Myanmar Blogger Helpdesk

Learning, Sharing and Growing Together at Blogging Community!

Some Suggestions for Wordpress Start  

Wordpress မှာ တန်းပလိပ် Theme ရွေးရင် သတိပြုစရာ တချို့နဲ့ တွေ့ရတာလေးတွေ ဖောက်သည်ချချင်ပါတယ်။ (Free Host ကနေမဟုတ်ဘဲ) Wordpress မှာ တိုက်ရိုက် ဘလော့ဂ်စလုပ်တဲ့ သူတွေ အတွက်ပါ။

ကော်လံနှင့် Width

ကော်လံ တစ်ခုကနေ၊ လေးခုတန်းပလိပ်မျိုးအထိရှိပါတယ်။ ကွန်ပျူတာ ရင် အပြည့်မှကြိုက်သူတွေက Flexible Width ကိုရွေးနိုင်ပြီး၊ ဆိုက်အနေတော်ကြိုက်သူတွေက Fixed Width ကိုရွေးနိုင်ပါတယ်။

အရောင်

အရောင်ရွေးခွင့်၊ ပြောင်းနိုင်တဲ့ တန်းပလိပ်ရှိသလို ပြောင်းခွင့်မပြုတဲ့ တန်းပလိပ်လည်းရှိပါတယ်။

Header/Banner

Wordpress မှာ တန်းပလိပ်တိုင်း Header/Banner ပြောင်းလို့မရနိုင်ပါဘူး။ Custom Header လို့ရေးထားတဲ့ တန်းပလိပ်မှ Header/Banner ပြောင်းလို့ရပါတယ်။

Navigation/Page

Page ဆိုတာ Blogspot မှာ Navigation လို့ခေါ်တဲ့ဟာ ဖြစ်ပါတယ်။ အဲဒီ Function က ဒီဘလော့ဂ်မှာ ရှိသလို Header/Banner ရဲ့ အထက် (သို့မဟုတ်) အောက်မှာမျိုး တန်းပလိပ်တိုင်းမှာ မရှိပါဘူး။ တချို့ တန်းပလိပ်တွေမှာ ဆိုက်ဒ်ဘားနေရာမှာပဲ ပါပါတယ်။ Header/Banner တ၀ိုက်မှာမှ ရှိစေချင်သူများ သတိပြုဖို့ပါ။

Changing Theme

တန်းပလိတ်Themeကို ပြောင်းချင်သလိုပြောင်းပါ။ Blogspot မှာလို ဆိုက်ဘားမှာထည့်ထားတာတွေ ပျောက်သွားခြင်းမျိုးမရှိပါဘူး။ Backup လုပ်နေစရာ မလိုပါဘူး။ Widgets ကနေ ပြန်ဆွဲချ နဂိုလုပ်ထားတဲ့ အတိုင်းပြန်ရပါတယ်။

C-Box and Other

Blogspot မှာ တမင်ထည့်ပေးရတဲ့ Read more ဆိုတာမျိုး အသင့်ပါပြီး ဖြစ်ပါတယ်။ C-Box နဲ့ တခြား Counter ဆိုတာတွေ ထည့်ဖို့ Text ကို သုံးနိုင်ပါတယ်။ Presentation>Widget> ထဲမှာပါ။ အောက်နားမှာ Text နဲ့ Rss Fee အတွက် အပိုယူလို့ရပါတယ်။ အဲဒီမှာ Text ကို ယူပြီး C-Box Code ကို ထည့်နိုင်ပါတယ်။ ဘလော့ဂ်အဟာင်းက C-Box ကို ယူလာပြီး ထည့်လည်းရပါတယ်။

Upload, Export & Import

Blogspot ထက်ကောင်းတာကတော့ ပုံတွေအပြင် pdf ဖိုင် စတာတွေ ပို့စ်မှာ တိုက်ရိုက် Upload တင်လို့ရပါတယ်။ Blogspot အပြင် Wordpress အချင်းချင်းလည်း ဖိုင်၊ ပို့စ်၊ ကော်မန့်တွေကအစ ပို့၊ ပြောင်း၊ ရွေ့၊ သွင်းလို့ ရပါတယ်။ Export နဲ့ Import ပါ။

MM Thinker

AddThis Social Bookmark Button

0 comments

Post a Comment

Post a Comment