Myanmar Blogger Helpdesk

Learning, Sharing and Growing Together at Blogging Community!

web space တခုဝယ်မယ်ဆိုရင်  

web space တခုဝယ်မယ်ဆိုရင်

ကျနော် ၀ဘ်ဆိုဒ် hosting ၀ယ်ဖူးသလောက်အတွေ့ အကြုံလေးကို မျှလိုက်တာပါ .. domain နဲ့ hosting ၀ယ်ချင်တဲ့သူတွေအတွက် အသုံးဝင်မယ်ထင်ပါတယ် ..
ပထမဆုံး hosting ၀ယ်ရင် အများစုက diskspace နဲ့ bandwidth ကိုအရင်ဆုံးကြည့်ကြပါတယ် … diskspace လေးများမယ် bandwidth လေးရှိမယ်ဆိုရင် ဟ .. ကောင်းတယ်ဟဆိုပြီး ၀ယ်လိုက်ကြတာပဲ .. သတိထားသင့်ပါတယ် .. အဲဒါ Host လုပ်တဲ့ company တွေရဲ့ ရိုက်စားကွက်တခုပါ .. ၀ယ်ချင်အောင် diskspace ကို 100 GB 300 Gb, တချို့ဆို unlimited ထိပေးထားတာတွေ တွေ့ဖူးပါတယ် .. ကျန်တဲ့ email, sql features တွေလဲ ကောင်းကောင်းပေးထားတတ်ပါတယ် ..


လှည့်ကွက်က addon domain မှာ လှည့်ထားတာပါ .. Addon domain ကို ထည့်လို့မရအောင်လုပ်ထားပါတယ် .. အဲဒီ hosting အတွက် Website တခု domain တခုတည်းကို သုံးရမယ်ဆိုတဲ့ သဘောပါ .. Diskspace တွေအများကြီးရှိနေပေမယ့်လဲ domain ထပ်လို့မရတော့ အဲဒီ GB တွေအများကြီးက အလကားအပိုဖြစ်သွားသလိုပေါ့ ..
ဥပမာပေးရရင် .. Myanmar friends လိုမျိုး ဖိုရမ်ဆိုဒ်ကြီးတခုက အကုန်ပေါင်းရင် အလွန်ရော အကျွံရော 10G ကုန်နိုင်ဖို့ဆိုတာ အကြာကြီးသုံးရပါတယ် .. ဘလော့တခု ပုံမှန် ၀ဘ်ဆိုဒ်တခုအတွက် 1G ရဲ့တ၀က်ဆိုတာ ကောင်းကောင်းသုံးလို့ရပါတယ် .. အဲဒီတော့ စဉ်းစားကြည့်ပေါ့ ..

Bandwidth ကတော့ .. Traffic တွေအတွက်ပါ .. ဆိုဒ်ကို လာလည်တဲ့ သူအရေအတွက်အနည်းအများကိုလိုက်ပြီး bandwidth ဘယ်လောက်လိုတယ်ဆိုတာ ရေးနိုင်ရင်ပိုကောင်းမှာပေါ့ .. ဥပမာ .. Yahoo google လို traffic အရမ်းများတဲ့ဆိုဒ်တွေအတွက် bandwidth များများလိုမှာပေါ့ .. ကျနော်ကတော့ အဲဒိကို သိပ်မစဉ်းစားပါဘူး .. ကိုယ့်ဆိုဒ်ကို လူလာရင်ကိုပဲ ကျေနပ်လှပြီ .. ဟီး …ပြီးတော့ sub domain ခွဲမယ် .. ကိုယ့် domain တခုတည်းကနေ .. ကျန်တဲ့ ကိစ္စတွေအတွက် domain အသေးလေးတခု ထပ်လုပ်မယ် … domain အသစ်တခု ၀ယ်စရာမလိုပဲ sub domain အသေးလေး လုပ်လိုက်တဲ့သဘော… ဥပမာ .. ကျနော့် ဘလော့လိုပေါ့ .. ၀ယ်ထားတဲ့ domain က http://www.ddieko.com/ .. ဒါပေမယ့် အဲဒါကို မသုံးချင်သေးဘူး .. ဘလော့အတွက် သက်သက် ဒိုမိန်းလေးတခု ခွဲလိုက်တယ် .. www.ddiekoblog.ddieko.com … အဲဒီလိုမျိုးလုပ်လိုက်လို့ရတယ်.. တခါတလေ Hosting company တွေက လူလည်ကျပြီး sub domain ကို နဲနဲလေးပဲပေးထားတတ်ကြပါတယ် .. အဲဒါကိုလဲ ကြည့်ဝယ်သင့်ပါတယ် ..

နောက်တခုက ftp account ဘယ်နှခုပေးလဲ .. Hosting တခုလုံးအတွက် တယောက်တည်း လုပ်မယ့် သူတွေအတွက် သိပ်ကိစ္စမရှိပေမယ့် .. Hosting တခုတည်းကို သုံးလေးယောက်လောက် share ပြီးသုံးချင်တယ် .. ကိုယ့်ဝဘ်ဆိုဒ်အတွက်ကိုယ် login ၀င်ဖို့ account သက်သက်ရှိချင်တယ်ဆိုရင်တော့ .. Ftp account ပိုများများရှိဖို့သင့်ပါတယ် ..

ပြီး .. Server က Linux လား wondows လားကိုလဲ ကြည့်သင့်ပါတယ် .. Web developer တွေအနေနဲ့ .. ကိုယ် ကျွမ်းကျင်တဲ့ ဘက်ပေါ်မူတည်ပြီး windows နဲ့ Linux ကို ရွေးကြပါတာ် .. ကျနော် windows တော့ မသုံးဖူးဘူး (သုံးဖူးတဲ့သူများရှိရင် ၀င်ရေးပေးကြပါခင်ဗျာ) .. ကျနော်သုံးတာက Linux Apache server ကိုသုံးပါတယ် .. Security ပိုကောင်းတယ်လို့ဆိုပါတယ် … ကျနော်ကတော့ phpmyadmin ကိုသုံးရတာ အဆင်ပြေလို့ သဘောကျတာပါ .. Windows အတွက်တော့ ASP သုံးတယ်လို့ ထင်ပါတယ် ..
mysql database လေးကိုလဲ တချက်လောက် check လိုက်ပါဦး .. ရိုးရိုးတန်းတန်း ၀ဘ်ဆိုဒ်တွေအတွက်မလိုပေမယ့် .. ကိုယ့်ဝဘ်ဆိုဒ်အတွက် application တွေထည့်ချင်ရင် database တွေလိုပါတယ် .. အဲဒီမှာလဲ တချို့ database နဲနဲလေးပေးထားတဲ့ဆိုဒ်တွေမှာဆို ဦးနှောက်စားရပါတယ် .. database ဘယ်လိုအခါမှာလိုမလဲ ..?? ရိုးရိုးတန်းတန်း ဒီဇိုင်းလောက်ပဲ ဆွဲထားတဲ့ဆိုဒ်တွေမှာဆိုရင်တော့ database မလိုပါဘူး .. အဲဒါတောင် guest bookကောင်းကောင်း contact formကောင်းကောင်း လိုမျိုး တိုလီမိုလီလေးတွေ ထည့်ချင်တယ်ဆိုရင်တောင် database လေးတခုလောက်တော့လိုပါတယ် .. ပြီးတော့ ကျနော်အခုဒီဆိုဒ်ကိုဆောက်ထားတဲ့ joomlaလို CMSဆိုဒ်တွေထည့်ချင်ပြီဆို ပိုတောင်လိုပါဦးမယ် .. joomla ဆိုဒ်တခုအတွက်ကို database တခု သက်သက်တောင်းပါတယ် .. အဲဒီမှာ ကိုယ်က database လေးတခုတည်းရှိမယ် ဆိုရင် database ပြန်ခွဲရ sql တွေ ပြန်ရေးရနဲ့ တော်တော်ဦးနှောက်စားမယ့်အလုပ်ပါ ..

ပြီးတော့ hosting ၀ယ်ရင် reseller package တွေဆိုတာလဲ ရှိပါတယ် .. တဆင့်ခံ ပြန်ရောင်းတာမျိုးပါ .. အဲဒီရောင်းတဲ့သူတွေက domain company တွေမှာ domain တွေhosting တွေကို ဈေးကောင်းကောင်းနဲ့ ရထားတတ်ပါတယ်.. အဲဒီ company မှာ domain တွေရာနဲ့ချီဝယ်ပြီး domain အရောင်းအ၀ယ်လုပ်နေတဲ့ သူတွေကို အဲဒီcompany က offer ကောင်းကောင်းပေးပြီးလုပ်ထားတာပါ .. ဥပမာ .. အပြင်မှာ domain တခုကို $3 ဆိုရင် သူတို့က domain provider ကပေးတဲ့ အရင်းဈေးအတိုင်း 1$ကျော်လောက်နဲ့ ပြန်ရကြပါတယ် .. Features တွေတော်တော်များများ ပေးထားတတ်ပါတယ် .. သူတို့ဆီကတဆင့်ဝယ်ချင်တယ်ဆိုလဲ မဆိုးပါဘူး .. ဒါပေမယ့် ဒိုမိန်းကောင်းကောင်းတွေကိုတော့ သိမ်းထားတတ်ကြပါတယ် .. ၀ယ်ချင်တယ်ဆိုရင်တော့ .. ရှေ့ကရေးထားတာလေးတွေကို သတိထားပါ .. ပြီးတော့ .. သူတို့ရှိပြီးသား Webspace ကို ခွဲပြီးရောင်းတာမို့လို့ .. ၀ယ်ရင် နဲနဲသတိထားပါ .. Ftp ပိုင်းမှာ ဘယ်လိုခွဲထားလဲ သေချာမေးပြီးမှ ၀ယ်သင့်ပါတယ် ..
ပြီးတော့ ပိုက်ပိုက်တတ်နိုင်ရင် ..

ဗီဒီယိုဆိုဒ်လို ဆိုဒ်ကြီးမျိုး database ကြီးတဲ့ ဆိုဒ်မျိုးဆောက်ချင်ရင် ကိုယ်ပိုင် server ရှိချင်ရင်တော့ ပိုက်ဆံပိုအကုန်ခံပြီး dedicated server ၀ယ်ပေါ့ .. ဒါကတော့ pro တွေမှ လုပ်မယ့်အတွက် ကျနော်ရှင်းပြမနေတော့ပါဘူး ..

အသေးအဖွားလေးများ ..
ကိုယ့် hosting မှာ ဘာပါမလဲ .. ဥပမာ Cpanel လိုမျိုးပေါ့ .. Joomla လို CMS တွေပါတဲ့ Fantistico Software လေးတွေ file manager တွေ domain တွေကို တစုတရုံးတည်း သုံးရလွယ်အောင်လုပ်ပေးထားတာပါ .. ပါရင်တော့ ပိုကောင်းတာပေါ့ .. မပါရင်လဲ ကိစ္စတော့မရှိပါဘူး ..
နောက်တခုကတော့ web mail လိုချင်တဲ့သူတွေအတွက်ပါ.. ကိုယ်hosting လုပ်တဲ့ company က web mail ပေးတယ်ဆိုရင်လဲ ယူလိုက်ရုံပေါ့ .. ဒါကတော့ သိပ် ပြသနာမရှိပါဘူး .. web mail ဆိုတော့ security အတွက် နဲနဲပိုကောင်းတာပေါ့ ..

ဒိုမိန်းဝယ်ရင် ..
ကျနော် hosting လဲတာ ၃ခါလောက်ရှိပါပြီ .. ပထမအခေါက်တုန်းက ကျနော် ခံလိုက်ရဘူးလို့ပါ .. Domain host လုပ်တဲ့ company ကို မကြိုက်လို့ တခြား company တခုကို ပြောင်းချင်တယ်ဆိုရင် .. Domain transfer အတွက် service charge ဆိုတာ ပေးရပါတယ် .. အဲဒါကို စ ၀ယ်ကတည်းက ရှင်းအောင်မေးထားပါ .. မမေးထားရင် .. အဲဒီ company က လူလည်လုပ်ပြီး service charge တောင်းပါလိမ့်မယ် .. ပြောင်းလိုက်တဲ့ အဟောင်းမှာတခါ .. ပြောင်းချင်တဲ့ အသစ်မှာတခါ .. နှစ်ခါပေးနေရပါလိမ့်မယ် .. ပြီးတော့ ပြောင်းချင်ရင်လဲ .. ဒိုမိန်းသက်တမ်းမကုန်ခင် နောက်ဆုံးနှစ်လမတိုင်ခင်မှာ ပြောင်းပါ .. မဟုတ်ရင် .. ရစ်နေပါလိမ့်မယ် .. ရှင်းပါတယ် .. သူတို့က ပိုက်ဆံပိုလိုချင်တယ်လေ .. Customer ကို လက်လွတ်ခံမှာ မဟုတ်ပါဘူး ..
Domain ၀ယ်မယ်ဆိုရင် ကိုယ်ဝယ်ချင်တဲ့ hosting company ရဲ့ background ကို အရင်လေ့လာပါ .. Service ကကောဘယ်လိုလဲ .. အလွယ်ဆုံးနည်းကတော့ .. ကျနော် ညသန်းခေါင်ဖုန်းကောက်ဆက်တာပဲ .. Service ကောင်းတဲ့ company က response လုပ်ပါတယ် .. ပြီးတော့ technical ပိုင်း ကတ်သီးကတ်သတ်မေးခွန်းတွေမေးပါ .. ဟီး .. ဒါက ကျနော်လုပ်နေကျပဲ .. Hosting company ကောင်းကောင်းဆို သူ့မှာ technician ကောင်းကောင်းရှိရမယ်လေ .. အဲဒီလိုပါ .. ကျနော် အခု နောက်ဆုံးပြောင်းလိုက်တာ go daddy ကိုပြောင်းလိုက်ပါတယ် .. Service တွေကအစ features တွေအဆုံး ပေးထားတဲ့ ၀န်ဆောင်မှုကိုသဘောကျပါတယ် .. အဲဒီဆိုဒ်တခုကိုတော့ ကျနော်ကိုယ်တိုင်လဲ သုံးနေတော့ .. recommend လုပ်ပါတယ် ..

ပြီးတော့ domain manager. အဲဒီ account ကိုရထားရင် ကောင်းတဲ့အခွင့်အရေးပါပဲ .. hosting company ရဲ့ service တွေကို မကြိုက်လို့ပဲဖြစ်ဖြစ် hosting အသစ်တခုခုကို စမ်းသုံးချင်လို့ပဲဖြစ်ဖြစ် domain manager လေးရှိတော့ ကိုယ့်domain ကိုယ် အလွယ်တကူပြောင်းလို့ရပါတယ် .. အဲဒါကို များသောအားဖြင့် hosting company အသေးတွေမှာ မပေးထားတတ်ကြပါဘူး ... အဲဒါလေးရနိုင်ရင်တော့ အကောင်းဆုံးပါ ..

ခုတော့ hosting ၀ယ်တာနဲ့ ပက်သက်ပြီး သိသင့်တာလေးတွေပါပဲ .. နောက်တပတ်ကျရင် free domain နဲ့ hosting မလိုပဲ ကိုယ့်ကွန်ပျုတာပေါ်မှာ host လုပ်တဲ့ အကြောင်းကို ကျနော်ရေးပါဦးမယ် ..

အားလုံး ပျော်ရွှင်ကြပါစေ ..
ဒီဒီကို

AddThis Social Bookmark Button

1 comments

  • stunomatic  
    May 16, 2008 at 12:52 AM

    အကိုပြော သဘာဝကျတယ်.. ဟုတ်လည်း ဟုတ်တယ်..ဗဟုသုတလည်းရတယ်.. စိတ်လည်း ၀င်စားတယ်.. အကိုရဲဈေးဝယ်တဲ့ တာ ပညာသားလည်းပါတယ်.. နောက်လဲပြောပြပါအုန်း.. ကျနော်လာအားပေးမှာ.. အကို ဘက်က လုံးဝမမှားပါဘူး။ များများမေးရမယ်..

Post a Comment

Post a Comment