Myanmar Blogger Helpdesk

Learning, Sharing and Growing Together at Blogging Community!

PayPal Donation Button လေးတွေ လုပ်ကြမယ်...  

Contributor: ရန်အောင်








မကြာသေးခင်က မြန်မာပြည်ကို ၀င်ရောက်တိုက်ခတ်သွားတဲ့ နာဂစ် အပူပိုင်းမုန်တိုင်းဒဏ်ကြောင့် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ် အပါအ၀င် အောက်မြန်မာပြည်ဖက်မှာ အပျက်အစီးအလွန်များခဲ့ပါတယ်. ဒါကို စာနာနားလည်မှု အပြည့်ရှိကြတဲ့ ကမ္ဘာတစ်လွှားမှာ နေထိုင်ကျင်လည် အသက်မွေးဝမ်းကျောင်းနေကြရတဲ့ မျိုးချစ်မြန်မာပြည်သူတွေဟာ မိမိတို့ တတ်စွမ်းနိုင်သလောက် ချွေးနှဲစာလေးတွေကို ထည့်ဝင်လှူဒါန်းပြီး ကူညီဖို့ ကြိုးစားနေကြတာကိုလည်း အားလုံးအသိပဲ ဖြစ်ပါတယ်.

ဒီလို ပေးပို့လှူဒါန်းတာတွေကို အလှူခံတဲ့အခါမှာ တိုက်ရိုက်ပေးပို့ လှူဒါန်းနိုင်တာတွေရှိနိုင်သလို မိမိတို့ရဲ့ ဘလော့ဂ် (သို့) ၀က်ဘ်ဆိုက်ဒ်လေးတွေပေါ်မှာ Donation Button လေးတွေ တင်ထားပြီး အလှူခံနိုင်တာမျိုးလည်း ရှိကြပါတယ်.

ဒီ့အတွက် ရည်ရွယ်ပြီး PayPal Donation Button လေးတစ်ခုကို ဘယ်လိုတည်ဆောက်ရတယ် ဆိုတဲ့ အကြောင်းလေးကို ဆွေးနွေးတင်ပြလိုပါတယ်ခင်ဗျာ.

ဒီ Button လေးကို ပြုလုပ်နိုင်ဖို့အတွက် မိမိမှာ ဘဏ်အကောင့် ရှိရပါမယ်. PayPal Account ရှိရပါမယ်. ဒီလောက်ပါပဲ. PayPal Account လုပ်နည်းကို မသိသေးသူများ ရှိနိုင်ပါသေးတယ်. အဲဒါကို နောက်ထပ် ပို့စ်အသစ်ထပ်ရေးပြီး တင်ပြပေးပါမယ်. လောလောဆယ်တော့ Donation Button လေး လုပ်နည်းကို အာရုံထားပြီး ပြောလိုပါတယ် ခင်ဗျာ.

၁. PayPal Account ထဲကို ၀င်လိုက်ပါ. ပြီးရင် အပေါ်မှာ မြင်နေရတဲ့ Menu Bar လေးထဲက Merchant Tools ကိုရွေးလိုက်ပါ. ပြီးသွားရင် အောက်ကို နည်းနည်းလေး ဆွဲချကြည့်လိုက်ပြီး PayPal Website Payments Standard ဆိုတာလေးကို ရှာကြည့်ပါ.





၂. အလယ်လောက်မှာ Button လေး သုံးခု ရှိတဲ့အနက်က ညာဖက်အစွန်ဆုံးမှာ Donations ဆိုတဲ့ Button လေး ရှိတာကို တွေ့ရပါလိမ့်မယ်. အဲဒီ့ Button လေးအောက်မှာ ရှိနေတဲ့ Accept Contributions ဆိုတာလေးကို ကလစ်လုပ်လိုက်ပါ.



၃. Donation Button ဆိုတဲ့ Topic လေးအောက်မှာ ဒီလိုပြောထားပါတယ်.

Collect contributions to your cause on your website. Enable donors to choose the amount of their secure donation or set donations to fixed amounts. Good for non-profit and advocacy groups.

• Accept credit card and bank account payments. Funds are deposited into your account instantly.
• You pay transaction fees only when customers click to buy.
• Put the buttons on your website in a few easy steps.
• No monthly fees. No commitment. No lengthy approval process.
• Accurate recordkeeping: PayPal maintains detailed transaction records on our website.



ပြီးတော့ Donation Button လေးတွေကိုလည်း စိတ်ကြိုက်ရွေးချယ်နိုင်ခွင့် ပေးထားပါသေးတယ်.

Get Donations Button လေးကို နှိပ်လိုက်ပါ. နောက်တစ်မျက်နှာမှာ ဒီလိုတွေ့ရပါလိမ့်မယ်.



၎. Form လေးတွေ နည်းနည်းလောက် ဖြည့်ပေးပါ. ဒါမှ ကိုယ့်ရဲ့ Donation Receipt လေးက ပိုပြီး စနစ်တကျနဲ့ သပ်သပ်ရပ်ရပ်လေး ဖြစ်ပါလိမ့်မယ်.

Donation ID/Number ဆိုတာ မလိုပါဘူး. ကျော်ခဲ့လိုက်ပါ. Amount ကို ကိုယ်က သတ်မှတ်ပြီး ထည့်စေချင်ရင် သတ်မှတ်ခဲ့လို့ရပါတယ်. ဒေါ်လာ ၂၀ စသည်ဖြင့်ပေါ့. အဲလိုမဟုတ်ဘဲနဲ့ အလှူရှင်စိတ်ကြိုက်ထည့်ခွင့် ပေးချင်တယ်ဆိုရင်တော့ ဘာမှ ထည့်မရေးခဲ့ပါနဲ့. Currency ကိုလည်း စိတ်ကြိုက်ရွေးချယ်ပေးနိုင်ပါတယ်.

Donor’s Default Country ကိုလည်း ရွေးချယ်ပေးနိုင်ပါတယ်. မရွေးဘဲ ဒီတိုင်းထားလိုက်ရင်တော့ အလှူရှင်ဖာသာ ရွေးချယ်ပြီး လှူဒါန်းနိုင်မှာ ဖြစ်ပါတယ်.

ဒါကတော့ PayPal Button ပုံစံလေးတွေပါ. မိမိစိတ်ကြိုက် ရွေးချယ်နိုင်သလို ကိုယ်တင်ချင်တဲ့ Graphic Design ပုံစံလေးတွေနဲ့လည်း တင်လို့ရပါသေးတယ်. စမ်းကြည့်ပါခင်ဗျာ.



၅. ဒီအဆင့်ကတော့ PayPal Button လေးအတွက် သတ်မှတ်ပေးထားခဲ့တဲ့ အချက်အလက်များကို ပြောင်းလဲလို့မရအောင် Encrypt လုပ်တဲ့ အဆင့်ပဲ ဖြစ်ပါတယ်.



Note: Selecting encryption means you cannot use option fields or create email links.
အဲလိုလေးတော့ ပြောထားပါသေးတယ်. ဒါပေမယ့် အဲဒီ့ အပိုင်းတွေက သိပ်အရေးမကြီးပါဘူး. ဒါကြောင့် မိမိတို့ရဲ့ PayPal Button လေးကို Encrypt လုပ်ဖို့ ကျွန်တော် recommend လုပ်ချင်ပါတယ်.

ပြီးသွားရင်တော့ Create Button Now လုပ်လို့ရပါပြီ.

၆. နောက်တစ်မျက်နှာမှာ ဒီလိုလေးတွေ့ရပါလိမ့်မယ်.



Scroll Box လေးထဲက Scripts လေးတွေကို ကူးယူလိုက်ပါ. မိမိတင်မယ့် Site ဟာ ဘလော့ဂ် ဖြစ်နေခဲ့မယ်ဆိုရင်တော့ Add a Page Element> HTML/Java script ကိုရွေးပါ. ပြီးရင် အခုကူးလာတဲ့ Script လေးတွေကို ကောက်ထည့်လိုက်ရုံပါပဲ…

Website ဆိုရင်လည်း ထိုနည်းလည်းကောင်းပါပဲ.

ဒီလိုမျိုးလေး ပေါ်လာပါလိမ့်မယ်...








ဒါဆိုရင် လှူချင်တဲ့ ပုဂ္ဂိုလ်ဟာ ကမ္ဘာတစ်လွှားဘယ်နေရာမှာပဲ ရှိနေပါစေ၊ ဘယ်ဘဏ်နဲ့ပဲ အကောင့်ဖွင့်ထားပါစေ မိမိတို့ စိတ်ကြိုက် လှူနိုင်တန်းနိုင်ပြီ ဖြစ်လို့ အရမ်းကို အသုံးဝင်တဲ့၊ အချိန်ကုန်သက်သာစေတဲ့ Donation Button လေးတစ်ခု ဖြစ်ပါတယ်လို့ ဆွေးနွေးတင်ပြလိုက်ရပါတယ် ခင်ဗျာ…

ဝန်ခံချက်။

ဒီနေရာက ပို့စ်လေးကို သင့်တော်သလို ဘာသာပြန်ဆို ဖြည့်စွက်ရေးသားပါတယ် ခင်ဗျာ...

အားလုံးကို ချစ်ခင်လေးစားလျက်

ရန်အောင်

Read More...
AddThis Social Bookmark Button

Adding a top of page icon link in blog  

Contributor: CMS

Blog တိုင်းမှာ ထည့်သွင်းထားသင့်တဲ့ Link Icon တစ်ခုလို့ ထင်ပါတယ်။ ကိုယ့်ဘလော့ရဲ့ ပို့စ်တွေကို reader တွေ ဖတ်ရင်း Blog Page ရဲ့ အောက်ဆုံးကို ရောက်သွားတဲ့အခါမှာ top of the page ကို ပြန်သွားနိုင်ဖို့အတွက် ရည်ရွယ်ပါတယ်။ ကျွန်တော့် Blog ရဲ့ bottom-right hand corner မှာ ထည့်သွင်းထားတာကို တွေ့မြင်နိုင်ပါတယ်။ ထည့်သွင်း အသုံးပြုပုံကတော့ အရမ်း လွယ်ကူပါတယ်။ Blogger မှာ sign in လုပ်၊ layout page ကိုသွားပြီး Add a page element ကို ရွေးရပါမယ်။ Element list ထဲကနေ HTML/Javascript ကိုရွေးပြီး အောက်ပါ coding ကို ထည့်သွင်းပေးလိုက်ရုံပါပဲ။
<a style="display:scroll;position:fixed;bottom:5px;right:5px;" href="#" title="Back to Top">
<img src="http://farm3.static.flickr.com/2112/2424600997_f0ef13d47b_o.gif"/></a>

Source : Blogger Buster

Read More...
AddThis Social Bookmark Button

Alert Message Box လေးများလုပ်နည်း  

Contributor: ရန်အောင်


အားလုံးပဲ မင်္ဂလာပါခင်ဗျာ…

ဒီတစ်ခါတော့ အသစ်အဆန်းလေးတစ်ခု တွေ့ရှိလို့ ပြန်လည် ဝေမျှချင်ပါတယ်.

ဘာလဲဆိုတော့ Alert Message Box လေးတွေ လုပ်နည်းပါ.

ကိုယ့်ဘလော့ဂ် (သို့) ၀က်ဘ်ဆိုက်ထဲကို ၀င်လာတဲ့ စာဖတ်သူကို Message Box လေးနဲ့ ကြိုဆိုတာပဲဖြစ်စေ၊ သိစေချင်တဲ့ ကြေငြာချက်လေးတွေကို Highlight လုပ်ပြတာပဲ ဖြစ်စေဖြစ်စေ၊ သတိပေးကြေငြာချင်တာလေးတွေကို ပြောပြချင်တာပဲ ဖြစ်စေပေါ့ အလိုရှိသလို အသုံးချနိုင်ပါတယ်.

Message Box လေးတွေကို လုပ်နည်း အမျိုးမျိုးရှိတဲ့ အထဲက အဆင်ပြေဆုံး နည်းလမ်းလေးကို ရွေးချယ်ပြီး ပြန်လည်ဆွေးနွေးထားခြင်းသာ ဖြစ်ပါတယ်.

ကဲ. စလိုက်ကြရအောင်လားဗျာ…

Alert Box with OK Button

အဲဒါလေးကို လုပ်ဖို့အတွက် Template ထဲကိုသွားပါ. Page Elements ကိုသွားပါ. ပြီးတော့ Add a page Element လုပ်ပြီး HTML/Javascript ကိုရွေးပါ. ပြီးရင် အောက်ပါ ကုဒ်ဒင်းလေးတွေကို ထည့်ပေးလိုက်ပါ.


<script type="text/javascript">
alert('You are about to enter an extremely funny site. People who are prone to laughing fits ... Beware!')
</script>
<noscript>Enable javascript in your browser to view an important message.</noscript>


အနီရောင်နဲ့ ပြထားတာလေးတွေက ကိုယ်ပေါ်စေချင်တဲ့ Message လေးတွေပါ. အပြာရောင်လေးနဲ့ ပြထားတာလေးကတော့ တကယ်လို့များ user က သူ့ရဲ့ Browser မှာ Javascript Functions ကို off လုပ်ထားခဲ့ရင် ပြန်ဖွင့်အောင် သတိပေးထားတာပါ.

မြန်မာလို ပေါ်စေချင်တယ်ဆိုရင်တော့ Zawgyi-One ကို ထည့်ကြေငြာပေးရပါမယ်. ဒီမှာ အစမ်းလုပ်ပြထားတာ ကြည့်ပါ.


<script type="text/javascript">
alert(<font face="Zawgyi-One">'ဟေ့ဟေ့. သတိထားနော်. ခင်ဗျား အခုသွားနေတာ ကိုရန်အောင်ရဲ့ ဘလော့ဂ်ဗျ. ဟတ်ဟတ်ဟတ်.'</font>)
</script>
<noscript>Enable javascript in your browser to view an important message.</noscript>

ဒါမျိုးလေးပေါ်လာမှာ ဖြစ်ပါတယ်.




Alert Box with Confirmation Button

ဒါကကျတော့ စာဖတ်သူကို ရွေးချယ်ခွင့်ပေးတာပါ. ဆက်သွားမလား. ဒါမှမဟုတ် မဖတ်တော့ဘဲ ပြန်ထွက်မလားဆိုတာကို ရွေးခိုင်းတာပေါ့.

ခုနကလိုပါပဲ. Template ထဲကိုသွားပါ. Page Elements ကိုသွားပါ. ပြီးတော့ Add a page Element လုပ်ပြီး HTML/Javascript ကိုရွေးပါ. ပြီးရင် အောက်ပါ ကုဒ်ဒင်းလေးတွေကို ထည့်ပေးလိုက်ပါ.


<script type="text/javascript">
confirm('This site contains explicit blogger hacks and tircks. You might bet dizzy. Are you sure you want to continue?');
if (confirm('This site contains explicit blogger hacks and tricks. You might bet dizzy. Are you sure you want to continue?')) {
window.location = "http://mmbloggershelpdesk.blogspot.com/";
}
else {
window.location = "http://www.yanaung.blogspot.com/";
}
</script>


အနီရောင်နဲ့ ပြထားတာလေးတွေက သင်ပေါ်စေချင်တဲ့ စာကြောင်းလေးတွေ ဖြစ်ပါတယ်. အပြာရောင်လေးနဲ့ ပြထားတာလေးကတော့ OK Button ကို နှိပ်လိုက်ရင် ရောက်ရှိသွားမယ့် လင့်ခ်ဖြစ်ပါတယ်. လိမ္မော်ရောင်လေးနဲ့ ပြထားတာကတော့ Cancel Button ကို နှိပ်လိုက်ရင် စာဖတ်သူကို ပြန်ပြီးတော့ Redirect လုပ်ပေးမယ့် စာမျက်နှာဖြစ်ပါတယ်.

ဒါကတော့ မြန်မာလို ဥပမာပေးထားတာပါ.


<script type="text/javascript">
confirm(<font face="Zawgyi-One">'ဟေ့ဟေ့. သတိထားနော်. ခင်ဗျား အခုသွားနေတာ ကိုရန်အောင်ရဲ့ ဘလော့ဂ်ဗျ. ဟတ်ဟတ်ဟတ်. OK ကို နှိပ်လိုက်ရင် ကျွန်တော့်ဘလော့ဂ်လေးကို ရောက်လာမှာ ဖြစ်ပြီးတော့ Cancel ကို နှိပ်လိုက်ရင်တော့ Helpdesk Blog လေးကို ရောက်သွားပါလိမ့်မယ်. It’s up to you!'</font>);
if (confirm(<font face="Zawgyi-One">'ဟေ့ဟေ့. သတိထားနော်. ခင်ဗျား အခုသွားနေတာ ကိုရန်အောင်ရဲ့ ဘလော့ဂ်ဗျ. ဟတ်ဟတ်ဟတ်. OK ကို နှိပ်လိုက်ရင် ကျွန်တော့်ဘလော့ဂ်လေီးကို ရောက်လာမှာ ဖြစ်ပြီးတော့ Cancel ကို နှိပ်လိုက်ရင်တော့ Helpdesk Blog လေးကို ရောက်သွားပါလိမ့်မယ်. It’s up to you!'</font>)) {
window.location = "http://yanaung.blogspot.com/";
}
else {
window.location = "http://mmbloggershelpdesk.blogspot.com/";
}
</script>


ဒီလိုလေး ဖြစ်သွားပါလိမ့်မယ်...



ဒီလောက်ပါပဲ…

သိပ်တော့ အခက်အခဲမရှိလှဘူးလို့ ထင်ပါတယ်.

ကဲ. ကောင်းကျိုးဆိုးကျိုးလေးတွေ ဆက်ဆွေးနွေးကြည့်လိုက်ကြရအောင်လားဗျာ..

ဒီလို Message Box လေးတွေ လုပ်ထားတာဟာ ကိုယ့်ရဲ့ ဘလော့ဂ် (၀ါ) ၀က်ဘ်ဆိုက်အတွက် လိုအပ်မှသာ လုပ်သင့်ပါတယ်. ဘာလို့လဲဆိုတော့ အဲဒီ့ Message Box လေးတွေဟာ System Dialog Windows လေးတွေ ဖြစ်နေလို့ပါပဲ. ဆိုလိုတာက ဒီ Box လေးတွေ ပေါ်ဖို့အတွက် Browser မှာ Javascript ကို Enable လုပ်ထားရပါမယ်. ဒီတော့ ကိုယ့်ရဲ့ Blog Page (or) Web Page ကို Upload လုပ်နေရတဲ့ အချိန် ပိုကြာသွားနိုင်ပါတယ်.
ကောင်းတဲ့ဖက်က ကြည့်မယ်ဆိုရင်တော့လည်း စာဖတ်သူကို Respect ပေးရာကျပါတယ်.

ဥပမာဗျာ. ညစ်ညမ်းတဲ့ Website တစ်ခုကို ၀င်တော့မယ် ဆိုရင်.

“You must be at least 18 years old to enter this site!” ဆိုတဲ့ Message Box လေး ပေါ်လာပြီး OK နှိပ်လိုက်မှ ဆက်ပြီး ခွင့်ပြုတာမျိုးဆိုရင် Internet Law ကို လိုက်နာရာကျပါတယ်.

ဒါက ဥပမာ ပြောပြတာပါ. တစ်ခြား အသုံးဝင်အောင် သုံးတတ်ရင် သုံးလို့ဖြစ်မယ့် နေရာတွေ အများကြီး ရှိပါသေးတယ်. ကြိုက်သလိုသုံးပါ. ဥာဏ်ရှိသလို သုံးပါ.

ကျွန်တော်တို့ ဘလော့ဂ်လောကမှာတော့ ဘာစည်းမျဉ်းဥပဒေသမှ မရှိသေးပါဘူး. ဒါပေမယ့် ဒီ Message box လေးတွေဟာ စာဖတ်သူရဲ့ ဥာဏ်ကွန့်မြူးနိုင်မှုပေါ် မူတည်ပြီး အမျိုးမျိုး အဖုံဖုံ အသုံးဝင်လာနိုင်တာမို့ ကျွန်တော်ဖတ်မှတ်ခဲ့ဖူးတာလေးကို ပြန်လည်ဝေမျှလိုက်ခြင်းသာ ဖြစ်ပါတယ် ခင်ဗျာ…

မှတ်ချက်။

သုံးတဲ့ Browser နဲ့ Operating Systems (ME, XP, Vista) စတာတွေပေါ် မူတည်ပြီးတော့ ပေါ်လာမယ့် Message Box လေးတွေရဲ့ ပုံစံလည်း ကွဲပြားခြားနားနိုင်ပါတယ်.

အားလုံးကို ချစ်ခင်လေးစားလျက်

ရန်အောင်

Read More...
AddThis Social Bookmark Button

Domain name ဆိုတာ...  

Contributor: mtj

Domain name ဆိုတာ လွယ်လွယ်ပြောရရင် အင်တာနက် လိပ်စာ ပေါ့ဗျာ။ abcd.com , wxyz.org ဒါမျိုးတွေဟာ ဒိုမိန်း နိမ်း ပေါ့။ browser ရဲ့ address မှာ ဒိုမိန်းနိမ်းကို ရိုက်ပေးလိုက်ရင် အဲဒီ ဒိုမိန်းနိမ်းကို အသုံးပြုထားတဲ့ blog တွေ၊ website တွေကို browser က ဖတ်ရှုနိုင်အောင် ဖော်ပြပေးပါလိမ့်မယ်။


ဒိုမိန်းနိမ်း မှာ ခွဲခြားထားတာလေးတွေ ရှိပါတယ်။ ဥပမာ abcd.com ဆိုပါတော့။ abcd.com ရဲ့ .com ဆိုတာကို Top Level Domain Name (TLD) လို့ခေါ်ပါတယ်။ TLD ထဲမှာမှ .com , .net , .org စတဲ့ အများဆုံး သုံးကြတာကို (General Top Level Domains: gTLDs)။ သက်ဆိုင်ရာနိုင်ငံကို ကိုယ်စားပြုတဲ့ ဥပမာ .com.mm (မြန်မာ), .com.jp (ဂျပန်), .co.uk (အင်္ဂလန်), co.th (ထိုင်း) ဆိုတာမျိုးတွေကိုတော့ (Country Code Top Level Domains: ccTLDs) ဆိုပြီး ခွဲထားပါသေးတယ်။


abcd.com ဆိုတဲ့ ဒိုမိန်း နိမ်း မှာ .com က (gTLDs)၊ အရှေ့က abcd ကိုတော့ second level domain (SLD) လို့ခေါ်ပါတယ်။ ထို့အတူပဲ abcd.com.mm ဆိုပါတော့။ သူကတော့ .com.mm က (ccTLD)၊ abcd က second level (ccSLD) ပေါ့ဗျာ။ second level domain နာမည်တွေဟာ တစ်ခုနဲ့တစ်ခု တူလို့မရပါဘူး။ သဘောကတော့ abcd.com ဆိုတဲ့ တူညီတဲ့ဒိုမိန်းနိမ်း 2 ခု မရှိပါဘူး။ တစ်ဦးတစ်ယောက်က register လုပ်ထားပြီးရင် နောက်ထပ် လုပ်လို့မရတော့ပါဘူး။ အဲဒီ ဒိုမိန်းနိမ်းကိုမှ လိုချင်တယ်ဆိုရင် register သက်တမ်းကုန်ပြီးတော့မှ ဖြစ်စေ၊ ထိုသူထံမှ ပြန်ဝယ်ယူခြင်းဖြစ်စေ နည်းများနဲ့ပဲ အဲဒီ ဒိုမိန်းနိမ်းကို ရယူနိုင်ပါတယ်။ ဒါမှမဟုတ် အခြား TLD နာမည်တွေမှာ လွတ်နေသေးသလား ရှာဖွေကြည့်နိုင်ပါတယ်။ .com မှာ မရပေမယ့် .net , .org , .com.mm အစရှိတာတွေမှာပဲ ရနိုင်ပါသေးတယ်။ abcd.com မရတော့လဲ abcd.net , abcd.org အစရှိသဖြင့်ပေါ့ဗျာ။


gTLD တွေကို .com (originally for commercial websites) .net (originally Internet networks) .org (non-profit organizations) အစရှိသဖြင့် သတ်မှတ်ထားပေမယ့် ကိုယ့် website မှာ စိတ်ကြိုက် အကြောင်းအရာတွေကို တင်ပြနိုင်ပါတယ်။ ဖြစ်ကို ဖြစ်ရမယ်ဆိုတဲ့ ပုံစံမျိုးတော့မရှိပါဘူး။


gTLD ဒိုမိန်းတစ်ခု register လုပ်မယ်ဆိုရင် အများအပြားရှိတဲ့ အင်တာနက်ပေါ်က ၀န်ဆောင်မှုပေးတဲ့ website တွေမှာ ရယူနိုင်ပါတယ်။ gTLD ဒိုမိန်း နိမ်း အတွက် ဘာမှ ထွေထွေထူးထူး မလိုအပ်ပဲ နှစ်စဉ်ကြေး ပိုက်ပိုက် ပေးနိုင်ရင် ရပါပြီ။ ဒါပေမယ့် ccTLD တွေကို register လုပ်မယ် ဆိုရင်တော့ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ သတ်မှတ်ချက်ကို လိုက်နာ ရမှာဖြစ်ပါတယ်။ register လုပ်ရမှာလဲ အဲဒီနိုင်ငံက သီးသန့် ခွင့်ပြုချက်ရရှိထားသူများ ထံမှသာ ရယူနိုင်ပြီး ဈေးနှုံးမှာလဲ ပိုကြီးလေ့ရှိပါတယ်။


blog.abcd.org ဆိုတာကို ကြည့်မယ်ဆိုရင် .org က (gTLD) abcd က (SLD) blog ကတော့ subDomain သို့မဟုတ် third level domain ဖြစ်ပါတယ်။ subDomain ဟာ ဒိုမိန်းနိမ်းရဲ့ အောက်က အခွဲသာ ဖြစ်ပြီး ဒိုမိန်းနိမ်းယူထားရင် ကိုယ့်စိတ်ကြိုက် လိုချင်သလောက် လုပ်ယူလို့ပါတယ်။ ဒါပေမယ့် ဒိုမိန်းနိမ်း ယူတဲ့ ကုမ္ပဏီကပေးတဲ့ feature ၊ ဒိုမိန်းနိမ်းကို အသုံးပြုမယ့် hosting ရဲ့ ခွင့်ပြုချက်ပေါ်မှာလဲ မူတည်ပါသေးတယ်။ ကျွန်တော်တို့ wordpress အတွက် အများဆုံးသုံးနေကြတဲ့ iblogger.org ဘလော့စပေါ့ရဲ့ blogger.com စတာတွေမှာ အကောင့်ဖွင့်ပြီး အသုံးပြုနေတာတွေဟာ subDomain တွေ ဖြစ်ပါတယ်။ ဒိုမိန်းနိမ်းတစ်ခုကို register 5နှစ် လုပ်ထားတယ်ဆိုရင် 5နှစ် အချိန်တွင်းမှာ ကျွန်တော်တို့ ကိုယ်ပိုင်ဖြစ်ပြီး subDomain ကတော့ ကျွန်တော်တို့နဲ့ ဘာမှ မဆိုင်ပဲ ခွဲပေးသူရဲ့ သဘောဆန္ဒ အတိုင်းသာ ဖြစ်ပါတယ်။


ကိုယ်ပိုင် ဒိုမိန်းနိမ်း သုံးခြင်းအားဖြင့် ဘာတွေ အကျိုးကျေးဇူးတွေ ရနိုင်မလဲ? ကုမ္ပဏီတွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ အသင်းအဖွဲ့တွေ အနေနဲ့ကတော့ ဘာမှ အထွေအထူး ပြောစရာလိုမယ် မထင်ပါဘူး။ ကိုယ်ပိုင် ဒိုမိန်းနိမ်းလေးမှ မသုံးရင် ဘယ်လိုခန့်ထည်ပါတော့ မလဲ၊ ယုံကြည်မှု ဘယ်လိုတည်ဆောက် ပါတော့မလဲ။ ကျွန်တော်တို့လို အပျော်တမ်း ဘလော့ဂ်လေးရေးတဲ့သူတွေ အတွက်ဆိုရင်ရော? blogspot.com မှာ သုံးတယ်ဆိုရင် အနည်းဆုံးတော့ လာဖတ်တဲ့လူတွေ ကျော်လွားနေရတာ ခံသာသွားမယ်။ WordPress သမားတွေကြပြန်လဲ hosting ပြောင်းမယ်ဆို ကိုယ်ပိုင် ဒိုမိန်းနိမ်းနဲ့ဆိုတော့ လိပ်စားပြောင်း လိုက်ကြော်ငြာစရာမလိုပဲ ပြောင်းနိုင်မယ်။ ဒိုမိန်းနိမ်း နဲ့ အီးမေးလ် တွေလုပ်လို့ရမယ်။ ဥပမာ admin@abcd.com အဲလိုမျိုးပေါ့ဗျာ။ ခန့်ခန့်ထည်ထည်လေး ဖြစ်သွားတာပေါ့။ နောက်ပိုင်း စိတ်ကူးပြောင်းလို့ website လုပ်မယ်ဆိုလဲ main website အပြင် subDomain တွေ ခွဲပြီး forum တို့ blog တို့ စတဲ့ လိုအပ်သလို ခွဲခြားလို့ရမယ်။ နောက်ဆုံး ကိုယ့် website အရမ်းအောင်မြင်သွားလို့ google ကို သန်းချီတဲ့ ဒေါ်လာတွေနဲ့ ရောင်းစားမယ် စတာတွေပေါ့ :D ။ gTLD ဒိုမိန်းတစ်ခု ယူမယ်ဆိုရင် နှစ်စဉ်ကြေး အနိမ့်ဆုံး 7-8 ဒေါ်လာ လောက်ကနေ စပြီး ရှာလို့ရနိုင်ပါတယ်။ free မှ လိုချင်တယ်ဆိုရင်တော့ http://co.cc မှာ ရယူနိုင်ပါတယ် ခင်ဗျား။

Creative Commons License
This work is licensed under a Creative Commons Attribution.

Read More...
AddThis Social Bookmark Button

web space တခုဝယ်မယ်ဆိုရင်  

web space တခုဝယ်မယ်ဆိုရင်

ကျနော် ၀ဘ်ဆိုဒ် hosting ၀ယ်ဖူးသလောက်အတွေ့ အကြုံလေးကို မျှလိုက်တာပါ .. domain နဲ့ hosting ၀ယ်ချင်တဲ့သူတွေအတွက် အသုံးဝင်မယ်ထင်ပါတယ် ..
ပထမဆုံး hosting ၀ယ်ရင် အများစုက diskspace နဲ့ bandwidth ကိုအရင်ဆုံးကြည့်ကြပါတယ် … diskspace လေးများမယ် bandwidth လေးရှိမယ်ဆိုရင် ဟ .. ကောင်းတယ်ဟဆိုပြီး ၀ယ်လိုက်ကြတာပဲ .. သတိထားသင့်ပါတယ် .. အဲဒါ Host လုပ်တဲ့ company တွေရဲ့ ရိုက်စားကွက်တခုပါ .. ၀ယ်ချင်အောင် diskspace ကို 100 GB 300 Gb, တချို့ဆို unlimited ထိပေးထားတာတွေ တွေ့ဖူးပါတယ် .. ကျန်တဲ့ email, sql features တွေလဲ ကောင်းကောင်းပေးထားတတ်ပါတယ် ..


လှည့်ကွက်က addon domain မှာ လှည့်ထားတာပါ .. Addon domain ကို ထည့်လို့မရအောင်လုပ်ထားပါတယ် .. အဲဒီ hosting အတွက် Website တခု domain တခုတည်းကို သုံးရမယ်ဆိုတဲ့ သဘောပါ .. Diskspace တွေအများကြီးရှိနေပေမယ့်လဲ domain ထပ်လို့မရတော့ အဲဒီ GB တွေအများကြီးက အလကားအပိုဖြစ်သွားသလိုပေါ့ ..
ဥပမာပေးရရင် .. Myanmar friends လိုမျိုး ဖိုရမ်ဆိုဒ်ကြီးတခုက အကုန်ပေါင်းရင် အလွန်ရော အကျွံရော 10G ကုန်နိုင်ဖို့ဆိုတာ အကြာကြီးသုံးရပါတယ် .. ဘလော့တခု ပုံမှန် ၀ဘ်ဆိုဒ်တခုအတွက် 1G ရဲ့တ၀က်ဆိုတာ ကောင်းကောင်းသုံးလို့ရပါတယ် .. အဲဒီတော့ စဉ်းစားကြည့်ပေါ့ ..

Bandwidth ကတော့ .. Traffic တွေအတွက်ပါ .. ဆိုဒ်ကို လာလည်တဲ့ သူအရေအတွက်အနည်းအများကိုလိုက်ပြီး bandwidth ဘယ်လောက်လိုတယ်ဆိုတာ ရေးနိုင်ရင်ပိုကောင်းမှာပေါ့ .. ဥပမာ .. Yahoo google လို traffic အရမ်းများတဲ့ဆိုဒ်တွေအတွက် bandwidth များများလိုမှာပေါ့ .. ကျနော်ကတော့ အဲဒိကို သိပ်မစဉ်းစားပါဘူး .. ကိုယ့်ဆိုဒ်ကို လူလာရင်ကိုပဲ ကျေနပ်လှပြီ .. ဟီး …ပြီးတော့ sub domain ခွဲမယ် .. ကိုယ့် domain တခုတည်းကနေ .. ကျန်တဲ့ ကိစ္စတွေအတွက် domain အသေးလေးတခု ထပ်လုပ်မယ် … domain အသစ်တခု ၀ယ်စရာမလိုပဲ sub domain အသေးလေး လုပ်လိုက်တဲ့သဘော… ဥပမာ .. ကျနော့် ဘလော့လိုပေါ့ .. ၀ယ်ထားတဲ့ domain က http://www.ddieko.com/ .. ဒါပေမယ့် အဲဒါကို မသုံးချင်သေးဘူး .. ဘလော့အတွက် သက်သက် ဒိုမိန်းလေးတခု ခွဲလိုက်တယ် .. www.ddiekoblog.ddieko.com … အဲဒီလိုမျိုးလုပ်လိုက်လို့ရတယ်.. တခါတလေ Hosting company တွေက လူလည်ကျပြီး sub domain ကို နဲနဲလေးပဲပေးထားတတ်ကြပါတယ် .. အဲဒါကိုလဲ ကြည့်ဝယ်သင့်ပါတယ် ..

နောက်တခုက ftp account ဘယ်နှခုပေးလဲ .. Hosting တခုလုံးအတွက် တယောက်တည်း လုပ်မယ့် သူတွေအတွက် သိပ်ကိစ္စမရှိပေမယ့် .. Hosting တခုတည်းကို သုံးလေးယောက်လောက် share ပြီးသုံးချင်တယ် .. ကိုယ့်ဝဘ်ဆိုဒ်အတွက်ကိုယ် login ၀င်ဖို့ account သက်သက်ရှိချင်တယ်ဆိုရင်တော့ .. Ftp account ပိုများများရှိဖို့သင့်ပါတယ် ..

ပြီး .. Server က Linux လား wondows လားကိုလဲ ကြည့်သင့်ပါတယ် .. Web developer တွေအနေနဲ့ .. ကိုယ် ကျွမ်းကျင်တဲ့ ဘက်ပေါ်မူတည်ပြီး windows နဲ့ Linux ကို ရွေးကြပါတာ် .. ကျနော် windows တော့ မသုံးဖူးဘူး (သုံးဖူးတဲ့သူများရှိရင် ၀င်ရေးပေးကြပါခင်ဗျာ) .. ကျနော်သုံးတာက Linux Apache server ကိုသုံးပါတယ် .. Security ပိုကောင်းတယ်လို့ဆိုပါတယ် … ကျနော်ကတော့ phpmyadmin ကိုသုံးရတာ အဆင်ပြေလို့ သဘောကျတာပါ .. Windows အတွက်တော့ ASP သုံးတယ်လို့ ထင်ပါတယ် ..
mysql database လေးကိုလဲ တချက်လောက် check လိုက်ပါဦး .. ရိုးရိုးတန်းတန်း ၀ဘ်ဆိုဒ်တွေအတွက်မလိုပေမယ့် .. ကိုယ့်ဝဘ်ဆိုဒ်အတွက် application တွေထည့်ချင်ရင် database တွေလိုပါတယ် .. အဲဒီမှာလဲ တချို့ database နဲနဲလေးပေးထားတဲ့ဆိုဒ်တွေမှာဆို ဦးနှောက်စားရပါတယ် .. database ဘယ်လိုအခါမှာလိုမလဲ ..?? ရိုးရိုးတန်းတန်း ဒီဇိုင်းလောက်ပဲ ဆွဲထားတဲ့ဆိုဒ်တွေမှာဆိုရင်တော့ database မလိုပါဘူး .. အဲဒါတောင် guest bookကောင်းကောင်း contact formကောင်းကောင်း လိုမျိုး တိုလီမိုလီလေးတွေ ထည့်ချင်တယ်ဆိုရင်တောင် database လေးတခုလောက်တော့လိုပါတယ် .. ပြီးတော့ ကျနော်အခုဒီဆိုဒ်ကိုဆောက်ထားတဲ့ joomlaလို CMSဆိုဒ်တွေထည့်ချင်ပြီဆို ပိုတောင်လိုပါဦးမယ် .. joomla ဆိုဒ်တခုအတွက်ကို database တခု သက်သက်တောင်းပါတယ် .. အဲဒီမှာ ကိုယ်က database လေးတခုတည်းရှိမယ် ဆိုရင် database ပြန်ခွဲရ sql တွေ ပြန်ရေးရနဲ့ တော်တော်ဦးနှောက်စားမယ့်အလုပ်ပါ ..

ပြီးတော့ hosting ၀ယ်ရင် reseller package တွေဆိုတာလဲ ရှိပါတယ် .. တဆင့်ခံ ပြန်ရောင်းတာမျိုးပါ .. အဲဒီရောင်းတဲ့သူတွေက domain company တွေမှာ domain တွေhosting တွေကို ဈေးကောင်းကောင်းနဲ့ ရထားတတ်ပါတယ်.. အဲဒီ company မှာ domain တွေရာနဲ့ချီဝယ်ပြီး domain အရောင်းအ၀ယ်လုပ်နေတဲ့ သူတွေကို အဲဒီcompany က offer ကောင်းကောင်းပေးပြီးလုပ်ထားတာပါ .. ဥပမာ .. အပြင်မှာ domain တခုကို $3 ဆိုရင် သူတို့က domain provider ကပေးတဲ့ အရင်းဈေးအတိုင်း 1$ကျော်လောက်နဲ့ ပြန်ရကြပါတယ် .. Features တွေတော်တော်များများ ပေးထားတတ်ပါတယ် .. သူတို့ဆီကတဆင့်ဝယ်ချင်တယ်ဆိုလဲ မဆိုးပါဘူး .. ဒါပေမယ့် ဒိုမိန်းကောင်းကောင်းတွေကိုတော့ သိမ်းထားတတ်ကြပါတယ် .. ၀ယ်ချင်တယ်ဆိုရင်တော့ .. ရှေ့ကရေးထားတာလေးတွေကို သတိထားပါ .. ပြီးတော့ .. သူတို့ရှိပြီးသား Webspace ကို ခွဲပြီးရောင်းတာမို့လို့ .. ၀ယ်ရင် နဲနဲသတိထားပါ .. Ftp ပိုင်းမှာ ဘယ်လိုခွဲထားလဲ သေချာမေးပြီးမှ ၀ယ်သင့်ပါတယ် ..
ပြီးတော့ ပိုက်ပိုက်တတ်နိုင်ရင် ..

ဗီဒီယိုဆိုဒ်လို ဆိုဒ်ကြီးမျိုး database ကြီးတဲ့ ဆိုဒ်မျိုးဆောက်ချင်ရင် ကိုယ်ပိုင် server ရှိချင်ရင်တော့ ပိုက်ဆံပိုအကုန်ခံပြီး dedicated server ၀ယ်ပေါ့ .. ဒါကတော့ pro တွေမှ လုပ်မယ့်အတွက် ကျနော်ရှင်းပြမနေတော့ပါဘူး ..

အသေးအဖွားလေးများ ..
ကိုယ့် hosting မှာ ဘာပါမလဲ .. ဥပမာ Cpanel လိုမျိုးပေါ့ .. Joomla လို CMS တွေပါတဲ့ Fantistico Software လေးတွေ file manager တွေ domain တွေကို တစုတရုံးတည်း သုံးရလွယ်အောင်လုပ်ပေးထားတာပါ .. ပါရင်တော့ ပိုကောင်းတာပေါ့ .. မပါရင်လဲ ကိစ္စတော့မရှိပါဘူး ..
နောက်တခုကတော့ web mail လိုချင်တဲ့သူတွေအတွက်ပါ.. ကိုယ်hosting လုပ်တဲ့ company က web mail ပေးတယ်ဆိုရင်လဲ ယူလိုက်ရုံပေါ့ .. ဒါကတော့ သိပ် ပြသနာမရှိပါဘူး .. web mail ဆိုတော့ security အတွက် နဲနဲပိုကောင်းတာပေါ့ ..

ဒိုမိန်းဝယ်ရင် ..
ကျနော် hosting လဲတာ ၃ခါလောက်ရှိပါပြီ .. ပထမအခေါက်တုန်းက ကျနော် ခံလိုက်ရဘူးလို့ပါ .. Domain host လုပ်တဲ့ company ကို မကြိုက်လို့ တခြား company တခုကို ပြောင်းချင်တယ်ဆိုရင် .. Domain transfer အတွက် service charge ဆိုတာ ပေးရပါတယ် .. အဲဒါကို စ ၀ယ်ကတည်းက ရှင်းအောင်မေးထားပါ .. မမေးထားရင် .. အဲဒီ company က လူလည်လုပ်ပြီး service charge တောင်းပါလိမ့်မယ် .. ပြောင်းလိုက်တဲ့ အဟောင်းမှာတခါ .. ပြောင်းချင်တဲ့ အသစ်မှာတခါ .. နှစ်ခါပေးနေရပါလိမ့်မယ် .. ပြီးတော့ ပြောင်းချင်ရင်လဲ .. ဒိုမိန်းသက်တမ်းမကုန်ခင် နောက်ဆုံးနှစ်လမတိုင်ခင်မှာ ပြောင်းပါ .. မဟုတ်ရင် .. ရစ်နေပါလိမ့်မယ် .. ရှင်းပါတယ် .. သူတို့က ပိုက်ဆံပိုလိုချင်တယ်လေ .. Customer ကို လက်လွတ်ခံမှာ မဟုတ်ပါဘူး ..
Domain ၀ယ်မယ်ဆိုရင် ကိုယ်ဝယ်ချင်တဲ့ hosting company ရဲ့ background ကို အရင်လေ့လာပါ .. Service ကကောဘယ်လိုလဲ .. အလွယ်ဆုံးနည်းကတော့ .. ကျနော် ညသန်းခေါင်ဖုန်းကောက်ဆက်တာပဲ .. Service ကောင်းတဲ့ company က response လုပ်ပါတယ် .. ပြီးတော့ technical ပိုင်း ကတ်သီးကတ်သတ်မေးခွန်းတွေမေးပါ .. ဟီး .. ဒါက ကျနော်လုပ်နေကျပဲ .. Hosting company ကောင်းကောင်းဆို သူ့မှာ technician ကောင်းကောင်းရှိရမယ်လေ .. အဲဒီလိုပါ .. ကျနော် အခု နောက်ဆုံးပြောင်းလိုက်တာ go daddy ကိုပြောင်းလိုက်ပါတယ် .. Service တွေကအစ features တွေအဆုံး ပေးထားတဲ့ ၀န်ဆောင်မှုကိုသဘောကျပါတယ် .. အဲဒီဆိုဒ်တခုကိုတော့ ကျနော်ကိုယ်တိုင်လဲ သုံးနေတော့ .. recommend လုပ်ပါတယ် ..

ပြီးတော့ domain manager. အဲဒီ account ကိုရထားရင် ကောင်းတဲ့အခွင့်အရေးပါပဲ .. hosting company ရဲ့ service တွေကို မကြိုက်လို့ပဲဖြစ်ဖြစ် hosting အသစ်တခုခုကို စမ်းသုံးချင်လို့ပဲဖြစ်ဖြစ် domain manager လေးရှိတော့ ကိုယ့်domain ကိုယ် အလွယ်တကူပြောင်းလို့ရပါတယ် .. အဲဒါကို များသောအားဖြင့် hosting company အသေးတွေမှာ မပေးထားတတ်ကြပါဘူး ... အဲဒါလေးရနိုင်ရင်တော့ အကောင်းဆုံးပါ ..

ခုတော့ hosting ၀ယ်တာနဲ့ ပက်သက်ပြီး သိသင့်တာလေးတွေပါပဲ .. နောက်တပတ်ကျရင် free domain နဲ့ hosting မလိုပဲ ကိုယ့်ကွန်ပျုတာပေါ်မှာ host လုပ်တဲ့ အကြောင်းကို ကျနော်ရေးပါဦးမယ် ..

အားလုံး ပျော်ရွှင်ကြပါစေ ..
ဒီဒီကို

Read More...
AddThis Social Bookmark Button

Scheduled Posts In Draft Blogger  

Contributor: tayzar

Blogger က ဘလောခ့်တွေမှာ အခုပို့စ်တွေကို schedule ဆွဲပြီး တင်လို့ရပါပြီ။ ပို့စ်ကို ကျွန်တော်တို့ အရင်ရေးထားပြီး အဲဒီပို့စ်ကို ကိုယ်တင်ချင်တဲ့အချိန်၊ publish လုပ်ချင်တဲ့ အချိန်မှာ အလိုလျှောက် တင်ပြီးသားဖြစ်အောင် လုပ်နိုင်မှာပါ။ ဒီ အသစ် လုပ်ဆောင်နိုင်တဲ့ အချက်လေးကတော့ ဘလောခ့်ဂါတွေ အတွက် တကယ်ကို တကယ်ကို အသုံးတည့်မှာပါ။ ပြီးခဲ့တဲ့နေ့က ကျွန်တော်တင်ခဲ့တဲ့ LinkBunch ပို့စ်ကို အခု schedule feature နဲ့ တင်ခဲ့တာပါ။ အခုဒီ feature က Blogger In Draft မှာပဲ အလုပ်လုပ်ပါတယ်။ Blogger မှာ လုပ်လို့မရပါဘူး။

ဒီ ပို့စ်တွေကို အချိန်နဲ့ အလိုလျှောက်တင်အောင်လုပ်တာက Blogger In Draft မှာ အရင်ဝင်ပါပြီးရင် အဲဒီက ပို့စ်မှာ ကိုယ်ရေးချင်တာရေး ပြီးရင် သူ့အောက်မှာပါတဲ့ post option ဆိုတာလေးကို ကလစ်လုပ်ပါ။ Post Option မှာ ကျွန်တော်တို့ အချိန်ပြင်လို့ရပါတယ်။ အဲဒီမှာ ကိုယ့်ပို့စ်ကို အလိုလျှောက် publish ဖြစ်စေချင်တဲ့ အချိန်၊ ရက်၊ လ၊ နှစ် ကို ထည့်လိုက်ရုံပါပဲ။ ကိုယ်ထည့်လိုက်တဲ့ နှစ်၊ လ၊ ရက်၊ နာရီ ကိုရောက်ရင်တော့ ဘလောခ့်မှာ အလိုလျှောက်ပို့စ် တင်ပြီးသား ဖြစ်သွားမှာပါ။ အခု scheduled posts ကို Blogger In Draft မှာသာ လုပ်လို့ရပါတယ်။ Blogger မှာ လုပ်ရင် ချက်ချင်း ကိုယ်ထည့်ထားတဲ့ ရက်၊ နှစ်တွေနဲ့ ချက်ချင်း တက်လာပါတယ်။ အခု အသစ်ထည့်လိုက်တဲ့ feature လေးက ကျွန်တော့် အတွက်တော့ တကယ် အသုံးတည့်ပါတယ်။ ကိုယ်ခရီးသွားလို့ ဘလောခ့်မရေးနိုင်တဲ့ အခါမျိုးမှာ ဖြစ်ဖြစ် ဒီကောင်လေးကို သုံးပြီး reader တွေနဲ့ အဆက်မပြတ်အောင် နေလို့ရပါတယ်။ ဒီ feature အတွက်တော့ Blogger က အဖွဲ့သားတွေကို ကျေးဇူးအရမ်းတင်ပါတယ်။ မိတ်ဆွေတို့လည်း စမ်းကြည့်ကြပါဦး။

Read More...
AddThis Social Bookmark Button

Playtagger နဲ့ သီချင်းတင်နည်း (အသေးစိတ် ရှင်းလင်းချက်)  

Contributor: ရန်အောင်

အားလုံးပဲ မင်္ဂလာပါခင်ဗျာ.

အရင်ဆုံး Playtagger လေးအကြောင်း ပိုရှင်းအောင် ဆွေးနွေးချင်ပါတယ်.

ကဲ. လိုရင်းကို တိုက်ရိုက်မသွားခင် ဘာကြောင့် ဒီလို Process လေးတွေ လုပ်ရတယ်ဆိုတာကို နောက်ပြန် ပြန်စဉ်းစားလိုက်ရအောင်လား..

သီချင်းတင်ချင်တယ်.

အိုကေ..

ဒါဆိုရင် အဲဒီ့သီချင်းကို ဘယ်မှာတင်မှာလဲ.

အင်တာနက်ပေါ်မှာ တင်မှာပေါ့. ဟုတ်တယ်ဟုတ်.

ဒါဆိုရင် စဉ်းစားကြည့်ရအောင်လား. ခင်ဗျားစက်ထဲမှာ ရှိနေတဲ့ သီချင်းတစ်ပုဒ်ကို တစ်ကမ္ဘာလုံးမှာ ရှိနေတဲ့ အင်တာနက် သုံးသူတွေ နားဆင်နိုင်အောင် ခင်ဗျား တစ်ခုခုကို လုပ်ရတော့မယ်.

ဒီမှာ ဝေါဟာရအသစ်တစ်ခု ၀င်လာပြီ. ဖိုင်ဟိုစတင်း(File Hosting) တဲ့…

ဒါကို ခင်ဗျားနားလည်ဖို့ လိုအပ်လာပြီ.

သူက ဘာလုပ်တာလဲဆိုတော့ ခင်ဗျားတင်ချင်တဲ့ သီချင်းကို အင်တာနက်ပေါ်မှာ တင်နိုင်အောင် URL လင့်ခ်တစ်ခုထုတ်ပေးတာပေါ့ဗျာ. ပြောရရင်တော့ အငှားတည်းခိုခွင့်ပြုတာပေါ့. ဒါကြောင့်လည်း သူ့ကို Host လုပ်ပေးတယ်လို့ ခေါ်တာပေါ့.

ဒါဆိုရင် ပထမအဆင့် နားလည်သွားပြီဗျာ နော်.

အဲဒါကို အကျယ်ချဲ့ပြီး ထပ်ပြောရရင်တော့ သီချင်းမှတင်မဟုတ်ပါဘူး. အားလုံးအသုံးပြုနိုင်အောင် တစ်စုံတစ်ခုကို ဝေမျှတော့မယ် ဆိုတာနဲ့ ခင်ဗျားဟာ ဖိုင်ဟိုစတင်း ကိစ္စကို အနည်းနဲ့အများ ထိတွေ့ရတော့မှာ ဖြစ်ပါတယ်. ဖိုင်ဟိုစတင်း ဘယ်လိုလုပ်လဲ ဆိုတဲ့ အသေးစိတ်ကိုတော့ ကျွန်တော် ဒီနေရာမှာ ဆွေးနွေးခဲ့ပြီးပါပြီ. လေ့လာဖတ်ရှုနိုင်ပါတယ် ခင်ဗျာ.

နောက်တစ်ဆင့် ဆက်ပြောမယ်.

URL Link ကတော့ ရလာပါပြီ. အဲဒါကို ဘယ်လိုတင်ပြရမလဲ.

ဒီနေရာမှာ HTML Coding လေးတစ်ခုကို နားလည်ဖို့ လိုအပ်လာပါပြီ. အများကြီးမလိုပါဘူးနော်. တကယ့်ကို နည်းနည်းလေးပါ. လင့်ခ်ချိတ်တဲ့ ကုဒ်ဒင်းလေးပါပဲ. Anchor Tag လို့ ခေါ်ပါတယ်.

<a href= "http://www.mmbloggershelpdesk.blogspot.com">Myanmar Bloggers Helpdesk</a>


ဒါဆိုရင် ကျွန်တော်တို့ဟာ Myanmar Blogger Helpdesk ဆိုတဲ့ site လေးကို လင့်ခ်လှမ်းချိတ်လိုက်တာပဲ ဖြစ်ပါတယ်.

အခု ကျွန်တော်တို့ သီချင်းတင်ဖို့ သီချင်းကို Host လုပ်ပြီးပြီ. လင့်ခ်လည်း ထုတ်ပြီးပြီ. တင်တော့မယ်ဆိုတော့ အပေါ်က ပြထားတဲ့ အတိုင်းလေး လင့်ခ်ချိတ်လိုက်ရင် ရပြီလား…

ကဲ. တင်လိုက်ပြီဗျာ.

<a href= “http://www.fileden.com/files/2007/9/23/1451933/Nay%20Chin%20Dar%20Minn%20Ah%20Narr.mp3”>နေချင်တာ မင်းအနားမှာ</a>

နှိပ်ကြည့်လိုက်ပါ. ဘာဖြစ်မလဲ..

ဘာမှမဖြစ်လာပါဘူး.

လုပ်ပုံလုပ်နည်းကလည်း မှန်ပါရဲ့နဲ့ ဘာလို့ ဒီ playtagger လေးက အလုပ်မလုပ်တာလဲ…

ရှင်းပါတယ်. ကျွန်တော်တို့ရဲ့ ဘလော့ဂ်တန်းပလိတ်ထဲမှာ Playtagger နဲ့ ပတ်သက်တဲ့ script လေး မထည့်ခဲ့လို့ပါ..

အဲဒါကို ဘယ်နေရာမှာ ထည့်ရမှာလဲ. အဲဒီ့ script လေးတွေက ဘာလဲ..

အိုကေ. ဟောဒီ့မှာဗျာ. လိုအပ်တဲ့ script လေးတွေ…

<script src='http://del.icio.us/js/playtagger' type='text/javascript'></script>

ဘယ်နေရာမှာ ထည့်ရမလဲဆိုတော့ အရင်ဆုံး ကိုယ့်ဘလော့ဂ်ရဲ့ တန်းပလိတ်ကို သွားပါ.

ပြီးရင်တော့ </head> ဆိုတာလေးကို တွေ့အောင်ရှာပါ. ရှာလို့တွေ့တာနဲ့ သူ့အပေါ် ကပ်လျက်မှာ ခုနက ပေးထားတဲ့ script လေးတွေကို ထည့်ပေးလိုက်ပါ. ဒါဆိုရင် ပြီးသွားပါပြီ…

ကဲ. ကျွန်တော်နောက်ပြန်တွေပဲ ပြန်ပြောပြီးသွားပြီနော်. အခုလောက်ဆိုရင် ကျွန်တော်တို့ playtagger နဲ့ သီချင်းတင်နိုင်ဖို့ ဘာတွေ လုပ်ရမယ်ဆိုတာကို ခြုံငုံသုံးသပ်မိပြီလို့ ယူဆပါတယ်.

(၁) Playtagger Script လေးကို ဘလော့ဂ်တန်းပလိတ်ရဲ့ </head> Tag မတိုင်ခင်လေးမှာ ထည့်ပေးရမယ်.

(၂) တင်ချင်တဲ့ သီချင်းကို host လုပ်ပြီး လင့်ခ်ထုတ်ယူရမယ်.

(၃) <a href= “your song URL”>my song</a> ဆိုတဲ့ ပုံစံလေးနဲ့ ကိုယ့်ရဲ့ ပို့စ်လေးထဲမှာ တင်ရမယ်.

ဒါဆိုရင် ပြီးပါပြီ.

နေချင်တာ မင်းအနားမှာ ဆိုတဲ့ သီချင်းလေးကို တင်ချင်တယ်. ဒီတော့ ကျွန်တော် Fileden.com မှာ သွားပြီး သီချင်းလေးကို Host လုပ်ပါတယ်. လင့်ခ်ထုတ်ယူလာခဲ့ပါတယ်.

အဲဒါကို ကျွန်တော့်ရဲ့ ဘလော့ဂ်လေးမှာ ဒီလိုလေးတင်လိုက်ပါတယ်.

<a href= “http://www.fileden.com/files/2007/9/23/1451933/Nay%20Chin%20Dar%20Minn%20Ah%20Narr.mp3”>နေချင်တာ မင်းအနားမှာ</a>

အဲလိုလုပ်လိုက်ရင် ဒီလိုလေးပေါ်လာပါလိမ့်မယ်.

နေချင်တာ မင်းအနားမှာ

အားလုံးပဲ အဆင်ပြေ ချောမွေ့စွာ သီချင်းလေးများ မျှဝေခံစားနိုင်ကြပါစေခင်ဗျာ….

သံစဉ်လှိုင်း ဘလော့ဂ်လေးကိုလည်း လာရောက်အပန်းဖြေဖို့ နွေးထွေးစွာ ဖိတ်မန္တက ပြုပါတယ်.

ခင်မင်လေးစားလျက်

ရန်အောင်

Read More...
AddThis Social Bookmark Button