Myanmar Blogger Helpdesk

Learning, Sharing and Growing Together at Blogging Community!

Wordpress Blogging with Blogsom  

မှော်ဆရာက Wordpress Blogging လုပ်ဖို့ Host အသစ်တွေ့တယ် စမ်းကြပါဆိုလို့ စမ်းကြည့်လိုက်ပါတယ်။ မှော်ဆရာကစမ်းပြီးရင် ပြန်လည်ဝေမျှပါလို့ တိုက်တွန်းထားပါတယ်။ ကျနော် ကလိကြည့်တာကို Wordpress တိုက်ရိုက်လုပ်တာ၊ Free Host ကနေလုပ်တာနဲ့ မှော်ဆရာညွှန်းတဲ့ Blogsom ကနေစမ်းကြည့်တာကို အတွေ့အကြုံအရ ဝေမျှချင်ပါတယ်။ မှော်ဆရာဘုရင့်နောင်ကိုမင်းကျော်တို့လို စုံစုံစေ့စေ့နည်းပညာတော့ ကျမယ်မထင်ဘူး။

Wordpress မှာ တိုက်ရိုက် Account ဖွင့်ရင် CSS ကုတ်တွေ ပြင်လို့မရပါဘူး။ Header ကတော့ တန်းပလိပ်ကို လိုက်ပြီး ပြင်လို့၊ ပြောင်းလို့ ရတာမျိုးတော့ ရှိပါတယ်။ ပို့စ်အတွက် ဇော်ဂျီဖောင့် Assign လုပ်လို့ရပေမယ့် CSS ပြင်မရတာကြောင့် Sidebar ခေါင်းစဉ်၊ ပို့စ်ခေါင်းစဉ်တွေ ပြင်မရလို့ (Firefox, IE အားလုံးမှာဖတ်လို့ရအောင်) အင်္ဂလိပ်လိုပဲ ရေးတာမျိုးရှိပါတယ်။

ဒါကြောင့် ဒုတိယနည်းအနေနဲ့ Free Host မှာ Account ဖွင့်ပြီး Wordpress လုပ်လာကြတာဖြစ်ပါတယ်။ တန်းပလိပ်တွေ အရမ်းကောင်းတယ်။ CSS ကုတ်တွေပြင်လို့ရတယ်။ ဇော်ဂျီ Assign လုပ်လို့ရတယ်။ Open Source တွေရှိတယ်။ ဒါပေမယ့် API Key ကို Recognize မလုပ်လို့ Plug-in အလုပ်မလုပ်တာ၊ Wordpress မှာ အလုပ်လုပ်တဲ့ Spam တွေ တားပေးတဲ့ Plug-in အလုပ်မလုပ်လို့ Spam ကော်မန့်တွေ ၀င်တာ စတဲ့ ပြဿနာလေးတွေရှိပါတယ်။ တန်းပလိပ်ပေါ်မူတည်ပြီး Widget တွေ၊ Sidebar တွေ ပြင်ရတာမို့ စလုပ်သူတွေအဖို့တော့ စိတ်ညစ်ရဖို့ရှိပါတယ်။

အခု မှော်ဆရာညွှန်းတာက Blogsom ပါ။ အဲဒီမှာ Account ဖွင့်ပြီး Wordpress နဲ့ Run လို့ရတာမျိုးဖြစ်ပါတယ်။ Free Host မှာ ဒုက္ခများပြီး တိုင်ပတ်စရာ မလိုဘူးပေါ့။ ဒါပေမယ့် Wordpress တိုက်ရိုက်လုပ်တာ၊ Free Host ကနေလုပ်တာနဲ့ Blogsom ကနေစမ်းကြည့်တာ တွေ့ရတဲ့ ကွာခြားချက်ကလေးကို ပြောချင်ပါတယ်။

Blogsom က Wordpress Function တွေဆိုပေမယ့် ဒိတ်အောက်နေသလိုပါပဲ။ ပေးထားတဲ့ တန်းပလိပ်တွေကလည်း 2003, 2004, 2005 ဒီဇိုင်းတွေဖြစ်ပြီးရိုးပါတယ်။ တချို့ကတော့ စိတ်ကြိုက်ပြင်နိုင်အောင် ဖွင့်ပေးထားပါတယ်။ Default WP Theme 2003 လို ဟာမျိုးပါ။ Blogsom နဲ့ လုပ်ထားတဲ့ နမူနာတွေ လျှောက်ကြည့်တော့ ထူးထူးကဲကဲ ကလိထားကြတာ သိပ်မတွေ့ပါဘူး။ Blogspot ရဲ့ CSS ကုဒ်နဲ့ ယှဉ်ရင် ခက်သယောင်ရှိပါတယ်။ Free Host/Wordpress ရဲ့ CSS က များလွန်းလို့ ခက်တာဖြစ်ပြီး Blogsom က ဘာမှ မရှိလို့ ခက်တာမျိုးပါ။ CSS ပြင်ကြကြေး၊ ကလိကြကြေးဆို Blogspot က သာပါလိမ့်မယ်။

ကျနော်မှားနေတာ လိုနေတာကို ဖြည့်စွက် ညွှန်ကြားပြင်ဆင်ပေးကြပါရန်။ ကျနော်လုပ်ကြည့်ထားတဲ့ နမူနာကို ဒီမှာ ကြည့်နိုင်ပါတယ်။

Click Here.

ဇယားလေးနဲ့ စာရင်းချုပ်ရရင် ဒီလိုပါ။

MM Thinker

AddThis Social Bookmark Button

0 comments

Post a Comment

Post a Comment