Myanmar Blogger Helpdesk

Learning, Sharing and Growing Together at Blogging Community!

Peekaboo Sidebar လုပ်နည်း  


Contributor: ရန်အောင်

အားလုံးပဲ မင်္ဂလာပါခင်ဗျာ. ဒါကတော့ Peekaboo Sidebar လုပ်နည်းလေးပါ. ကျွန်တော့်ဘလော့ဂ်ရဲ့ ဘေးနားမှာ My Links တို့ Red links တို့ ရှိပါတယ်. စမ်းကြည့်ပါခင်ဗျာ. ကြိုက်တယ်နော်. အိုကေ. ဒါဆို ဘယ်လိုလုပ်ရလဲ ပြောပြမယ်.

ဂလိုလုပ်ပါခင်ဗျာ..

အဆင့် (၃) ဆင့်ပါပါတယ်.

အဆင့် (၁)

ပထမဦးဆုံး ဒီစာကြောင်းလေး နှစ်ကြောင်းကို style sheet ထဲမှာ ထည့်ပေးပါခင်ဗျာ. Style Sheet ဆိုတာကတော့ ]]></b:skin> ဆိုတဲ့ စာကြောင်းလေး မတွေ့မချင်းအထိ အပိုင်းကို ခေါ်ပါတယ်. ဒါကြောင့် အဆင်ပြေတဲ့ တစ်နေရာရာမှာ အခုလို ထည့်လိုက်နိုင်ပါတယ် ခင်ဗျာ. အပေါ်က ရေးထားတဲ့ /* Peekaboo Sidebar …. */ ဆိုတာက ပြန်ရှာရလွယ်အောင် လုပ်ထားတာပါ. ဘာမှ အကျိုးသက်ရောက်မှုမရှိပါဘူး.

/* Peekaboo Sidebar
------------------------------------- */
.commenthidden {display:none}
.commentshown {display:inline}

အဆင့် (၂)

ဒုတိယအဆင့်မှာတော့ ဒီ script လေးတွေကို </head> tag မဆုံးခင်လေးမှာ ထည့်ပေးပါ.

<script type="text/Javascript">
function togglecomments (postid) {
var whichpost = document.getElementById(postid);
if (whichpost.className=="commentshown") { whichpost.className="commenthidden"; } else { whichpost.className="commentshown"; }
} </script>

အဆင့် (၃)

ဒါဆိုရင် coding အပိုင်းမှာ တော်တော်လေး ပြီးသွားပါပြီ. အခုလုပ်မှာကတော့ ကိုယ်ထည့်မယ့် လင့်ခ်လေးတွေပါပဲ. New Blogger Template အတွက်ရော Classic Template အတွက်ပါ သုံးလို့ရပါတယ်. New Blogger ဆိုရင်တော့ Add a page element> HTML/Java Script ကို ရွေးပါ. Classic ဆိုရင်တော့ ဒီတိုင်းပဲ ထည့်ပါခင်ဗျာ.
<a aiotitle="click to expand" href="javascript:togglecomments('YouNameIt')">Title</a><br />
<div class="commenthidden" id="YouNameIt">
<ul>
<li><a href="http://www.google.com">Google</a></li>
<li><a href="http://www.gmail.com">Gmail</a></li>
</ul>
</div>

YouNameIt ဆိုတာကတော့ ကိုယ်ပေးချင်တဲ့ နာမည်ပေးတာကို ဆိုလိုတာပါ. သူတို့ (၂)ခုက တူရပါမယ်ခင်ဗျာ.

ဥပမာကိုကြည့်ရင် ပိုရှင်းသွားပါလိမ့်မယ်.

Example:

<a aiotitle="click to expand" href="javascript:togglecomments('Zawgyi')"><span style="color:red;">+/- Zawgyi ရယူရန်</span></a><br/><br/>
<div id="Zawgyi" class="commenthidden">
<ul>

<li>
<a href="http://www.fileden.com/files/2007/2/17/784534/Zawgyi-One-20051130.ttf "><
img border="0" src="http://static.flickr.com/40/74230378_f794a1e17a_m.jpg"/></a></li>
<li><a href="http://www.fileden.com/files/2007/2/17/784534/ZawgyiKb_installer_I.zip"> Zawgyi Keyboard Installer</a></li>

<li><a href="http://www.fileden.com/files/2007/2/17/784534/zawgyi_keyboard_map0_4.gif">Zawgyi Keyboard Layout</a></li>

</ul>
</div>

ဒါပါပဲခင်ဗျာ.

+/- Zawgyi ရယူရန် ဆိုတာက အရိုးရှင်းဆုံးလုပ်ထားတာပါ. Graphic ကျွမ်းကျင်သူများကတော့ ပုံလေးတွေ အစားထိုးပြီး ပိုလှအောင်ဖန်တီးယူနိုင်ပါတယ် ခင်ဗျာ..

အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့စွာ ဘလော့ဂင်းနိုင်ကြပါစေ…

ဒီနေရာက ပို့စ်လေးကို သင့်တော်သလို ဘာသာပြန်ပါတယ်ခင်ဗျာ.

Read More...
AddThis Social Bookmark Button

အင်တာနက်ကို ရှာဖွေမွှေနှောက်ခြင်း  


Contributor: Tayzar Blink44

အင်တာနက် သုံးစွဲသူများဟာ ကိုယ်လိုချင်တဲ့ အချက်အလက် ရဖို့ Search Engine တွေမှာ အများဆုံး ရှာဖွေ ကြပါတယ်။ အဲဒီလိုရှာရာမှာ တခါတရံမှာ ကိုယ်လိုချင်တဲ့ အချက်အလက်ကို SE (Search Engine) က ရှာပေးရာမှာ စိတ်တိုင်းကျတဲ့ ရလဒ်မျိုး မရရှိတတ်ပါဘူး။ ဘာလို့လဲဆိုတော့ သူရဲ့ ရလဒ် ကို ရှာဖွေ ပေးတာက လူမဟုတ်ပဲ Web Spider (Web Crawler, Web Robot) ဆိုတဲ့ program လေးက ရှာဖွေ ပေးလို့ပါ။ သူက ဘယ်လို ရှာပေးလဲဆိုတော့ ကိုယ်ရိုက်ထည့်လိုက်တဲ့ query (ရှာလိုတဲ့ စာသား) ပါတဲ့ Site တွေ မှန်သမျှကို လိုက်ရှာပြီး result ပြပေးခြင်း ကြောင့်ပါ။

ဒါကြောင့် တခါတရံမှာ ကိုယ်ရှာတဲ့ အကြောင်းအရာ query ကို စာသား အကြောင်းအရာနဲ့ ဆိုင်တဲ့ အချက်အလက် တစ်ကြောင်းနှစ်ကြောင်းလောက်သာ ပါဝင်တဲ့ site တွေပါ result မှာ တွေ့ရမှာပါ။ ဒီလိုရလဒ်မျိုးတွေထက် ပိုပြီးတိတိကျကျရှာဖွေ ချင်တယ်ဆိုရင်တော့ Advanced Web Search ကိုသုံးပြီး ရှာနိုင်ပါတယ်။ ဒီလို Advanced Web Search ကို နာမည်ကျော် Search Engine တော်တော်များများမှာ ၀န်ဆောင်မှုပေးထားပါတယ်။ ဥပမာ - Google ရဲ့ Google Advanced Web Search Form ကို ဖြည့်၍ ရှာခြင်းဖြင့် လိုချင်တဲ့ အချက်အလက်ကို တိတိကျကျ ရှာလို့ရပါတယ်။

တချို့ အကြောင်းအရာတွေ ဥပမာ Music, Game, Sports & Travel စတဲ့ အရှာများတဲ့ အကြောင်းအရာတွေကို ရှာဖွေရာမှာ စိတ်တိုင်းကျ ရလဒ်မျိုး မရခဲ့ရင်တော့ Topic တူ အကြောင်းအရာ တူတွေ စုစည်းပေးထားတဲ့ Topic Directory ကနေ ရှာဖွေတာက ပိုကျေနပ်ဖို့ ကောင်းပါလိမ့်မယ်။ ဒီလို Directory Search ကို နာမည်ကျော် Search Engine တွေမှာ ရရှိနိုင် ပါတယ်။ သူ့ကို Topic Directory, Category List, an Index, Directory စသည်ဖြင့် ခေါ်ဝေါ် ကြပါသေးတယ်။

Search Engine တွေမှာ ဒီလို Directory Search တွေအပြင် File Extension နဲ့ ကိုယ်လိုချင်တဲ့ ဖိုင် အမျိုးအစား တွေကိုလည်း ရှာလို့ ရနိုင် ပါတယ်။ ဥပမာ ကိုယ်က mp3 ဖိုင် ရှာချင်တယ် ဆိုပါစို့ index of mp3 လို့ ရိုက်ထည့်ပြီး ရှာလိုက်လို့ ရပါတယ်။ ဒါဆိုရင်သူက mp3 ဖိုင် ရနိုင်တဲ့ ဆိုဒ်တွေကို လာပြပေးမှာပါ။ ဆိုဒ်ကို ကလစ် နှိပ်လိုက်ရင် သူကဆိုဒ်ရဲ့ Directory ကို ရောက်သွားမှာ ဖြစ်ပါတယ်။ အဲဒီလို mp3 ဖိုင် အပြင် တခြား wma, mov, exe စသည်ဖြင့် ကိုယ်ရှာလိုတဲ့ ဖိုင် extension ကို index of နောက်မှာ ထည့်ရှာလို့ ရပါတယ်။ ဖိုင် extension အမျိုးအစား အများကြီးကို တခါထဲ တန်းရှာချင်တယ် ဆိုရင်တော့ ဥပမာ - index of (wmv|mov|mp4|mpg|avi) ဆိုပြီး ရှာချင်တဲ့ extension တွေကို | လေးခြားပြီး ရှာနိုင်ပါတယ်။


သီချင်း ကြိုက်သူများ အတွက်ကတော့ Search Engine ကို အသုံးချစရာ နည်းလမ်းတွေ ရှိပါသေးတယ်။ နောက်ဆုံးထွက် latest သီချင်းတွေကို ရှာချင်တယ် ဆိုရင်တော့ ဒီကုဒ်လေးသုံးပြီး ရှာလို့ရပါတယ်။
-inurl:htm -inurl:html intitle:"index of" "Last Modified" mp3 လို့ ရိုက်ထည့်ပြီး သီချင်း အသစ် တွေကို ရယူနိုင် ပါတယ်။ mp3 မဟုတ်ပဲ တခြားဖိုင် လိုချင်ရင်လည်း mp3 နေရာမှာ လိုချင်တဲ့ ဖိုင် extension ကို ရိုက်ထည့်ပြီး နောက်ဆုံး update လုပ်ထားတဲ့ ဖိုင်တွေ ရနိုင် ပါတယ်။ သီချင်းဖိုင်ကို သီချင်းနာမည် ဒါမှမဟုတ် သီချင်းဆိုသူ အမည်နှင့် ရှာချင်တယ် ဆိုရင်တော့ -inurl:htm -inurl:html intitle:"index of" mp3 "guns n roses" ဒီကုဒ်ကို အသုံးပြု ရှာနိုင် ပါတယ်။ အဲဒီ ကုဒ်ရဲ့ နောက်ဆုံး mp3 နောက်က ကွင်းထဲမှာ ကိုယ်ရှာချင်တဲ့ သီချင်းနာမည် ဒါမှမဟုတ် အဆိုတော် နာမည်ကို ပြောင်းထည့်ပြီး ရှာရုံပါပဲ။ ဒီလို ရှာခြင်းအားဖြင့် ဆိုဒ်ရဲ့ Directory ကို တိုက်ရိုက် ရောက်တာ ဖြစ်တာကြောင့် တခါတရံ Access Denined ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အားသာချက်က virus တွေ spyware တွေ မကပ်နိုင်ပါဘူး။

နောက် Search Engine ကို လူသိနည်းတဲ့ အသုံးချစရာ နည်းလမ်း တွေလည်း ရှိပါသေးတယ်။ ဒါကတော့ Search Operators တွေကို သုံးပြီးရှာခြင်းပါ။ ဒီ Search Operators တွေကို နာမည်ကျော် Search Engine တော်တော် များများမှာ အသုံးချနိုင်ပါတယ်။ Search Operators တွေက query မှာ ပါတဲ့ စကားလုံး တွေကို တွဲဆက် ပေးပါတယ်။ ဒီ Operators တွေ အကြောင်းကို Search Engine တွေရဲ့ Help pages တွေမှာလည်း ဖတ်ရှုနိုင် ပါတယ်။ Search Operators ၇ မျိုးရှိပါတယ်။ အဲဒါတွေကတော့ -
1. AND
2. OR
3. NOT
4. Quotation Marks
5. NEAR
6. Wildcards
7. Field Searches ဆိုတဲ့ ၇ မျိုးပါ။

1. AND (+)
ဒီကုဒ်ကို ရှာလိုတဲ့ query နှစ်ခုလုံးပါတဲ့ result မျိုး လိုချင်ရင် သုံးပါတယ်။ ဥပမာ - railroad AND cars လို့ ရှာမယ် ဆိုရင် ရမယ့် result က railroad cars တွေ အကြောင်း၊ railroad cars တည်ဆောက်ပုံ အကြောင်း၊ railroad မှာ လမ်းချော်တဲ့ cars တွေ အကြောင်း စတဲ့ railroad နဲ့ cars ဆိုတဲ့ စာသားပါတဲ့ စာမျက်နှာ တွေကို ပြပေးမှာ ဖြစ်ပါတယ်။ ဒီကုတ်ကို ရေးတဲ့ အခါမှာ Operator သုံးရင် AND ကို အားလုံး အကြီးစာလုံးနဲ့ ရေးရပါမယ်။ ဒါ့အပြင် AND အစား ( + ) သင်္ကေတ အစားသုံးလို့ရပါတယ်။

2. OR
ဒီကုဒ် သုံးပြီး ရှာမယ် ဆိုရင်တော့ တစ်ခု မဟုတ် တစ်ခု လိုချင်တဲ့အခါ သုံးနိုင် ပါတယ်။ ဥပမာ - railroad OR cars လို့ ရှာလိုက်ရင် ရလဒ်က railroad ပေါ်က cars အကြောင်း ဖြစ်ချင် ဖြစ်မယ်၊ ဒါမှမဟုတ် railroad အကြောင်း ပဲပါတာမျိုး ဖြစ်ချင်ဖြစ်မယ်၊ cars အကြောင်းချည်းပဲ ပါတဲ့ စာမျက်နှာမျိုး တနည်းအားဖြင့် query နှစ်ခုထဲက တစ်ခုခု ပါရင်ကို ရလဒ် လာပြပေးမှာ ဖြစ်ပါတယ်။ သူ့ကိုလည်း ရေးတဲ့အခါ OR ဆိုပြီး အကြီးနဲ့ပဲ ရေးရပါမယ်။

3. NOT (-)
ဒီ Operator ကိုတော့ မလိုချင်တဲ့ စာသားမျိုး မပါအောင် ရှာတဲ့နေရာမှာ သုံးပါတယ်။ ဥပမာ - railroad NOT cars ဆိုရင် Search Engine က railroad ဆိုတဲ့ စာသားပါပြီး cars ဆိုတဲ့ စာသားမပါတဲ့ စာမျက်နှာ တွေကိုသာ ရှာဖွေပေးမှာ ဖြစ်ပါတယ်။ ဒီ Operator ကို သုံးရင် မပါစေချင်တဲ့ စာသားကို NOT နောက်မှာ ထည့်ရပါမယ်။ Operator ကို လည်း NOT ဆိုပြီး အကြီးစာလုံးနဲ့ ရေးရပါမယ်။ NOT မရေးဘဲ ( - ) ဆိုတဲ့ သင်္ကေတလေး နဲ့ လည်းသုံးလို့ ရပါတယ်။

4. Quotation Marks
ဒီ Operator ကတော့ ရိုးရှင်းပါတယ်။ ရှာလိုတဲ့ query ကို ( "" ) လေးထည့်ပေးခြင်းပါ။ ဥပမာ - "green card" လို့ ရိုက်ထည့်ပြီး ရှာရင် သူက Immigration အချက်အလက်တွေ အကြောင်း ပြပေး မှာပါ။

5. NEAR
ဒီ Operator ကိုတော့ ရှာလိုတဲ့ keyword နှစ်ခုရဲ့ အကွာအဝေးနဲ့ ရှာတဲ့နေရာမှာ သုံးပါတယ်။ သုံးတဲ့နေရာမှာ NEAR နောက်ကပ်ရပ်မှာ / သင်္ကေတ ထည့်ပြီး သုံးရ ပါမယ်။ ဥပမာ - library NEAR/15 congress ဆိုရင် ရလဒ်က library နဲ့ congress ဆိုတဲ့ စာသား နှစ်ခု စကားစု ၁၅ စု အတွင်းမှာ ရှိနေတဲ့ စာမျက်နှာ တွေကို ပြပေးမှာပါ။ Library Of Congress ဒါမှမဟုတ် Congress funds special library research လိုမျိုး စကားစု ၁၅ လုံးအတွင်းမှာ ရှိတဲ့ စာမျက်နှာ တွေ ပြပေး မှာပါ။ အဲဒီ ဥပမာ ပြထားတဲ့ ၁၅ ဆိုတဲ့နေရာမှာ လိုချင်တဲ့ အကွာအဝေး ထည့်ပြီး ရှာနိုင်ပါတယ်။ သူ့ကိုလည်း အားလုံး စာလုံး အကြီးနဲ့ ရေးရပါမယ်။

6. Wildcards ( * )
Asterisk ( * ) လို့ခေါ်တဲ့ ကြယ်ပုံ သင်္ကေတလေးရဲ့ တခြား အမည်က wildcard character လို့ခေါ်ပါတယ်။ ဒီ Operator ကိုတော့ အဓိပါယ် ဆင်တူတဲ့ စာသားမျိုးတွေ ရှာရင် သုံးပါတယ်။ ဥပမာ - medic* ဆိုရင် result က medic, medics, medicine, medical, medication နဲ့ medicinal စတဲ့ medic နဲ့ဆင်တူတဲ့ စာသားပါတဲ့ စာမျက်နှာတွေ ရှာပေးမှပါ။

7. Field Searches
ဒီ Operator ကိုတော့ စာမျက်နှာရဲ့ title ဒါမှမဟုတ် URL မှာ ပါတဲ့ စာသားကို ရှာဖို့ သုံးပါတယ်။ ဥပမာ - T:Computer ဆိုရင် Web page ရဲ့ Title မှာ ဒါမှမဟုတ် URL မှာ Computer ဆိုတဲ့ စကားလုံးပါတဲ့ စာမျက်နှာ တွေကို ပြပေး မှာပါ။ ရှာချင်တဲ့ keyword ရှေ့မှာ T: ဆိုတဲ့ စာသား ရေးလိုက်ရုံ ပါပဲ။ ဒီလို T: နဲ့ Title အလိုက် ရှာတာအပြင် အခြား ကုဒ်တွေကို Code Search မှာ ကြည့်ရှုနိုင် ပါတယ်။

ဒီလိုဆိုရင်တော့ Search Engine တွေကို ကောင်းကောင်း အသုံးချလို့ ရလောက်ပြီလို့ ထင်ပါတယ်။ Search Engine တွေမှာ အထက်ကလို Operators တွေ အပြင် ရိုးရှင်းတဲ့ မေးခွန်းတွေကို သုံးပြီး ရှာလို့ရ ပါတယ်။ ဥပမာ - movie + review လို့မရှာပဲ Where can I find music reviews? လို့ ရိုက်ပြီး ရှာနိုင် ပါတယ်။ လူသိများတဲ့ Search Engine အချို့ကတော့ -

  • Google
  • Yahoo!!
  • msn
  • Ask
  • All The Web
  • Lycos
  • Gahoo Yoogle (Yahoo!!+ Google)
  • Dog Pile (Yahoo!! + Google + msn + Ask)
  • Baidu (Chinese Search Engine)

    ဒီ ပို့စ် အတွက်
  • www.course.com
  • www.google.com
  • www.wikipedia.org
  • ကိုညီလင်းဆက် ရဲ့ mp3 search code ပို့စ်
  • www.pcworld.com
  • တီချယ် ချယ်ရီ ရဲ့ ကျောင်းသင်ခန်းစာများ
    Computer Journal မှ What's next for Google? တို့ကို မှီငြမ်းပါသည်။


    Technorati tags:
    , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , ,
  • Read More...
    AddThis Social Bookmark Button

    About Digg Button (Social Bookmarking)  


    Contributor: Tayzar Blink44


    What's Digg?

    Digg is all about user powered content. Everything is submitted and voted on by the Digg community. Share, discover, bookmark, and promote stuff that's important to you!


    ဒီ Digg button ကို ဘလော့ခ်ပို့စ်မှာ ထည့်ခြင်းအားဖြင့် ယူဇာတွေက သူတို့ အကြိုက်ပို့စ်တွေတိုင်းကို vote လုပ်နိုင်မှာပါ။ Digg ဟာ social website တစ်ခုဖြစ်ပြီး သင့်ရဲ့ စာဖတ်သူတွေ နောက် သင်ကိုယ်တိုင် ပို့စ်တွေကို 'digg' လုပ်နိုင်မှာပါ။ သင့်မှာ ၀တ္တုကောင်းကောင်းတွေ၊ စိတ်ဝင်စားဖွယ်ရာပို့စ်တွေ၊ ကဗျာတွေ၊ နည်းပညာဆိုင်ရာပို့စ်တွေကို မန်ဘာတွေက 'digg' လုပ်ပြီး မှတ်ချက်တွေ ရေးကြပါလိမ့်မယ်။ ဘလော့ခ်ပိုင်ရှင် တစ်ယောက် အနေနဲ့ ဒီ button လေးကို အလွယ်တကူပြုလုပ် ထည့်သွင်းနိုင်ပြီး သင့်ရဲ့ စာဖတ်သူတွေကို သင့် ဆောင်းပါးတွေကို submit လုပ်ခွင့၊် Digg လုပ်ခွင့် ပေးနိုင်ပါတယ်။ ထည့်သွင်းပုံ အဆင့်ဆင့်ကတော့ -

    ၁။ ။ပထမဆုံး သင့်ရဲ့ ဘလော့ခ်ပို့စ်တွေကို Post Pages အဖြစ်လုပ်ထားလား အရင်ကြည့်ပါ။ Post Pages ဆိုတာ ပို့စ်တိုင်းဟာ သူ့ကိုယ်ပိုင် html page ရှိတာကို ဆိုလိုတာပါ။ ရှိမရှိ သိချင်ရင် ကိုယ့်ပို့စ်တွေရဲ့ ခေါင်းစဉ်တွေ ကို pointer လေးနဲ့ ထောက်ကြည့်ပါ။ အားလုံးဟာ သူ့ကိုယ်ပိုင် လင့်ခ် ရှိတယ်ဆိုရင် Post Pages ဖြစ်ပါတယ်။ Digg button ထည့်ဖို့ အတွက် ကိုယ့်ဘလော့ခ်ပို့်စ်တိုင်းမှာ ကိုယ်ပိုင် URL (unique URL) ရှိဖို့ လိုအပ်ပါတယ်။ တကယ်လို့ လင့်မရှိတဲ့ ခေါင်းစဉ်တွေရှိရင် ပြန်ပြင်ရပါမယ်။ ပြင်ဖို့ အတွက် ပထမဆုံး login ၀င်ပါ။ Blogger Dashboard က Setting ---> Archiving, မှာ Enable Post Pages မှာ "Yes" လို့ ပြင်ပြီး setting ကို save လုပ်ပါ။

    ၂။ ။ဒီ Digg button ထည့်ခြင်းဟာ ပို့စ်တိုင်းကို အကျိုးသက်ရောက်မှာပါ။ ဒါကြောင့် သင်ဟာ ဘယ် ပို့စ်ကို button ထည့်မယ် ဘယ်ပို့စ်ကို မထည့်ဘူး ရွေးလို့မရပါဘူး။

    ၃။ ။ဒီထည့်လိုက်တဲ့ code က ကိုယ့်ရဲ့ပို့စ် URLကို သုံးပြီး Digg မှာ submission လုပ်မှာပါ။ ကဲစပြင်ကြရအောင် -


    Template အောက်က Edit HTML ကို ကလစ်လုပ်ပါ။ အရေးကြီးဆုံးက အဲဒီက နဂို HTML code အားလုံးကို copy လုပ်ပါ။ ပြီးရင် Notepad ထဲမှာ save လုပ်သိမ်းထားပါ။ မိတ်ဆွေ တစ်ခုခုအမှား လုပ်မိရင် နဂို template ပြန်ပြောင်း နိုင်အောင်ပါ။ တခု သိရမှာက code ကို ပြင်ထည့်ပြီးခဲ့ရင်လည်း တခါတည်း save တန်းမလုပ်ပဲ preview နဲ့ အရင်ရမရ ကြည့်တဲ့ အကျင့်လုပ်ထားပါ။ ပြီး ရတယ်ဆိုမှ save လုပ်ပါ။



    Click "Expand Widget Templates" လုပ်ပါ။ အဲဒီမှာ အောက်က ပြထားတဲ့ ကုဒ်ရှာပါ။

    <p><data:post.body/></p>



    ဒီ Button ကို သင့် ဘလော့ခ်ပို့စ်ရဲ့ ညာဘက် ထောင့်မှာ ထားချင်ရင် အောက်ကပြထားတဲ့ ကုဒ်ကို အစားထိုးထည့်ပါ။

    <div style="float:right; margin-left:10px;">
    <script type="text/javascript">
    digg_url = "<data:post.url/>";
    </script>
    <script src="http://digg.com/tools/diggthis.js" type="text/javascript"/>
    </div>
    <p><data:post.body/></p>


    ဒါက အဲဒီ code ကြောင့် သင်မြင်ရမယ့်ပုံပါ။



    Button ကို ပို့စ်ရဲ့ အဆုံးမှာ ပေါ်ချင်ရင်တော့ ဒီ code ကို အစားထိုးထည့်ရပါမယ်။

    <data:post.body/>
    <div style="float:right; margin-left:10px;">
    <script type="text/javascript">
    digg_url = "<data:post.url/>";
    </script>
    <script src="http://digg.com/tools/diggthis.js" type="text/javascript"/>
    </div>


    ဒါကတော့ ပို့စ် အဆုံးမှာ မြင်ရမယ့်ပုံပါ။



    Button ကို ပို့စ်ရဲ့ အပေါ်ဘက် ဘယ်ဘက်ထောင့် မှာ ပေါ်ချင်ရင် ဒီ code အစားထိုးရပါမယ်။

    <div style="float:left; margin-right:10px;">
    <script type="text/javascript">
    digg_url = "<data:post.url/>";
    </script>
    <script src="http://digg.com/tools/diggthis.js" type="text/javascript"/>
    </div>
    <p><data:post.body/></p>


    မြင်ရမှာက ဒီလိုပါ။



    Digg ရဲ့ အခြား သင့် ဘလော့ခ် background color နဲ့ လိုက်ဖတ်မယ့် အသေးစား compact button ထည့်မယ်ဆို၇င်တော့ ဒီကုဒ်ကိုထည့်ပါ။ ကုဒ်ထဲက အနီရောင် (Red) နဲ့ပြထားတဲ့ ကာလာကုဒ်နေရာမှာ ကိုယ့်စိတ်ကြိုက် ကာလာ အရောင်ထည့်နိုင်ပါတယ်။

    <div style="float:right; margin-left:10px;">
    <script type="text/javascript">
    digg_url = "<data:post.url/>";
    digg_bgcolor = "#BDEDFF";
    digg_skin = "compact";
    </script>
    <script src="http://digg.com/tools/diggthis.js" type="text/javascript"/>
    </div>
    <data:post.body/>


    ဒါက နမူနာ မြင်ရမယ့်ပုံပါ။




    Automatic Count Button in Blog Footer



    ဒီ code ကို Blog footer မှာ ထည့်ထားခြင်းအားဖြင့် သင် စာဖတ်ပရိတ်သတ်ရဲ့ တုံပြန်မှုကိုသိနိုင်ပါတယ်။ ဒီကုဒ်က ဘလော့ခ်ပို့စ်ရဲ့ Labels တွေ အောက်မှာပေါ်မှာပါ။ ပထမဆုံး ဒီအောက်ကပြထားတဲ့ ကုဒ်တွေကို template တွေထဲမှာ အရင်ရှာပါ။

    <p class='post-footer-line post-footer-line-2'>
    <span class='post-labels'>
    <b:if cond='data:post.labels'>
    <data:postLabelsLabel/>
    <b:loop values='data:post.labels' var='label'>
    <a
    expr:href='data:label.url'
    rel='tag'><data:label.name/></a><b:if
    cond='data:label.isLast != "true"'>,</b:if>
    </b:loop>
    </b:if>
    </span>
    </p>


    Digg button ကို labels တွေ အပေါ်မှာထားချင်ရင် ဒီကုဒ်ကို အပေါ်က ပြထားတဲ့ ကုဒ်တွေ အပေါ်မှာထားရမှာ ဖြစ်ပြီး button ကို labels တွေ အောက်မှာ လိုချင်ရင် အပေါ်ကပြထားတဲ့ ကုဒ်အဆုံးနေရာမှာ ထည့်ရမှာပါ။ သင်ဟာ HTML ကျွမ်းကျင်ရင်တော့ စိတ်ကြိုက်နေရာထားနိုင်ပါတယ်။

    <div style="float:right; margin-left:10px;">
    <script type="text/javascript">
    digg_url = "<data:post.url/>";
    digg_bgcolor = "#BDEDFF";
    digg_skin = "compact";
    </script>
    <script src="http://digg.com/tools/diggthis.js" type="text/javascript"/>
    </div>


    ဒါကမြင်ရမယ့်ပုံပါ။





    Digg Button in Blog Footer

    Automatic Count button ကို မထည့်ချင်ဘူး link button သတ်သတ်ပဲ ထည့်ချင်တယ်ဆိုရင်တော့ အောက်ကပြထားတဲ့ code ကို ထည့်နိုင်ပါတယ်။ ဒီ button က ပို့စ်တိုင်းရဲ့ အောက်ခြေ ညာဘက်မှာ ပေါ်မှာဖြစ်ပြီး readers တွေက click လုပ်ပြီး သူ့အကြိုက်ပို့စ်ကို Digg မှာ submit လုပ်နိုင်မှာပါ။

    အောက်ကပြထားသည့် အနက်ရောင် code များကို template ထဲမှာ အရင်ရှာပြီး အနီရောင် (Red) နဲ့ ပြထားတဲ့ code ကို copy ကူးထည့်ပါ။

    <div class='post-body'>
    <p><data:post.body/></p>
    <div style='clear: both;'/> <!-- clear for photos floats -->
    </div>

    <div style="float:right; margin-left:10px;">
    <a expr:href='"http://digg.com/submit?phase=2&amp;url=" +
    data:post.url + "&amp;title=" + data:post.title'

    target='_blank'><img border="0" alt="Digg this"
    src="http://digg.com/img/badges/91x17-digg-button.gif"/></a></div>



    မြင်ရမယ့် ပုံက ဒီလိုပါ။


    နေရာပြောင်းထားချင်တယ်ဆိုရင်တော့ အပေါ်ကပြောခဲ့တဲ့ နေရာပြောင်းထားပုံ code တွေကို လေ့လာရင် ရပါတယ်။ အခုပြထားတဲ့ button size 91 x 17 ဆိုဒ် digg button က အစမ်းပြထားတာပါ။ အောက်မှာ တခြား button design တွေပြထားပါတယ်။ ပြောင်းချင်တဲ့ button image လင့်ကို code ထဲက image URL နေရာမှာ အစားထိုးလိုက်ပါ။

    Button for selective posts

    Button ပုံလေးတွေ ပြောင်းချင်ရင် ပထမဆုံး Digg tools ကို အရင် သွားပါ။ ကိုယ်ကြိုက်တဲ့ button ရွေးပါ။ အဲဒီမှာ Digg buttons တွေ မျိုးစုံရှိပါတယ်။

    Digg Digg Digg Digg Digg Digg

    Digg Digg Digg Digg

    Digg

    ကိုယ်ကြိုက်တဲ့ image ရဲ့ URL ကို မှတ်ထားပါ။ ဥပမာ - ဒီ Digg This Story ပုံရဲ့ URL က

    http://digg.com/img/badges/91x17-digg-button.gif


    How to add Digg button to selected post
    ဒီနည်းက Digg button ကို ပို့စ်တိုင်းမှာ မဟုတ်ပဲ ကိုယ်ထည့်ချင်တဲ့ ပို့စ်မှာပဲ ထည့်တဲ့နည်းပါ။ အလုပ်နည်းနည်းတော့ရှုပ်ပါတယ်။

    Digg button ထည့်ချင်တဲ့ ပို့စ်ကို အရင်ရေးပါ။ publish လုပ်ပါ။ page ကို refresh လုပ်ပြီး သင် button ထည့်မယ့် ပို့စ် ခေါင်းစဉ်ကို click လုပ်ပါ။ အဲဒီ အခါ ထည့်ချင်တဲ့ ပို့စ် တစ်ခုတည်းကိုပဲ Post Page အနေနဲ့ တစ်ပုဒ်တည်းပြပါလိမ့်မယ်။ အဲဒီ URL ကို မှတ်သားထားပါ။ ပြီးရင် အောက်ကပြထားတဲ့ code ထဲက လိမ္မော်ရောင် (orange) နဲ့ ပြထားတဲ့ နေရာမှာ ပို့စ်ရဲ့ URL ကို ထည့်ပါ။ Button ပုံ ကို ပြောင်းချင်တယ် ဆိုရင် ပြောင်းချင်တဲ့ image URL ကို အပြာရောင် (blue) နဲ့ ပြထားတဲ့ နေရာမှာ အစားထိုး ထည့်လိုက်ပါ။

    <a href="http://digg.com/submit?phase=2&url=URLofyourstory" target="_blank"><img border="0" alt="Digg my article" src="http://digg.com/img/badges/91x17-digg-button.gif"/></a>


    ပြီးရင် သင့် ဘလော့ခ်က Post ထဲက "Edit HTML" ထဲမှာဝင်ပါ။ "Compose" ထဲ မဟုတ်ပါ။ template က Edit HTML ကို ပြောခြင်း မဟုတ်ပါ။ အပေါ်က ပို့စ် လင့်ခ် နေရာမှာ အစားထိုးပြီးသား code ကို သင် button ထားချင်တဲ့ နေရာလောက်မှာထားပါ။ "Preview" ကြည့်ပါ။ ရရင် "Publish" လုပ်ပါ။

  • Source

    Technorati tags:
    , , , , , ,

  • Read More...
    AddThis Social Bookmark Button

    ဘလော့ဂ်အတွက် Gadgets များ  


    Contributor: Tayzar Blink44

    ဘလော့ခ် side bar မှာ Widget လေးတွေ ထည့်ဖို့ အတွက် Google Gadgets မှာ ရယူနိုင်ပါတယ်။

    Blog Widgets, Gadgets and Add-ons



    Google Gadgets က applications တွေကို developers တွေ users တွေ ကပဲ ဖန်တီးထားတာပါ။ Registration လုပ်စရာမလိုပါဘူး။ သင် ကြိုက်တဲ့ဟာကို ရွေးပြီး “Add to your webpage” ကို click လုပ်ပါ။ နောက် Gadget ရဲ့ title, width, height နဲ့ border ကို သင် အလိုရှိသလိုပြင်ပါ။ ဥပမာ - သင့် sider bar က 150 px ကျယ်တယ် ဆိုပါစို့ သင်ရဲ့ gadget ကို 150 px ထက် နည်းသင့်တာပေါ့။ နဂို အကျယ်အတိုင်း ထားလည်း ရပါတယ်။ ဒါပေမယ့် သင့် readers က gadget ကို အကုန်မြင်ရဖို့ scroll လုပ်ရမှာပေါ့။ စိတ်ကြိုက်ပြင်ပြီးရင်တော့ “Get the Code” ကို click လုပ်ပါ။ Code ကို copy လုပ်ပါ။ ပြီးတော့ "Page Element" မှာ paste လုပ်ချပါ။ ဒါဆိုရပါပြီ။

    Read More...
    AddThis Social Bookmark Button

    Template Width ချဲ့နည်း  


    Contributor: ဝေယံလင်း

    ဒီပို့စ်လေးကို မြန်မာဘလော့ဂါဖိုရမ် ကနေ ယူလာခဲ့ပါတယ်

    တန်းပလိတ်ကို width change ချင်တယ်ဆိုရင်တော့ ပထမဆုံးတန်းပလိတ် ကုဒ်တွေကိုကြည့်လိုက်ပါ။ ပြီးရင်အောက်မှာပြထားတဲ့ကုဒ်တွေကိုရှာပါ။

    #outer-wrapper {
    width: 660px;
    margin:0 auto;
    padding:10px;
    text-align:left;
    font: normal normal 100% Georgia, Serif;
    }

    #main-wrapper {
    width: 410px;
    float: left;
    word-wrap: break-word; /* fix for long text breaking sidebar float in IE */
    overflow: hidden; /* fix for long non-text content breaking IE sidebar float */
    }

    #sidebar-wrapper {
    width: 220px;
    float: right;
    word-wrap: break-word; /* fix for long text breaking sidebar float in IE */
    overflow: hidden; /* fix for long non-text content breaking IE sidebar float */
    }

    #main-wrapper ကပို့စ်အတွက် width သတ်မှတ်ထားတဲ့ div ပါ။ ပို့စ်နေရာကို width ပြောင်းချင်တယ်ဆိုရင် အဲဒီ width: 410px; ဆိုတဲ့နေရာမှာ ကိုယ်လိုချင်တဲ့ဂဏန်းကိုပြောင်းပေးလိုက်ပါ။ ဒါပေမယ့် အဲဒီလိုပြောင်းရင် #outer-wrapper ဆိုတဲ့နေရာမှာပါလိုက်ပြီးပြောင်းပေးရပါမယ်။ ဥပမာ အထက်ကကုဒ်တွေကိုကြည့်ပါ။ #outer-wrapper ထဲက width: 660px; ဆိုတာ ပို့စ်နဲ့ဆိုဒ်ဘားနှစ်ခုပေါင်းရဲ့ width ပါ။ 660pixels ရှိပါတယ်။ ပို့စ်အတွက် #main-wrapper မှာက width: 410px နဲ့ #sidebar-wrapper အတွက် width: 220px ဖြစ်ပါတယ်။ နှစ်ခုပေါင်း 630pixels ရှိပါတယ်။ ပိုနေတဲ့ 30pixels ကပို့စ်နဲ့ဆိုဒ်ဘားအလယ်မှာရှိနေတဲ့ gap ပါ။

    တကယ်လို့ ပို့စ်ကို 700px နဲ့ဆိုဒ်ဘားကို 250px ထားချင်တယ်ဆိုပါဆို့။

    #main-wrapper {
    width: 500px;
    float: left;
    word-wrap: break-word; /* fix for long text breaking sidebar float in IE */
    overflow: hidden; /* fix for long non-text content breaking IE sidebar float */
    }

    #sidebar-wrapper {
    width: 250px;
    float: right;
    word-wrap: break-word; /* fix for long text breaking sidebar float in IE */
    overflow: hidden; /* fix for long non-text content breaking IE sidebar float */
    }

    အဲဒီဂဏန်းတွေကိုပြောင်းလိုက်ပါ။ ပြီးရင်

    #outer-wrapper {
    width: 780px;
    margin:0 auto;
    padding:10px;
    text-align:left;
    font: normal normal 100% Georgia, Serif;
    }

    ဒါဆိုရင်ပို့စ်က 500px ရှိပြီး ဆိုဒ်ဘားကတော့ 250px ရှိနေမှာပါ။ သူတို့ကြားကအကွာအဝေးကတော့ 30px ပေါ့။ ဒါပေမယ့် header box ကသေးနေပါလိမ့်မယ်။ လိုက်ကြီးချင်တယ်ဆိုရင်တော့

    #header-wrapper {
    width:660px;
    margin:0 auto 10px;
    border:1px solid #cccccc;
    }

    အဲဒီကုဒ်ကိုရှာပြီး width:660px; နေရာမှာ width:780px; ကိုပြောင်းပေးလိုက်ရုံပါပဲ။

    Read More...
    AddThis Social Bookmark Button

    Cool Icon Sets for Bloggers  

    Contributor: ချမ်းမြစိုး



    Download | Get More

    Read More...
    AddThis Social Bookmark Button

    Freeware Icons collection  

    Contributor: ချမ်းမြစိုး

    Following freeware icon sites will help software developers, graphic/web designer to create better-looking programs and designs.

    1. www.pixelgirlpresents.com (linux, win, mac)
    2. www.interfacelift.com (mac, window, linux)
    3. www.famfamfam.com (web icons)
    4. www.maxpower.ca (web, blog icons)
    5. www.freeiconsweb.com (win, mac, linux)
    6. www.iconaholic.com (win, mac)
    7. www.websiteicons.net (graphic ,web)
    8. www.ndesign-studio.com (favorite icons)
    9. www.fasticon.com (great collection)
    10. www.bartelme.at (mac, window, linux )
    11. www.iconarchive.com (win, mac, linux)
    12. www.sweetie.sublink.ca (web app)
    13. www.somerandomdude.net (web app)
    14. www.bs-markup.de (web app)
    15. www.customxp.net (graphic)
    16. www.tango.freedesktop.org (desktop)
    17. www.iconbuffet.com (blog, web)

    Read More...
    AddThis Social Bookmark Button