Menu Tab လုပ်နည်းများ - ပုံစံ (၁)
Contributor: ရန်အောင်
အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ.
ဒီတစ်ခါမျှဝေချင်တာကတော့ ဘလော့ဂ်မှာ Menu Tab လုပ်နည်းလေးပါပဲ. ဒီပို့စ်လေးကို ရေးဖို့ အားခဲထားတာ ကြာပါပြီ. အခုမှပဲ စတင် အကောင်အထည်ဖော်ဖြစ်တော့တယ်ဗျာ. အခု ကျွန်တော့်ရဲ့ ပို့စ်လေးကို ပုံစံ (၁)လို့ နာမည်ပေးထားရတာက နောက်ထပ် ပုံစံကွဲလေးတွေ ရှိသေးလို့ပါပဲ. အဲဒါလေးတွေကိုလည်း ထပ်ရေးပေးသွားပါမယ်. ပို့စ်တစ်ခုတည်းမှာ ရေးလိုက်ရင် ရှုပ်ကုန်မှာစိုးလို့ ခွဲထုတ်ရေးသားဖို့ ရည်ရွယ်ထားတာပါ.
ကဲ. ဒီတော့ Menu Tab ဆိုတာ ဘာလဲဆိုတာကနေ စကြည့်လိုက်ရအောင်. ပုံလေးတွေကို ကြည့်လိုက်ပါ. အဲဒါ Menu Tab လေးတွေပါပဲ.

ဘလော့ဂ်တန်းပလိတ်တိုင်းမှာ Menu Tab မပါကြပါဘူး. ပါတဲ့ တန်းပလိတ် တစ်ချို့ ရှိပါတယ်. ဒါပေမယ့် Wordpress အတွက် အများစုဖြစ်နေကြတယ်. Blogger Platoform အတွက်ကျပြန်တော့လည်း ရှိတော့ရှိပါရဲ့. Classic Template အတွက် ဖြစ်နေတတ်ပြီးတော့ New Blogger Widget Template အတွက် Menu Tab ထည့်ပေးပြီးသား မရှိတတ်ကြပါဘူး. ဒီတော့ ကိုယ်တိုင်ကိုယ်ကျ ထည့်တတ်အောင် လေ့လာသင်ယူလိုက်တာ အကောင်းဆုံးပဲ မဟုတ်ဘူးလားဗျာ…
ပထမဦးဆုံးအနေနဲ့ ကိုယ်လုပ်မယ့် Menu Tab အတွက် Button လေးတွေကို ဖန်တီးယူရပါမယ်. Photoshop နိုင်နင်းတဲ့သူတွေအတွက်ဆိုရင်တော့ ကိုယ်ပိုင် Button လေးတွေကို ဖန်တီးနိုင်မှာပါ. Flash သမားတွေဆိုရင် ပိုတောင်မှ အဆင့်မြင့်တဲ့ Button လေးတွေ လုပ်ဖို့ အခွင့်အလမ်းအများကြီးရှိပါတယ်. အဲ. ကိုယ်တိုင် မလုပ်တတ်ရင်လည်း စိတ်မပူပါနဲ့. ဒီမှာ အဆင်သင့် လုပ်ပေးပြီးသား Button လေးတွေ ရှိပါတယ်. ကိုယ့်စိတ်ကြိုက် ပုံလေးတွေကို သိမ်းထားနိုင်ပါတယ်.
ကဲ. ပုံလေးတွေ ယူလိုက်ပြီနော်. ဒါဆိုရင် စလိုက်ကြရအောင်.
အဆင့် (၁)
- Blogger ထဲကို Sign in ၀င်ပါ. Layout>Template>Edit Html ကိုသွားပါ.
- တန်းပလိတ်ကို Backup လုပ်ဖို့ လုံးဝ (လုံးဝ) မမေ့ပါနဲ့. ဒါမှ မတော်တဆ အမှားလုပ်ခဲ့မိရင်တောင် ကိုယ့်ဘလော့ဂ်လေး မပျက်စီးနိုင်တော့ဘူးပေါ့.
- Expand Widget Templates ဆိုတဲ့ Box လေးကို Check လုပ်ခဲ့ပါ.
အဆင့် (၂)
- ပြီးသွားရင်တော့ တန်းပလိတ်ထဲမှာ ]]></b:skin> ဆိုတဲ့ Code လေးကို လိုက်ရှာပါ. တွေ့ပြီဆိုတာနဲ့ အောက်မှာ ဖော်ပြပေးမယ့် ကုဒ်ဒင်းလေးတွေကို အပေါ်ကနေ ကပ်လျက်ထည့်ပေးလိုက်ပါ.
/* Menu Tab Starts Here */
tabshori {
float:left;
width:100%;
font-size:13px;
border-bottom:1px solid #2763A5;
line-height:normal;

#tabshori ul {
margin:0;
padding:10px 10px 0 50px;
list-style:none;

#tabshori li {
display:inline;
margin:0;
padding:0;

#tabshori a {
float:left;
background:url("http://www.fileden.com/files/2007/2/17/784534/blackleft.gif") no-repeat left top;
margin:0;
padding:0 0 0 4px;
text-decoration:none;

#tabshori a span {
float:left;
display:block;
background:url("http://www.fileden.com/files/2007/2/17/784534/blackright.gif") no-repeat right top;
padding:5px 14px 4px 4px;
color:#24618E;

/* Commented Backslash Hack hides rule from IE5-Mac \*/
#tabshori a span {float:none;}
/* End IE5-Mac hack */
#tabshori a:hover {
background-position:0% -42px;

#tabshori a:hover span {
background-position:100% -42px;

အပေါ်မှာ ပြထားတဲ့ ကုဒ်ဒင်းလေးတွေထဲမှာ Default အနေနဲ့ Black Button လေးကို ထည့်ပေးထားပါတယ်. ကိုယ်ကြိုက်တဲ့ အရောင် ပြောင်းယူနိုင်ပါတယ်. အနီရောင်ကြိုက်ရင် blackleft.gif နေရာမှာ redleft.gif ဆိုပြီးတော့ တစ်ခါ၊ blackright.gif နေရာမှာ redright.gif ဆိုပြီးတော့ တစ်ခါ နှစ်နေရာမှာ ပြောင်းပေးရပါမယ်. ဒီလောက်ဆို သဘောပေါက်ပြီထင်ပါတယ်.
ဒီနေရာမှာ တစ်ခု ဖြတ်ပြောချင်ပါတယ်. ဘာလဲဆိုတော့ အခုကျွန်တော်ပေးထားတဲ့ Button လေးတွေအတွက် URL တွေကို သူများတင်ပေးပြီးသား လင့်ခ်တွေကို ယူသုံးတာထက် Hosting Site တစ်ခုခုမှာ ကိုယ်ပိုင်ကောက်တင်ပြီး ယူသုံးတာ ကိုယ့်အတွက် ပိုစိတ်ချရပါတယ်. မဟုတ်ရင်တော့ ၀ိုင်းပြီး သုံးသူတွေ များနိုင်တာကြောင့် Bandwidth မနိုင်တာတွေ ဖြစ်လာနိုင်ပြီး ကိုယ့်ဘလော့ဂ်မှာ တင်ထားတဲ့ Menu Tab လေးတွေ ခဏခဏ ဒေါင်းသွားတတ်ပါတယ်.
File Hosting မလုပ်ခင် ကိုယ်ကြိုက်တဲ့ ပုံလေးတွေကို အရင်ဆုံး Save လုပ်ပါ. ဖိုင်လ်တွေကို ဘယ်လိုမျိုး Host လုပ်ရလဲဆိုတာကို သိချင်ရင်တော့ ဒီပို့စ်လေးကို ဖတ်ပြီး လေ့လာစမ်းသပ်ကြည့်ပါခင်ဗျာ….
Button လေးတစ်ခုကို အစမ်းသဘောအနေနဲ့ တင်ပြပေးပါမယ်. အစိမ်းရောင်လေးကို ရွေးလိုက်ပါမယ်. တင်ရမယ့် ဖိုင်က နှစ်ခုပါ. Greenleft.gif နဲ့ Greenright.gif ပါ.
Free File Hosting ပေးတဲ့ Site တွေထဲကမှ Fileden ကို ကျွန်တော်ရွေးလိုက်ပါမယ်.
Upload ဆိုတဲ့ Tab လေးကို ရွေးပါမယ်.
ကိုယ်တင်ချင်တဲ့ ဖိုင်လေးတွေကို Browse ကနေ တစ်ဆင့် ရွေးပါမယ်. ပြီးရင်တော့ Upload လုပ်ပါမယ်.
ကျွန်တော်တင်ချင်တဲ့ Greenleft.gif နဲ့ Greenright.gif ဖိုင်လေးတွေကို ရွေးပြီးတော့ Upload လုပ်ပါမယ်.
နောက်တစ်မျက်နှာမှာ ပေါ်လာမှာကတော့ ကျွန်တော်တို့တင်လိုက်တဲ့ ဖိုင်လေးတွေရဲ့ URL လင့်ခ်လေးတွေပါပဲ. Selection လုပ်ပြထားတဲ့ URL လေးတွေကို ကူးယူလိုက်ရင် File Hosting လုပ်တဲ့ Process အောင်မြင်စွာ ပြီးဆုံးသွားပါပြီ.
အခု ကျွန်တော်တို့ရဲ့ Case မှာတော့ ဒီလင့်ခ်လေးနှစ်ခုကို ယူလာရပါမယ်.
http://www.fileden.com/files/2007/2/17/784534/greenleft.gif နဲ့
http://www.fileden.com/files/2007/2/17/784534/greenright.gif တို့ပဲ ဖြစ်ပါတယ်.
အဲဒီ့လင့်ခ်လေးနှစ်ခုကို အပေါ်မှာ ဆွေးနွေးထားခဲ့သလိုပဲ
http://www.fileden.com/files/2007/2/17/784534/blackleft.gif နဲ့
http://www.fileden.com/files/2007/2/17/784534/blackright.gif ဆိုတဲ့
နေရာလေးတွေမှာ အသီးသီး အစားသွင်းပေးလိုက်ရင် ကိုယ့်စိတ်ကြိုက် Button လေးတွေကို Menu Tab လုပ်တဲ့ အဆင့်ပြီးသွားပြန်ပါပြီ….
အဆင့် (၃)
ဒီအဆင့်က နည်းနည်းခက်ပါတယ်. လန့်မသွားပါနဲ့ဦး. သတိထားပြီး ဖတ်စေချင်လို့ပါ. ဘာလို့လဲဆိုတော့ ဘလော့ဂါတွေ သုံးတဲ့ တန်းပလိတ်တွေက တစ်ခုနဲ့ တစ်ခု မတူကြဘူးမဟုတ်လား. ဒီတော့ အခုပြမယ့် Tricks လေးတွေထဲက တစ်ခုခုနဲ့ အဆင်ပြေမပြေ ကိုယ်တိုင် အရင်စမ်းသပ်ကြည့်ဖို့ လိုပါတယ်. ဒါကြောင့် ဒီအဆင့်လေးကို သတိထားပြီး ဖတ်စေချင်ပါတယ် ခင်ဗျာ.
ပထမဦးဆုံး အခု ကျွန်တော်ပေးလိုက်မယ့် ကုဒ်ဒင်းလေးကို ကော်ပီကူးထားစေချင်ပါတယ်.

မူလစာမျက်နှာသို့

Your Link Name

Your Link Name

ဥပမာ လုပ်ပြပေးထားတဲ့ လင့်ခ်လေးတွေနေရာမှာ ကိုယ့်စိတ်ကြိုက် လင့်ခ်လေးတွေ ထည့်ပေးဖို့တော့ မမေ့ပါနဲ့.
ရပြီဆိုရင်တော့ အဲဒီ့ကုဒ်ဒင်းလေးတွေကို ကော်ပီကူးပြီး အသင့်ပြင်ထားနော်.
ကဲ. ဆက်လုပ်လိုက်ကြရအောင်.
နည်းလမ်း (၁)

ဆိုတဲ့ ကုဒ်ဒင်းလေးကို တွေ့အောင် ရှာပါ. တွေ့ခဲ့ရင်တော့ အခုနက ကျွန်တော်တို့ ကော်ပီကူးထားတဲ့ ကုဒ်ဒင်းလေးတွေကို အခုတွေ့နေရတဲ့
ဆိုတဲ့ ကုဒ်ဒင်းလေးအပေါ်ကနေ ကပ်လျက် ထည့်ပေးလိုက်ပါ.
Template ကို Save မလုပ်ပါနဲ့ဦး. အရင်ဆုံး Preview ကြည့်ကြည့်ပါ. ကြိုက်ပြီလား. အိုကေ. ဒါဆိုရင် Save လုပ်လို့ရပါပြီ.
ဟာ. မဟုတ်သေးဘူး. Menu Tab ပေါ်နေတဲ့ နေရာကို မကြိုက်ဘူး. ဒါဆိုရင်တော့ နောက်တစ်မျိုး ကြိုးစားကြည့်ပါမယ်.
တန်းပလိတ်ထဲမှာ
ဆိုတဲ့ ကုဒ်ဒင်းလေးတွေ အများကြီးရှိပါတယ်. အဲဒါလေးတွေကို ရှာပြီး အပေါ်ကနေ ကပ်လျက်မှာ ကော်ပီကူးဖို့ ပြောထားတဲ့ ကုဒ်ဒင်းလေးတွေကို ထည့်ပေးလိုက်ပါ. တန်းပလိတ်ထဲမှာ
ဆိုတာလေးတွေ အများကြီးပါပါလိမ့်မယ်. ကြိုးစားကြည့်ပါ. ကိုယ့်စိတ်ကြိုက်နေရာမှာ Menu Tab လေးပေါ်လာသည်အထိပေါ့. Preview ခဏခဏ လုပ်ကြည့်ပါ. စိတ်ကြိုက်ရပြီဆိုတော့မှ Save Template လုပ်ပါ.
ဒါက နည်းလမ်း (၁) ပေါ့. တန်းပလိတ်အများစုက ဒီနည်းလမ်းနဲ့ အဆင်ပြေတတ်ကြပါတယ်.
မပြေဘူးဆိုခဲ့ရင်ရော…
Fine! Here is another method…
နည်းလမ်း (၂)
တန်းပလိတ်ထဲမှာ အောက်ပါ ကုဒ်ဒင်းလေးတွေကို လိုက်ရှာပါ.
<b:section class='header' id='header'
maxwidgets='1' showaddelement='no'>
<b:widget id='Header1' locked='true'
title='your blog title (Header)' type='Header'/>
</b:section>
တွေ့ခဲ့ရင် အနီရောင်နေရာလေးတွေကို အခုလို ပြင်လိုက်ပါ.
<b:section class='header' id='header'
maxwidgets='2' showaddelement='yes'>
<b:widget id='Header1' locked='false'
title='your blog title (Header)' type='Header'/>
</b:section>
ပြီးသွားခဲ့ရင်တော့ တန်းပလိတ်ကို Save လုပ်ခဲ့ပါ. ပြီးရင် Page Element> Add Page Element> HTML/Javascript ကို ရွေးပါ. ရပြီဆိုရင်တော့ ခုနက ကော်ပီကူးခိုင်းထားတဲ့ ကုဒ်ဒင်းလေးတွေကို ပေါ်လာမယ့် Content Box လေးထဲမှာ ထည့်ပေးလိုက်ပါ. Save လုပ်ပါ. Preview ကြည့်ကြည့်ပါ.
ကဲ. အဆင်ပြေချောမွေ့ကြပါစေဗျာ. အဆင်မပြေခဲ့တာတွေ ရှိခဲ့ရင်လည်း ကော်မန့်မှာ မေးမြန်းနိုင်ပါတယ်.
Menu Tab တင်နည်း ပုံစံ (၂) ကို မကြာခင် ဆက်လက်ရေးသားဆွေးနွေးပေးသွားပါမယ်.
Acknowledgement:
ဒီနေရာက ပို့စ်လေးကို သင့်တော်သလို ဘာသာပြန်ဆိုဖြည့်စွက် ရေးသားထားခြင်းဖြစ်ပါတယ် ခင်ဗျာ....
အားလုံးကို ချစ်ခင်လေးစားလျက်
ရန်အောင်.

June 6, 2008 5:59 PM
ကိုရန်အောင်ကြီးက ကြာလေ ချစ်ဖို့ ကောင်းလေပဲဗျာ။ အဟဲ ကျေးဇူးပဲ။ ဆရာတို့ ပို့စ်တွေကို စုပြီး သိမ်းထားရတယ်။ များများဆက်ရေးပေးပါဗျို့
July 13, 2008 7:28 AM
အရမ်းကောင်းတဲ့ ဆောင်းပါးပါပဲဗျာ။ :)
July 20, 2008 9:00 AM
ကိုရန်အောင်ရေ ကူညီပါဦးဗျာ။ menu tab တော့ လုပ်ပြီးသွားပါပြီ။ post နဲ့ ဘယ်လို လင့် လုပ်ရမှာလည်း ပြောပြပါဦး။
ကျေးဇူးတင်လျက်။
September 24, 2008 12:54 AM
ကိုရန်လေး ကျေးဇူးပြုပြီး Template Size လေးတွေ သိချင်ပါတယ်..ကိုယ်ပိုင်ဖန်တီးချင်လို့ ပါ...
April 17, 2009 12:32 AM
ဆရာရှင့်
ကျေးဇူးပြုပြီး blogရေးနည်းကို အစမှပြန်လည်ဖေါ်ပြပေးစေလိုပါသည်။ ရေးပြီးသားရှိလျှင်လည်း မည်သည့်နေရာတွင်ကြည့်ရမည်ကို သင်ပြပေးစေလိုပါသည်ရှင့်။
လေးစားစွာဖြင့်
တပည့်မတစ်ဦး
May 18, 2009 8:53 AM
အကိုကြီး ရန်အောင်
ကျေးဇူးအများကြီးတင်ပါတယ် ....
လိုချင်တာအများကြီး ရလိုက်တယ် ...
ကျွန်တော်လိုက်ရှာနေတာ ကြာပြီ ...
အခုမှပဲတွေ့ရတော့တယ် ....
Thanks alot ......
June 10, 2009 1:39 PM
အစ်ကိုကြီးရန်အောင်ရေကျေးဇူးပါခင်ဗျာ..ကျွန်တော်လိုချင်တာလေးကိုသိ
လိုက်ရလို့..ကျွန်တော့ဘလော့မှာသွားလုပ်လိုက်ဦးမယ်နော်.
ကျေးဇူးအစ်ကို..နောက်လည်းအမြဲပညာလာသင်မယ်အစ်ကိုရေ..ခုမှသိလို့
ဟီးဟီး..
June 28, 2009 1:23 AM
ကိုရန်အောင် လုပ်တယ် ရတယ်ပြောရမလား မသိဘူး။ဒါပေမယ့် မူလစာမျက်နှာနဲ့ ချိတ်ဆက်မှု ရှိ မရှ မကွဲ ဘူးဗျ။ထားပါတော့ ကိုယ်ညံ့လို့ မရတာပဲလို့ ပဲ ထားပါတော့။စောင့်နေတာက ကိုရန်အောင် ကြော်ညာထားတဲ့ အမှတ်နှစ်ပါ။အဲဒါ ဘယ်လိုလဲ ရေးပြီး ကျနော်ပဲ မတွေ့တာလားပေါ့။ဖြစ်နိုင်ရင် အဲဒါလေး တောင်းဆိုချင်ပါတယ်။ကိုရန်အောင်က မူရင်း တွေပါ ညွှန်တော့ မိုက်တယ်ဗျာ။အမြဲ မွှေ ဖတ်နေပါတယ် . . . .ကျန်းမာပါစေ အများအကျိုး ဆထက်ပိုး ဆောင်ရွက်နိုင်ပါစေ
မေတ္တာဖြင့်
July 11, 2009 4:52 AM
ကိုရန်အောင်ရေ ကူညီပါဦးဗျာ။ menu tab တော့ လုပ်ပြီးသွားပါပြီ။ post နဲ့ ဘယ်လို လင့် လုပ်ရမှာလည်း ပြောပြပါဦး။
ကျေးဇူးတင်လျက်။
July 12, 2009 11:56 AM
ကိုရန်အောင် ကျေးဇူးတင်တဲ့အကြောင်း အရင်ပြောပရစေ။လုပ်လို့တော့ရပါတယ် ဒါပေမယ့် နောက်ခံအရောင် နဲ့ရောပြီးး မမြင်ရဘူးဖြစ်နေလို့ပါ ကူညီပါဦး
August 10, 2009 8:53 AM
Menu တပ်တာတော့ အဆင်ပြေသွားပါပြီ . . . button ၁ခုနဲ့ ၁ခု ကြားမှာ space ခြားချင်ရင်ဘယ်လိုလုပ်ရမလည်းဆိုတာလေး ဖြည့်စွပ်ပြောပြပေးပါဦး။
လေးစားအားကိုးလျက်
psychodvl
October 6, 2009 1:25 AM
ခုလိုမျှဝေတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်နော်...
October 31, 2009 4:18 AM
အကို ပြောတဲ့ ဟာ နည်းနည်း ရှုပ်တယ်ဗျ ဒီထက်လွယ်အောင်မလုပ်ပေးနိုင်ဘူးလား ကိုရန်အောင်...
ကျေးဇူးပြု...ပြီးတော့ ပြောပေးပါလား.....
November 9, 2009 10:57 AM
အစ်ကိုရေလုပ်ပါအုံး လုပ်တော့လုပ်တာပဲ ဘာတွေဖြစ်သွားလဲမသိဘူး အစက်အပြောက်တွေပဲပေါ်နေတယ် ဘယ်နေရာမှားမှန်းလဲမသိဘူး တစ်ညသာကုန်သွားတယ်လက်လျော့လိုက်ရလို့ပါ
November 18, 2009 8:22 AM
menu tab လုပ်တာကရတယ် စာတွေပဲရတာ tab ပုံစံတွေမရလို့
စာတွေကပေါ်တယ် tab ပုံစံမဖြစ်ဘူးဖြစ်နေတယ် နောက်ခံဘတ်ဂရောင်းနဲ့တစ်ထပ်ထဲဖြစ်နေတယ် ပုံတွေကို upload လုပ်ပြီးတင်တာပဲအဲဒါလည်းမပေါ်ဘူးဖြစ်နေတယ်
အစ်ကိုပြောသလို လုပ်တာပဲကျွန်တော်ကဘယ်နေရာမှားနေမှန်းမသိဘူး
အထပ်ထပ်အခါခါလုပ်တယ် ဘလောက်တွေသာပျက်လာတယ်မရသေးလို့ ကူညီပါအုံးအစ်ကိုရေ အစဉ်လေးစားလျှက် (ရွှေဓနု)
November 22, 2009 7:20 PM
အကိုကြီးရေ.ကျေးဇူးဗလပွနဲကိုကျေးဇူးတင်တယ်ဟဲဟဲချစ်လို.စတာနော် လင်.ချိတ်တာကိုသင်ပေးဦးတစ်ခုနဲ.တစ်ခု
November 25, 2009 4:48 PM
ကိုရန်အောင်ခင်ဗျား...
ညီအကိုပို.စ်ကြည်.ပြီmenutabလုပ်တာဗျာ..
ဒီပုံစံလေးပဲ၇တယ်.ကျေးဇူးပြုပြီးပြန်ကြည်.ပေးစေချင်တယ်နော်..
ညီဘလော.ကhttp://mgpaingsoe.blogspot.com/
ပါခင်ဗျား
အကို.ကိုအနှောက်အယှက်ပေးသလိုဖြစ်ခဲ.ရင်ခွင်.လွတ်ပေးပါခင်ဗျား..
November 28, 2009 5:53 PM
အကိုရေ..
ရပြီဗျကျေးဇူးဗျာ...ဟိးဟိး
January 2, 2010 12:30 AM
good ! special thanks
January 5, 2010 1:33 AM
ကိုကိုရန်နော်လုပ်တာမရဘူးဗျ
April 13, 2010 10:29 AM
အကိုရယ်
ကျေးဇူးပြုပြီးကျွန်တော့်ကို Menu tab တင်တဲ့ဟာလေးကို
လုပ်စမ်းကြည့်ပါတယ် အရမ်းလည်းတင်ချင်နေတယ် ဒါပင်မဲ့မအောင်မြင်ဘူး
ဖြစ်နေတယ် ကူညီပါအုံးးးး
ဟဲဟဲဟဲ
ကူညီမယ်လို့လည်းမျှော်လင့်ပါတယ်
June 12, 2010 3:49 AM
Menu Tab လုပ်နည်းများ - ပုံစံ (၁)
ကိုရန်အောင်ကြီး အဲဒီ အတွက် သေလောက်အောင် ကျေးဇူးတင်ပါတယ်ဗျာ
November 21, 2010 9:31 PM
မရဘူးဖြစ်နေတယ်။ menu tab တော့ လုပ်ပြီးသွားပါပြီ။ post နဲ့ ခေါင်းစဉ်နဲ့ ဘယ်လို လင့် လုပ်ရမှာလည်း ပြောပြပါဦး။ ခေါင်းစဉ်တစ်ခု အောက်မှာ post တစ်ခုပဲရတယ်ဗျ။ ကူညီပါအုံးဗျာ။
blog ကတန်းလန်း ဖြစ်နေလို့။
January 28, 2011 11:14 PM
ပျို့မောင်ကြီး ယူသွားဦးမယ်နော်၊ ဘလော့ဂ်ထဲ ထည့်ချင်တယ်၊ ခွင့်ပြုပါ ခွင့်လွှတ်ပါ။
February 7, 2011 7:35 PM
မသိတာလေးတွေ အများကြီးသိလိုက်ရတယ်... ကျေးဇူးအများကြီးတင်ပါတယ်ဗျာ...
April 3, 2011 11:03 PM
အကိုရေသိပ်တော့နားမလည်ဘူးကျွန်တော်
လိုက်မမှီတာဖြစ်မှာပါ.။
November 14, 2011 10:57 PM
အကိုရေ... .div id="content-wrapper". ဆိုတာကိုမတွေ့ ရင်ကောဘယ်လိုလုပ်ရမလဲအကို တစိတ်လောက် ရှင်းပြပေးပါ...
ကျေးဇူးတင်စွာဖြင့်.....
January 1, 2012 10:42 PM
ဆရာရေ menu tab ကိုတော့လုပ်လို့ရပါတယ်။
အဲသည်ထဲကို post ဘယ်လိုတင်ရမလဲမသိဘူးကူညီပါဦး....
January 25, 2012 2:06 PM
တင်ပေးတာကျေးဇူးတင်ပါတယ်နားမလည်ဘူးခင်ဗျာ