Myanmar Blogger Helpdesk

Learning, Sharing and Growing Together at Blogging Community!

ဇော်ဂျီ၊ ယူနီကုဒ် 5.1 နှင့် နောက်ကွယ် ပြဿနာများ  

Contributor: သင်ကာ

တင်ကြို စကားခံရလျှင် မြန်မာဖောင့်နှင့် ပတ်သက်သည့် ပြဿနာအရပ်ရပ်ကို နားလည်ရန် ကျနော် အလှမ်းဝေးပါသည်။ ဝီကီမြန်မာ (MOE) အကောင်အထည်ပေါ်ရေးတွင် ကျနော် ပါဝင်မိပြီးနောက် စတန်းဒတ်မြန်မာဖောင့်ကိစ္စကို ကျနော် အာရုံကျမိပါသည်။ ဒိုင်ခံရှင်းပြပေးသူမှာ ကိုငွေထွန်းဖြစ်ပါသည်။ ကိုငွေထွန်းသည် သူ့အလုပ် သူ့ပညာရပ်တွင် နှံ့စပ်သူ၊ အမြဲတမ်း သင်ယူနေသူ တစ်ယောက်အဖြစ်တွေ့ရပါသည်။
သူနှင့် ကျနော် စကားစပ်မိသမျှပြန်ပြောရလျှင် သူသည် မြန်မာယူနီကုဒ်ကို တွင်ကျယ်စေလိုသူ ဖြစ်ပါသည်။ ဒီထက်ပိုပြောရလျှင် IT ဘာသာစကားသုံးစွဲရေး၌ ကမ္ဘာသုံးအဖြစ် အသိအမှတ်ပြုဖောင့်ဖြင့် အနာဂတ်ကို ကောင်းစေလိုသူဖြစ်ပါသည်။ အားလုံးကို တစ်က ပြန်စရန်မဟုတ်ဘဲ သူက ဇော်ဂျီသာ သုံးစွဲနေသူလည်းအဆင်ပြေနိုင်အောင် Convert လုပ်ရေးဖြစ်ပါသည်။
ယခု ကျနော့်ဘလော့ဂ်၏ ညာစွန်အပေါ်တွင် Choose Font Here ဆိုသည့် ဘောက်စ်ကလေးကို တွေ့ပါမည်။ ဇော်ဂျီနှင့် ယူနီကုဒ် 5.1 အပြောင်းအလဲသုံးနိုင်စေရန်ဖြစ်သည်။
ယူနီကုဒ်ကြောင့်ရနိုင်မယ့် အကျိုးကို Myanmar Font Converter ဘလော့ဂ်မှာ ဒီလိုရေးထားပါတယ်။
Unicode စစ်စစ်ကို သုံးလိုက်ရင် ရလာမယ့် အကျိုးကျေးဇူးတွေက အလွန်ပဲများပြားပါတယ်… အများသိထားတဲ့အတိုင်း Unicode စစ်စစ်က Searchable, Sortable ဖြစ်ပါတယ်… စံတစ်ခုကိုသာ အားလုံးလိုက်နာကြရင် အထက်မှာပြောခဲ့သလို မြန်မာ Font တစ်ခု ရှိနေယုံနဲ့ မြန်မာစာ အားလုံးကို ဖတ်လို့ရနိုင်ပါလိမ့်မယ်… တစ်ခြား အကျိုးကျေးဇူးတွေ အများကြီးရှိပါသေးတယ်…

(နောက်ပြီတော့ မြန်မာဆိုတာ ဗမာတစ်ခုတည်းကိုပြောတာမဟုတ်ပါဘူး…ရှမ်း၊ မွန် စတဲ့ တိုင်းရင်းသားတွေလည်း မြန်မာတွေပါပဲ… မြန်မာစာဆိုတဲ့ နေရာမှာ တိုင်းရင်သားတွေကို ထည့်စဉ်းစားရပါမယ်… မသိချင်ယောင်ဆောင်နေလို့မရပါဘူး… Zawgyi ဆရာသမားတွေ ကောင်းကောင်းသိပါတယ်… သူတို့က တိုင်းရင်းသားတွေအတွက် သတ်မှတ်ထားတဲ့ code point တွေကို အပိုင်စီးထားပါတယ်… အဲ့ဒါကြောင့် Zawgyi နဲ့ ဘယ်တော့မှ တိုင်းရင်းသား စာတွေ ရိုက်လို့ရမှာ မဟုတ်ပါဘူး… Unicode စစ်ရင် ရပါတယ်… တိုင်းရင်းသားတွေအတွက်ပါ ထည့်စဉ်းစားပြီးသားပါ…)
ကူနီကုဒ်စနစ်ကို မလိုက်နာသော ဇော်ဂျီဖောင့်၏ ကံကောင်းအကြောင်းလှစွာ တွင်ကျယ်သွားပုံကိုလည်း အဲဒီမှာ (Click Here) ရေးထားပါတယ်။ ကျနော် လေ့လာတီးခေါက်မိသလောက် ဖောင့်အတည်ဖြစ်ရေးမှာ ကိုယ်ကျိုးစီးပွားတွေ ပါနေတာ စိတ်မကောင်းစွာ တွေ့ရပါတယ်။ ဘလော်ဂါတချို့သည်လည်း အသုံးချခံများ ဖြစ်နေသလား တွေးမိပါတယ်။
နောက်ပို့စ်မှာ ဘလော့ဂ်ထဲ ဇော်ဂျီ-ယူနီကုဒ် 5.1 Convert ထည့်ပုံကို ထပ်ညွှန်းပါ့မယ်။

မြန်မာစာပေ တိုးတက်စေလိုသော စေတနာဖြင့်

သင်ကာ

Read More...
AddThis Social Bookmark Button

Printer Friendly ဘလော့ဂ်ပို့စ်လေးများ ဖန်တီးခြင်း  

Contributor: ရန်အောင်

အားလုံးပဲ မင်္ဂလာပါခင်ဗျာ.

ဒီတစ်ခါတော့ ကျွန်တော်လေးစားချစ်ခင်ရပါသော ဘလော့ဂ်မိတ်ဆွေ အပေါင်းအသင်းများနဲ့ စာဖတ်သူမိတ်ဆွေများအတွက် အင်မတန်မှ အသုံးဝင်မယ့် နည်းပညာလေးတစ်ခု မျှဝေချင်ပါတယ်.

ကျွန်တော်တို့ ဘလော့ဂ်ပို့စ်လေးတွေ ရေးကြတယ်၊ ဖတ်ကြတယ်၊ တစ်ချို့ပို့စ်လေးတွေကို ကြိုက်နှစ်သက်လို့ bookmark လုပ်ပြီး သိမ်းထားကြတယ်. ဟုတ်တယ်ဟုတ်.

တစ်ချို့ပို့စ်လေးတွေကိုကျတော့ သွားရင်းလာရင်း ဖတ်ဖို့ပဲ ဖြစ်ဖြစ်၊ တမင်သက်သက် အမှတ်တရ သိမ်းထားချင်လို့ပဲ ဖြစ်ဖြစ် Print out လေး လုပ်ပြီး သိမ်းထားချင်မှာပေါ့.

ဟာ. ဒါများကွာ. File Menu>Print နှိပ် (or) Ctrl+P နှိပ်ပြီး Print ထည့်လိုက်. ပြီးတော့ သိမ်းထားလိုက်ပေါ့လို့ ပြောလိမ့်မယ်.

ရကောင်းရပါလိမ့်မယ်. မတူပါဘူး.

ဟုတ်မဟုတ်. အခုပဲ ကျွန်တော်ရေးနေတဲ့ ဒီပို့စ်လေးကို စမ်းပြီး ခင်ဗျားအခု သုံးနေတဲ့ Web Browser (IE or Firefox or Safari or Whatever) ကနေ Print Preview ကြည့်ကြည့်လိုက်ပါ. ခင်ဗျားအနေနဲ့ ဘာတွေ တွေ့လာရမယ်ထင်သလဲ.

ခင်ဗျား Print လုပ်ချင်တဲ့ ပို့စ်လေးတင်မကဘူး. တစ်ခြားသော မသက်ဆိုင်တဲ့ အရာတွေ (ဥပမာ- ဘလော့ဂ် Header တွေ၊ Sidebar တွေ၊ တစ်ခြားတစ်ခြားသော ပို့စ်နဲ့မသက်ဆိုင်တဲ့ element တွေကိုပါ) Print လုပ်မိပြီးသား ဖြစ်နေပါလိမ့်မယ်.

ဒီတော့ ဘာဖြစ်လဲ.

ပို့စ်သက်သက်လေး ဖတ်ချင်တာကို မလိုတာတွေအတွက်ပါ Print လုပ်နေရတာကြောင့် စာရွက်တွေ၊ မင်တွေကို ဖြုန်းတီးရာလည်းရောက်ပါတယ်. ပိုဆိုးတာက ကိုယ်ဖတ်ချင်သလို ပို့စ်လေးကလည်း သပ်သပ်ရပ်ရပ်လေး ထွက်မလာတော့ဘူးပေါ့ဗျာ.

ကဲ. ကျွန်တော်လည်း ရှင်းပြနေတာနဲ့ လေကြောတော်တော်ရှည်သွားပြီ. အရင်ဆုံး ဘာကြောင့် ဒီလိုဖြစ်ရတယ်ဆိုတာကို Overview Idea ရစေချင်လို့ပါ.

ဒါဆို ကျွန်တော်တို့ ဘာလုပ်သင့်သလဲ.

မလိုတာတွေကို ဘေးဖယ်ပြီး ပို့စ်သက်သက်လေးပဲ Print လုပ်နိုင်အောင် လုပ်ရတော့မှာပေါ့. ဟုတ်တယ်ဟုတ်?

ကျွန်တော်တို့ ခုရေးနေတာက ဘလော့ဂ်ပို့စ်တွေပါ. ၀က်ဘ်ဆိုက်တွေလို Print Function ကို အလွယ်တကူ ထည့်သုံးလို့ မရပါဘူး. ဘလော့ဂ်မှာက သူ့ဥပဒေသနဲ့သူရှိပါတယ်. ဒါကိုပဲ ကျွန်တော်တို့က manipulate လုပ်ပြီး ကိုယ့်စိတ်ကြိုက် ပြုပြင်သုံးစွဲယူရမှာပါ.

ဒီ့အတွက် ကျွန်တော် သုံးနည်းလောက်တွေ့မိပါတယ်. အဲဒီ့ထဲကမှ အလွယ်ကူဆုံး၊ အရိုးရှင်းဆုံးနဲ့ အကောင်းမွန်ဆုံးနည်းလေးတစ်ခုကို ဝေမျှချင်ပါတယ်. ကျွန်တော်ဖတ်မိသမျှ Plugin လေးတွေထဲမှာ ဒီနည်းလမ်းလေးက သက်ဆိုင်ရာ ပို့စ်လေးတွေကိုသာ မကဘူး. ကော်မန့်လေးတွေကိုပါ Print လုပ်ပေးလို့ ဒါလေးကို ရွေးချယ်ပြီး ဆွေးနွေးဖြစ်တာပါ.

ကုဒ်ဒင်းထည့်ပေးရမယ့် အဆင့်နှစ်ဆင့်ပဲ လိုပါတယ်.

(၁) တန်းပလိတ်ထဲ ၀င်ပြင်မယ်. </head> Tag မတိုင်ခင်လေးမှာ ကုဒ်ဒင်းတစ်ချို့ ထည့်ပေးရမယ်.

(၂) သက်ဆိုင်ရာ ဘလော့ဂ်ပို့စ်လေးတွေမှာ Print Button လေးပေါ်အောင်လို့ နောက်ထပ် ကုဒ်ဒင်းလေးတွေ တန်းပလိတ်ထဲမှာပဲ ထည့်ပေးရမယ်.

ဒါပါပဲ.

အိုကေနော်. သီဝရီပိုင်းအရ ရှင်းသွားပြီ. ဒီလောက်နားလည်ရင် ကျွန်တော်တို့ ရှေ့ဆက်လို့ရပါပြီ. အဓိကက ကိုယ်ဘာလုပ်နေတယ်ဆိုတာကို ကိုယ်တိုင်အရင်နားလည်နေဖို့ပါပဲ.

ကဲ. ထုံးစံအတိုင်းပေါ့ဗျာ. တန်းပလိတ်ကို edit လုပ်ကြရအောင်.

အဆင့် (၁) CSS Style Code ထည့်ခြင်း

တန်းပလိတ်ကိုသွားပါ. ပြီးရင် Edit နှိပ်ပါ. </head> ဆိုတဲ့ tag လေးကို တွေ့အောင်ရှာပါ. တွေ့ပြီဆိုရင် အဲဒီ့အပေါ်ကပ်လျက်နေရာလေးမှာ ဒီကုဒ်ဒင်းလေးတွေကို ကူးထည့်ပေးလိုက်ပါခင်ဗျာ.

<style media='print' type='text/css'>
#header-wrapper, #header, .header, #sidebar-wrapper, .sidebar, #footer-wrapper, #footer, .date-header, .post-meta-data, .comment-link, .comment-footer, #blog-pager, #backlinks-container, #navbar-section, .subscribe_notice, .noprint {display: none;}
#main-wrapper {width: 95%; overflow: visible !important;}
</style>

အဆင့် (၂) Print Button Link ထည့်ခြင်း

ဒီလင့်ခ်လေးကို ထည့်ဖို့ တန်းပလိတ်ကို ပြန်သွားပါ. ပြီးရင် Expand Widget Tempate ဆိုတဲ့ Box လေးကို Check လုပ်ဖြစ်အောင် လုပ်လိုက်ပါ.

တန်းပလိတ်ထဲမှာ ဒါလေးကို တွေ့အောင်ရှာပါ.

<p><data:post.body/></p>

အဲဒီ့လိုင်းလေးရဲ့ နောက်မှာ ကပ်ပြီးတော့ အောက်ပါ စတိုင်လ်ငါးမျိုးထဲက မိမိကြိုက်နှစ်သက်ရာ စတိုင်လ်တစ်ခုခုရဲ့ ကုဒ်ဒင်းလေးတွေကို ကူးထည့်ပေးလိုက်ပါ. စတိုင်လ်သုံးမျိုးပေးထားပါတယ်. ကြိုက်ရာ စတိုင်လ်ကို ယူသုံးပါ. အထဲက စာလေးတွေကိုလည်း မိမိကြိုက်နှစ်သက်ရာ ပြောင်းလဲရေးသားနိုင်ပါတယ်.

ဥပမာ. ပုံနှိပ်ရန်၊ Print ထုတ်ရန်၊ ဘလာဘလာဘလာ ပေါ့.

အဲ. ဘလာဘလာဘလာတော့ တကယ်သွားမရေးနဲ့နော်. ဟတ်ဟတ်ဟတ်.

ကူးထည့်ပေးရမည့် ကုဒ်ဒင်းနှင့် အမှန်တကယ် မြင်ရမည့် ပုံများ

Style (1)

<b:if cond='data:blog.pageType == "item"'>
<a href='javascript:window.print()'>Print this post</a>
</b:if>

မြင်ရမည့်ပုံ


Print this post



Style (2)

<b:if cond='data:blog.pageType == "item"'>
<form> <input type="button" value="Print This Page" onClick="window.print()" /> </form>
</b:if>

မြင်ရမည့်ပုံ






Style (3)

<b:if cond='data:blog.pageType == "item"'>
<span style='background: url(http://bloggerbuster.com/images/print.gif) left no-repeat; padding-left: 20px;'><a href='javascript:window.print()'>Print this post</a></span>
</b:if>

မြင်ရမည့်ပုံ


Print this post



Style (4)

<b:if cond='data:blog.pageType == "item"'>
<span style='background: url(http://bloggerbuster.com/images/print.gif) left no-repeat; padding-left: 20px;'><a href='javascript:window.print()'>Printer Friendly</a></span>
</b:if>

မြင်ရမည့်ပုံ


Printer Friendly



Style (5)

<b:if cond='data:blog.pageType == "item"'>
<span style='background: left no-repeat; padding-left: 20px;'><a href='javascript:window.print()'><img alt='Print' height='25' src='http://bloggerbuster.com/images/print.gif' width='25'/></a></span>
</b:if>

မြင်ရမည့်ပုံ


Print




ဒါပါပဲခင်ဗျာ.

အားလုံးလုပ်ပြီးသွားလို့ မိမိဖာသာ မိမိ စမ်းသပ်ချင်တယ်ဆိုရင် ကိုယ် ပရင့်ထုတ်ချင်တဲ့ ပို့စ်လေးတစ်ခုခုရဲ့ ခေါင်းစဉ်ကို နှိပ်လိုက်ပါ. ပို့စ်တစ်ခုလုံး ပွင့်ကျလာပါလိမ့်မယ်. ပို့စ်ရဲ့ အောက်ဆုံးနားလေးလောက်ကို scroll down လုပ်သွားလိုက်ပါ. ပရင့်ထုတ်ဖို့ icon လေး (သို့) စာတမ်းလေးကို တွေ့တဲ့အခါကျမှ အဲဒါလေးကို နှိပ်ပြီး ပရင့်ထုတ်ကြည့်ပါ.

သက်ဆိုင်ရာ ပို့စ်လေးတွေမှာ ရှိနေတဲ့ ကော်မန့်လေးတွေကိုပါ ပရင့်ထုတ်ပေးသွားတာကို ၀မ်းသာဖွယ်ရာ တွေ့ရပါလိမ့်မယ်ခင်ဗျာ.

အားနည်းချက်လေးတွေလည်း ရှိပါသေးတယ်.

(၁) ပို့စ်ရဲ့ အပေါ်ဆုံးမှာ Printer Friendly Icon လေး ပေါ်နေအောင် လုပ်ထားရင် ပိုကောင်းနိုင်ပါတယ်.

(၂) ပို့စ်တစ်ခုကို ပရင့်ထုတ်ချင်ရင် အဲဒီ့ပို့စ်တစ်ခုလုံးပေါ်အောင် သူ့ရဲ့ ခေါင်းစဉ်ကို နှိပ်ပြီးရွေးတာထက် ပရင်တာ သင်္ကေတလေး တွေ့တဲ့နေရာမှာပဲ နှိပ်ပြီး ပရင့်ထုတ်လို့ရရင် ပိုကောင်းသွားနိုင်ပါတယ်.

အဲဒီ့ feature လေးနှစ်ခုလုံး မရသေးပါဘူး. အဲဒါသူ့ရဲ့ အားနည်းချက်လေးတွေပဲ ဖြစ်ပါတယ်. နည်းနည်းပါးပါးလောက် ကလိကြည့်ရင်း အဆင်ပြေတဲ့တစ်နေ့ကျရင် ၀မ်းသာအားရ ဖောက်သည်လာချပါဦးမယ်ဗျာ.

ရှေ့လျှောက် မိမိနှစ်သက်ရာ ပို့စ်လေးများကို ကိုယ်တိုင်ကိုယ်ကျ ပရင့်ထုတ်ယူပြီး သိမ်းထားနိုင်ပြီ ဖြစ်သလို ဘလော့ဂါများအနေနဲ့ကလည်း စာဖတ်သူအတွက် အဆင်ပြေအောင် ဟောဒီ့ Printer Friendly Function လေးကို မိမိတို့ရဲ့ ဘလော့ဂ်လေးတွေမှာ ထည့်သွင်းပေးထားမယ်ဆိုရင် သိပ်ကို အဆင်ပြေပါလိမ့်မယ်.

ကျွန်တော် ဆွေးနွေးပေးသွားခဲ့တဲ့ စတိုင်လ် (၅) ခုအပြင် မိမိတို့ ကြိုက်နှစ်သက်ရာ ပုံလေးတွေ၊ စာလေးတွေနဲ့လည်း အစားထိုးပြီး ပြုပြင်ယူနိုင်ပါတယ်. စိတ်ကူးဥာဏ်ကြိုက်သလို ကွန့်မြူးနိုင်အောင် စတိုင်လ်အမျိုးမျိုး လုပ်ပေးထားတာလည်း ဖြစ်ပါတယ်.

ကဲ. ပို့စ်လေးကတော့ ဒီလောက်ပါပဲ. နောက်နောင် ပိုကောင်းတဲ့ ပြင်ဆင်ချက်လေးတွေ တွေ့ရှိခဲ့ရင် ပြန်လာပြီး update လုပ်ပေးပါဦးမယ်.

စာဖတ်သူမိတ်ဟောင်းမိတ်သစ်များ၊ ဘလော့ဂါများအားလုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေဗျား…

Acknowledgement:

ဒီနေရာက ပို့စ်လေးကို သင့်တော်သလို ဘာသာပြန်ဆို ရေးသားထားတာ ဖြစ်ပါတယ်.

အားလုံးကို ချစ်ခင်လေးစားလျက်

ရန်အောင်.

Read More...
AddThis Social Bookmark Button

Awesome New Features from Blogger in Draft  

Contributor: MhawSayar

အထူးသတိပြုရန်

အောက်ပါ ပို့စ် တစ်ခုလုံး၏ ရည်ညွှန်းပါ Bloggr.C0M ဆိုသည်မှာ HTTP://DRAFT.BLOGGER.COM/ ကိုဆိုလိုခြင်း ဖြစ်ကြောင်း သိစေအပ်ပါသည်။ ၎င်း Blogger in Draft ဆိုသည်မှာ အလွယ်ကူဆုံး ပြောရလျင် Blogger.Com ၏ အခြား Admin Dashboard User Interface တစ်ခုဖြစ်ပြီး ထိုနေရာတွင် http://blogger.com/ မှတဆင့် မိမိ ဘလော့ဂ် ၏ Admin Dashboard သို့ ၀င်ရောက် အသုံးပြုပါက မရနိုင်သော Blogger.Com ၏ စိတ်လှုပ်ရှားဖွယ် အခြား Feature အသစ်ပေါင်းများစွာကို ဘလော်ဂါများ အနေဖြင့် ရယူ သုံးစွဲ နိုင်သည်။
[ အောက်တွင် ဖော်ပြပါ Feature အသစ်များ အားလုံးသည် http://blogger.com/ မှ ၀င်ရောက် အသုံး ပြုပါက ရရှိမည် မဟုတ်ပဲ http://draft.blogger.com/ မှ ၀င်ရောက် အသုံးပြုမှသာ ရရှိမည်ဖြစ်သည်။ ]

Blogger in Draft

သူနဲ့ ပတ်သက်လို့ ကျွန်တော် Blogspot Blogger ဘ၀တုန်းက ပို့စ်တစ်ပုဒ် ရေးခဲ့ဖူးပါတယ်။ အဲဒီကတည်းက Blogger in Draft ဟာ တစ်ချိန်ချိန်မှာ Blogger.Com ရဲ့ Admin Panle ရာဇပလ္လင်ကို ၀င်လုမယ့် ပြိုင်ဘက် ဖြစ်လာနိုင်တယ် ဆိုတာ အနည်းငယ် ရိပ်မိခဲ့သလိုပါပဲ။ အခုတော့ အဲဒီယူဆချက် မှန်ကန်ကြောင်း အောက်ပါ အချက်တွေကို ဖတ်ရှုကြည့်တာနဲ့ လူကြီးမင်း သဘောပေါက်နိုင်ပါပြီ။

New Feature-I :  New Dashboard
Dashboard of Blogger in Draft
သိသိသာသာ တိုးတက်ပြောင်းလဲခြင်း လို့ ဆိုနိုင်တဲ့ ဒီ Dashboard ကြီး တစ်ခုလုံးကို ပြောင်းမပစ်ခင် အရင် လူမသိ သူမသိ New Feature တွေ ရှိခဲ့ပါသေးတယ်။ ဒါပေမယ့် ဘလော်ဂ္ဂါတို့ နေ့တစ်ဓူဝ အ၀င်အထွက် လုပ်နေတဲ့ ဒီ Dashboard ကြီး တစ်ခုလုံး ပြောင်းလဲမှု လုပ်လိုက်တာက အစပြုပြီး Blogger.Com ကြီး တစ်ခုလုံးကို Blogger in Draft နဲ့ အစားထိုးပစ်ဖို့ ကြံစည်နေကြောင်း ပိုမိုသိသာ လာပါတယ်။ Blogger in Draft ရဲ့ အသစ်ထုတ်လုပ် လိုက်တဲ့ Admin Dashboard မှာ အောက် ပါတို့ကို Feature အသစ် တွေ အဖြစ် တွေ့ရှိရပါတယ်။


၁။ Blogger in Draft Dashboard ကို မိမိဘလော့ဂ်ရဲ့ Default Dashboard အဖြစ် သတ်မှတ်နိုင်တဲ့ စနစ်တစ်ခု ပါဝင်လာပါတယ်။ http://draft.blogger.com/ ကနေ ၀င်လိုက်တာနဲ့ အဲဒီ Feature အသစ်ကို မိမိဘလော့ဂ် Dashboard ရဲ့ နဖူးစည်းမှာ ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်။
Make Default Dashboard for Blogger

၂။ Blogger in Draft ရဲ့ အသစ်သော Dashboard ကို Dashboard, My Reading List နှင့် Other Stuffs ဆိုပြီး အပိုင်းကြီး သုံးပိုင်းနဲ့ ခွဲခြားထားတာကို တွေ့ရပါတယ်။

  • ပထမ အပိုင်း ဖြစ်တဲ့  Dashboard မှာ မိမိ လက်ရှိရေးသားနေတဲ့ ဘလော့ဂ် အားလုံးတို့ထဲက နောက်ဆုံး Update လုပ်ခဲ့တဲ့ Blog နှစ်ခုကို ပုံသေ သတ်မှတ်ချက် အနေနဲ့ အမြဲပြပေးမှာ ဖြစ်ပါတယ်။ အကယ်၍ မိမိ အကောင့်ထ် ထဲမှာ ရှိတဲ့ ဘလော့ဂ် အားလုံး ပြစေချင်တယ် ဆိုရင်တော့ Blog List ရဲ့ အောက်မှာ ရှိတဲ့ ”Show all Blogs” ဆိုတာလေးကို ကလစ် လိုက်ရင် ရပါပြီ။
  • ဒုတိယ အပိုင်း မှာတော့ My Reading List ဆိုတဲ့ အတိုင်းပဲ Blogger.Com ရဲ့ Official Blog နှစ်ခုဖြစ်တဲ့ Blogger Buzz နှင့် Blogger in Draft တို့က နောက်ဆုံးရ Update သတင်းတွေကို အလွယ်တစ်ကူ ဖတ်လို့ ရအောင် စီမံပေးထားတာကို တွေ့ရမှာပါ။
  • တတိယ အပိုင်း Dashboard ကြီး တစ်ခုလုံးရဲ့ Footer မှာတော့  ခေါင်းစဉ်ကြီး Other Stuffs ဆိုတာရဲ့ အောက်မှာ Mobile Devices, Tools & Resources နှင့် Help Resources ဆိုပြီး ကဏ္ဍသုံးခုနဲ့ ခွဲခြားပြထားတာကို တွေ့ရမှာပါ။ အဲဒီထဲက Mobile Devices ဆိုတာကတော့ Mobile Phone တို့ကဲ့သို့သော ရွေ့ပြောင်းသယ်ဆောင် နိုင်တဲ့ ပေါ့ပေါ့ပါးပါး ပစ္စည်းလေးတွေက တဆင့် Blogging လုပ်နိုင်ဖို့ အတွက် ဖြစ်ပြီး Tools & Resources ဆိုတာကတော့ Seo ဆိုင်ရာ၊ Adsence ဆိုင်ရာ၊ Picasa ဆိုင်ရာ များကို အလွယ် တစ်ကူ  အသုံးချနိုင်စေရန် အတွက် စုစည်းပေးထားခြင်း ဖြစ်ပါတယ်။ နောက်ဆုံး Help Resources ဆိုတဲ့ နေရာမှာတော့ မိမိရဲ့ ဘလော့ဂ် ဂင်းနဲ့ ပတ်သက်တဲ့ အခက်အခဲတွေ ကို ဖြေရှင်းပေးနိုင်ဖို့ အတွက် User တွေ အချင်းချင်း ဆွေးနွေးရာ၊ တိုင်ပင်ရာ၊ လေ့လာစရာ ကျူတိုရီရယ်တွေ စသဖြင့် လိုအပ်သမျှကို စုံလင် အောင် စီစဉ်ထားရှိပေးတာကို တွေ့ရပါမယ်။
New Feature-II :  Posting Gadget for iGoogle

Post Gadget iGoogleနောက် Feature အသစ် တစ်ခုကတော့ မိမိရဲ့ ဘလော့ဂ်ကို ပို့စ် တင်ဖို့ အတွက် တစ်ခြားနေရာတွေကနေ သွားလာနေစရာ မလို၊ Admin Panel ကို ၀င်စရာ မလိုပဲ iGoogle ကနေတဆင့် တိုက်ရိုက် ပို့စ် တင်နိုင်တဲ့ Gadget လေး တစ်ခုကို Blogger in Draft က ထုတ်လုပ်ပေး လိုက်ခြင်းပါပဲ။ အဲဒီ Gadget လေးမှာ ပို့စ် တစ်ပုဒ် အတွက် လိုအပ်တဲ့ အချက်အလက် တွေမှန်သမျှနဲ့ တကွ၊ မိမိမှာ ဘလော့ဂ် လေး၊ငါး ခုရှိခဲ့ ရင် ကြိုက်ရာ ဘလော့ဂ်မှာ ရွေးချယ် ရေးသားနိုင်လောက်အောင် အထိ ပြုလုပ်နိုင်တဲ့ အခွင့် အလမ်းတွေကို အပြည့် အ၀ပေးထားပါတယ်။

စိတ်ပါဝင်စားရင် အောက်က Button လေးကို ကလစ်လို့ အထက်ပါ Gadget လေးကို မိမိ ရဲ့ iGoogle စာမျက်နှာမှာ ထည့်သွင်း အသုံးပြုနိုင်ပါပြီ။
Add post Gadget to iGoogle

New Feature-III:  Embedded Comment Form
Embedded comment Form
Blogger.COM မှ Blogger များ အနှစ်နှစ်အလလ တောင်းဆို၊ အလိုရှိခဲ့ကြတဲ့ WordPress Style Feature တစ်ခုဖြစ်ပါတယ်။ ဘာလို့လဲ။ Comment ဆိုတာ Blogger တစ်ယောက်ရဲ့  Post တစ်ပုဒ်အတွက် များသော အားဖြင့် Blogger အတော်များများအတွက် သူတို့ရဲ့ ကြိုးစား အားထုတ်မှု တွေ အတွက် အမြင့်ဆုံး ပြန်လည်ရရှိတဲ့ ဆုကြေး၊ ဒါမှမဟုတ် ဆုလာဘ်၊ တွန်းအား၊ ရွှေ . စသဖြင့် ရရှိတဲ့ မှတ်ချက်ပေါ်မူတည် ပြီးတော့ အမျိုးမျိုး အဓိပ္ပာယ် ဖွင့်လို့ရပါတယ်။ အဲဒီလို တန်ဖိုးရှိလှတဲ့ အရာတစ်ခုကို သူတို့  ကြိုးစား အားထုတ်ပြီး ရေးဖွဲ့ထားတဲ့၊ ရေးသား တင်ပြထားတဲ့ ပို့စ် တစ်ပုဒ် နှင့် အတူရှိစေချင်၊ မြင်ချင်ကြတာဟာ လည်း Blogger တို့ အတွက် သဘာဝကျပါတယ်။

Blogger.Com မှာ မူလကတည်းက Comment အတွက် ဖတ်တာကိုရော၊ ရေးတာကို ပါ သီးခြား စာမျက်နှာ တစ်ခုဆီကို  သပ်သပ်စီသွားပြီး ဖတ်ခြင်း၊ ရေးခြင်း လုပ်နေရတော့ တယ် အဆင်မပြေလှပါဘူး။ အဲဒီအတွက် နှစ်ရှည်လများကတည်းက Blogspot Blogger များက ဒီ Embedded Comment Form လို့ ခေါ်တဲ့ သက်ဆိုင်ရာ ပို့စ်ရဲ့ အောက်ခြေမှာ တစ်ပါတည်း တွဲရက် Comment များကို ဖတ်၊ရေး လုပ်နိုင်တဲ့ Feature ကို တောင်းဆိုလာခဲ့ကြတာပါ။

သူတို့ရဲ့ တောင်းဆိုမှုတွေဟာ အလဟဿမဖြစ်ခဲ့ဘူးဆိုတာ Blogger in Draft က အခု သက်သေ ပြလိုက်ပြီ ဖြစ်ပါတယ်။ ယခု အသစ် ဖြည့်စွက် လိုက်တဲ့ Embedded Comment Form Feature ဟာဆိုရင် အရင် Blogger.Com ရဲ့ မူလ Comment မှာလိုပဲ Open ID ကို အသုံးပြုနိုင်ခြင်း၊ Word Verification များ ထည့်သွင်း အသုံးပြုနိုင်ခြင်း၊ နောက် Comment message alart များကိုလည်း ယခင်လိုပဲ Comment ရေးသားတဲ့ နေရာရဲ့ အပေါ်မှာ ဖော်ပြပေးထားခြင်း စတာတွေ ပါရှိမှာ ဖြစ်ပါတယ်။ အဲဒီ Embedded Comment Form ဆိုတဲ့ Feature အသစ်စက်စက် ကို အသုံးပြုဖို့ အတွက် အောက်ပါ အတိုင်း လုပ်ဆောင်နိုင်ပါတယ်။:)

Blogger in Draft ကနေတဆင့် မိမိဘလော့ဂ်ရဲ့ Admin Panel Dashboard ကို ၀င်ပါ။ ပြီးတာနဲ့ Seeting ဆိုတဲ့ စာမျက်နှာကို ရွေးချယ် သွားရောက်ပါ။ ၎င်းစာမျက်နှာမှာ Comments ဆိုတာကို ရွေးချယ် ပြီး “Comment Form Placement” ဆိုတဲ့ Setting မှာ  “Embedded below post” ဆိုတာကို ရွေးချယ် ကလစ်ပေးပါ၊ အဲဒီနောက် “Save Setting” ကို ဆက်လက် ကလစ်ပါ။

Comment Form Placement
မိမိဘလော့ဂ် ကိုသွားရောက် ကြည့်ရှုစစ်ဆေးပါ။ ယခင်က စာမျက်နှာ တစ်ခု၊ သို့ Pop up window တစ်ခုနဲ့ တက်လာနေကြ ဖြစ်တဲ့ Comment တွေဟာ သူနဲ့ သက်ဆိုင်ရာ ပို့စ်တွေရဲ့ အောက်တွေမှာ ပြနေ၊ မပြနေ ကြည့်ရှုစစ်ဆေးပါ။ အကယ်၍ လူကြီးမင်းဟာ Modified လုပ်ပြီးသား Template တစ်ခုကို အသုံးပြုထားမယ် ဆိုရင်တော့ အဲဒီ Embedded Comment Form မှာ တိုက်ရိုက် Comment ရေးနိုင်ဖို့ အတွက် အောက် ပါ အဆင့် တစ်ခုကို ထပ်မံလုပ်ဆောင်ရပါမယ်။


မိမိဘလော့ဂ်ရဲ့ Dashboard မှတဆင့် Layout ကိုသွားပါ၊ နောက် တစ်ဆင့် အနေနဲ့ Edit HTML ကို ဆက်သွားပါ။ ဘာမှ ပြုပြင်မှု မလုပ်ခင် မိမိရဲ့ Original Template ကို Bakcup လုပ်ထားတတ်တဲ့ အကျင့်တစ်ခုကို မွေးမြူထားပါ။ မူလ Template ကို Backup လုပ်ပြီးတဲ့ နောက် Template Codex Box ရဲ့ ညာဘက် အပေါ်ထောင့်က  Expand Widget Templates ကို ကလစ် လုပ်ပါ။ ပြီးတဲ့ နောက် အောက်ပါ ကုဒ်လေးကို Ctrl+F အကူအညီနဲ့ Search လုပ်ပါ။
<b:include data='post' name='comment'/>
အထက်ပါ ကုဒ်များကို တွေ့တာနဲ့ သူပြီးနောက် တစ်ကြောင်းမှာ အောက်ပါ ကုဒ်များကို ထပ်မံထည့်သွင်းပေးပါ။
<b:include data='post' name='comment-form'/>
ပြီးတဲ့ နောက် Save Template ကို ဆက်လက် ကလစ် လုပ်ပြီး မိမိဘလော့ဂ်ကို ကြည့်ရှုစစ်ဆေးပါ။ Post တိုင်းရဲ့ အောက်ခြေမှာ Comment များကို တစ်ပါတည်း ရေး၊ ဖတ် လုပ်နိုင်ပြီ ဆိုပါက ၎င်း Embedded Comment Form Feature ကို လူကြီးမင်းရဲ့ ဘလော့ဂ်မှာ အောင်မြင်စွာ ထည့်သွင်းပြီး ဖြစ်တယ် လို့ယုံကြည်နိုင်ပါပြီ။
တစ်ကယ်လို့ အထက်ပါ နည်းလမ်းများ နဲ့ပင် အဆင်မပြေသေးဘူး ဆိုပါက အောက်ပါ နေရာများမှာ ဆွေးနွေးပြောဆို၊ လုပ်ကိုင် ထားကြ တာတွေ ကို သွားရောက် ဖတ်ရှုလေ့လာပြီး မိမိနဲ့ ကိုက်ညီမယ့် နည်းလမ်းကို ရွေးချယ် အသုံးပြု နိုင်ပါကြောင်း။ :D




New Feature-IV: Stars Rating
အရင်တုန်းကတော့ ကျွန်တော်တို့ တတွေဟာ ဒီ Feature လေး သုံးရဖို့ အရေးကို တစ်ခြားသူတွေကနေ Blogger အတွက် Provide လုပ်ပေးထားတဲ့ Widget တွေ ကို လိုက်လံရှာဖွေ ထည့်သွင်း သုံးစွဲခဲ့ကြရပါတယ်။ အခုတော့ Blogger in Draft ကနေ ဒီလိုအပ်ချက်ကို ဖြည့်ဆည်းပေးလိုက်ပါပြီ။

Stars Rating in Blogger
ဒီ Feature လေးကို အသုံးပြုဖို့ အတွက် မိမိ Blog Dashboard ကို http://draft.blogger.com/ ကနေ တဆင့် ၀င်ရောက်ပါ။ Layout ကို ရွေးချယ်ပါ၊ ပြီးတဲ့နောက် Page Element ကို ဆက်လက်ရွေးချယ်ပြီး ပုံမှာ ပြထားတဲ့ အတိုင်း Blog Post နေရာမှာပါတဲ့ Edit ကို ရွေးချယ်ကလစ်ပြီး၊ Configure Blog Posts ဆိုတဲ့ Pop Up Windows  မှာ Show Stars Rating ဆိုတဲ့ Radio Button လေးကို ကလစ် လုပ်ပြီး Save လုပ်ပါ။
၎င်း စာမျက်နှာလေးမှာပဲ Scroll Down အောက်ကို ဆွဲချလို့ အဲဒီ Stars Rating လေးကိုလည်း မိမိထားလိုတဲ့ နေရာမှာ စိတ်ကြိုက် ရွှေ့ပြောင်း ထားရှိနိုင်ပါတယ်။

New Feature-V : Import & Export

ကျွန်တော် Blogspot ကနေ WordPress ကို ပြောင်းရွှေ့စဉ် အခါက Blogspot ဆိုတာ ကိုယ့်ပို့စ် ကိုယ်တောင် မပိုင်တဲ့ဘ၀ ဆိုပြီး ရေးသားခဲ့ဖူးပါတယ်။ အခုတော့ အဲဒီ အမြင်တွေအားလုံး ကို Blogger in Draft က ပြောင်းပြန်လှန်ပစ် လိုက်ပါပြီ။
Export Blogger
Blogger in Draft ကနေတဆင့် မိမိဘလော့ဂ်ရဲ့ Dashboard ကို သွားကာ၊ Setting စာမျက်နှာကို သွားလိုက်တယ် ဆိုရင် ပဲ Basic Submenu Tab မှာအဲဒီ Feature ကို သုံးဖို့အတွက် ခင်ဗျား မျက်လုံးတစ်စုံနဲ့ ရှင်းလင်းစွာ တပ်အပ်မြင်တွေ့ နိုင်ပါပြီ။ အရင် ဘလော့ဂ်အဟောင်း ကပို့စ်တွေကိုပဲ Import လုပ်ချင်သလား၊ အခုဘလော့ဂ် ကိုပဲ Export လုပ်ပြီး မိမိ စက်ထဲမှာ Backup လုပ်ထားချင်သလား စတဲ့ ကြိုက်ရာ Feature တစ်ခုကို ရွေးချယ် အသုံးပြုနိုင်ဖို့ အလွယ် တစ်ကူပဲ ဖော်ပြထားတာကို တွေ့ရမှာပါ။
Export Blogger XML
Export လုပ်လိုသများ အတွက်ကတော့ Export ဆိုတာကို ကလစ်လိုက်တာနဲ့ပဲ တစ်ဖက်ပါ အတိုင်း Popup Window အသေးတစ်ခု တက်လာပြီး ဘယ် ဖိုင် အမျိုးအစားနဲ့ သိမ်းဆည်းမှာလဲ ဆိုတာ မေးမြန်းပါလိမ့်မယ်။ ပုံမှန်အားဖြင့် တော့ သတ်မှတ်ချက်ဖြစ်တဲ့ .xml file Type နဲ့ သိမ်းဆည်းတာ အကောင်းဆုံးပါပဲ။
ဒီ လတ်လတ်ဆတ်ဆတ် နဲ့ တစ်ကယ်အသုံးဝင်တဲ့ Feature နဲ့ ပတ်သက်လို့ မှတ်သားဖွယ်ရာတွေကတော့ အောက်ပါတို့ပဲ ဖြစ်ကြပါတယ်။

  1. (၂) ခုနှင့် အထက် ဘလော့များကို တစ်ခုတည်း အဖြစ် ပေါင်းစည်း နိုင်ခြင်း - မိမိမှာ ရေးသားနေတဲ့ အကြောင်း အရာတူ၊ ဒါမှမဟုတ် အမျိုးအစား တူ ဘလော့ဂ် (၂) ခုနှင့် အထက် ရှိနေခဲ့ ရင် ဒီ Feature မှာ ပါတဲ့ Import function ကို အသုံးပြုပြီး ၁-ခုတည်း အဖြစ် ပေါင်းစည်းပစ်လို့ ရပါတယ်။  လတ်တလော အနေနဲ့ ကတော့ တစ်ခါ Import လုပ်ခြင်း အတွက် ခွင့်ပြုထားတဲ့ File Size Limit က 1-Mb ဖြစ်ပါတယ်။ ဒီသတ်မှတ်ချက်ထက် တိုးပြီးပေးနိုင်ဖို့ Blogger Team မှ လုပ်ဆောင်နေတယ် ဆိုတာကိုလည်း သိရပါတယ်။Import Blogger
  2. ပို့စ် တစ်ခုချင်းစီကို ရွှေ့ပြောင်းချင်း - Import လုပ်ပြီးတဲ့ အဆင့်နောက်မှာ၊ အဲဒီ Import file မှာ ပါတဲ့ ပို့စ်တွေအနက်က ကိုယ်လိုချင်တဲ့ ပို့စ်တွေကိုပဲ ရွေးချယ်လို့၊ မလိုတဲ့ ပို့စ်တွေကို ချန်ထားခြင်းဖြင့်လည်း ပို့စ်တစ်ခုချင်း စီအလိုက် Blog တစ်ခုမှ နောက် တစ်ခု သို့ လွယ်ကူစွာ ရွှေ့ပြောင်းနိုင်ပါတယ်။ အဲဒီလို ပြောင်းရွှေ့တဲ့ နေရာမှာ Blogger in Draft Team ရဲ့ အကြံပေးချက်ကတော့ တစ်ကယ်ပြောင်းမယ့် Blog ထဲကို Import မလုပ်မီ အစမ်း Blog တစ်ခုနဲ့ အရင်ဆုံး အဲဒီ Feature ရဲ့ သဘောသဘာဝတွေကို သိရှိနားလည်အောင် စမ်းသပ်ထားသင့်တယ် လို့ ဆိုပါတယ်။
  3. မိမိဘလော့ဂ်အား Backup ပြုလုပ်ခြင်း - တစ်ခါတစ်ရံမှာ မလိုလားအပ်တဲ့ အခြေအနေတွေနဲ့ ကြုံလာခဲ့ရင် အလွယ်တစ်ကူ ဖြေရှင်းနိုင်ဖို့ အတွက် မိမိရဲ့ ဘလော့ဂ်ကို အမြဲ Backup လုပ်ထားသင့်ပါတယ်။ Blogger in Draft က အဲဒီ အခြေအနေတစ်ခုကို အခု အလွယ်တစ်ကူ ရယူနိုင်အောင် ဖန်တီးပေးလိုက်ပါပြီ။ ထူးထူး ထွေထွေ လုပ်စရာ မရှိပါဘူး။ ဒီ Feature မှာ ပါတဲ့ Import ဆိုတာ ကိုပဲ ပုံမှန် ကလစ် ပြီး သိမ်းဆည်းပေးရုံနဲ့ ခင်ဗျားရဲ့ လက်ရာတွေ၊ စာကောင်းပေမွန်တွေကို စိတ်ချလက်ချ သိမ်းဆည်းထားလို့ ရစေပါမယ်။ လတ်တလောအားဖြင့် တော့ ဒီ Import သို့ Backup Feature မှာ Template file တွေ၊ Widget တွေ မပါသေးပါဘူး။ မိမိရေးသားခဲ့ သမျှ ပို့စ်တွေနဲ့ မှတ်ချက်တွေ (Comments) တွေပဲ ပါဦးမှာ ဖြစ်ပါတယ်။ [အမှန်တော့ အဓိက ကလည်း ဒါပါပဲဗျာ။ Template က Edit HTML Page ကနေလည်း ဒေါင်းလုဒ် လုပ်လို့ ရနေတာပဲ မဟုတ်လား။ ;) ]
  4. ခင်ဗျားရဲ့ ဘလော့ဂ်ကို တစ်နေရာရာ ပြောင်းချင်ရင် - အခု Blogger in Draft က လက်ရှိပေးထားတဲ့ Export File Type အမျိုးအစား ဟာဆိုရင် Standard Atom XML ဖိုင် အမျိုးအစားဖြစ်ပါတယ်။ အဲဒီ အမျိုးအစား ဖိုင်တိုပ် ကိုပဲ တစ်ခြားသော Blogging Platform တွေမှာလည်း Import လုပ်ဖို့ အတွက် ခွင့်ပြုပေးထားတာကို (အနီးစပ်ဆုံး ဥပမာ ပေးရရင်) WordPress User တွေ သိရှိပြီးသား ဖြစ်မှာပါ။ အဲဒီတော့ လိုရင်းကတော့ ဒီ Export File လေးကို အလွယ်တစ်ကူ ဒေါင်းလုဒ် လုပ် သိမ်းဆည်းနိုင်တဲ့ အတွက် တစ်ချိန်ချိန်မှာ Blogger ကနေ တစ်ခြား Blogging Platform တစ်ခုခုကို ပြောင်းချင်လာပြီ ဆိုရင်တောင် အလွယ်တစ်ကူ ပြောင်းရွှေ့နိုင်တဲ့ အခွင့်အရေး တစ်ခုကို အလိုအလျောက် ရရှိစေပါပြီ။
အထက်ပါ အကြောင်း အရာတို့ ကတော့ ကျွန်တော် လေ့လာမိသမျှ နဲ့ ကျွန်တော့် ယူဆချက်တွေ အရ အထူးအရေးကြီးလို့ သတ်မှတ်ထားတဲ့ Blogger in Draft တစ်ဖြစ်လဲ Blogger.Com ကြီးရဲ့ အဓိက ပြုပြင်ပြောင်း လဲမှု တွေ အကြောင်းပဲ ဖြစ်ပါတယ်။ ဒီ Feature အသစ်တွေကို ရယူ အသုံးပြုနိုင်မှု တွေနဲ့ တင် Blogger.Com ဟာလည်း သူ့ရဲ့ စားသုံးသူတွေကို ဆက်လက် ဆွဲဆောင်ထားဖို့၊ အလွယ်ကူဆုံး Blogging Software တစ်ခု အဖြစ် ဆက်လက် ရပ်တည် နိုင်ဖို့ အပြင်းအထန် အားထုတ်နေတယ် ဆိုတာ သိသာနိုင်ပါတယ်။ Blogger.Com ရဲ့ User ဖြစ်တဲ့ Blogger တွေ အနေနဲ့လည်း ဒီ အသစ်သော၊ လတ်ဆတ်သော၊ အသုံးဝင်သော ရင်ခုန်ဖွယ် Feature တွေ အပေါ်မှာ ၀မ်းမြောက်စွာနဲ့ ကြိုဆိုလျက် ရှိကြမယ် ဆိုတာ မှားနိုင်လိမ့်မယ် လို့ ကျွန်တော် မထင်ပါဘူး။ :D
ဒီနေရာမှာ တစ်ခု ကျွန်တော် ပြောစရာ ရှိတာကတော့ အမှန်တစ်ကယ် အရေး အကြီး ဆုံးလို့ ဆိုနိုင်တဲ့ နောက်ဆုံး Feature ကြီး တစ်ခု အကြောင်း ရေးသားဖို့ ကျန်သေးတယ် ဆိုတာပါပဲ။ ဘာအကြောင်း အရာလဲ ဆိုတော့ ဘလော့ဂါတိုင်းနဲ့ မသိမဖြစ်၊ မသုံးမဖြစ် သုံးနေရပြီး ရင်းနှီးကျွမ်းဝင်နေတဲ့၊ Blogger in Draft က အခု နည်းပညာ အသစ်နဲ့ ထပ်မံထုတ်လုပ် လိုက်ပါတယ် ဆိုတဲ့ Feature အသစ်ပေါင်း မြောက်များစွာ ပါဝင်တဲ့ Post Editor အကြောင်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တစ်ကယ်လို့ ကျွန်တော် အဲဒီ အကြောင်းကို ယခု၊ ဒီနေရာမှာ ဆက် ရေးလိုက်ရင် ၄င်း တစ်ခုနဲ့တင် အပေါ်က ရေးပြီးခဲ့သမျှ စာလုံးရေ နီးပါး၊ ရှင်းလင်းချက်တွေ နီးပါးလောက်နဲ့ ပြန်ရေးရ၊ ရှင်းပြရမှာ ဖြစ်ပြီး စာဖတ်သူတွေ ပျင်းရိငြီးငွေ့ပြီး အိပ်ပျော်ခြင်း အဖြစ်ကို ရောက်သွားမှာ စိုးတဲ့ အတွက် (ကျမ်းလေးအံ့စိုး၍ ပေါ့ဗျာ :D ) ချန်ရစ်ခဲ့ပါတယ်။ နောက်နောင် အကြောင်း တိုက်ဆိုင်လို့ ကြုံကြိုက်တဲ့ အခါ အဲဒီ New Post Editor အကြောင်း ကို ရေးပါဦးမယ်။ ယခုလောလောဆယ်တော့ စိတ်ပါဝင်စားသူတွေ အနေနဲ့ Blogger in Draft က မူရင်းပို့စ် ကိုပဲ သွားရောက် ဖတ်ရှု၊ လေ့လာဝေဖန်၊ သုံးသပ်ပြီး အသုံးပြုတော် မူကြပါလို့ပဲ တိုက်တွန်းလိုက်ပါရစေ.။ :)
နောက် ကျန်ရှိနေသေးတဲ့ SEO အတွက် အရေးပါတဲ့ Web Master Tools များ အကြောင်းတို့ ကိုလည်း စိတ်ပါ ၀င်စားသူများ အနေနဲ့  Blogger in Draft official Blog ရဲ့ မူရင်းဆောင်းပါး များမှာ သွားရောက် လေ့လာ ဖတ်ရှုနိုင်တဲ့ အကြောင်း သတင်းလက်ဆောင် ပါးလိုက်ပါရစေ။ :) 
ကျေးဇူးစကား - ၁၀၀ မြောက် ပို့စ် အတွက် မေတ္တာအားဖြင့် လိုဂိုကူညီ ရေးဆွဲပေးသူ The Unrivaled ဂိုဏ်းမှ ရောင်းရင်းကြီး DanFader အား ကျေးဇူး အထူးတင်ရှိပါကြောင်း။ :D 

ရည်ညွန်းကိုးကား

Read More...
AddThis Social Bookmark Button

ကိုယ်နှစ်သက်တဲ့ Site လေးတွေကို ဒီလိုစောင့်ဖတ်မယ်...  

Contributor: ရန်အောင်

အားလုံးပဲ မင်္ဂလာပါ.

ဒီတစ်ခါမျှဝေချင်တာကတော့ ကိုယ့်ရဲ့ သူငယ်ချင်း (သို့မဟုတ်) ကိုယ်အမြဲဖတ်လေ့ရှိတဲ့ ဘလော့ဂ်လေးတွေ၊ ၀က်ဘ်ဆိုက်လေးတွေမှာ ဘာပို့စ်အသစ်တွေတက်ပြီလဲ၊ ဘယ်တုန်းကတင်လိုက်ပြီလဲ ဆိုတာကို စောင့်ကြည့်လို့ရတဲ့ Widget လေးတစ်ခု အကြောင်းပါ.

ဘာလဲဆိုတာ အရင်ဆုံးသိချင်တယ်ဆိုရင်တော့ ကျွန်တော့်ဘလော့ဂ်ရဲ့ ဆီဘောက်စ်အောက်နားလေးမှာ တင်ထားတဲ့ “Latest News/Posts” ဆိုတာလေးကို ကြည့်လိုက်ပါခင်ဗျာ….

Hack လုပ်ထားတာ မဟုတ်သလို သုံးရတာ ခဲယဉ်းခြင်းလည်း မရှိပါဘူး။ အရမ်းကို လွယ်ကူရိုးရှင်းပါတယ်. ဘာလို့လဲဆိုတော့ ဒီ widget လေးကို Blogger ကိုယ်တိုင်က လုပ်ပေးထားတာမို့ပါ. ယူသုံးရုံပါပဲ. ဒါပေမယ့် မသိသေးသူတွေ ရှိကောင်းရှိနိုင်တာမို့ ကျွန်တော်က လူသိများအောင် လုပ်ပေးလိုက်တယ်လို့ပဲ မှတ်ယူစေချင်ပါတယ်.

ကဲ. ဘယ်လိုလုပ်ရမလဲဆိုတော့ ဒီလိုလုပ်ပါခင်ဗျာ.

Layout>Add a page element ကိုသွားလိုက်ပါ. ဒီလိုလေး ပေါ်လာပါလိမ့်မယ်.



Blog List ဆိုတာလေးကို ရွေးလိုက်ပါ. ဒါမျိုးလေး ထပ်ပေါ်လာပါလိမ့်မယ်.



လက်ကလေးနဲ့ ထောက်ပြထားတဲ့ "Add a blog to your list" ဆိုတာလေးကို ရွေးလိုက်ပါ.



ပေါ်လာတဲ့ ကွက်လပ်ကလေးထဲမှာ ကိုယ်ဖတ်ချင်တဲ့ ဘလော့ဂ် (သို့) ၀က်ဘ်ဆိုက်ရဲ့ URL လင့်ခ်လေးကို ထည့်ပေးလိုက်ရုံပါပဲ.

ဒါဆိုရင် ပြီးပါပြီ. ဟုတ်ကဲ့. အဲသလောက်ကို လွယ်ပါတယ်.

နောက်တစ်ခုသတိထားရမှာကတော့ ကိုယ်က ထည့်ကောင်းကောင်းနဲ့ လင့်ခ်တွေ အများကြီးထည့်နေမိရင် ကိုယ့်ဘလော့ဂ်လေးမှာ ရှုပ်ရှက်ခတ်ကုန်တော့မှာပေါ့. အဲဒီ့တော့ ခုနက Widget လေးမှာပဲ Show ဆိုတဲ့ Drop Down Menu Box လေးကို ဖွင့်ကြည့်လိုက်ပါ. Default ပေးထားတာက All Blogs ပါ. ကျန်တဲ့ ရွေးချယ်စရာ options တွေကတော့ 5 blogs, 10 blogs, 25 blogs တွေပါ. မိမိနှစ်သက်သလို ရွေးချယ်နိုင်ပါတယ်. 5 blogs ကတော့ လုံလောက်ပါတယ်. ကျန်တာတွေကို Show all ခေါက်လိုက်ရင် ပေါ်လာမှာမို့ စိတ်ပူစရာမလိုပါဘူး.



Sort မှာတော့ Alphabetically (အက္ခရာအလိုက်) စဉ်မလား၊ Most Recently Updated (နောက်ဆုံးတင်တဲ့ပို့စ်အလိုက်) စဉ်မလားလို့ မေးထားပါသေးတယ်. Most Recently Updated က ပိုကောင်းပါတယ်. ဒါမှ နောက်ဆုံးတင်လိုက်တဲ့ ပို့စ်လေးတွေကို အလျင်မီအောင် လိုက်ဖတ်လို့ရမှာလေ.

ကဲဗျာ. ဒီတော့ ကျန်တာတွေကို ဥာဏ်ရှိသလို သုံးလို့ရပါတယ်. တစ်ခုတော့ ရှိတယ်နော်. လင့်ခ်ပေးတိုင်း ကောက်ထည့်လို့ရတာမဟုတ်ဘူး. သက်ဆိုင်ရာ ဘလော့ဂ်တွေ၊ ၀က်ဘ်ဆိုက်တွေမှာ RSS ရှိဖို့လိုပါတယ်. မြန်မာဘလော့ဂ်တွေကတော့ လင့်ခ်လေး ကောက်ထည့်လိုက်ရုံနဲ့ ရပါတယ်. တစ်ခြားသတင်းဘလော့ဂ်တွေ (ဥပမာ. CNN, BBC...etc..) တွေကိုတော့ သူတို့ပေးထားတဲ့ RSS Link လေးကို လိုက်ရှာပြီးမှ ထည့်လို့ အဆင်ပြေပါမယ်. Feedburner နဲ့ RSS တွေ အကြောင်းကို ကျွန်တော်နောက်တစ်ခေါက် အကျယ်ချဲ့ပြီး ထပ်ဆွေးနွေးပေးပါဦးမယ်.

ကဲ. ဘယ်သူတွေ ဘာတွေရေးနေကြတယ်ဆိုတာကို မျက်ခြည်မပြတ် စောင့်ဆိုင်း ဖတ်ရှုလေ့လာနိုင်ကြပါစေဗျား....

အားလုံးကို ချစ်ခင်လေးစားလျက်

ရန်အောင်

Read More...
AddThis Social Bookmark Button

ဘလော့ဂ်ပို့စ်လေးများတွင် Footnote ထည့်နည်း  

Contributor: ရန်အောင်



ဒါကတော့ ဒီပို့စ်လေးရဲ့ အနှစ်ချုပ်ပါ. နောက်နောင် မေ့သွားလို့ ပြန်ကြည့်ချင်တယ်ဆိုရင် အချိန်မကုန်ဘဲ လွယ်လွယ်ကူကူ ပြန်ရှာတွေ့နိုင်အောင်လို့ ပို့စ်လေးရဲ့ ထိပ်ဆုံးမှာ တင်ပေးထားတာပါ. အောက်မှာ အသေးစိတ်ရှင်းလင်းချက် ပါပါတယ်ခင်ဗျာ.

Recap:

၁. ကိုယ်ချိတ်ချင်တဲ့ footnote နေရာလေးနားရောက်ရင် ဒီလိုရေးရပါမယ်.

<sup><strong><a href='#your footnote name'>your footnote symbol</a></strong></sup>

၂. ရှင်းလင်းချက်ကို ပို့စ်ရဲ့အောက်ဆုံးမှာ ဒီလိုလေးရေးပေးခဲ့ရပါမယ်.

<a name="your footnote name"><strong>your footnote symbol</strong></a> : your explanation goes here.... blah blah blah....



အားလုံးပဲ မင်္ဂလာပါခင်ဗျာ.

ဒီတစ်ခါတော့ အရမ်းကို အသုံးဝင်မယ့် Hacks လေးတစ်ခု အကြောင်း ပြန်လည် ဝေမျှချင်ပါတယ်. ဒီ Hack လေးကို ကျွန်တော်လိုချင်နေခဲ့တာ ကြာပါပြီ. ခုမှပဲ ရှာတွေ့တော့တယ်. တွေ့တွေ့ချင်းပဲ ဒီစာကို ကောက်ရေးဖြစ်တယ်ဗျာ…

ဘာလဲဆိုတော့ မိမိရဲ့ ပို့စ်လေးတွေမှာ Footnote လေးတွေ တပ်တာပါ.

Footnote ဆိုတာလေးတွေကို သိသူတွေ ရှိသလို မသိသူတွေလည်း ရှိကြမှာပါ. အကြမ်းဖျင်းပဲ ပြောပြပါမယ်.

Footnote ဆိုတာ ကျွန်တော်တို့ ရေးသားလိုက်တဲ့ ဆောင်းပါးစာစုလေးတွေထဲမှာ ပါနေတဲ့ ဝေါဟာရ တစ်ခုခုကို အသေးစိတ်ပြန်လည် ရှင်းပြဖို့ တေးမှတ်ထားတဲ့ အမှတ်အသားလေးတွေပါ. စာဖတ်သူက အဲဒီ့ အမှတ်အသားလေးအတိုင်း လိုက်ပြီး အကျယ်တ၀င့် ရှင်းလင်းချက်ကို ရှာဖွေဖတ်ရှု နားလည်နိုင်ပါတယ်.

ပုံမှန် စာအုပ်တစ်အုပ်ကို ဖတ်နေသူဆိုရင်တော့ Footnote ပြထားတဲ့ အမှတ်အသားလေးအတိုင်း လိုက်ရှာပြီးတော့ အကျယ်တ၀င့် ရှင်းလင်းချက်ကို ဖတ်ရှုရပါတယ်.

ကွန်ပြူတာစနစ်မှာကျတော့ အဲဒီ့ Footnote အမှတ်အသားလေးကို Click လုပ်လိုက်တာနဲ့ သက်ဆိုင်ရာ ရှင်းလင်းချက်ကို တန်းရောက်သွားအောင် လုပ်ထားနိုင်ပါတယ်.

ဟုတ်ပါတယ်. ကျွန်တော်အခု ဆွေးနွေးပေးမယ့် Footnote လေးတွေဟာလည်း အဲဒီ့လို Feature တွေ ပါနေမှာပါ.

ဘာလဲဆိုတာ ဆက်မသွားခင် နည်းနည်းသဘောပေါက်သွားအောင် ဥပမာလေးနဲ့ ဆွေးနွေးချင်ပါတယ်.

FootNote ဆိုတဲ့နောက်က နံပါတ် ၁ လေးကို click ခေါက်လိုက်ပါ. ဘာဖြစ်သွားမလဲ…

အခု ခင်ဗျားဖတ်နေတဲ့ ပို့စ်လေးရဲ့ နောက်ဆုံးကို ရောက်သွားမှာဖြစ်ပြီး Footnote ဆိုတာလေးရဲ့ အဓိပ္ပါယ်ကို အင်္ဂလိပ်လို ရှင်းပြထားတာလေးကို ညွှန်ပြနေတာ သတိထားမိလိုက်ပါလိမ့်မယ်.

အဲဒါပါပဲ ခင်ဗျာ. ကိုယ်ရေးမယ့် ဆောင်းပါး၊ ပို့စ်၊ သတင်းစတာလေးတွေထဲမှာ ဘယ်လိုဘယ်ပုံ သုံးမယ်ဆိုတာကတော့ ဥာဏ်ရှိသလို စဉ်းစားအသုံးချနိုင်ပါတယ်.

ကဲ. ဘယ်လိုလုပ်ရမလဲဆိုတာ မပြောခင် နောက်ပြန် စဉ်းစားလိုက်ကြရအောင်.

အဲဒီ့လို ကိုယ်ပြောပြချင်တဲ့ အကြောင်းအရာလေးကို နံပါတ်လေး တပ်ပေးလိုက်ရုံနဲ့ ပို့စ်လေးရဲ့အောက်ကို အလိုလိုရောက်သွားမယ်ဆိုတာ ကြားထဲမှာ တစ်ခုခုတော့ လုပ်ထားရမှာပေါ့. မဟုတ်ဘူးလား…

ဘယ်လိုချိတ်ဆက်ထားကြမလဲဆိုတာ ဆက်ကြည့်လိုက်ရအောင်… ကျွန်တော် နှစ်ပိုင်းခွဲပြီး ဆွေးနွေးသွားပါမယ်. Footnote လေးတွေကို ရေးပုံရေးနည်းကို အရင်ဆုံး ရှင်းပြပေးပါမယ်. ပြီးရင်တော့ မိမိရဲ့ ရှင်းလင်းချက်လေးတွေနဲ့ Footnote လေးတွေကို ချိတ်ဆက်ပုံ ချိတ်ဆက်နည်းကို ဆက်လက်တင်ပြပေးသွားပါမယ်.

Footnote များ ချိတ်ဆက်ပုံကို ပို့စ်ထဲတွင် ရေးနည်း

ပထမဦးဆုံး Footnote လေးကို ချိတ်ချင်ရင် ပို့စ်ထဲမှာ ဘယ်လိုရေးပေးရတယ် ဆိုတာကစပြီး ဆွေးနွေးလိုပါတယ်.

ပုံမှန်အတိုင်း စာရိုက်သွားပါတယ်. Footnote ဆိုတဲ့ စကားလုံးလေးနားကို ရောက်လာပါပြီ. ကျွန်တော် ဒီလိုရိုက်ပါတယ်.

FootNote<sup><strong><a href='#footnote'>၁</a></strong></sup> ဆိုတဲ့နောက်က နံပါတ် ၁ လေးကို click ခေါက်လိုက်ပါ. ဘာဖြစ်သွားမလဲ…

အဲလိုရိုက်လိုက်ရင် ဒီလိုလေး ပေါ်လာပါလိမ့်မယ်.

FootNote ဆိုတဲ့နောက်က နံပါတ် ၁ လေးကို click ခေါက်လိုက်ပါ. ဘာဖြစ်သွားမလဲ…


အဲဒါက ပထမအဆင့် လုပ်ရမယ့်နေရာပါ. အထဲက ကုဒ်ဒင်းလေးတွေကို ထပ်ရှင်းပြပါမယ်.

<sup> ဆိုတာက စာလုံးလေးကို အပေါ်ကို မြှင့်တင်ပစ်လိုက်ချင်လို့ Superscript tag လေးကို ခေါ်သုံးထားတာပါ. မြင်တဲ့အတိုင်းပဲလေ. နံပါတ် (၁) ဆိုတဲ့ စာလုံးလေးဟာ ပုံမှန် အက္ခရာတွေနဲ့ တပြေးညီတည်းမှာ ရှိမနေဘဲ အပေါ်ကို ရောက်နေတာတွေ့ရပါလိမ့်မယ်.

<strong> ဆိုတဲ့ Tag လေးကတော့ <bold> tag လေးနဲ့ တူတူပါပဲ. အက္ခရာလေးကို ပိုပြီး ထင်ရှားအောင် highlight လုပ်ပေးထားတာပါ.

<a href='#footnote'>၁</a> ဆိုတာလေးကတော့ လင့်ခ်ချိတ်ထားတာပါ. Anchor Tag လေးလို့လည်း ခေါ်နိုင်ပါတယ်. # သင်္ကေတလေးနောက်မှာ သက်ဆိုင်ရာနာမည်ကို ကိုယ်ကြိုက်သလို ပေးခဲ့လို့ရပါတယ် ခင်ဗျာ. ပြီးရင်တော့ Footnote နာမည်လေးပေါ့. ကျွန်တော်ကတော့ ခပ်လွယ်လွယ် နံပါတ် ၁. လေးကို ပေးထားခဲ့တယ်. တကယ့်လက်တွေ့မှာတော့ မိမိကြိုက်နှစ်သက်ရာ သင်္ကေတလေးတွေကို စိတ်ကြိုက် လွတ်လွတ်လပ်လပ် ထည့်သွင်းလို့ရပါတယ်.

နောက်ကပါတဲ့ </a></strong></sup> ဆိုတာလေးတွေကတော့ အရှေ့က Tag လေးတွေကို ပြန်ပိတ်ပေးထားတဲ့ Closing Tag လေးတွေပါပဲ.

ကဲ. ဒီလောက်ဆို ကုဒ်ဒင်းလေးရဲ့ သဘောသဘာဝကို နားလည်သွားပြီပေါ့နော်. မိမိရဲ့ Footnote လေးကို ကာလာတွေဘာတွေ ထည့်ချင်တယ်ဆိုရင်လည်း ထည့်နိုင်ပါသေးတယ်. အရုပ်လေးတွေ၊ Flash ပုံလေးတွေ ထည့်ပြီး လင့်ခ်ချိတ်ဦးမလား. ရပါတယ်. အခု ကျွန်တော်ဆွေးနွေးခဲ့တဲ့ နေရာလေးမှာပဲ စိတ်ကြိုက်ထည့်သွင်းလို့ရပါတယ် ခင်ဗျာ.

အဲဒါက လင့်ခ်ချိတ်ပုံကို ကိုယ့်ရဲ့ ပို့စ်လေးတွေထဲမှာ ဘယ်လိုရေးသားရတယ် ဆိုတာကို ပြောထားတာပါ. ဒုတိယအဆင့်အနေနဲ့ ကိုယ့်ရဲ့ ရှင်းလင်းချက်နဲ့ ပြန်ပြီး ချိတ်ဆက်ပေးရပါမယ်.

Footnote များကို သက်ဆိုင်ရာရှင်းလင်းချက်များနှင့် ချိတ်ဆက်ပုံ

ကဲ. ကျွန်တော်တို့ရဲ့ ဆောင်းပါးလေးတွေ၊ ပို့စ်လေးတွေထဲမှာ Footnote လေးတွေကိုတော့ ညွန်းပြခဲ့ပြီးပြီနော်. အခု ကျွန်တော်တို့ရဲ့ footnote လေးတွေကို မိမိရှင်းလင်းချက်လေးတွေနဲ့ ချိတ်ဆက်ပေးရပါတော့မယ်. အရမ်းလွယ်ပါတယ်. ဒီမှာကြည့်ပါခင်ဗျာ.

အပေါ်က Footnote လေးကို ပြန်ခေါ်ပြီး ရေးပါမယ်. ဒီတစ်ခါကျတော့ အပေါ်ကလို ရှည်လျားထွေပြားရှင်းနေစရာ မလိုတော့ပါဘူး.

အိုကေ. ကျွန်တော် စာတွေ ရေးသွားတယ်. ရေးတယ် ရေးတယ်. ဟော. footnote ချိတ်ရမယ့် နေရာရောက်လာပြီ. ဒီလိုလေး ရေးပါတယ်.

FootNote<sup><strong><a href='#footnote'>၁</a></strong></sup> ဆိုတဲ့နောက်က နံပါတ် ၁ လေးကို click ခေါက်လိုက်ပါ. ဘာဖြစ်သွားမလဲ…

ရတယ်နော်. အဲဒီလို လုပ်ပေးပြီးတာနဲ့ တပြိုင်နက် ကျွန်တော်ရေးမယ့် ပို့စ်ရဲ့ အောက်ဆုံးမှာ ကျွန်တော့်မောက်စ်ရဲ့ cursor လေးကို ထားလိုက်ပါတယ်. ရှင်းလင်းချက်ကို အောက်ဆုံးမှာ ထားမှာမို့လို့ပါ. ဘာလို့ထားလဲဆိုတာ သိပ်ပြီး ခေါင်းကိုက်ခံစဉ်းစားမနေပါနဲ့ဦး.

အောက်ဆုံးကိုရောက်ရင် ဒီလိုရေးပါမယ်.

<a name='footnote'><strong>၁. FootNote</strong></a> : A Footnote is an explanatory note at the bottom of the page in a book which refers to a point in the text using a symbol like an asterisk or a number. When reading the page if you come upon such a symbol your gaze is automatically diverted to the foot of the page for the detailed explanation.

အဲဒါဆိုရင် ကျွန်တော်တို့ရဲ့ Footnote ချိတ်ဆက်ပုံ ချိတ်ဆက်နည်း ပြီးဆုံးပါပြီ ခင်ဗျာ.

ရှင်းလင်းချက် ရှည်လျားသွားလို့ မမှတ်မိမှာစိုးရင် ဒါလေးကို စိတ်ထဲမှာ ထည့်ထားပါ.

Recap:

၁. ကိုယ်ချိတ်ချင်တဲ့ footnote နေရာလေးနားရောက်ရင် ဒီလိုရေးရပါမယ်.

<sup><strong><a href='#your footnote name'>your footnote symbol</a></strong></sup>

၂. ရှင်းလင်းချက်ကို ပို့စ်ရဲ့အောက်ဆုံးမှာ ဒီလိုလေးရေးပေးခဲ့ရပါမယ်.

<a name="your footnote name"><strong>your footnote symbol</strong></a> : your explanation goes here.... blah blah blah....

၃. အထူးသတိပြုရမှာကတော့ အနီရောင်ပြထားတဲ့ နေရာလေးနှစ်ခုဟာ နာမည်တူရပါမယ်. ဒါမှလည်းပဲ အချင်းချင်း ပြန်ပြီး မှတ်မိမှာပေါ့ဗျာ. မဟုတ်ဘူးလား. အပေါ်မှာ လင့်ခ်ချိတ်ထားခဲ့တုန်းက နာမည်ပေးခဲ့တာတစ်ခု. အောက်ကရှင်းလင်းချက်မှာ နာမည်တစ်ခုဆိုရင် ဘယ်လိုလုပ်ပြီး recognize ဖြစ်တော့မှာလဲ. Right?

ဒါပါပဲ.

နောက်ထပ်ဥပမာလေးကို ကြည့်ပါ.

“စစ်နည်းဗျူဟာ ဘယ်လိုသာလည်း
စွဲကိုင်လက်နက် ဘယ်လိုထက်လည်း
ပြည်သူ့နှလုံး မသိမ်းကြုံးလျှင်၊
ပြည်သူ့စွမ်းအား မကိုးစားလျှင်
ဓားသွားလည်းကြွေ၊ လှံလည်းခွေအံ့”۩

အဲဒီ့မှာ ဆိုတဲ့ အပိတ်မျက်တောင်လေးနောက်က ۩ လေးကို နှိပ်လိုက်ရင် ဒီကဗျာလေးကို ဘယ်သူကရေးတယ်. ဘာရည်ရွယ်ချက်နဲ့ ရေးခဲ့တယ် ဆိုတဲ့ ရှင်းလင်းချက်လေး ရှိတဲ့နေရာဆီကို ရောက်သွားပါလိမ့်မယ်.

ဘယ်လိုလုပ်ခဲ့လဲဆိုတော့ အပိတ်မျက်တောင်လေးနောက်မှာ
<sup><strong><a href='#letwaisonenaya'>۩</a></strong></sup> ဆိုပြီး ကုဒ်ဒင်းလေး ထည့်ပေးခဲ့ပါတယ်.

ပြီးတော့ မိမိပို့စ်ရဲ့ ဟိုးအောက်ဆုံးမှာ သက်ဆိုင်ရာ ရှင်းလင်းချက်ကို ရေးပါတယ်. အပေါ်က မူရင်းစာပိုဒ်မှာ “letwaisonenaya” လို့ နာမည်ပေးထားခဲ့ပါတယ်. ဒါကြောင့် အခု ကျွန်တော်ပြန်ချိတ်မယ့် လင့်ခ်လေးကိုလည်း အဲဒီ့နာမည်လေးပဲ ပြန်ပေးပါမယ်.

ပြီးသွားတာနဲ့ ပို့စ်လေးရဲ့ အောက်ဆုံးကိုသွားလိုက်ပါတယ်. ရှင်းလင်းချက်ကို ဒီလိုလေး ရေးပေးလိုက်ပါတယ်.

<a name='letwaisonenaya'><strong>۩</strong></a> : အဲဒီ့ကဗျာလေးကို လက်ဝဲသုန္ဒရ အမတ်ကြီးက ရေးခဲ့တာပါ. အဓိပ္ပါယ်ကတော့ တပ်မတော်တစ်ခုဟာ ဘယ်လောက်ပဲ လက်နက်အင်အားကောင်းကောင်း ပြည်သူလူထုရဲ့ ထောက်ခံမှုမရှိရင် ဂုဏ်သိက္ခာရှိတဲ့ တပ်မတော်တစ်ခု ဖြစ်မလာနိုင်ဘူး။ သူတို့ရဲ့ ဓားသွားများဟာလည်း ထက်သင့်သလောက် မထက်နိုင်ဘူး။ လှံများဟာလည်း စွမ်းသင့်သလောက် မစွမ်းနိုင်ဘူး။ တပ်မတော်ရဲ့အင်အားဟာ စွမ်းရည်ရှိဖို့ဆိုရင် ပြည်သူလူထုရဲ့ ထောက်ခံမှုလိုပါတယ်လို့ ဆိုလိုချင်တာ ဖြစ်ပါတယ်.

letwaisonenaya ဆိုတဲ့ Footnote နာမည်လေးနှစ်ခု လာကိုက်ညီရတာကို သတိထားမိကြမယ် ထင်ပါတယ်.

ကဲ. ဒီလောက်ဆို သဘောပေါက်လောက်ကြပြီ ထင်ပါတယ်ဗျာ.

ဒီ Hack လေးကို ဘလော့ဂ်တွေအတွက်သာမက ၀က်ဘ်ဆိုက်ဆောင်းပါးများမှာလည်း ဥာဏ်ရှိသလို အသုံးပြုနိုင်ပါတယ်.

ဆက်လက်ပြီး စူးစမ်းလေ့လာရင်း ပညာရပ်ဆိုင်ရာ ဆောင်းပါးလေးတွေကို ပရော်ဖက်ရှင်နယ် ဆန်ဆန် ရေးသားပြုစု တင်ပြနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်.

အားလုံးကို ချစ်ခင်လေးစားလျက်

ရန်အောင်


၁. FootNote : A Footnote is an explanatory note at the bottom of the page in a book which refers to a point in the text using a symbol like an asterisk or a number. When reading the page if you come upon such a symbol your gaze is automatically diverted to the foot of the page for the detailed explanation.

۩ : အဲဒီ့ကဗျာလေးကို လက်ဝဲသုန္ဒရ အမတ်ကြီးက ရေးခဲ့တာပါ. အဓိပ္ပါယ်ကတော့ တပ်မတော်တစ်ခုဟာ ဘယ်လောက်ပဲ လက်နက်အင်အားကောင်းကောင်း ပြည်သူလူထုရဲ့ ထောက်ခံမှုမရှိရင် ဂုဏ်သိက္ခာရှိတဲ့ တပ်မတော်တစ်ခု ဖြစ်မလာနိုင်ဘူး။ သူတို့ရဲ့ ဓားသွားများဟာလည်း ထက်သင့်သလောက် မထက်နိုင်ဘူး။ လှံများဟာလည်း စွမ်းသင့်သလောက် မစွမ်းနိုင်ဘူး။ တပ်မတော်ရဲ့အင်အားဟာ စွမ်းရည်ရှိဖို့ဆိုရင် ပြည်သူလူထုရဲ့ ထောက်ခံမှုလိုပါတယ်လို့ ဆိုလိုချင်တာ ဖြစ်ပါတယ်.



Acknowledgement:

ဒီနေရာက ပို့စ်လေးကို သင့်တော်အောင် ဘာသာပြန်ဆို ဖြည့်စွက်ရေးသားထားတာ ဖြစ်ပါတယ် ခင်ဗျာ.

Read More...
AddThis Social Bookmark Button

Firefox 3 News and 5 Essential Plugins  

Contributor: MhawSayar

Firefox 3 News

Firefox 3 NewsFirefox 3 ကတော့ အားလုံး သိတဲ့ အတိုင်းပဲ တစ်ရက်အတွင်း စံချိန်တင် ဒေါင်းလုဒ် ဆွဲမှု အကြိမ်ရေ ၁၄-သန်းကျော် နဲ့ Guinness ကမ္ဘာ့ မှတ်တမ်း စံချိန်ဝင် ဖို့ အတွက် Review အလုပ်ခံနေပါတယ်။ Mozilla ရဲ့ အပြော အရတော့ အရင်က စံချိန်တင် ရှိခဲ့တဲ့ တစ်ရက်အတွင်း ဒေါင်းလုဒ် ဆွဲချမှု အကြိမ်ရေ ၈-သန်းနဲ့ စာရင် အခုတစ်ကြိမ်က အများကြီး ပိုပါတယ်တဲ့။ အဲဒီအတွက် Firefox 3 အနေနဲ့ Guinness စံချိန် ရမရ ဆိုတာတော့ ဆက်လက် စောင့်ကြည့်ဖို့သာ ရှိသေးပါကြောင်း။

နောက်. အဲဒီ Firefox 3 Download Day 2008 နဲ့ ပတ်သက်လို့ Mozilla က ဒေါင်းလုဒ် ဆွဲသူတိုင်းကို အမှတ်တရ Guinness World Record Certificate ဆိုပြီး ပေးနေတာရှိပါတယ်။ အဲဒီ Certificate လိုချင်သူများ အောက်ပါ လင့်ခ်မှာ သွားရောက်လို့ မိမိနာမည် ကို ရိုက်ထည့်ကာ သွားယောက် ယူငင်နိုင်ပါပြီ။

Print Your Guinness World Record Certificate for Firefox 3

ဘာပဲ ဖြစ်ဖြစ် Firefox 3 ကတော့ လွန်ခဲ့ တဲ့ March လ၊ ၅ ရက် နေ့က စတင် ထွက်ရှိခဲ့တဲ့ Microsoft ရဲ့ IE 8 (Internet Explore 8 ) နဲ့စာရင် နှိုင်းယှဉ်စရာ မလိုလောက်အောင်ကို ကျော်ကြားမှု မှာရော၊ အသုံးပြုသူ အရေအတွက် မှာပါ သိသာ ထင်ရှားစွာ သာလွန်ခဲ့ တာကို တွေ့ရမှာပါ။ လက်ရှိ ပုံစံအတိုင်းသာ ဆက်လက် ချီတက်သွားမယ် ဆိုရင်တော့ Microsoft အနေနဲ့ Browser War မှာ အကြီးအကျယ် ထပ်မံ ရှုံးနိမ့်မှု တွေနဲ့ ရင်ဆိုင်ရပြီး ငွေရှင် ကြေးရှင်တွေ ထုံးစံအတိုင်း နောက်ဆုံး Mozilla Community ကြီး တစ်ခုလုံး နှင့် Firefox Browser ကို ငွေနဲ့ ပေါက် ၀ယ်ရမယ့် ကိန်းတွေ ဖြစ်လာနိုင်တယ် လို့ ယူဆမိပါတယ်။

Firefox 3 နဲ့ ပတ်သက်တဲ့ သတင်းစုံ ဖတ်ချင်သေးတယ် ဆိုရင်တော့ အောက်ပါလင့်ခ်ကို ဆက်ကြွပါ။

All about Firefox 3 News

5 Essential Plugins For Firefox 3

The 5 Essential Plugins of Firefox 3

ဒါကတော့ ကျွန်တော် ဂျီဟက်ခ် က ရတဲ့ သတင်းလေး တစ်ပုဒ် အပေါ် အခြေခံပြီး ကျွန်တော့် ယူဆချက်၊ တွေ့ရှိချက်တွေ နဲ့ထပ်မံ မွမ်းမံ ရေးသား ထားခြင်း ဖြစ်ပါတယ်။ အဓိက အနေနဲ့ ကတော့ Firefox အတွက် Plugins တွေ၊ Addons တွေ မြောက်များစွာ ရှိတဲ့ အနက်မှ စားသုံးသူတို့ အတွက် နည်းငယ်မျှဖြစ်စေ ရွေးချယ်စဉ်းစား နိုင်ပါစေကြောင်း ရည်ညွန်းချက် ပေးလိုရင်းပါ။ ဂျီဟက်ခ် ရဲ့ အလိုရော ကျွန်တော့် အလိုပါ နှစ်ခုလုံး ပါပါတယ်။ (ဤကား စကားချပ်) :D

၁။ Google Toolbar Plugin For Firefox : နံပါတ်တစ် ကျွန်တော့် Favourite အဖြစ်ဆုံး Plugin ဖြစ်ပါတယ်။ ဘာကြောင့် ကြိုက်ရတယ် ဆိုတာကို ကျွန်တော် Firefox 3 RC 1,2 ဆောင်းပါး တုန်းက ရေးသားခဲ့ပြီးပါပြီ။ အခု ထပ်မံဖော်ပြပါ့မယ်။

အဓိကအားဖြင့်တော့ Google Toolbar Addon ပါ။ သူ့ကို ကျွန်တော် အဓိက ကြိုက်ရတဲ့ အကြောင်းအရင်း တစ်ခုကတော့ Website တွေကို Bookmark လုပ်တဲ့ Feature ပါပဲ။ Google Toolbar မှာ ပါတဲ့ Bookmark Feature နဲ့ Bookmark လုပ်ထားခြင်းအားဖြင့် ခင်ဗျားရဲ့ Bookmark တွေဟာ မူလ မီးမြေခွေးမှာပါတဲ့ Bookmark တွေလို ကိုယ့်စက်မှာ၊ ဒါမမဟုတ် ကိုယ့်စက်မဟုတ်တဲ့ စက်တစ်ခုကို သုံးစွဲနေတုန်းမှာ ကိုယ်ပြန်ရှာချင်တဲ့ ကိုယ်မှတ်သားထားတဲ့ ဆိုဒ်တွေကို အလွယ်တစ်ကူ ပြန်ရှာမရဖြစ်တတ်တဲ့ ဒုက္ခက လွတ်ကင်းစေပါတယ်။ ဘာလို့လည်း ဆိုတော့ Google Toolbar ကတစ်ဆင့်မှတ်တဲ့ Bookmark တွေကို မိမိ ရဲ့ Google Acoount ထဲမှာ၊ အွန်လိုင်းပေါ်မှာ သွားမှတ်ထားတာ ဖြစ်လို့ပါပဲ။ အဲဒီတော့ ဘယ်နေရာရောက်ရောက်၊ ဘယ်မှာပဲ အင်တာနက်သုံးသုံး၊ Google Toolbar လေးကို Download လုပ်ပြီးသကာလ မိမိ Bookmark တွေမှတ်သားထားတဲ့ Google Acoount နဲ့ Toolbar ညာဘက်အစွန်ဆုံးက Sign in ကိုဝင်ပြီး အသုံးပြုလိုက်မယ် ဆိုရင်ပဲ ပြဿနာတွေ တော်တော်များများ ပြေလည်သွားပါပြီ။

တစ်ကယ်လည်း Bookmark Folder ဆိုတာ အင်တာနက် လောကရဲ့ ရတနာ တစ်ပါးပဲ မဟုတ်ဘူးလားဗျာ။ ဒီ Toolbar လေးရှိတော့ ကိုယ်သွားလေရာကို ကိုယ့်ရတနာတွေ သယ်သယ်သွားနေစရာ မလိုတော့ဘူးပေါ့ဗျာ.. မေ့ကျန်ခဲ့မှာလည်း မစိုးရိမ်ရတော့ဘူးပေါ့..

နောက် တစ်ခု ထပ်မံ ဖြည့်စွက်လိုတာကတော့ PR လို့ အတိုကောက် ခေါ်တဲ့ Page Rank Checker လေး အကြောင်းပါ။ ၀ဘ်ဆိုဒ်တစ်ခုကို ၀င်ပြီဆိုတာနဲ့ ကျွန်တော် ရဲ့ အကျင့်တစ်ခုကတော့ Google Toolbar မှာ ပါတဲ့ Page Rank Checker လေးနဲ့ အဲဒီ ၀ဘ်စာမျက်နှာရဲ့ အဆင့်အတန်းကို လှမ်းအကဲ ခတ်လိုက်တာပါပဲ။ သာမန်လား၊ သိမ်းထားသင့်တဲ့ ၀ဘ်ပေ့ခ်ျလား၊ Subscribe လုပ်ထားရမယ့် ၀ဘ်ပေ့ခ်ျလား ဆိုတာ အဲဒီ PR ကိုကြည့်လိုက်တာနဲ့ တစ်ထိုင်တည်း ဆုံးဖြတ်နိုင်စေပါတယ်။

PR ရဲ့ သဘောသဘာဝကို အကျဉ်းဆုံး ရှင်းရမယ် ဆိုရင်တော့ လူတစ်ယောက်၊ ကားတစ်စီး၊ အိမ်တစ်လုံး.. ဘယ်အရာ မဆိုပါပဲ။ လူတိုင်းက တစ်စုံတစ်ခုကို အကဲဖြတ်ပြီ ဆိုရင် အဲဒီ အရာ အတွက် စံနှုန်း တစ်ခုနဲ့ တိုင်းတာ တတ်ကြပါတယ်။ ကားဆိုရင်လည်း ဆီစား သက်သာတာ၊ ၁ နာရီကို မိုင်ဘယ်လောက် အမြန်နှုန်း နဲ့ မောင်းနှင် နိုင်တာ စတဲ့ အချက်တွေနဲ့ တိုင်းတာသလိုပဲ ၀ဘ်ဆိုဒ် တစ်ခုရဲ့ အဆင့်အတန်း၊ ကျော်ကြားမှု၊ သူ့ရဲ့ အရေးပါမှု အခြေအနေကို ဒီ Page Rank (PR) လေးက ဖော်ပြပါတယ်။ အခြေခံအားဖြင့် ၀ဘ်စာမျက်နှာ တစ်ခုရဲ့ PR အဆင့်အတန်းကို တစ်ရက်အတွင်း လာရောက် လည်ပတ်သူ အရေအတွက်၊ ၎င်း ကွန်ယက်အား Subscriber ပြုလုပ်ထားသူ အရေ အတွက်၊ Search Enging ကြီးတွေမှာ ရှာဖွေတွေ့ရှိနိုင်မှု၊ ထိုဝဘ်စာမျက်နှာ နှင့်တကွ ကွန်ယက် အတွင်းရှိ စာမျက်နှာများကို အခြား ၀ဘ်စာမျက်နှာ နှင့် ကွန်ယက်တွေမှာ လင့်ခ်ပြန်ပေးထားမှု အရေအတွက် (Refback, TrackBack, PingBack) စတာတွေနဲ့ တိုင်းတာ သတ်မှတ်ပါတယ်။

Google ရဲ့ PR (Page Rank) သတ်မှတ်ချက်၊ တိုင်းတာချက် အလုပ်လုပ်ပုံတွေ နဲ့ ပတ်သက်လို့ အကျယ် တစ်ဝင့် ဖတ်ရှု လေ့လာလိုတယ် ဆိုရင်တော့ ဒီနေရာ ကို ကြွပြီး ဖတ်ရှု လေ့လာ နိုင်ပါတယ်။

Google Toolbar နဲ့ ပတ်သက်လို့ ကျွန်တော် မရှိမဖြစ် သတ်မှတ်သုံးစွဲတဲ့ Major Function တွေကို ရှင်းပြခဲ့ပြီးပါပြီ။ နောက်ထပ်လည်း အရေးပါတဲ့ Function တွေက ရှိနေဆဲပါ။ Auto Translation, Blog Search Engine စတဲ့ မြောက်များ လှစွာသော အသုံးဝင် Features တွေကို တော့ ကိုယ်တိုင် ကိုယ်ကျပဲ လက်တွေ့ လေ့လာ စမ်းသပ်ပြီး ယူငင်သုံးစွဲတော် မူကြပါလို့ တိုက်တွန်းလိုက်ပါရစေ။

Download Google Toolbar For Firefox

၂) Web Developer Toolbar - ဒုတိယ မြောက် ကျွန်တော် မရှိမဖြစ်သုံးတဲ့ Plugin တစ်ခုပါ။ အင်တာနက် ဆိုတာ လူသား အချင်းချင်း ပညာတွေကို လွတ်လပ်စွာ မျှဝေတဲ့၊ ဖလှယ်တဲ့ နေရာတစ်ခုပါ။ ကိုယ့် ဒီဇိုင်း၊ သူ့ဒီဇိုင်း ဆိုတာတွေဟာ လေ့လာလို့ မကုန်နိုင်ဖွယ် မြောက်များလှစွာပဲ။ အဲဒီ ဦးခေါင်းအမျိုးမျိုးက ထွက်လာတဲ့ အင်တာနက် ၀ဘ်ဒီဇိုင်း အနုပညာ အမျိုးမျိုး ကို လေ့လာဖို့၊ ဆည်းပူးဖို့၊ သင်ယူဖို့၊ အတုယူဖို့ ကြိုးစားတဲ့ နေရာမှာ ဒီ Toolbar လေးက အဓိက အခန်းကဏ္ဍက ပါဝင်ပါတယ်။ Web Developer တွေ ဆိုရင်လည်း ကိုယ့်ဒီဇိုင်း မှန်မမှန်နဲ့ အမှားရှာ ပြုပြင်ဖို့ အတွက် ဒီ Toolbar လေးရှိရုံနဲ့ အကြီးအကျယ် လုံလောက်တာ သေချာပါတယ်။

Download Web Dev Tolbar For Firefox

၃) Adblock Plus - ဂျီဟက်ခ် ရဲ့ နံပါတ် (၁) Recommend Plugin ဖြစ်ပါတယ်။ ကိုယ် ယုံကြည်တဲ့ ဆိုဒ်တွေကို ချန်ထားလို့ အလိုမရှိတဲ့ ဆိုဒ်တွေက အော်တိုမက်တစ် တက်တက်လာတဲ့ Advertisements တွေကို Block လုပ်ပေးနိုင်တယ်လို့ သိရပါတယ်။ မျက်စိနောက်တာ၊ စိတ်ရှုပ်တာ သက်သာချင်သူများ ရော သာမန်သုံးစွဲသူတွေပါ အထူးသုံးသင့်တဲ့ Plugin တစ်ခုပါပဲ။ တစ်ချို့ Ads တွေက အတော့်ကို စိတ်ပျက်စရာ ကောင်းလောက် အောင် အနှောင့် အယှက်ပေးတာ တစ်ခါလောက် ကြုံဖူးရင် ခင်ဗျားလည်း ဒီ Plugin ကို သုံးဖြစ်ဖို့ သေချာသလောက် ရှိပါပြီ။ :P

၎) No Script- Internet ပေါ်မှာ ၀ဘ်ဆိုဒ်တွေ၊ ဒေတာတွေကို Hacking လုပ်တယ်ဆိုတာ များသော အားဖြင့် ဒီ Script တွေနဲ့ ပြုလုပ်ထားကြတာဖြစ်ပါတယ်။ တစ်ခါတစ်လေ ဒီစာဖတ်နေတဲ့ လူကြီးမင်းတို့ တစ်ချို့ ၀ဘ်ပေ့ခ်ျတွေမှာ Right Click လုပ်မရအောင် လုပ်ထားတာ မျိုး ကြုံဖူးကြပါလိမ့်မယ်။ အဲဒီလို အခြေခံ Hack လေးတွေက အစ နောက်ဆုံး ကိုယ့်ရဲ့ ဒေတာတွေ (Credit Card No, Phone No, Bank Account ) စတာတွေကို အလိုအလျောက် အဲဒီ ဆိုဒ်တစ်ခုထဲ ၀င်လိုက်တာနဲ့ လှမ်းဖတ်ပြီး ရှိနေရင် ယူငင်တတ်တဲ့ Hacker Site တွေအထိ မျက်ကန်း တစ္ဆေ မကြောက် ပုံစံမျိုး သွားလို့လာလို့ ရအောင် Script မှန်သမျှကို Block လုပ်ပေးမယ့် Fighter Plugin ကောင်းကောင်း သုံးလိုတယ် ဆိုရင်တော့ ဒီကောင်လေး သုံးကြည့်ဖို့ ကျွန်တော် လက်တို့ ဖြစ်မှာ အသေအချာပါပဲ။

၅) Video DownloadHelper - Youtube လိုမျိုး ဆိုဒ်တွေကအစ လူသိသူသိရော၊ လူမသိသူမသိ Video Portal တွေ အဆုံး Web Video တွေမှန်သမျှကို အလွယ်တစ်ကူ ဒေါင်းလုဒ် လုပ်လို့ ရစေတဲ့ Plugin လေးဖြစ်ပါတယ်။ gHacks ရဲ့ (၅) ခုမြောက် Recommend Plugin ဖြစ်သလို ကျွန်တော့် အတွက်လည်း (၅) ခုမြောက် ဖြစ်ပါတယ်။

gHacks မှာပါတဲ့ လေးခုမြောက် Searchery Plugin အစား ကျွန်တော် က ဒီ Customization လေးကိုပဲ 2 in 1 အဖြစ်သုံးချင်ပါတယ်။ Google Toolbar ကို Tweak လုပ်ထားတာပါ။

Replace your Google Toolbar Search Box

Firefox ရဲ့ Add-on တွေ၊ Plugin တွေ မှန်သမျှကို တစ်စုတစ်စည်းရော၊ ကွဲကွဲပြားပြား ပါ မြင်တွေ့ လေ့လာ ရှာဖွေ၊ စမ်းသပ် သုံးစွဲ လိုတယ် ဆိုရင်တော့ အောက်ပါနေရာကို သွားရောက် ရှာဖွေကြည့်ရှု သုံးစွဲနိုင်ကြ ကြောင်းပါ ခင်ဗျား။ :)

All about Add-ons and Plugins For Firefox Browser

ရည်ညွန်းကိုးကား

Read More...
AddThis Social Bookmark Button

Add Your Gtalk Status to Your Blog  

Contributor: Htoo Tay Zar

Google Talk Online Badge

ကျွန်တော် အရင်နှစ်တုန်းက ကျွန်တော့် ဘလော့ခ်မှာ ကျွန်တော် online မှာ ရှိကြောင်းကို reader တွေသိနိုင်တဲ့ sidebar widget မျိုးကို အချိန်တော်တော်ကြာ ရှာခဲ့ဘူးပါတယ်။ အဲဒီတုန်းက ဆိုဒ် ၂ ခုကို တွေ့တယ် အဲဒီ ၂ ခုက Gtalk က status ကို ယူသုံးထားတာ (အဲဒီတုန်းက Google က အဲဒီလို service မပေးသေးဘူး) ။ ဆိုဒ်တွေတော့မမှတ်မိတော့ဘူး တစ်ခုက co.uk နဲ့ဆိုဒ်ရယ် နောက် Jabbar မှာတွေ့တာရယ်။ ကျွန်တော် စမ်းကြည့်တယ် ၂ ခုလုံး အဆင်မပြေဘူး အလုပ်လည်း မလုပ်ဘူး။ ၂ ခုလုံးက သူတို့ add ခိုင်းတဲ့ mail ကို Gtalk မှာ add လုပ်ခိုင်းတာ။ ဒါနဲ့ လုံးဝကို မရတော့လို့ လက်လျှော့လိုက်ပြီး နောက်ထပ် ထပ်ရှာ ဖြစ်တယ်။ နောက် တစ်ခုတွေ့တာက Skype status သုံးတယ်။ သူကတော့ အဆင်ပြေတယ် သူဆိုဒ်မှာ လိုချင်တဲ့ badge ဒီဇိုင်းရွေးပြီး ကုဒ်ကို ထည့်ရုံပဲ။ တစ်ခုရှိတယ် စက်ကနေ Skype ကို log In လုပ်ရင် setting ထဲမှာ show my status to public ဆိုတာ လေးကိုတော့ on ပေးရမယ်။ ဒါဆိုရင် Skype status ကို ဘလောခ့်မှာ ထည့်ထားလို့ရပြီ။ ကျွန်တော် အဲဒါကို ၁ လလောက်ပဲ ထည့်လိုက်တယ် နောက် ပြန်ဖြုတ်လိုက်တယ် ဘာလို့လည်းဆိုတော့ Skype က မြန်မာလူမျိုး သုံးတာနည်းတယ်၊ နောက် သုံးရင် Gtalk သုံးတာထက် ပိုပြီး ကွန်နက်ရှင်ကောင်းဖို့ လိုတယ်၊ နောက် စက်နိမ့်ရင် နဲနဲလေးတယ်။ အဲဒါတွေကြောင့် ပြန်ဖြုတ်လိုက်တယ်။

Google Gadget


အခုတော့ Gtalkကို ဘလောခ့်မှာ ထည့်လို့ရပါပြီ။ Google က ဘယ်တုန်းက စပြီးလုပ်ပေးလိုက်လည်းတော့ မသိဘူး။ သိပ်တော့ မကြာသေးလောက်ဘူး ၂ လ ၃ လလောက်ပဲ ရှိဦးမယ်ထင်တယ်။ ကျွန်တော့်ဆိုဒ်ဘားမှာ About Me ဆိုတဲ့ဘေးမှာ ထည့်ထားပါတယ်။ သူက online status အပြင် ကိုယ့်ရဲ့ custom message ပါပြပေးနိုင်တယ်။ ထည့်ချင်ရင်လွယ်ပါတယ် Gtalk Badge မှာ ကိုယ့် Google account နဲ့ log in ၀င်ပြီးရင် ရပြီ။ အဲဒီမှာ ကိုယ်ကြိုက်တဲ့ ဒီဇိုင်းနဲ့ ကုဒ်ကိုယူပြီးထည့်ရုံပဲ။ ဘလောခ့်မှာ ထည့်ထားမယ်ဆိုရင် reader က Google account မရှိလည်း chat လို့ရပါတယ်။ Reader က အဲဒီ badge ကို ကလစ်လုပ်ရင် ကျွန်တော့်တို့ရဲ့ Gtalk မှာ url တစ်ခုနဲ့ "Someone clicked on your chatback badge" ဆိုတဲ့ box တက်လာပြီး လာပြောပါတယ်။ အဲဒီလင့်ကို နှိပ်လိုက်ရင် browser ကနေ Gtalk gadget page ကိုခေါ်သွားပြီး new window နဲ့ chat box ပေါ်ပြီး စ chat လို့ ရပါတယ်။ အဲဒီမှာ smiley တွေ အလုပ်လုပ်ပါတယ် နောက်အခြားကိုယ့်ရဲ့ ရှိပြီးသား သူငယ်ချင်းတွေနဲ့လည်း chat လို့၇ပါတယ်။ ဒါလေး ထည့်ထားခြင်းအားဖြင့် ကိုယ့် blog readers တွေရဲ့ ထင်မြင်ချက်ကိုသိနိုင်သလို readers တွေနဲ့ ရင်းနှီးမှုရနိုင်တယ်လို့ ထင်မိပါတယ်။ပျော်ရွှင်ပါစေ။ ။

Create Your Gtalk Badge Here

Read More...
AddThis Social Bookmark Button