Myanmar Blogger Helpdesk

Learning, Sharing and Growing Together at Blogging Community!

မော်နီတာကို ကြာကြာကြည့်စေနိုင်ဖို့ ဒါကိုသုံးပါ...  

Contributor: ရန်အောင်

အားလုံးပဲ မင်္ဂလာပါခင်ဗျာ.

ဒီတစ်ခါတော့ ကွန်ပြူတာနဲ့ အမြဲတစေ ထိတွေ့ကိုင်တွယ် အသုံးပြုနေရတဲ့ ညီအစ်ကိုမောင်နှမတွေအတွက် ကျန်းမာရေးအရ အသုံးတည့်မယ့် ဆော့ဖ်ဝဲလ်လေးတစ်ခု လက်ဆင့်ကမ်းမျှဝေချင်ပါတယ်.

ကွန်ပြူတာကို အမြဲလိုလိုအသုံးပြုနေရသူတွေမှာ ဖြစ်တတ်တာတွေက အညောင်းမိတာ၊ ခါးနာတာ၊ မျက်ရည်ပူတွေ ကျလာတာ စတဲ့လက္ခဏာတွေဖြစ်တတ်ပါတယ်. ခါးနာတာတို့ အညောင်းမိတာတို့အတွက် နောက်ဆုံးပေါ် memory foam လို့ခေါ်တဲ့ ခေါင်းအုံးလေးတွေ၊ ကျောမှီလေးတွေနဲ့ အဆင်ပြေအောင် ပြုပြင်လို့ရပါတယ်.



မျက်စိညောင်းတာ၊ မျက်ရည်ပူကျတာတွေကို ကာကွယ်ဖို့အတွက်ကတော့ ကျွန်တော်တို့တွေ သိပ်ပြီး အာရုံစိုက်လေ့ မရှိတတ်ကြပါဘူး. ကျွန်တော်ဒီနေ့ ပြောချင်တာကတော့ အဲဒီ့ ပြဿနာပါပဲ.

များသောအားဖြင့် မျက်စိကို မထိခိုက်စေချင်ရင် မော်နီတာရှေ့မှာ Filter အပြားလေးခံလို့ရပါတယ်. ဒါပေမယ့် အဲဒါက Desktop monitor အကြီးကြီးတွေ သုံးသူတွေအတွက်ပဲ အသုံးဝင်မှာပါ. Laptop ကွန်ပြူတာလေးတွေ သုံးနေသူတွေအတွက်ကတော့ မော်နီတာရှေ့မှာ Filter ပြားခံဖို့ အဆင်မပြေနိုင်ပါဘူး. ဒါကြောင့် အခု ကျွန်တော်ပေးမယ့် ဆော့ဖ်ဝဲလ်လေးကို အင်စတောလ်လုပ်လိုက်ရင် ဒီပြဿနာကို ဖြေရှင်းပြီးသားဖြစ်သွားမယ့်အပြင် ရေရှည်အတွက်လည်း အကျိုးများစေပါလိမ့်မယ်.

နာမည်က F.lux ပါ. သူ့ရဲ့ အထူးပြုအကြောင်းအရာကတော့ မော်နီတာတွေအတွက် အလင်းရောင်ကို အလိုအလျှောက်ချိန်ပေးတာပါပဲ.

နေ့ခင်းမှာ နေ့ခင်းအလျှောက်၊ ညနေခင်း အလင်းရောင်နည်းသွားချိန်မှာ နည်းသွားတဲ့အလျှောက်၊ ညဉ့်နက်သန်းခေါင် သန်းလွဲအချိန်မှာလည်း သူ့အချိန်အခါအလျှောက် ရှိသင့်တဲ့အလင်းရောင်ပမာဏကို ချိန်ပေးသွားတာပါ.

Download Links:

1. For XP/Vista/Windows 7 Users

2. For Mac OS X

3. For Linux Users



သုံးစွဲကြည့်လိုက်ပါ. ကြိုက်ရင်ဆက်သုံးပါ. မိတ်ဆွေသူငယ်ချင်းအပေါင်းအသင်းတွေကိုလည်း မျှဝေပေးလိုက်ပါ.

မကြိုက်ရင်တော့ ပြန်ဖြုတ်လိုက်ပါ. No Big Deal!

း)

အားလုံးပဲ ကိုယ်ပိုင်ဆိုင်တဲ့ မော်နီတာလေးတွေကို အားရပါးရ မျက်စိမညောင်းတမ်း ရှုစားအရသာခံနိုင်ကြပါစေဗျားးးးး

မှတ်ချက်။

ဒီနေရာက ပို့စ်လေးကို သင့်တော်သလို ဘာသာပြန်ရေးသားထားတာ ဖြစ်ပါတယ်.

ချစ်ခင်စွာဖြင့်

ရန်အောင်.

AddThis Social Bookmark Button

4 comments

  • kyawko  
    October 29, 2010 2:18 PM

    အကို ကျေးဇူးပါဗျာ

  • kohtway  
    September 2, 2011 7:30 PM

    ကျေးဇူးတင်ပါတယ်၊ ယူသွားပြီးသုံးလိုက်ပါအုံးမယ်။ သူငယ်ချင်းတွေကိုလည်း မျှလိုက်ပါ့မယ်။

  • minkhahtan  
    November 25, 2011 2:11 AM

    ကျေးဇူးတင်ပါတယ် အကို. ခုလိုမျိုးဆိုတော့ ကျွန်တော်တို့အတွက်အရမ်းအဆင်ပြေတယ်ဗျာ

  • Andrew Thein  
    March 3, 2012 11:14 AM

    ကျေးဇူးတင်ပါတယ် အစ်ကို။ တစ်ခုလောက်မေးခြင်လို့ပါ Samsung Galaxy S ထဲမှာ မေးလ်နဲ့ facebook ဖွင့်လိုက်ရင် မြန်မာလို့မပေါ်လို့ ဘယ်လို download လုပ်ရမလဲဆိုတာလေး ပြောပေးနိုင်ပါမလားခင်ဗျား။

Post a Comment

Post a Comment