Myanmar Blogger Helpdesk

Learning, Sharing and Growing Together at Blogging Community!

Get Zawgyi - Blogger Widget  


Contributor: ညီညီသံလွင်

မြန်မာဘလော့ဂ်ဂါတွေ အတွက် Widget ဆိုတာ အထူးအဆန်းအရာ မဟုတ်တော့ပါဘူး။ Hackosphere.. Cbox.. Vibes .. NeoCounter.. Mybloglog အစရှိတဲ့ Widget တွေကို မြန်မာဘလော့ဂ်ဂါ အတော်များများ သုံးစွဲလာကြတာကို တွေ့ရပါတယ်။ မြန်မာဘလော့ဂ်တွေ တစ်နေ့ထက်တစ်နေ့ ပိုများလာတာနဲ့အမျှ ယူနီကုတ်ဒ်စနစ်နဲ့ ရေးသားထားတဲ့ ဇော်ဂျီဖွန့်ကို အသုံးပြုမှုလည်း များပြားလာပါတယ်။ တချို့သူများက မြန်မာဘလော့ဂ်တွေကို ဖတ်လိုကြပေမယ့် မြန်မာဘလော့ဂ်တိုင်းဟာ Microsoft Web Embedding Font Technology(WEFT) ကို အသုံးပြုပြီး EOT ဖန်တီးထားခြင်း မရှိတာကြောင့် ဇော်ဂျီဖွန့်မရှိလျှင် ဖတ်လို့ မရနိုင်ပါဘူး။ ဒါ့အပြင် EOT ဟာ Microsoft Internet Explorer (IE) နဲ့ ကြည့်မှသာ မြင်ရတာမို့ မြန်မာဘလော့ဂ်တွေကို ဖတ်မယ့်သူတွေ အနေနဲ့ ဇော်ဂျီဖွန့်ဟာ လိုအပ်ချက်တစ်ခုဖြစ်လာပါတယ်။

ဇော်ဂျီဖွန့်၊ ဇော်ဂျီကီးဘုတ်နဲ့ ဇော်ဂျီလက်ကွက်ပုံစံတွေကို တစ်နေရာတည်းကနေ download လုပ်နိုင်အောင်လို့ ယခု 'Get Zawgyi' လို့ အမည်ပေးထားတဲ့ Widget ကလေးကို ဖန်တီးခဲ့ပါတယ်။

Blogger အသုံးပြုသူ မြန်မာဘလော့ဂ်ဂါများအနေနဲ့ မိမိဘလော့ဂ်မှာ ဒီ Widget ကလေးကို ထည့်သွင်းလိုလျှင် အောက်ပါပေးထားတဲ့ ခလုတ်လေးကို နှိပ်ပါ။



ထို့နောက် မိမိသက်ဆိုင်ရာ ဘလော့ဂ်သို့ ၀င်ရောက်ပါ။




မိမိထည့်သွင်းလိုသော ဘလော့ဂ်ကို ရွေးချယ်ပြီး "Add Widget" ကို နှိပ်ပါ။


ဒါဆိုရင် 'Get Zawgyi' Widget ကို အောင်မြင်စွာ ထည့်သွင်းပြီးပါပြီ။ အားလုံးပြီးပြီဆိုရင် ဒီ Widget လေးကို မိမိဘလော့ဂ်မှာ ကြိုက်နှစ်သက်ရာ နေရာမှာ ထည့်သွင်းအသုံးပြုနိုင်ပါတယ်။

AddThis Social Bookmark Button

7 comments

Post a Comment

Post a Comment