိုင်ကြီးကို ပတ်သွားတာလေ... ဟတ်ဟတ်..

အလားတူပဲ

src: url(http://www.fileden.com/files/2007/9/23/1451933/EOT_Zawgyi3.eot);

will be

src: url(Your_Zawgyi3_File.eot);

သဘောပေါက်ပါပြီနော်..

အဲလိုလေးပြင်ပေးလိုက်ရင် သင်ကိုယ်တိုင်ပိုင်ဆိုင်တဲ့ EOT Coding လေးတွေကို ရလာပါလိမ့်မယ်ခင်ဗျာ.

တစ်ခုတော့ သတိထားပါနော်. ဖိုင်နာမည်တွေ မရောပါစေနဲ့. Zawgyi1 နေရာမှာ Zawgyi1 file ဖြစ်နေပါစေ. Zawgyi4 ဆိုရင်လည်း ကျွန်တော်ပေးထားတဲ့ Zawgyi4 File ပဲ ဖြစ်နေပါစေ..

ကဲ. ဒီလောက်ပါပဲ. အားလုံး အဆင်ပြေကြပါစေဗျာ.

အားလုံးကို ချစ်ခင်လေးစားလျက်

ရန်အောင်

Read More...
AddThis Social Bookmark Button

Blogger In Draft { Updated! }  

Contributor: မှော်ဆရာ



Blogger Draft နောက်တစ်ခေါက်ပြန်လာပါပြီ။ အရင်ကထက် Feature တွေပိုစုံလာတယ်။ နောက် ဘော်ဒါ ဟောင်းကြီး Blogger.Com ကိုအမြဲသုံးနေရတာ ကြာလို့ ငြီးငွေ့လာတဲ့သူတွေ အတွက်လည်း ပြောင်းအသုံးပြုလို့ရတာပေါ့။ ကျွန်တော်လည်း အမှန်အတိုင်းပြောရရင် Draft ကို Beta ထက်ပိုကြိုက်တယ်ဗျ။ သုံးရတာ ပေါ့တယ်။ Design တွေလန်းတယ်။

ဒါနဲ့ အခုအသစ်တစ်ဖန် ပြန် Launch လုပ်လိုက်တဲ့ Draft ကိုလေ့လာကြည့်တော့ အောက်ပါအချက်တွေကို (အပြည့်အစုံတော့ မဟုတ်နိုင်သေး.. ကျွန်တော်သတိထားမိ သမျှသာ) Major Update တွေအဖြစ်တွေ့ရတယ်ဗျို့။

(က) Blogger 3.0 Rounder Template များထည့်သွင်းပေးထားခြင်း {Template အပိုင်းမှာထည့်ထားတာဗျ}

(ခ) အသုံးဝင်တဲ့ Special Widget တွေ အလွယ်တစ်ကူ အသုံးပြုလို့ရအောင် ထပ်မံဖြည့်စွက်ထားခြင်း { Google Gadgets,Search Box,Pool & Slide Show or Photo Album စသဖြင့်..}

ကျွန်တော် ရေကြည့်တာ စုစုပေါင်း Widget -၁၉ ခုအထိရှိပါတယ်။ Blogger Beta မှာတောင် ၁၆-ခုပဲပါတယ်။ အဲဒီထဲက ကျွန်တော့်စိတ်ကြိုက် Widget တစ်ခုကိုပြပါဆိုရင် ”Subscription Links” ဆိုတဲ့ Widget ကိုပြရမှာပဲ။ အရင်က ကိုယ့် Blog လာလည်သူတွေ စိတ်ကြိုက် Reader တစ်ခုခုနဲ့ ဖတ်နိုင်ဖို့အရေး၊ ကိုယ်တိုင်ရှာကြံလုပ်ကိုင်ပြီး ဒီ Widget ရအောင်လုပ်ခဲ့ရတာလေ။ အခုတော့ လွယ်မှလွယ်။ 1 Click & 2 Done! ပဲ။



(ဂ)နောက်ထပ် အကောင်းဆုံး Feature တစ်ခုကတော့ OpenID ပါပဲ။ မှန်ပါတယ်။ အခုဆိုရင် Blogger ရဲ့ Beta မှာမရသေးတဲ့ ဒီ Feature OpenID ကို Blogger Draft မှာရရှိနေပါပြီ။ OpenID အသုံးပြုခြင်းဖြင့် မည်သည့်ဘလော့မဆို (Google Account မရှိသော်ငြားလည်း) ခင်ဗျား Comment ၀င်ရေးလို့ရပါပြီ။
ဒါဟာ Blogger တွေတင်မက Reader တွေအတွက်ပါ အရမ်းကို အဆင်ပြေ၊ အသုံးကျလွန်းတဲ့ Feature တစ်ခုပါ။ ဒီ Feature (Wordpress မှာတော့ရတာ ကြာပါပြီ) ရရှိလာခြင်းဖြင့် မည်သူမဆို Knowledge ပိုင်းဆိုင်ရာတွေ ကိုလွတ်လပ်စွာ နှီးနှောဖလှယ်ခွင့်ရရှိစေပါတယ်။

{OpenID အကြောင်းသိဖို့နဲ့ ကိုယ်ပိုင် OpenID တစ်ခုရယူဖို့အတွက် {ဒီနေရာ} ကိုသွားပါ။}


******************************************************


Blogger in Draft ၏ နောက်ဆက်တွဲသတင်း

အဲဒီ Blogger in Draft က Subscription Links Widget ကို ကျွန်တော် အတော်ကြိုက်တယ်ဆိုတာ အပေါ်မှာ ပြောခဲ့ပြီးပါပြီ။ ဒါပေမယ့် ဒီ့ထက်ကြိုက်တာတစ်ခု ထပ်တွေ့လို့ အချိန်မဆိုင်းပဲ ရောင်းရင်းများကို အမြန်မျှဝေလိုက်ပါတယ်။ Blogger in Draft ရဲ့ Page Element စာမျက်နှာမှာ Search Box ထည့်လို့ရတဲ့ Feature တစ်ခုပါတယ်ဆိုတာ အပေါ်ကပို့စ်ကို ဖတ်ခဲ့ရင်သိပြီးဖြစ်မှာပါ။ အပေါ်ကပို့စ် ကို ရေးပြီးတဲ့ အထိကျွန်တော်လည်း သာမန်လောက်ပဲသဘောထားခဲ့တာပါ။ အခု ကျောင်းက ပြန်ရောက်၊ ဟိုဟိုဒီဒီကြည့်ရင်းနဲ့ Blogger HelpDesk မှာ Search Box လေး တစ်ခုလောက်ထည့်ထားရင် လာရောက် ရှာဖွေသူတွေအတွက် အတော်အဆင်ပြေမယ် လို့တွေးပြီး တဆက်တည်း Blogger in Draft ကို ပြေးသတိရလိုက်ပါတယ်။

ဒီလိုနဲ့ Page Element စာမျက်နှာက တဆင့် Search Box ကို ကျွန်တော် ထည့်လိုက်ပါတယ်။ ၎င်းကိုထည့်တဲ့ အချိန်မှာ ရှာဖွေစေချင်တဲ့ နေရာတွေကို သူက Tick လုပ်ခိုင်းပါတယ်။ ပထမ- မိမိဘလော့ဂ် အတွင်း၊ နောက် မိမိဘလော့ဂ်မှာ လင့်ခ်တွဲထားတဲ့ ဆိုဒ်များအတွင်း၊ နောက်ဆုံးတော့ The Web(Internet) အတွင်းပေါ့ဗျာ။ ကိုယ်ရှာစေချင်တဲ့ နေရာတွေကို Tick လုပ်လိုက်ရုံပါပဲ။ မရှာစေချင်တဲ့ နေရာတော့ ချန်ထားခဲ့ပေါ့ဗျာ။ Search Box ထည့်ပြီးတဲ့အထိလည်း သိပ်ထွေထွေးထူးထူး တွေ့ရလိမ့်မယ်လို့ မမျှော်လင့်မိသေးပါဘူး။ ဘာလို့လည်း ဆိုတော့ အရင်ကတည်းကလည်း ကျွန်တော်တို့ Google ရဲ့ Search Engine ကို ကိုယ်ပိုင် Custom လုပ်လို့တစ်မျိုး၊ မူရင်းအတိုင်း Gadgets များမှတသွယ် အမျိုးမျိုးထည့်ခဲ့ကြပြီး ရှာဖွေလို့ရသမျှဟာလည်း Google မှာရှာသလိုပဲ ၀ဘ်ပေ့ခ်ျတစ်ခုလုံးနဲ့ {New Tab မှာ(သို့)မူရင်းစာမျက်နှာအတွင်းမှာ} ပြသလေ့ရှိပါတယ်။

သို့သော်..သို့သော်ပေါ့.. အခု Blogger in Draft မှာသုံးထားတဲ့ Search Box Widget ကတော့ဖြင့် တစ်မူထူးတယ်ခင်ဗျ။ မြန်မာလိုဖြစ်စေ၊ အင်္ဂလိပ်လိုဖြစ်စေ ကြိုက်ရာတစ်ခုခုကို ရိုက်နှိပ်ရှာဖွေလိုက်တာနဲ့ မိမိဘလော့ဂ်စာမျက်နှာရဲ့ နောက်ဆုံးပို့စ် အထက်မှာ Dynamic HTML Page အဖြစ်နဲ့ အောက်ပါအတိုင်းပြသပေးတယ်ခင်ဗျ။ Page Loading မရှိပဲ AJAX Technology နဲ့ထည့်ပေးထားတယ်ဗျို့။ ရှာဖွေလို့ရသမျှ Results တွေကလည်း အတော့်ကို တိတိကျကျ ဖြစ်အောင်ရှာဖွေပေးထားတာကို တွေ့ရတယ်ဗျ။ ကျွန်တော်က ကျွန်တော့် ဘလော့ဂ်၊ လင့်ခ်တွဲထားတဲ့ ဘလော့ဂ်တွေ၊ ဆိုဒ်တွေ နှင့် နောက်ဆုံး အင်တာနက် ဆိုပြီး ရှာဖွေဖို့ Tick လုပ်ခဲ့တဲ့အတွက် ရှာဖွေလို့ရတဲ့ Results တွေကို Tab သုံးခုနှင့် ပြသပေးထားတာကို တွေ့ရမှာပါ။ မြန်မာလိုလည်း တိတိကျကျ ရှာဖွေပေးတာတွေ့ရတော့ မြန်မာ ဘလော့ဂ်ဂါတွေအတွက် Special ပဲပေါ့ဗျာ။ ကိုယ့်ဘလော့ဂ်မှာ ကဏ္ဍအသီးသီးက မြန်မာဘလော့ဂ်တွေနှင့် အခြား Resources တွေ များများလင့်ခ်ထားလေလေ၊ ကိုယ့်ရဲ့ Search Results များများနဲ့ တိတိကျကျ ပေါ်လေလေပါပဲ။ ၎င်း Widget လေးကတော့ ဒီနေ့အတွက် နှင့် ကျွန်တော့်အတွက် စိတ်ကျေနပ်စရာအကောင်းဆုံး အရာတစ်ခုပါပဲ။




Blogger in Draft နှင့် Blogger Beta တွင် Widget များထည့်သွင်းနည်း

BLogger မှာ Widget တစ်ခုကို ဘယ်လိုထည့်ရမယ်ဆိုတာ သိပြီးသားသူများ အတွက်ကတော့ ဒီအဆင့်မှာတင် ပြီးသွားပါပြီ။ အခုဆက်ရေးမှာက ၎င်း Widget တွေကို မိမိဘလော့ဂ် အတွင်းသို့ ဘယ်လိုထည့်ရမယ်ဆိုတာ မသိသေးသူများအတွက် ထပ်ဆောင်းရှင်းလင်းချက် သဘောမျိုး ဖြစ်ပါတယ်။ ၎င်းနည်းလမ်းများအတိုင်း နောက်များမှာလည်း မိမိနှစ်သက်ရာ Widget တွေကို အလွယ်တစ်ကူ ထည့်သွင်းလို့ရစေပါမယ်။

(က) အထက်ပါ Widget ကိုထည့်သွင်းရန်အတွက် Blogger in Draft မှတဆင့် မိမိ၏ Google Account ဖြင့် Blogger Dashboard သို့ ၀င်ရောက်ပါ။ Dashboard တွင် Posts,Setting,Layout ဆိုပြီး သုံးမျိုးရှိတဲ့အနက် Layout ကိုကလစ်ပါ။



Template Tab အောက်ရှိ Page Element Sub Tab သို့ တိုက်ရိုက် ရောက်သွားတာကို တွေ့ရပါမယ်။ ၎င်းစာမျက်နှာကို ရောက်ပြီဆိုလျင် Search Engine Widget ကို မိမိထည့်လိုတဲ့နေရာမှာ ရှိတဲ့ Page Element တွေအပေါ်က "Add a page element " ဆိုတာကို ထပ်ကလစ်ပါ။



အောက်ပါအတိုင်းပေါ်လာလျင် မိမိထည့်လိုသော Widget အမျိုးအစားကိုရွေးပါ။ အခု ကျွန်တော်တို့က Search Box ထည့်မှာဖြစ်တဲ့ အတွက် ၎င်းကိုရွေးချယ်ပါမယ်။ Add to Blog ကို ကလစ်ပါ။



အောက်ပါအတိုင်း ၀င်းဒိုး အသစ်တစ်ခုတက်လာပြီး Configure Search Box လို့ပေါ်လာရင် မိမိရှာဖွေစေလိုတဲ့ နေရာတွေကို Tick လုပ်ပေးပါ။ မရှာစေချင်တဲ့နေရာကို ချန်ခဲ့လို့ရပါတယ်။ အားလုံးပြီးပြီဆိုတာနဲ့ "Save Change" ကိုကလစ်ပါ။



အထက်ပါအဆင့်ပြီးသွားတာနဲ့ မိမိဘလော့ဂ် ကို View Blog ကနေတဆင့် New Tab နဲ့ဖွင့်ပြီးကြည့်ပါ။ မိမိ Widget ကို နေရာအပြောင်းအရွေ့လုပ်ချင်တယ်ဆိုရင် စောစောက Page Element စာမျက်နှာကိုပြန်သွားပြီး ထည့်ထားတဲ့ Widget ပေါ်မှာကလစ်လုပ်ကာ Drag and Drop လုပ်ခြင်းဖြင့် အလွယ်တစ်ကူ ပြောင်းရွေ့လို့ရပါတယ်။ အားလုံးစိတ်ကြိုက် ဖြစ်ပြီဆိုရင် အောက်က ပြထားတဲ့နေရာမှာ "Save" ကို ကလစ်လုပ်ခြင်းဖြင့် ပြီးဆုံးပါပြီ။



Widget အသစ်များဖြင့် ပျော်ရွှင်လှပ၊ ဘလောဂ့်နိုင်ကြစေ ကုန်သတည်း။


Technorati Tags: | | | | |

Read More...
AddThis Social Bookmark Button

Wordpress Blogging with Blogsom  

မှော်ဆရာက Wordpress Blogging လုပ်ဖို့ Host အသစ်တွေ့တယ် စမ်းကြပါဆိုလို့ စမ်းကြည့်လိုက်ပါတယ်။ မှော်ဆရာကစမ်းပြီးရင် ပြန်လည်ဝေမျှပါလို့ တိုက်တွန်းထားပါတယ်။ ကျနော် ကလိကြည့်တာကို Wordpress တိုက်ရိုက်လုပ်တာ၊ Free Host ကနေလုပ်တာနဲ့ မှော်ဆရာညွှန်းတဲ့ Blogsom ကနေစမ်းကြည့်တာကို အတွေ့အကြုံအရ ဝေမျှချင်ပါတယ်။ မှော်ဆရာဘုရင့်နောင်ကိုမင်းကျော်တို့လို စုံစုံစေ့စေ့နည်းပညာတော့ ကျမယ်မထင်ဘူး။

Wordpress မှာ တိုက်ရိုက် Account ဖွင့်ရင် CSS ကုတ်တွေ ပြင်လို့မရပါဘူး။ Header ကတော့ တန်းပလိပ်ကို လိုက်ပြီး ပြင်လို့၊ ပြောင်းလို့ ရတာမျိုးတော့ ရှိပါတယ်။ ပို့စ်အတွက် ဇော်ဂျီဖောင့် Assign လုပ်လို့ရပေမယ့် CSS ပြင်မရတာကြောင့် Sidebar ခေါင်းစဉ်၊ ပို့စ်ခေါင်းစဉ်တွေ ပြင်မရလို့ (Firefox, IE အားလုံးမှာဖတ်လို့ရအောင်) အင်္ဂလိပ်လိုပဲ ရေးတာမျိုးရှိပါတယ်။

ဒါကြောင့် ဒုတိယနည်းအနေနဲ့ Free Host မှာ Account ဖွင့်ပြီး Wordpress လုပ်လာကြတာဖြစ်ပါတယ်။ တန်းပလိပ်တွေ အရမ်းကောင်းတယ်။ CSS ကုတ်တွေပြင်လို့ရတယ်။ ဇော်ဂျီ Assign လုပ်လို့ရတယ်။ Open Source တွေရှိတယ်။ ဒါပေမယ့် API Key ကို Recognize မလုပ်လို့ Plug-in အလုပ်မလုပ်တာ၊ Wordpress မှာ အလုပ်လုပ်တဲ့ Spam တွေ တားပေးတဲ့ Plug-in အလုပ်မလုပ်လို့ Spam ကော်မန့်တွေ ၀င်တာ စတဲ့ ပြဿနာလေးတွေရှိပါတယ်။ တန်းပလိပ်ပေါ်မူတည်ပြီး Widget တွေ၊ Sidebar တွေ ပြင်ရတာမို့ စလုပ်သူတွေအဖို့တော့ စိတ်ညစ်ရဖို့ရှိပါတယ်။

အခု မှော်ဆရာညွှန်းတာက Blogsom ပါ။ အဲဒီမှာ Account ဖွင့်ပြီး Wordpress နဲ့ Run လို့ရတာမျိုးဖြစ်ပါတယ်။ Free Host မှာ ဒုက္ခများပြီး တိုင်ပတ်စရာ မလိုဘူးပေါ့။ ဒါပေမယ့် Wordpress တိုက်ရိုက်လုပ်တာ၊ Free Host ကနေလုပ်တာနဲ့ Blogsom ကနေစမ်းကြည့်တာ တွေ့ရတဲ့ ကွာခြားချက်ကလေးကို ပြောချင်ပါတယ်။

Blogsom က Wordpress Function တွေဆိုပေမယ့် ဒိတ်အောက်နေသလိုပါပဲ။ ပေးထားတဲ့ တန်းပလိပ်တွေကလည်း 2003, 2004, 2005 ဒီဇိုင်းတွေဖြစ်ပြီးရိုးပါတယ်။ တချို့ကတော့ စိတ်ကြိုက်ပြင်နိုင်အောင် ဖွင့်ပေးထားပါတယ်။ Default WP Theme 2003 လို ဟာမျိုးပါ။ Blogsom နဲ့ လုပ်ထားတဲ့ နမူနာတွေ လျှောက်ကြည့်တော့ ထူးထူးကဲကဲ ကလိထားကြတာ သိပ်မတွေ့ပါဘူး။ Blogspot ရဲ့ CSS ကုဒ်နဲ့ ယှဉ်ရင် ခက်သယောင်ရှိပါတယ်။ Free Host/Wordpress ရဲ့ CSS က များလွန်းလို့ ခက်တာဖြစ်ပြီး Blogsom က ဘာမှ မရှိလို့ ခက်တာမျိုးပါ။ CSS ပြင်ကြကြေး၊ ကလိကြကြေးဆို Blogspot က သာပါလိမ့်မယ်။

ကျနော်မှားနေတာ လိုနေတာကို ဖြည့်စွက် ညွှန်ကြားပြင်ဆင်ပေးကြပါရန်။ ကျနော်လုပ်ကြည့်ထားတဲ့ နမူနာကို ဒီမှာ ကြည့်နိုင်ပါတယ်။

Click Here.

ဇယားလေးနဲ့ စာရင်းချုပ်ရရင် ဒီလိုပါ။

MM Thinker

Read More...
AddThis Social Bookmark Button

Making Wordpress Blog  

မသိနိုးနားနဲ့ Wordpress မှာ တိုက်ရိုက် ဘလော့ဂ်တစ်ခုလုပ်ပြီးမှ စပ်မိစပ်ရာမှာ ကိုသင်္ကြန်ကျေးဇူးပြုထားတဲ့ Wordpress လုပ်နည်းအရ အသစ်ထပ်လုပ်လိုက်တာ တော်တော်လေးလန်ထွက်နေတဲ့ ဘလော့ဂ်လေးတစ်ခုရလိုက်ပါတယ်။

ကိုသင်္ကြန်က http://freehostia.com နဲ့ www.byethost.com ကို အကြံပေးထားပါတယ်။ ကျနော်ကတော့ http://phpnet.us/ နဲ့ အကောင့်ဖွင့်မိရက်သားဖြစ်တာနဲ့ ပီအိပ်ခ်ျပီနဲ့ပဲ ဆက်လုပ်လိုက်ပါတယ်။

ဒီနေရာမှာ ကျနော်ဝေမျှချင်တာက ကျနော်လို ယောင်ခြောက်ဆယ်ဟိုလုပ်ဒီလုပ် အချိန်မကုန်ရအောင် အတွေ့အကြုံကို ပြောချင်၊ အခက်အခဲလေးတွေရှောင်လွှဲ(သို့) ဖြေရှင်းကျော်လွှားနိုင်ဖို့ အကြံပေးချင်တာပါ။

ပုံမှန်အတိုင်းလုပ်ရမယ့်နည်းတွေကတော့ စပ်မိစပ်ရာမှာ ပီဒီအက်ဖ်ဖိုင်နဲ့ ယူပါ။ လုပ်ပါ။

ကျနော်က http://phpnet.us/ နဲ့ လုပ်ရာမှာ တွေ့ကြုံရတာလေးတွေလည်း ဖြည့်စွက်ပြောချင်တာပါ။

ဘလော့ဂ်ဆရာ၊ မာစတာများက ကကြီးကစပြီးပြောလေ့မရှိပါဘူး။ အဲဒီအခါ ကျနော်တို့လို မနေ့တနေ့ကမှ စလုပ်တဲ့သူတွေအတွက် လိပ်ပတ်မလည်ဖြစ်တတ်လို့ ကကြီးကစကောက်ပြီး ကျနော်ပြောပရစေ။

Wordpress လုပ်ရာမှာ www.wordpress.com ကို ၀င်ပြီး တိုက်ရိုက် ဘလော့ဂ်လုပ်တာရယ်၊ အစမှာ ပြောခဲ့တဲ့ အခမဲ့အထိုင် (Free Host) တစ်ခုခုကနေ လုပ်တာရယ် နှစ်မျိုးရှိပါတယ်။

ပြင်ချင်တိုင်းပြင်လို့ရအောင်၊ စိတ်တိုင်းကျ ပြင်လို့ ကလိလို့ရအောင် အခမဲ့အထိုင် (Free Host) ကနေ လုပ်ကြရင် ပိုကောင်းပါတယ်။ ကျနော်ဆို နှစ်ခါလောက်ပြောင်းလိုက်ရတယ်။ ခက်တယ်၊ ရှုပ်တယ်ထင်ရပေမယ့် ကျနော် လင့်ခ်ထားတဲ့ IT & Blogging ကိုဖြစ်ဖြစ် ဖိုရမ်တွေကိုဖြစ်ဖြစ် သွားမေးနိုင်ပါတယ်။ ကိုမင်းကျော်၊ ကိုသင်္ကြန်၊ ညီလင်းဆက်၊ မှော်ဆရာ စသူတို့က ကူညီဖို့ အသင့်ပါ။

ကျနော်ကတော့ http://phpnet.us/ နဲ့ လုပ်ပါတယ်။

၁။ http://phpnet.us/ မှာ Sign Up

၂။ ပြီးရင် e-mail မှာ သူတို့ပေးလာမယ့် Cpanel အမည်၊ လျှို့ဝှက်ကုဒ်နံပါတ်တွေ သွားကြည့်။

၃။ e-mail ထဲက Cpanel လင့်ခ်ကို ဖွင့်။

၎။ အသေးစိတ် ဘယ်လိုလုပ်သလဲဆိုတာ ပုံနဲ့တကွ ကိုသင်္ကြန်ရဲ့ ဖိုင်အတိုင်းကြည့်ပါ။

၅။ Database လုပ်ပြီးတဲ့ အခါ Database Name, MySQL Host Name တွေ မှတ်ထားဖို့ ကိုသင်္ကြန်က ပြောထားပါတယ်။ http://phpnet.us/ မှာ ပြဿနာက Database Name ပဲတွေ့ပြီး MySQL Host Name မတွေ့ရတာပါပဲ။ အဲဒီလို ဖြစ်နေရင် Database Name ရဲ့ အောက်နားက Admin ဆိုတာကို နှိပ်ပါ။ အပေါ်ဆုံးနားက Sever ဆိုတာတွေ့ပါလိမ့်မယ်။ sql(ကိန်းဂဏန်း).(phpnet.us) ဆိုတာလေးပါ။ ကျန်တာတွေ ကိုသင်္ကြန်ပြောသလို ဆက်နိုင်ပါပြီ။ အဲတာကို သွားပြီးမှတ်မထားရင် ရှေ့ဆက်လို့မရပါ။

၆။ နောက်တစ်ခုပြောချင်တာက Themes ပြောင်းတဲ့နေရာမှာပါ။ အီးမေးလ်လင့်ခ်ကဖွင့်လိုက်တဲ့ cpanel.phpnet.us ကို ပြန်သွား၊ File Manager ကိုဖွင့်၊ အဲဒီမှာ ကိုယူထားတဲ့အမည် (ဥပမာ mmthinker.iblogger.org) ကို တွေ့မယ်။ ကလစ်လုပ်ပါ။ ပြီးရင် ပေါ်လာတဲ့ အထဲမှာ htdos ပြီးရင် wp-content ပြီးရင် Theme ။ ဒါမှမဟုတ် Directory Tree မှာ ကွက်လပ်ဘေးနားက ပုံလေးကို ကလစ်ပါ။ ပထမဆုံး ကိုယ်ရွေးထားတဲ့ URL ကို Double ကလစ် (ဥပမာ mmthinker.iblogger.org)၊ ခဏလေးစောင့်၊ ပြီးရင် htdos ကို Double ကလစ်၊ ခဏစောင့်၊ ပြီးရင် wp-content ကို Double ကလစ်၊ ပြီးရင် Themes ကို Double ကလစ်လုပ်ပါ။ ပြီးရင် အပေါ်မှာ Choose ဆိုတာနှိပ်လိုက်ပါ။

နောက်ဆုံး Upload ပေါ့။ သိပြီးသားသူတွေ အတွက် ဘာမှမဆန်းပေမယ့် အသစ်ထိတွေ့သူတွေအဖို့ ဆင်ကြီး အမြီးကျမှတစ်ဆိုတာလို ဖြစ်တတ်လို့ ဖြည့်ပြောတာပါခင်ဗျာ။

၇။ http://www.wpthemesfree.com နဲ့ http://topwpthemes.com မှာ တန်းပလိတ်တွေရွေးဖို့ ကိုသင်္ကြန်က အကြံပေးပါတယ်။ ကြိုက်တဲ့ဟာ ဒေါင်းလုဒ်လုပ်ယူပြီးရင် zip ဖိုင်ကို သွားမဖြည်ပါနဲ့။ တိုက်ရိုက် Browse လုပ်ချလိုက်ပါ။ Wordpress ရဲ့ Presentation ထဲ ရောက်လာပါလိမ့်မယ်။

၈။ နောက်တစ်ခု ဝေမျှချင်တဲ့ အတွေ့အကြုံက စီဗုံးပါ။ မြန်မာဘလော်ဂါအများစုဟာ Blogspot မှာ မွှေပြီးမှ Wordpress ကိုရောက်လာကြတာပါ။ (မြန်မာပြည်မှာ ဘလော့ဂ်စပေါ့ကို ပိတ်လိုက်လို့လေ)။ ကျနော်ကတော့ ဘလော့ဂ်စပေါ့က စီဗုံးကုဒ်တွေယူလာ၊ Wordpress ရဲ့ Presentation à Widgets ကိုသွား၊ အပိုယူလို့ရတဲ့ Text မှာ ထည့်။ အရင် စီဗုံးအဟောင်းက အတိုင်း ရသွားပါတယ်။ ဆိုက်ကလေးပဲ ဘောင်ဝင်အောင် နည်းနည်းပြင်လိုက်ရပါတယ်။

၉။ Hit Counter ကိုလည်း ထိုနည်းအတိုင်းပါ။ http://www.ultimate-counter.com/ မှာ အသစ်ယူပြီးဖြစ်ဖြစ်ထည့်ပါ။

၁၀။ နိုင်ငံအလိုက်လာလည်သူအရေအတွက်ကို ကြည့်နိုင်တဲ့ NeoCounter လည်း အဟောင်းကို ဒီနည်းနဲ့ပဲ ကူးထည့်နိုင်ပါတယ်။

၁၁။ Wordpress မှာ Read More အတွက် သတ်သတ်လုပ်စရာ မလိုဘူးဗျို့။ Split post with more tag (Alt+t) ဆိုပြီးပါပြီးသား။ ဖြတ်ချင်တဲ့နေရာ ကာဆာချပြီး အဲဒါကို ကလစ်လိုက်၊ ရရော။

၁၂။ Wordpress မှာ တိုက်ရိုက်လုပ်တုံးက ဖောင့်အရောင်ပြောင်းလို့ရပေမယ့် Free Host ကနေလုပ်တော့ မရပြန်ဘူး။ (တခြားသူတွေတော့ မသိဘူး။) ပြဿနာမရှိဘူး။ Microsoft Word ထဲမှာ စိတ်ကြိုက်ကစားပြီး ပြန်ကူးထည့်၊ အိုကေတယ်။ စာပိုဒ်ကို Justify လုပ်ဖို့၊ ဇော်ဂျီနဲ့ သေချာပေါက်ကောင်းကောင်းပေါ်ဖို့၊ Microsoft Word ထဲမှာချ ကစားပြီး ပြောင်းထည့်နည်းနဲ့ပဲ ကျနော်လုပ်ပါတယ်။

အခု ထပ်ထည့်ပြောတာလေးတွေက ကိုသင်္ကြန်ပြောတဲ့ အတိုင်းကို http://phpnet.us/ မှာ လုပ်သွားတဲ့ အကြောင်းပါ။ စလုပ်သူတွေအတွက် နည်းနည်းနှမ်းဖြူးလိုက်တာပေါ့။

အားလုံး အိုကေကြစေသော်ဝ်

သင်ကာ (Thinker)

Read More...
AddThis Social Bookmark Button

wordpress  

Contributor: mtj

wordpress install လုပ်နည်းကို သိသမျှ တင်ပြထားပါတယ်။


how to install wordpress.pdf

Read More...
AddThis Social Bookmark Button

Myanmar-Neo Template  

Contributor: မှော်ဆရာ

Neo ဆိုတာဘာလဲ

အလွယ်ကူဆုံး ပြောရရင်တော့ ဘလော့ဂ္ဂါရဲ့ မူရင်း Template ကို Java Script(AJAX Technology) နဲ့ အဆင့်မြှင့်ထားတဲ့ ၊ အသုံးပြုရ အလွန်လွယ်ကူလှပြီး ၊ Web Page တစ်ခုနှင့် တစ်ခုအကူးတွင် Page Loading လုံးဝစောင့်ဆိုင်းစရာ မလိုတဲ့ အရမ်းသွက်လက် ပေါ့ပါးတဲ့ Template တစ်ခုပါပဲ။ သူ့အကြောင်း အပြည့် အစုံသိချင်ရင်တော့ ဒီမှာ ဖတ်ရှုနိုင်ပါတယ်။


Neo အသုံးပြုရင်မိမိဘလော့ဂ်မှာ ဘာတွေထူးခြားလာမလဲ

ဒီနေရာ မှာ သင့်ဘလော့ဂ် လိပ်စာ ရိုက်ထည့်ပြီး နီယို အသုံးပြုခြင်းအားဖြင့် ဘာတွေထူးခြားသွားသလဲ ဆိုတာ လေ့လာနိုင်ပါတယ်။


ဘယ်လိုအသုံးပြုမလဲ

အသုံးပြုရတာ အရမ်းကို လွယ်ကူရှင်းလင်းပါတယ်။ အောက်ပါအဆင့်များအတိုင်း အတိအကျ လုပ်ဆောင်ပါ။

အဆင့်(၁) ။ ။ လက်ရှိ မိမိသုံးနေတဲ့ Template ကို "Backup" လုပ်ထားပါ။(Blog Setting ထဲက၊ Template ဆိုတဲ့ Tab ကိုသွားပါ ၊ Edit Html ကို ရွေးပါ၊ ၎င်း စာမျက်နှာမှာ (Before editing your template, you may want to save a copy of it.) ဆိုတဲ့ စာကြောင်း နောက်က "Download Full Template" ကို " ကလစ်" လုပ်ခြင်းအားဖြင့် လက်ရှိ Template ကို Backup လုပ်ပြီးသားဖြစ်သွားပါပြီ။ ရည်ရွယ်ချက်ကတော့ အကယ်၍ Neo ကို Install လုပ်နေရင်းနဲ့ အမှားတစ်ခုခုပါသွားခဲ့ရင် ယခင် Template ကိုအလွယ်တစ်ကူ ပြန်သုံးလို့ ရစေရန် ဖြစ်ပါတယ်။


အဆင့်(၂)။ ။၎င်း Edit Html စာမျက်နှာရဲ့ Coding Box ထဲမှာ <body> ဆိုတဲ့ ကုဒ်ကို တွေ့အောင်ရှာပါ။ Ctrl+F ကိုနှိပ်ပြီး Search Box ပေါ်လာတာနဲ့ ၎င်း ကုဒ်ကို Search Box ထဲမှာ ရိုက်ထည့်ပြီးအလွယ်တစ်ကူ ရှာနိုင်ပါတယ်။ <body> ကုဒ်ကို တွေ့ပါက ၎င်း၏ နောက်ရှိ စာကြောင်းများထဲမှ<b:widget> ဖြင့်အစပြုသော စာကြောင်းမှန်သမျှကို ကော်ပီလုပ်ပြီး Note Pad သို့ ၊ Word Pad တစ်ခုခုတွင်သိမ်းထားပါ။

မှတ်ချက်။<b;widget><widget id=Blog1.....>ဆိုသောစာကြောင်းကို ကူးစရာမလိုပါ။


အဆင့်(၃)။အထက်ပါအဆင့်များအားလုံးပြီးဆုံးပါက ဒီနေရာ မှာ Right Click ထောက်ပြီး ၊ Save Target As..ရွေးခြင်းဖြင့် Neo.js ကို ဒေါင်းလုဒ် လုပ်ပါ။ ရလျင် ၎င်းဖိုင်ကို Note pad သို့ Word Pad ဖြင့်ဖွင့်ပြီး </b:widget> </b:section> ဆိုသော ကုဒ် နှစ်ခုကို ရှာပါ။ တွေ့လျင် အဆင့်(၂) တွင် သိမ်းထားခဲ့သော Widget Coding စာကြောင်းများကို ကော်ပီကူးပြီး အထက်ပါ ကုဒ်နှစ်ခုကြား တွင်ထည့်ပါ။ ဖိုင်ကို Save လုပ်ပါ။


Widget များကိုထည့်ရမယ့် ပုံစံကတော့ အောက်ပါပုံစံအတိုင်းဖြစ်ပါတယ်။



<div id='newsidebar-wrapper'>
<b:section class='sidebar' id='newsidebar' preferred='yes'>
<b:widget id='Posts' locked='false' title='Posts' type='HTML'>
<b:includable id='main'>
<div id='LabelDisplay'>
<div id='LabelTitle'>
</div>
<div class='widget-content' id='LabelPosts'>
<script language='javascript'>fetchLatestPosts('<data:blog.homepageUrl/>', '');</script>
</div>
</div>
</b:includable>
</b:widget>
ဒီနေရာမှာ သင့်ရဲ့ Widget များအားလုံးထည့်ပါ....
</b:section>
</div>



အဆင့်(၄)။ ။Edit Html စာမျက်နှာမှာပဲ Browse မှတစ်ဆင့် အဆင့်(၃) တွင် သိမ်းထားခဲ့သော ဖိုင် ရှိတဲ့နေရာကို ညွန်ပြပါ။ Upload လုပ်ပါ။ ”Template Save Successfully ” ဆိုရင်အားလုံးအောင်မြင်စွာပြီးဆုံး ပါပြီ။ဒီလိုမဟုတ်ပဲ အောက်က ပုံအတိုင်း Error တက်လာခဲ့ရင်တော့ ပြန်စစ်ဖို့လိုပါမယ်။

အကယ်၍ အထက်ပါ သတိပေးချက်ရလာခဲ့ရင် Comfirm & Save ဆိုတာကို ကလစ်မလုပ်ပါနဲ့။ လုပ်ခဲ့လို့ရှိရင် သင့်ရဲ့ ကျန်နေသေးတဲ့ Widget Data တွေအားလုံးဆုံးရှုံးသွားပါလိမ့်မယ်။ Cancel ကိုရွေးပါ။ Expand Widget Templates မှ Tick ကိုဖြုတ်ခြင်းဖြင့် မူလ Template ကိုပြန်သွားပါ။ ကျန်ခဲ့သော Widget များအားလုံးကို ပြန်ကူးပါ။အထက်ပါ သတိပေးချက်တွင် Label1 , Html1 စသဖြင့်ဥပမာ ပြထားပါသည်။ မိမိရရှိသော သတိပေးချက်မှ Widget ခေါင်းစဉ်များကို သာကူးပြီး အဆင့်(၂)တွင်ထပ်မံပေါင်းထည့် ရန်သာဖြစ်ပါတယ်။ ဖိုင်ကိုထပ်မံသိမ်းဆည်းပြီး Upload လုပ်ပေးပါ။


အဆင့်(၄)။ ။ အထက်ပါအဆင့်များ အောင်မြင်စွာပြီးဆုံးပါက Add Page Element ကိုသွားပါ။ အောက်ပါပုံစံအတိုင်း ၃-ကော်လံဖြင့်မြင်တွေ့ရပါမယ်။



၎င်းတွင် Labels(စာညွှန်းများ)နှင့် Posts (ရေးသားပြီးခေါင်းစဉ်များ) Element ခေါင်းစဉ်တွေကတော့ Neo ရဲ့ မူရင်း Page Element များဖြစ်ပြီး ပြုပြင်၊ဖျက်သိမ်းခြင်းလုပ်လို့ ရမှာမဟုတ်ပါဘူး။ အကယ်၍လုပ်ခဲ့ မယ်ဆိုရင် Neo ရဲ့အဓိက လုပ်ဆောင်ချက်တစ်ခုလုံးပျက်စီးသွားမှာဖြစ်ပါတယ်။ ကျန်တဲ့ Page Element တွေကတော့ မိမိဘလော့ဂ် မှာရှိတဲ့ Element တွေဖြစ်တဲ့ အတွက် မိမိစိတ်ကြိုက် ပြုပြင်ဖျက်သိမ်း လုပ်နိုင်မှာဖြစ်ပါတယ်။

ဒါကတော့ ပုံမှန် Neo Template တစ်ခုကို ဘယ်လို Install လုပ်ရမယ်ဆိုတာကိုရှင်းပြခဲ့တာဖြစ်ပါတယ်။

မူရင်းနီယို Template ကိုအသုံးပြုချင်သူများအတွက် ဒီနေရာ မှာကြိုက်နှစ်သက်ရာ ဒီဇိုင်းကိုရွေးချယ်ပြီး စိတ်ကြိုက် အသုံးပြုနိုင်ကြပါကြောင်း။



မြန်မာ ဘလော့ဂ္ဂါများအတွက် Neo Template အသစ်


မူရင်း ဒီနေရာက ဖြစ်ပြီး ၊ လိုအပ်တဲ့ Script Coding တစ်ချို့ကို ပြုပြင်ရေးသားထားတဲ့ ”မြန်မာနီယိုဘလော့ဂ္ဂါ တမ်းပလိတ်” အား ဒီနေရာမှာ အခမဲ့ဒေါင်းလုဒ်ဆွဲချနိုင်ပါတယ်။ Install လုပ်ပုံ ၊ လုပ်နည်းကတော့ အပေါ်မှာ ရှင်းပြထားတဲ့အတိုင်းပါပဲ။

မြန်မာနီယိုဘလော့ဂ်ဂါ တမ်းပလိတ် ကိုအသုံးပြုထားတဲ့ ”စမ်းသပ်ဘလော့ဂ်” အား ဒီနေရာ မှာ ကြည့်ရှုနိုင်ပါတယ်။

ဒီ Template ကိုအသုံးပြုမယ်ဆိုရင် အဓိကပြုပြင်စရာတစ်ခုကတော့ မိမိရဲ့ Eot ဖောင့်ထ်လိပ်စာကို ပြန်လည် အစားသွင်းပေးရန်ပါပဲ။ အောက်မှာဖော်ပြထားတဲ့အတိုင်းဖြစ်ပါတယ်။

/* Use this with templates/template-twocol.html */

.Navbar{display:none;visibility:hidden}
body {
background:#fff;
margin:0;
text-align:center;
line-height: 1.5em;
font-family:x-small 'ZawGyi-One', ZawgyiOne, Zawgyi1, Trebuchet MS, Verdana, Arial, Sans-serif;

color:$mainTextColor;
font-size/* */:/**/small;
font-size: 13px /**/small;
}

@font-face {
font-family: Zawgyi-One;
font-style: normal;
font-weight: normal;
src: url(http://ဒီနေရာမှာ သင့်ရဲ့ Eot ဖောင့်ထ် လိပ်စာထည့်ရပါမယ်။);
}



Eot ဖောင့်ထ် ဆိုတာ ဘာလဲ ၊ ဘယ်လိုလုပ်ရမလဲဆိုတာတွေကိုတော့ ဒီနေရာ မှာရှင်းပြထားတာရှိပါတယ်။

Read More...
AddThis Social Bookmark Button

Crazy Mac Dock Menu Hack For Your Blog  

Contributor: မှော်ဆရာ

Mac crazy တွေရော၊ crazy မဟုတ်သူတွေရော Mac လို့ဆိုလိုက်တာနဲ့ The Most Advance OS on the Whole World ဆိုတာကို သိပြီးဖြစ်ကြပါလိမ့်မယ်။ လှပသေသပ်ပြီး၊ ဆွဲဆောင်မှုအပြည့်ရှိတဲ့ GUI (Graphical User Interface) စနစ်၊ လုံခြုံမှုအပြည့်နဲ့ စွမ်းဆောင်ရည်မြင့်မားတဲ့ လုပ်ဆောင်မှုစနစ်တွေဟာ စားသုံးသူတွေ အတွက်တော့ Mac ကို လုံးဝလက်မလွှတ်နိုင်အောင် ဖမ်းစားထားတဲ့ အချက်တွေပါပဲ။

Mac User တွေအတွက်ကတော့ အကျွမ်းတ၀င်ဖြစ်ပြီးသားမို့ ထပ်ရှင်းစရာ မလိုလောက်တော့ပါဘူး။ Mac နဲ့အကျွမ်းတ၀င်မဖြစ်သူတွေ အတွက် Mac Dock ဆိုတာဘာလဲ ဆိုတာအနည်းငယ် ရှင်းဖို့လိုပါလိမ့်မယ်။ တစ်ကယ်တော့ Mac Dock ဆိုတာ ကျွန်တော်တို့ Window တွေမှာ သုံးသကဲ့သို့ Application များကို အလွယ်တစ်ကူ အသုံးပြုနိုင်ရန် Short Cut Icons (My Computer,My Document. အစရှိသည်) များကို Mac OS ရဲ့ လှပသေသပ်တဲ့ GUI စနစ်မှာ Menu Bar(Iconbar) တစ်ခုအဖြစ် ပျော့ပျောင်းစွာ ပေါင်းစည်းထားတဲ့ Mac OS ရဲ့ Desktop Iconbar တစ်ခုပါပဲ။

Mac Dock Menu တစ်ခုကို ဘလော့ဂ်မှာ ဘယ်လို အသုံးပြုထားသလဲဆိုတာ [ဒီနေရာ] မှာ သွားရောက်လေ့လာ ကြည့်ရှုနိုင်ပါခင်ဗျာ။

ကဲ. ပြောနေကြာပါတယ်ဗျာ။ လက်တွေ့အနေနဲ့ အခု ဈေးကြီးလှတဲ့ Mac ကို ခင်ဗျားဝယ်သုံးစရာ မလိုပါဘူး။ ခပ်မိုက်မိုက် Mac Dock လေးတစ်ခု ခင်ဗျား ဘလော့ဂ်ထဲကို ရောက်ရှိလာဖို့ ဒီပို့စ်လေးကို ဖတ်လိုက်ဖို့ပဲ လိုပါတယ်။

စမယ်ဗျို့။ ပထမဆုံးလုပ်ရမှာက ဒီအောက်က CSS ကုဒ်တွေကို ]]></b:skin> မတိုင်ခင် Footer CSS ကုဒ်ရဲ့ အောက်မှာ ဆက်ထည့်ပေးပါ။ ဒီ CSS ကုဒ်တွေက Mac Dock Menu ကို ဘလော့ဂ် အောက်ခြေမှာ ပေါ်စေမှာဖြစ်ပြီး အပေါ်မှာ ထားလိုသူတွေ အတွက်ကတော့ အောက်မှာ ဆက်ပြထားတဲ့ ကုဒ်တွေကိုအသုံးပြုပေးရပါမယ်။

အဆင့်(၁)

CSS Codes For Mac Dock Menu - For Those Who Want to Use at The Bottom

/* dock2 - bottom */

#dock2 {
width: 100%;
bottom: 0px;
position: absolute;
left: 0px;
}
.dock-container2 {
position: absolute;
height: 50px;
background: #FFFFFF;
padding-left: 20px;
}
a.dock-item2 {
display: block;
font: bold 12px "Zawgyi-One",Arial, Helvetica, sans-serif;
width: 40px;
color: #000;
bottom: 0px;
position: absolute;
text-align: center;
text-decoration: none;
}
.dock-item2 span {
display: none;
padding-left: 20px;
}
.dock-item2 img {
border: none;
margin: 5px 10px 0px;
width: 100%;
}



CSS Codes For Mac Dock Menu - For Those Who Want to Use at The Top

/* dock - top */

.dock {
position: relative;
height: 50px;
text-align: center;
}
.dock-container {
position: absolute;
height: 50px;
background: #FFFFFF;
padding-left: 20px;
}
a.dock-item {
display: block;
width: 40px;
color: #000;
position: absolute;
top: 0px;
text-align: center;
text-decoration: none;
font: bold 12px "Zawgyi-One",Arial, Helvetica, sans-serif;
}
.dock-item img {
border: none;
margin: 5px 10px 0px;
width: 100%;
}
.dock-item span {
display: none;
padding-left: 20px;
}


အဆင့်(၂)

ဒီအဆင့်ပြီးပြီဆိုတာနဲ့ အောက်က Java Script ကုဒ်တွေကို ]]></b:skin> နှင့် </head> ကြားမှာ ထည့်ပေးပါ။ ထုံးစံအတိုင်း Top အတွက် နဲ့ Bottom အတွက် ကုဒ် (၂) မျိုးခွဲပေးထားပါတယ်။

Java Script For Mac Dock Menu - For Those Who Want to Use at The Bottom

<script type="text/javascript" src="http://myanmarne0.googlepages.com/jquery.js"></script>
<script type="text/javascript" src="http://myanmarne0.googlepages.com/interface.js"></script>

<!--[if lt IE 7]>
<style type="text/css">
.dock img { behavior: url(http://myanmarne0.googlepages.com/iepngfix.htc) }
</style>
<![endif]-->

<!--dock menu JS options -->
<script type="text/javascript">

$(document).ready(
function()
{
$('#dock2').Fisheye(
{
maxWidth: 60,
items: 'a',
itemsText: 'span',
container: '.dock-container2',
itemWidth: 40,
proximity: 80,
alignment : 'left',
valign: 'bottom',
halign : 'center'
}
)
}
);
</script>



Java Script For Mac Dock Menu - For Those Who Want to Use at The Top

<script type="text/javascript" src="http://myanmarne0.googlepages.com/jquery.js"></script>
<script type="text/javascript" src="http://myanmarne0.googlepages.com/interface.js"></script>

<!--[if lt IE 7]>
<style type="text/css">
.dock img { behavior: url(http://myanmarne0.googlepages.com/iepngfix.htc) }
</style>
<![endif]-->

<!--dock menu JS options -->

<script type="text/javascript">

$(document).ready(
function()
{
$('#dock').Fisheye(
{
maxWidth: 50,
items: 'a',
itemsText: 'span',
container: '.dock-container',
itemWidth: 40,
proximity: 90,
halign : 'center'
}
)
}
);
</script>


exclaim ဒီအဆင့်မှာ သုံးထားတဲ့ .js နှင့် iepngfix.htc ဖိုင်(၂) ခုကို Bandwidth ကုန်သွားတဲ့အခါမျိုးမှာ ပုံမှန်အလုပ်မလုပ်မှု ဖြစ်ခြင်းမှ ကာကွယ်ရန်အတွက် မိမိကိုယ်ပိုင် Fileden | Ripway | Google Pages အစရှိတဲ့ Hosting တစ်ခုခုမှာ ပြန်တင်ပြီး အသုံးပြုသင့်ပါတယ်။


အဆင့်(၃)

နောက်ဆုံးအဆင့်အနေနဲ့ Dock Menu ကို Bottom မှာ ထည့်လိုသူများအတွက် ဒီကုဒ်လေးကို တွေ့အောင်ရှာပါ(Ctrl+F အကူအညီဖြင့်)။

</div> <!-- end content-wrapper -->

<div id='footer-wrapper'>
<b:section class='footer' id='footer'/>
</div>

ဒီနေရာမှာ အောက်က ပြထားတဲ့ ကုဒ်တွေ ထည့်ရပါမယ်။

</div></div> <!-- end outer-wrapper -->



For Those Who Want to Use at The Bottom (HTML Codes for Mac Dock Menu)

<!--bottom dock -->

<div class="dock" id="dock2">
<div class="dock-container2">
<a class="dock-item2" href="#"><span>Home</span><img src="http://myanmarne0.googlepages.com/home.png" alt="home" /></a>
<a class="dock-item2" href="#"><span>Contact</span><img src="http://myanmarne0.googlepages.com/email.png" alt="contact" /></a>
<a class="dock-item2" href="#"><span>Portfolio</span><img src="http://myanmarne0.googlepages.com/portfolio.png" alt="portfolio" /></a>
<a class="dock-item2" href="#"><span>Music</span><img src="http://myanmarne0.googlepages.com/music.png" alt="music" /></a>
<a class="dock-item2" href="#"><span>Video</span><img src="http://myanmarne0.googlepages.com/video.png" alt="video" /></a>
<a class="dock-item2" href="#"><span>History</span><img src="http://myanmarne0.googlepages.com/history.png" alt="history" /></a>
<a class="dock-item2" href="#"><span>Calendar</span><img src="http://myanmarne0.googlepages.com/calendar.png" alt="calendar" /></a>
<a class="dock-item2" href="#"><span>Links</span><img src="http://myanmarne0.googlepages.com/link.png" alt="links" /></a>
<a class="dock-item2" href="#"><span>RSS</span><img src="http://myanmarne0.googlepages.com/rss.png" alt="rss" /></a>
<a class="dock-item2" href="#"><span>RSS2</span><img src="http://myanmarne0.googlepages.com/rss2.png" alt="rss" /></a>
</div>
</div>



Mac Dock Menu ကို ဘလော့ဂ်ရဲ့ အပေါ်မှာ Navigation Bar သဖွယ် အသုံးပြုလိုသူတွေအတွက်ကတော့ ဒီကုဒ်လေးတွေကို ပြောင်းလဲရှာဖွေဖို့လိုပါမယ်။

<div id='header-wrapper'>
<b:section class='header' id='header' maxwidgets='1' showaddelement='no'>
<b:widget id='Header1' locked='true' title='More Blogging (Header)' type='Header'/>
</b:section>
</div>

ဒီနေရာမှာ အောက်က ပြထားတဲ့ ကုဒ်တွေကို ကော်ပီကူးပြီး ထည့်ပေးပါ။

<div id='content-wrapper'>



For Those Who Want to Use at The Top (HTML Codes for Mac Dock Menu)

<!--top dock -->

<div class="dock" id="dock">
<div class="dock-container">

<a class="dock-item2" href="#"><span>Home</span><img src="http://myanmarne0.googlepages.com/home.png" alt="home" /></a>
<a class="dock-item2" href="#"><span>Contact</span><img src="http://myanmarne0.googlepages.com/email.png" alt="contact" /></a>
<a class="dock-item2" href="#"><span>Portfolio</span><img src="http://myanmarne0.googlepages.com/portfolio.png" alt="portfolio" /></a>
<a class="dock-item2" href="#"><span>Music</span><img src="http://myanmarne0.googlepages.com/music.png" alt="music" /></a>
<a class="dock-item2" href="#"><span>Video</span><img src="http://myanmarne0.googlepages.com/video.png" alt="video" /></a>
<a class="dock-item2" href="#"><span>History</span><img src="http://myanmarne0.googlepages.com/history.png" alt="history" /></a>
<a class="dock-item2" href="#"><span>Calendar</span><img src="http://myanmarne0.googlepages.com/calendar.png" alt="calendar" /></a>
<a class="dock-item2" href="#"><span>RSS</span><img src="http://myanmarne0.googlepages.com/rss.png" alt="rss" /></a>

</div>
</div>


exclaim ဒီအဆင့်မှာ မှတ်သားစရာ (၂) ခုရှိပါတယ်။

(က) သုံးထားတဲ့ ပုံအားလုံးဟာ ကျွန်တော့်ရဲ့ Google Pages စာမျက်နှာမှာ တင်ထားတာဖြစ်တဲ့ အတွက်အကယ်၍ ဒီ Hack ကိုအသုံးပြုသူများလာခဲ့ရင် ပုံတွေရဲ့ Bandwidth ကုန်တဲ့အချိန် မိမိစာမျက်နှာမှာ ပုံမပေါ်တာတွေ၊ ပုံမှန်အလုပ်မလုပ်တာတွေ ဖြစ်နိုင်ပါတယ်။ အဲဒီအတွက် အကောင်းဆုံးကတော့ ပုံအားလုံးကို ဒေါင်းလုဒ်လုပ်ပြီး မိမိကိုယ်ပိုင် Google Pages မှာဖြစ်ဖြစ်၊ အခြား Image Hosting များမှာဖြစ်စေပြန်တင်ပြီး အသုံးပြုသင့်ပါတယ်။

(ခ) မိမိကိုယ်ပိုင် အခြား Icon Design များပြောင်းလဲ အသုံးပြုလိုတယ်ဆိုရင်တော့ အောက်ပါဆိုဒ်တွေမှာ သွားရောက်ရှာဖွေ ဒေါင်းလုဒ် လုပ်ပြီး အစားထိုးအသုံးပြုနိုင်ပါတယ်။

http://www.crystalxp.net/galerie/en.cat.1.html
http://www.vistaicons.com/
http://www.iconarchive.com/
http://interfacelift.com/icons-mac/faq.php

(ဂ)နောက်တစ်ခုကတော့[href="#"] ဆိုတဲ့ ကုဒ်ရဲ့ [#] နေရာမှာ မိမိထည့်လိုတဲ့ လင့်ခ် တစ်ခုစီထည့်ပေးရပါမယ်။ Home,Contact အစရှိတာတွေကို မိမိစိတ်ကြိုက် အမည်ပေး၊ ရှေ့နောက် နေရာပြောင်းရွေ့လို့ရပါတယ်။

အားလုံးပဲ အဆင်ပြေကြလိမ့်မယ်လို့ ထင်ပါတယ်။ အဆင်မပြေမှုတစ်ခုခုရှိခဲ့ရင် ဒါမမဟုတ် ပိုမိုကောင်းမွန်တဲ့ အကြံအစည်လေးများ ရှိခဲ့ရင်လည်း မှတ်ချက်မှာ လွတ်လွတ်လပ်လပ် ၀င်ရောက်ဆွေးနွေး၊ အကြံပေး ရေးသားနိုင်ပါကြောင်း။

Sources: SmashingMagazine

Technorati Tags: | | | | | | | | | | | | |

Read More...
AddThis Social Bookmark Button

Free Hostings For All  

Contributor: မှော်ဆရာ

ရှာဖွေလို့ရသမျှ Free Hosting Site တွေကို စုစည်းတင်ပေးလိုက်ပါတယ်။ မိမိဘာသာမိမိ web site လုပ်လိုသူများ အတွက်ရော၊ ကလိချင် သူတွေရော၊ My SQL Server ရတဲ့ Free Hosting ရှာဖွေနေသူတွေရော ၊ စတဲ့ အကြောင်းအမျိုးမျိုးနဲ့ Free Hosting ရှာဖွေနေသူ တွေအတွက် အထူးရည်ရွယ်ပါတယ်။

ဒီထဲမှာပါတဲ့ တစ်ချို့သော ဆိုဒ်တွေဟာ PHP,My SQL ရတဲ့ဆိုဒ်တွေပါသလို ၊တစ်ချို့ကျတော့လည်း မပါပါဘူး။ မိမိနှင့်အဆင်ပြေမည့် Hosting ကိုရှာဖွေရွေးချယ် အသုံးချနိုင်ကြစေသော်ဝ်။


by.ru
789mb.com
freehostia.com
100webspace.net
Bravenet.com
gwgaming.net
web1000.com
zeeblo.com
zendurl.com
http://www.t35.com/


http://synced.org/
http://www.leadhoster.com/
http://www.ipdz.com/
http://www.ifastnet.com/
http://www.hp-h.us/
http://php-net.us/
http://www.awardspace.com/
http://atbhost.com/
http://www.789mb.com/
http://www.4000webs.com/



http://3000mb.com/
http://www.12gbfree.com/
http://www.1111mb.com/
ffrhosting.com
Funpic.de
www.spooted.com
lxhost.com
lxhost.org
http://byondspeed.com
hostarcher.com

ohost.de
websamba.com
x10hosting.com
hostingzero.com
http://www.freehostinn.com/
http://www.drivehq.com/
http://www.gigcities.com
http://xoompages.com
http://www.4000webs.com/
http://www.tekcities.com/



http://www.20mh.com/
http://www.t35.com/
http://www.tdotnetwork.com/
http://yurx.com/
http://altervista.org
http://5gbfree.com
http://ohost.de
http://netmind.ch
http://www.hostfreeweb.com/
http://www.100webspace.com/web_hosting/free_plan.html

http://www.1asphost.com/
http://www.250free.com/
http://www.3000mb.com/
http://signup.50megs.com/cgi-bin/path/signup
http://www.50webs.com/
http://angelfire.lycos.com/
http://www.atspace.com/
http://www.awardspace.com/
http://www.bravenet.com/
http://dhost.info/index.php?l=su



http://www.domaindlx.com/
http://www.esmartstart.com/
http://www.fortunecity.com/
http://www.freedomainsite.com/free_hosting_details.htm
http://www.freehomepages.com/
http://freehostia.com/free_hosting.html
http://www.freewebpage.org/
http://www.freewebsites.com/
http://geocities.yahoo.com/home/
http://www.graffiti.net/

http://www.hostingisfree.com/
http://www.hp-h.us/
http://www.ifastnet.com/
http://www.mvhosted.com/
http://www.netfirms.com/web-hosting/web-hosting-basic/
http://www.propercomfy.co.uk/
http://www.psend.com/freehosting.php
http://www.sitepalace.com/
http://www.sphosting.com/
http://www.t35.com/



http://www.tbns.net/site/
http://www.topcities.com/
http://www.tripod.lycos.com/
http://www1.websamba.com/
http://www.zendurl.com/
forums.sgc-hosting.com
www.sgc-hosting.com
http://www.12gbfree.com/
http://downthe.net
http://www.geekspeakers.net

http://www.newsit.es
http://www.000webhost.com/?id=689
http://www.freehostinn.com/
http://www.drivehq.com/
http://www.gigcities.com
http://xoompages.com
http://www.4000webs.com/
http://www.tekcities.com/
http://www.20mh.com/
http://www.t35.com/



http://www.tdotnetwork.com/
http://yurx.com/
http://altervista.org
http://5gbfree.com
http://ohost.de
http://netmind.ch
http://www.hostfreeweb.com/
http://www.100webspace.com/web_hosting/free_plan.html
http://www.1asphost.com/
http://www.250free.com/

http://www.3000mb.com/
http://signup.50megs.com/cgi-bin/path/signup
http://www.50webs.com/
http://angelfire.lycos.com/
http://www.atspace.com/
http://www.awardspace.com/
http://www.bravenet.com/
http://dhost.info/index.php?l=su
http://www.domaindlx.com/
http://www.esmartstart.com/



http://www.fortunecity.com/
http://www.freedomainsite.com/free_hosting_details.htm
http://www.freehomepages.com/
http://freehostia.com/free_hosting.html
http://www.freewebpage.org/
http://www.freewebsites.com/
http://geocities.yahoo.com/home/
http://www.graffiti.net/
http://www.hostingisfree.com/
http://www.hp-h.us/

http://www.ifastnet.com/
http://www.mvhosted.com/
http://www.netfirms.com/web-hosting/web-hosting-basic/
http://www.propercomfy.co.uk/
http://www.psend.com/freehosting.php
http://www.sitepalace.com/
http://www.sphosting.com/
http://www.t35.com/
http://www.tbns.net/site/
http://www.topcities.com/

http://www.tripod.lycos.com/
http://www1.websamba.com/
http://www.zendurl.com/





Technorati Tags: | | | | |

Read More...
AddThis Social Bookmark Button