Myanmar Blogger Helpdesk

Learning, Sharing and Growing Together at Blogging Community!

Add Your Gtalk Status to Your Blog  

Contributor: Htoo Tay Zar

Google Talk Online Badge

ကျွန်တော် အရင်နှစ်တုန်းက ကျွန်တော့် ဘလော့ခ်မှာ ကျွန်တော် online မှာ ရှိကြောင်းကို reader တွေသိနိုင်တဲ့ sidebar widget မျိုးကို အချိန်တော်တော်ကြာ ရှာခဲ့ဘူးပါတယ်။ အဲဒီတုန်းက ဆိုဒ် ၂ ခုကို တွေ့တယ် အဲဒီ ၂ ခုက Gtalk က status ကို ယူသုံးထားတာ (အဲဒီတုန်းက Google က အဲဒီလို service မပေးသေးဘူး) ။ ဆိုဒ်တွေတော့မမှတ်မိတော့ဘူး တစ်ခုက co.uk နဲ့ဆိုဒ်ရယ် နောက် Jabbar မှာတွေ့တာရယ်။ ကျွန်တော် စမ်းကြည့်တယ် ၂ ခုလုံး အဆင်မပြေဘူး အလုပ်လည်း မလုပ်ဘူး။ ၂ ခုလုံးက သူတို့ add ခိုင်းတဲ့ mail ကို Gtalk မှာ add လုပ်ခိုင်းတာ။ ဒါနဲ့ လုံးဝကို မရတော့လို့ လက်လျှော့လိုက်ပြီး နောက်ထပ် ထပ်ရှာ ဖြစ်တယ်။ နောက် တစ်ခုတွေ့တာက Skype status သုံးတယ်။ သူကတော့ အဆင်ပြေတယ် သူဆိုဒ်မှာ လိုချင်တဲ့ badge ဒီဇိုင်းရွေးပြီး ကုဒ်ကို ထည့်ရုံပဲ။ တစ်ခုရှိတယ် စက်ကနေ Skype ကို log In လုပ်ရင် setting ထဲမှာ show my status to public ဆိုတာ လေးကိုတော့ on ပေးရမယ်။ ဒါဆိုရင် Skype status ကို ဘလောခ့်မှာ ထည့်ထားလို့ရပြီ။ ကျွန်တော် အဲဒါကို ၁ လလောက်ပဲ ထည့်လိုက်တယ် နောက် ပြန်ဖြုတ်လိုက်တယ် ဘာလို့လည်းဆိုတော့ Skype က မြန်မာလူမျိုး သုံးတာနည်းတယ်၊ နောက် သုံးရင် Gtalk သုံးတာထက် ပိုပြီး ကွန်နက်ရှင်ကောင်းဖို့ လိုတယ်၊ နောက် စက်နိမ့်ရင် နဲနဲလေးတယ်။ အဲဒါတွေကြောင့် ပြန်ဖြုတ်လိုက်တယ်။

Google Gadget


အခုတော့ Gtalkကို ဘလောခ့်မှာ ထည့်လို့ရပါပြီ။ Google က ဘယ်တုန်းက စပြီးလုပ်ပေးလိုက်လည်းတော့ မသိဘူး။ သိပ်တော့ မကြာသေးလောက်ဘူး ၂ လ ၃ လလောက်ပဲ ရှိဦးမယ်ထင်တယ်။ ကျွန်တော့်ဆိုဒ်ဘားမှာ About Me ဆိုတဲ့ဘေးမှာ ထည့်ထားပါတယ်။ သူက online status အပြင် ကိုယ့်ရဲ့ custom message ပါပြပေးနိုင်တယ်။ ထည့်ချင်ရင်လွယ်ပါတယ် Gtalk Badge မှာ ကိုယ့် Google account နဲ့ log in ၀င်ပြီးရင် ရပြီ။ အဲဒီမှာ ကိုယ်ကြိုက်တဲ့ ဒီဇိုင်းနဲ့ ကုဒ်ကိုယူပြီးထည့်ရုံပဲ။ ဘလောခ့်မှာ ထည့်ထားမယ်ဆိုရင် reader က Google account မရှိလည်း chat လို့ရပါတယ်။ Reader က အဲဒီ badge ကို ကလစ်လုပ်ရင် ကျွန်တော့်တို့ရဲ့ Gtalk မှာ url တစ်ခုနဲ့ "Someone clicked on your chatback badge" ဆိုတဲ့ box တက်လာပြီး လာပြောပါတယ်။ အဲဒီလင့်ကို နှိပ်လိုက်ရင် browser ကနေ Gtalk gadget page ကိုခေါ်သွားပြီး new window နဲ့ chat box ပေါ်ပြီး စ chat လို့ ရပါတယ်။ အဲဒီမှာ smiley တွေ အလုပ်လုပ်ပါတယ် နောက်အခြားကိုယ့်ရဲ့ ရှိပြီးသား သူငယ်ချင်းတွေနဲ့လည်း chat လို့၇ပါတယ်။ ဒါလေး ထည့်ထားခြင်းအားဖြင့် ကိုယ့် blog readers တွေရဲ့ ထင်မြင်ချက်ကိုသိနိုင်သလို readers တွေနဲ့ ရင်းနှီးမှုရနိုင်တယ်လို့ ထင်မိပါတယ်။ပျော်ရွှင်ပါစေ။ ။

Create Your Gtalk Badge Here

AddThis Social Bookmark Button

7 comments

  • MgSayTaNar  
    June 21, 2008 2:59 AM

    ကျွန်တော် ဒီဘလော့က စာတွေကိုစာအုပ်လုပ်ထားပါတယ်။ အပ်ဒိတ်တော့ မဖြစ်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခုပဲ အသစ်တွေ တင်နေတာလေ။ အဲဒီစာအုပ်ကို အစ်ကိုတို့ဆီ ပို့ချင်ပါတယ်။ ဘယ်အီးမေးလ်ကို ပို့ရမလဲ။

  • khinmaungwin  
    December 2, 2008 2:34 AM

    parlayar@gmail.com
    pls send to me.
    thanks alot

    best regard
    parlayar
    mandalay

  • minmawkhaine  
    December 21, 2008 4:47 AM

    loat lo tot ya tal. chat lo ma ya bu bar lo lae hin.

  • ကောင်ကလေး  
    January 8, 2010 7:33 PM

    ကျေးဇူးပဲ .... ကိုကြီး ရန်အောင်

    စမ်းကြည့်လိုက်အုံးမယ်

  • Khai Pi  
    January 23, 2010 11:15 PM

    pls
    sent to me ...
    your blog's book..

    thanks alots

  • John Petar  
    January 7, 2011 7:23 PM

    ကျေးဇူးတင်ပါတယ်.....

  • KBJ Mintharlay  
    February 24, 2012 8:32 PM

    အကိုရေ တင်လို့တော့ရတယ်။ ချက်လို့မရဘူးဖြစ်နေတယ်။ ဘယ်လိုလုပ်ရမလဲခင်များ။ တယောက်က ချက်တဲ့စာမျက်နှာကိုကြိုဖွင့်ထားတယ်ပဲပြောနေတယ်။ နေရာသစ်မှာချက်ပါတဲ့။ ချက်တာလဲမရဘူးဖြစ်နေတယ်။ တစ်ယောက်ယောက်က ရီုက်လိုက်ရင် သူရီုက်တဲ့ဟာပဲပြန်ပေါ်နေတယ်အကို။ ကူညီပါခင်များ။ kbjmintharlay@gmail.com

Post a Comment

Post a Comment