Myanmar Blogger Helpdesk

Learning, Sharing and Growing Together at Blogging Community!

About Digg Button (Social Bookmarking)

Contributor: Tayzar Blink44

What's Digg?

Digg is all about user powered content. Everything is submitted and voted on by the Digg community. Share, discover, bookmark, and promote stuff that's important to you!

ဒီ Digg button ကို ဘလော့ခ်ပို့စ်မှာ ထည့်ခြင်းအားဖြင့် ယူဇာတွေက သူတို့ အကြိုက်ပို့စ်တွေတိုင်းကို vote လုပ်နိုင်မှာပါ။ Digg ဟာ social website တစ်ခုဖြစ်ပြီး သင့်ရဲ့ စာဖတ်သူတွေ နောက် သင်ကိုယ်တိုင် ပို့စ်တွေကို 'digg' လုပ်နိုင်မှာပါ။ သင့်မှာ ၀တ္တုကောင်းကောင်းတွေ၊ စိတ်ဝင်စားဖွယ်ရာပို့စ်တွေ၊ ကဗျာတွေ၊ နည်းပညာဆိုင်ရာပို့စ်တွေကို မန်ဘာတွေက 'digg' လုပ်ပြီး မှတ်ချက်တွေ ရေးကြပါလိမ့်မယ်။ ဘလော့ခ်ပိုင်ရှင် တစ်ယောက် အနေနဲ့ ဒီ button လေးကို အလွယ်တကူပြုလုပ် ထည့်သွင်းနိုင်ပြီး သင့်ရဲ့ စာဖတ်သူတွေကို သင့် ဆောင်းပါးတွေကို submit လုပ်ခွင့၊် Digg လုပ်ခွင့် ပေးနိုင်ပါတယ်။ ထည့်သွင်းပုံ အဆင့်ဆင့်ကတော့ -

၁။ ။ပထမဆုံး သင့်ရဲ့ ဘလော့ခ်ပို့စ်တွေကို Post Pages အဖြစ်လုပ်ထားလား အရင်ကြည့်ပါ။ Post Pages ဆိုတာ ပို့စ်တိုင်းဟာ သူ့ကိုယ်ပိုင် html page ရှိတာကို ဆိုလိုတာပါ။ ရှိမရှိ သိချင်ရင် ကိုယ့်ပို့စ်တွေရဲ့ ခေါင်းစဉ်တွေ ကို pointer လေးနဲ့ ထောက်ကြည့်ပါ။ အားလုံးဟာ သူ့ကိုယ်ပိုင် လင့်ခ် ရှိတယ်ဆိုရင် Post Pages ဖြစ်ပါတယ်။ Digg button ထည့်ဖို့ အတွက် ကိုယ့်ဘလော့ခ်ပို့်စ်တိုင်းမှာ ကိုယ်ပိုင် URL (unique URL) ရှိဖို့ လိုအပ်ပါတယ်။ တကယ်လို့ လင့်မရှိတဲ့ ခေါင်းစဉ်တွေရှိရင် ပြန်ပြင်ရပါမယ်။ ပြင်ဖို့ အတွက် ပထမဆုံး login ၀င်ပါ။ Blogger Dashboard က Setting ---> Archiving, မှာ Enable Post Pages မှာ "Yes" လို့ ပြင်ပြီး setting ကို save လုပ်ပါ။

၂။ ။ဒီ Digg button ထည့်ခြင်းဟာ ပို့စ်တိုင်းကို အကျိုးသက်ရောက်မှာပါ။ ဒါကြောင့် သင်ဟာ ဘယ် ပို့စ်ကို button ထည့်မယ် ဘယ်ပို့စ်ကို မထည့်ဘူး ရွေးလို့မရပါဘူး။

၃။ ။ဒီထည့်လိုက်တဲ့ code က ကိုယ့်ရဲ့ပို့စ် URLကို သုံးပြီး Digg မှာ submission လုပ်မှာပါ။ ကဲစပြင်ကြရအောင် -

Template အောက်က Edit HTML ကို ကလစ်လုပ်ပါ။ အရေးကြီးဆုံးက အဲဒီက နဂို HTML code အားလုံးကို copy လုပ်ပါ။ ပြီးရင် Notepad ထဲမှာ save လုပ်သိမ်းထားပါ။ မိတ်ဆွေ တစ်ခုခုအမှား လုပ်မိရင် နဂို template ပြန်ပြောင်း နိုင်အောင်ပါ။ တခု သိရမှာက code ကို ပြင်ထည့်ပြီးခဲ့ရင်လည်း တခါတည်း save တန်းမလုပ်ပဲ preview နဲ့ အရင်ရမရ ကြည့်တဲ့ အကျင့်လုပ်ထားပါ။ ပြီး ရတယ်ဆိုမှ save လုပ်ပါ။

Click "Expand Widget Templates" လုပ်ပါ။ အဲဒီမှာ အောက်က ပြထားတဲ့ ကုဒ်ရှာပါ။

<data:post.body/>

ဒီ Button ကို သင့် ဘလော့ခ်ပို့စ်ရဲ့ ညာဘက် ထောင့်မှာ ထားချင်ရင် အောက်ကပြထားတဲ့ ကုဒ်ကို အစားထိုးထည့်ပါ။

<script src="http://digg.com/tools/diggthis.js" type="text/javascript"/>

ဒါကမြင်ရမယ့်ပုံပါ။

Digg Button in Blog Footer

Automatic Count button ကို မထည့်ချင်ဘူး link button သတ်သတ်ပဲ ထည့်ချင်တယ်ဆိုရင်တော့ အောက်ကပြထားတဲ့ code ကို ထည့်နိုင်ပါတယ်။ ဒီ button က ပို့စ်တိုင်းရဲ့ အောက်ခြေ ညာဘက်မှာ ပေါ်မှာဖြစ်ပြီး readers တွေက click လုပ်ပြီး သူ့အကြိုက်ပို့စ်ကို Digg မှာ submit လုပ်နိုင်မှာပါ။

အောက်ကပြထားသည့် အနက်ရောင် code များကို template ထဲမှာ အရင်ရှာပြီး အနီရောင် (Red) နဲ့ ပြထားတဲ့ code ကို copy ကူးထည့်ပါ။

<data:post.body/>

မြင်ရမယ့် ပုံက ဒီလိုပါ။

နေရာပြောင်းထားချင်တယ်ဆိုရင်တော့ အပေါ်ကပြောခဲ့တဲ့ နေရာပြောင်းထားပုံ code တွေကို လေ့လာရင် ရပါတယ်။ အခုပြထားတဲ့ button size 91 x 17 ဆိုဒ် digg button က အစမ်းပြထားတာပါ။ အောက်မှာ တခြား button design တွေပြထားပါတယ်။ ပြောင်းချင်တဲ့ button image လင့်ကို code ထဲက image URL နေရာမှာ အစားထိုးလိုက်ပါ။

Button for selective posts

Button ပုံလေးတွေ ပြောင်းချင်ရင် ပထမဆုံး Digg tools ကို အရင် သွားပါ။ ကိုယ်ကြိုက်တဲ့ button ရွေးပါ။ အဲဒီမှာ Digg buttons တွေ မျိုးစုံရှိပါတယ်။

Digg Digg Digg Digg Digg Digg

Digg Digg Digg Digg

Digg

ကိုယ်ကြိုက်တဲ့ image ရဲ့ URL ကို မှတ်ထားပါ။ ဥပမာ - ဒီ Digg This Story ပုံရဲ့ URL က

http://digg.com/img/badges/91x17-digg-button.gif

How to add Digg button to selected post
ဒီနည်းက Digg button ကို ပို့စ်တိုင်းမှာ မဟုတ်ပဲ ကိုယ်ထည့်ချင်တဲ့ ပို့စ်မှာပဲ ထည့်တဲ့နည်းပါ။ အလုပ်နည်းနည်းတော့ရှုပ်ပါတယ်။

Digg button ထည့်ချင်တဲ့ ပို့စ်ကို အရင်ရေးပါ။ publish လုပ်ပါ။ page ကို refresh လုပ်ပြီး သင် button ထည့်မယ့် ပို့စ် ခေါင်းစဉ်ကို click လုပ်ပါ။ အဲဒီ အခါ ထည့်ချင်တဲ့ ပို့စ် တစ်ခုတည်းကိုပဲ Post Page အနေနဲ့ တစ်ပုဒ်တည်းပြပါလိမ့်မယ်။ အဲဒီ URL ကို မှတ်သားထားပါ။ ပြီးရင် အောက်ကပြထားတဲ့ code ထဲက လိမ္မော်ရောင် (orange) နဲ့ ပြထားတဲ့ နေရာမှာ ပို့စ်ရဲ့ URL ကို ထည့်ပါ။ Button ပုံ ကို ပြောင်းချင်တယ် ဆိုရင် ပြောင်းချင်တဲ့ image URL ကို အပြာရောင် (blue) နဲ့ ပြထားတဲ့ နေရာမှာ အစားထိုး ထည့်လိုက်ပါ။

ပြီးရင် သင့် ဘလော့ခ်က Post ထဲက "Edit HTML" ထဲမှာဝင်ပါ။ "Compose" ထဲ မဟုတ်ပါ။ template က Edit HTML ကို ပြောခြင်း မဟုတ်ပါ။ အပေါ်က ပို့စ် လင့်ခ် နေရာမှာ အစားထိုးပြီးသား code ကို သင် button ထားချင်တဲ့ နေရာလောက်မှာထားပါ။ "Preview" ကြည့်ပါ။ ရရင် "Publish" လုပ်ပါ။

• Source

Technorati tags:

• AddThis Social Bookmark Button

0 comments

Post a Comment

Post a Comment