Myanmar Blogger Helpdesk

Learning, Sharing and Growing Together at Blogging Community!

PayPal Donation Button လေးတွေ လုပ်ကြမယ်...  

Contributor: ရန်အောင်








မကြာသေးခင်က မြန်မာပြည်ကို ၀င်ရောက်တိုက်ခတ်သွားတဲ့ နာဂစ် အပူပိုင်းမုန်တိုင်းဒဏ်ကြောင့် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ် အပါအ၀င် အောက်မြန်မာပြည်ဖက်မှာ အပျက်အစီးအလွန်များခဲ့ပါတယ်. ဒါကို စာနာနားလည်မှု အပြည့်ရှိကြတဲ့ ကမ္ဘာတစ်လွှားမှာ နေထိုင်ကျင်လည် အသက်မွေးဝမ်းကျောင်းနေကြရတဲ့ မျိုးချစ်မြန်မာပြည်သူတွေဟာ မိမိတို့ တတ်စွမ်းနိုင်သလောက် ချွေးနှဲစာလေးတွေကို ထည့်ဝင်လှူဒါန်းပြီး ကူညီဖို့ ကြိုးစားနေကြတာကိုလည်း အားလုံးအသိပဲ ဖြစ်ပါတယ်.

ဒီလို ပေးပို့လှူဒါန်းတာတွေကို အလှူခံတဲ့အခါမှာ တိုက်ရိုက်ပေးပို့ လှူဒါန်းနိုင်တာတွေရှိနိုင်သလို မိမိတို့ရဲ့ ဘလော့ဂ် (သို့) ၀က်ဘ်ဆိုက်ဒ်လေးတွေပေါ်မှာ Donation Button လေးတွေ တင်ထားပြီး အလှူခံနိုင်တာမျိုးလည်း ရှိကြပါတယ်.

ဒီ့အတွက် ရည်ရွယ်ပြီး PayPal Donation Button လေးတစ်ခုကို ဘယ်လိုတည်ဆောက်ရတယ် ဆိုတဲ့ အကြောင်းလေးကို ဆွေးနွေးတင်ပြလိုပါတယ်ခင်ဗျာ.

ဒီ Button လေးကို ပြုလုပ်နိုင်ဖို့အတွက် မိမိမှာ ဘဏ်အကောင့် ရှိရပါမယ်. PayPal Account ရှိရပါမယ်. ဒီလောက်ပါပဲ. PayPal Account လုပ်နည်းကို မသိသေးသူများ ရှိနိုင်ပါသေးတယ်. အဲဒါကို နောက်ထပ် ပို့စ်အသစ်ထပ်ရေးပြီး တင်ပြပေးပါမယ်. လောလောဆယ်တော့ Donation Button လေး လုပ်နည်းကို အာရုံထားပြီး ပြောလိုပါတယ် ခင်ဗျာ.

၁. PayPal Account ထဲကို ၀င်လိုက်ပါ. ပြီးရင် အပေါ်မှာ မြင်နေရတဲ့ Menu Bar လေးထဲက Merchant Tools ကိုရွေးလိုက်ပါ. ပြီးသွားရင် အောက်ကို နည်းနည်းလေး ဆွဲချကြည့်လိုက်ပြီး PayPal Website Payments Standard ဆိုတာလေးကို ရှာကြည့်ပါ.





၂. အလယ်လောက်မှာ Button လေး သုံးခု ရှိတဲ့အနက်က ညာဖက်အစွန်ဆုံးမှာ Donations ဆိုတဲ့ Button လေး ရှိတာကို တွေ့ရပါလိမ့်မယ်. အဲဒီ့ Button လေးအောက်မှာ ရှိနေတဲ့ Accept Contributions ဆိုတာလေးကို ကလစ်လုပ်လိုက်ပါ.



၃. Donation Button ဆိုတဲ့ Topic လေးအောက်မှာ ဒီလိုပြောထားပါတယ်.

Collect contributions to your cause on your website. Enable donors to choose the amount of their secure donation or set donations to fixed amounts. Good for non-profit and advocacy groups.

• Accept credit card and bank account payments. Funds are deposited into your account instantly.
• You pay transaction fees only when customers click to buy.
• Put the buttons on your website in a few easy steps.
• No monthly fees. No commitment. No lengthy approval process.
• Accurate recordkeeping: PayPal maintains detailed transaction records on our website.



ပြီးတော့ Donation Button လေးတွေကိုလည်း စိတ်ကြိုက်ရွေးချယ်နိုင်ခွင့် ပေးထားပါသေးတယ်.

Get Donations Button လေးကို နှိပ်လိုက်ပါ. နောက်တစ်မျက်နှာမှာ ဒီလိုတွေ့ရပါလိမ့်မယ်.



၎. Form လေးတွေ နည်းနည်းလောက် ဖြည့်ပေးပါ. ဒါမှ ကိုယ့်ရဲ့ Donation Receipt လေးက ပိုပြီး စနစ်တကျနဲ့ သပ်သပ်ရပ်ရပ်လေး ဖြစ်ပါလိမ့်မယ်.

Donation ID/Number ဆိုတာ မလိုပါဘူး. ကျော်ခဲ့လိုက်ပါ. Amount ကို ကိုယ်က သတ်မှတ်ပြီး ထည့်စေချင်ရင် သတ်မှတ်ခဲ့လို့ရပါတယ်. ဒေါ်လာ ၂၀ စသည်ဖြင့်ပေါ့. အဲလိုမဟုတ်ဘဲနဲ့ အလှူရှင်စိတ်ကြိုက်ထည့်ခွင့် ပေးချင်တယ်ဆိုရင်တော့ ဘာမှ ထည့်မရေးခဲ့ပါနဲ့. Currency ကိုလည်း စိတ်ကြိုက်ရွေးချယ်ပေးနိုင်ပါတယ်.

Donor’s Default Country ကိုလည်း ရွေးချယ်ပေးနိုင်ပါတယ်. မရွေးဘဲ ဒီတိုင်းထားလိုက်ရင်တော့ အလှူရှင်ဖာသာ ရွေးချယ်ပြီး လှူဒါန်းနိုင်မှာ ဖြစ်ပါတယ်.

ဒါကတော့ PayPal Button ပုံစံလေးတွေပါ. မိမိစိတ်ကြိုက် ရွေးချယ်နိုင်သလို ကိုယ်တင်ချင်တဲ့ Graphic Design ပုံစံလေးတွေနဲ့လည်း တင်လို့ရပါသေးတယ်. စမ်းကြည့်ပါခင်ဗျာ.



၅. ဒီအဆင့်ကတော့ PayPal Button လေးအတွက် သတ်မှတ်ပေးထားခဲ့တဲ့ အချက်အလက်များကို ပြောင်းလဲလို့မရအောင် Encrypt လုပ်တဲ့ အဆင့်ပဲ ဖြစ်ပါတယ်.



Note: Selecting encryption means you cannot use option fields or create email links.
အဲလိုလေးတော့ ပြောထားပါသေးတယ်. ဒါပေမယ့် အဲဒီ့ အပိုင်းတွေက သိပ်အရေးမကြီးပါဘူး. ဒါကြောင့် မိမိတို့ရဲ့ PayPal Button လေးကို Encrypt လုပ်ဖို့ ကျွန်တော် recommend လုပ်ချင်ပါတယ်.

ပြီးသွားရင်တော့ Create Button Now လုပ်လို့ရပါပြီ.

၆. နောက်တစ်မျက်နှာမှာ ဒီလိုလေးတွေ့ရပါလိမ့်မယ်.



Scroll Box လေးထဲက Scripts လေးတွေကို ကူးယူလိုက်ပါ. မိမိတင်မယ့် Site ဟာ ဘလော့ဂ် ဖြစ်နေခဲ့မယ်ဆိုရင်တော့ Add a Page Element> HTML/Java script ကိုရွေးပါ. ပြီးရင် အခုကူးလာတဲ့ Script လေးတွေကို ကောက်ထည့်လိုက်ရုံပါပဲ…

Website ဆိုရင်လည်း ထိုနည်းလည်းကောင်းပါပဲ.

ဒီလိုမျိုးလေး ပေါ်လာပါလိမ့်မယ်...








ဒါဆိုရင် လှူချင်တဲ့ ပုဂ္ဂိုလ်ဟာ ကမ္ဘာတစ်လွှားဘယ်နေရာမှာပဲ ရှိနေပါစေ၊ ဘယ်ဘဏ်နဲ့ပဲ အကောင့်ဖွင့်ထားပါစေ မိမိတို့ စိတ်ကြိုက် လှူနိုင်တန်းနိုင်ပြီ ဖြစ်လို့ အရမ်းကို အသုံးဝင်တဲ့၊ အချိန်ကုန်သက်သာစေတဲ့ Donation Button လေးတစ်ခု ဖြစ်ပါတယ်လို့ ဆွေးနွေးတင်ပြလိုက်ရပါတယ် ခင်ဗျာ…

ဝန်ခံချက်။

ဒီနေရာက ပို့စ်လေးကို သင့်တော်သလို ဘာသာပြန်ဆို ဖြည့်စွက်ရေးသားပါတယ် ခင်ဗျာ...

အားလုံးကို ချစ်ခင်လေးစားလျက်

ရန်အောင်

AddThis Social Bookmark Button

0 comments

Post a Comment

Post a Comment