Myanmar Blogger Helpdesk

Learning, Sharing and Growing Together at Blogging Community!

Google webmaster tools  

Contributor: မောင်သင်္ကြန်

“သင့်ရဲ့ Website သို့ Blog ကို သင့်စိတ်ကြိုက် Keyword နဲ့ Search Engine တွေမှာ ရှာမတွေ့နိုင်ဘူးဆိုရင် အွန်လိုင်းကမ္ဘာမှာ သင်.. တကယ် မရှိသေးပါဘူး” ဆိုတဲ့ စကားတစ်ခွန်း ကြားဖူးတယ်။ ဒါဟာ Webmaster, Blogger တွေအတွက် မှန်ကန်တဲ့ စကားပါပဲ။


ကျွန်တော်တို့ Blog ရေးရာမှာ ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ရေးကြတယ်။ ဒါပေမယ့် ဘလော့ဂ်ဂါ အားလုံးရဲ့ တူညီစိတ် တစ်ခုကတော့ မိမိ Blog ကို လာဖတ် စေချင်ကြတာပါပဲ။ Website, Blog ကို Traffic များအောင်၊ လူသိများအောင် လုပ်ဖို့ရာမှာ Search engine တွေရဲ့ အခန်းကဏ္ဍဟာ အရေးပါလာ ပါတော့တယ်။ ဒါကြောင့်မို့လဲ SEO လို့ခေါ်တဲ့ Search engine optization ၀င်ဆောင်မှု ပြုလုပ်ပေးတဲ့ ကုမ္ပဏီတွေ အလျှိုလျှို ပေါ်ပေါက်လာရတာ ဖြစ်ပါတယ်။


Google အပါအ၀င် Yahoo, MSN တို့လို Search engine တွေမှာ Webmaster တွေအတွက် အကူအညီပေးမယ့် Tools တွေရှိပါတယ်။ ၄င်း Tools တွေကို အကျိုးရှိရှိ အသုံးချခြင်းနဲ့ မိမိတို့ Site ကို Search engine တွေရဲ့ အပေါ်ပိုင်းကို ရောက်အောင် အတိုင်းအတာ တခုအထိ အကူအညီ ပေးနိုင်ပါတယ်။ ကမ္ဘာ့အသုံးအများဆုံးဖြစ်တဲ့ Google ရဲ့ Webmaster tools တွေကို ကျွန်တော်တို့ လေ့လာ ကြည့်ကြရအောင်...။



(၁) ကျွန်တော်တို့ရဲ့ Website/blog တည်ဆောက်ထားတာ ရက်ပိုင်းပဲ ရှိသေးတယ်ဆိုရင် ပထမဆုံး လုပ်သင့်တာက Add your URL to Google မှာ ကျွန်တော်တို့ Site ရဲ့ Url ကို Add ပေးရပါမယ်။ Google နဲ့ မိတ်ဆက်ပေးတယ်ပေါ့ဗျာ။ ဒါဆိုရင် 3 ရက်မှ 7 ရက် အတွင်းမှာ Googlebot တွေ လာရောက် Access လုပ်ပြီး Search engine အတွက် Google's Index မှာ ထည့်သွင်း ပေးသွားမှာ ဖြစ်ပါတယ်။


(၂) Google Webmaster Central က Use our site status wizard မှာ ကျွန်တော်တို့ Site ဟာ Google's index မှာ ရှိပြီးပြီလားဆိုတာ စစ်ဆေး ကြည့်နိုင်ပါတယ် P[1] ။ အဲဒီမှာ Index မှာရှိပြီးဖြစ်မဖြစ်နဲ့ Googlebot တွေ ဘယ်နေ့က နောက်ဆုံး Access လုပ်ခဲ့တယ် ဆိုတာ ဖေါ်ပြပေးပါလိမ့်မယ် P[2] ။ ပုံမှန်အားဖြင့်ကတော့ Site သက်တမ်း အနည်းငယ်ရှိပြီ ဆိုရင် Google ရဲ့ Index မှာ ရှိပြီးလောက်ပါပြီ။ SEO အတွက် သိပ်ခေါင်းမစားချင်ဘူးဆိုရင် ဒီအဆင့်မှာပဲ ထားလိုက်လဲ ရပါတယ်။ Google's Index ထဲမှာ ရှိပြီးသားဖြစ်တာကြောင့် Site traffic ရှိတယ်၊ ပုံမှန်လေးပို့စ်တွေ တင်တယ်ဆိုရင် Google page rank တဖြေးဖြေး တတ်လာမှာ ဖြစ်ပါတယ်။


web master tools 1


web master tools 2


(၃) နောက်အဆင့်တွေ ဆက်သွားမယ်ဆိုရင် P[2] မှာအနီရောင်နဲ့ပြထားတဲ့ Take me to Google webmaster tools ကို ၀င်ပါမယ်။ Google Mail အကောင့်နဲ့ sign in ၀င်ရပါမယ်။ အရင်ဆုံး ကျွန်တော်တို့ရဲ့ site ဟုတ်မှန်ကြောင်း Verify လုပ်ပေးရပါမယ်။ Verification လုပ်ဖို့အတွက် Add a meta tag နဲ့ Upload an HTML file ဆိုပြီး Method 2 မျိုးရှိပါတယ်။


(၃.၁) Add a meta tag နဲ့ Verify လုပ်မယ်ဆိုရင် P[3] မှာ အ၀ါနဲ့ ပြထားတဲ့ <meta name="verify-v1" content="xxx......" /> ဆိုတဲ့ Code ကို Site's home page ရဲ့ <head> နဲ့ </head> ကြားမှာ ထည့်ပေးရမှာဖြစ်ပါတယ်။ Show me an example မှာ နမူနာ ကြည့်နိုင်ပါတယ်။ WordPress တွေအတွက် နမူနာပြရရင်တော့ အသုံးပြုနေတဲ့ theme ရဲ့ header.php မှာထည့်ပေးရမှာ ဖြစ်ပါတယ် [P3.1]


add a meta tag


add a meta tag


(၃.၂) ဒုတိယနည်း Upload an HTML file ကတော့ ပိုပြီးလွယ်ပါတယ်။ နှစ်သက်ရာ Text editor တခုခုနဲ့ ပေးထားတဲ့ google..xx.html နာမည်နဲ့ ဖိုင်တခု လုပ်ရပါမယ်။ အဲဒီဖိုင်ကို site ရဲ့ root directory ကို တင်ပေး လိုက်ယုံပါပဲ။ ဥပမာ smsy.iblogger.org အတွက်ဆိုရင် /smsy.iblogger.org/htdocs ထဲကို upload တင်ပေးရမှာ ဖြစ်ပါတယ် P[3.2]


Upload an HTML file


(၄) Site verified ဖြစ်သွားရင် P[4] မှာလိုမြင်ရပါမယ်။ နောက်တစ်ဆင့်ကတော့ Sitemap ကို add ပေးပါမယ်။ Sitemap add ပေးတဲ့ ရည်ရွယ်ချက်ကတော့ Googlebot (ခေါ်) google web crawlers (search engine အတွက် website များ၏ အချက်အလက်ကို ကောက်ယူပေးသော ပရိုဂရမ်) တွေကို Site ရဲ့ Pages, Posts အချက်အလက် အားလုံးကို ပြည့်ပြည့်စုံစုံ ကောက်ယူစေနိုင်ဖို့အတွက် Sitemap နဲ့ကူညီ လမ်းပြပေးတဲ့ သဘောမျိုးပါပဲ။


add sitemap


Sitemaps ထဲက Add sitemap ကိုသွားပါမယ် P[4] ။ Choose type ဆိုတဲ့ drop down list မှာ Add general webs sitemap ကိုရွေးပါမယ်။ WordPress အတွက်ကတော့ XML Sitemap Plugin နဲ့ ပြုလုပ်ထားတဲ့ sitemap.xml ကို ထည့်ပေးလိုက်ယုံပါပဲ P[4.1]


sitemap


Blogger တွေအတွက်ကတော့ ပိုလွယ်ပါတယ်၊ Sitemap တည်ဆောက်စရာမလိုပဲ My Sitemap URL is: နေရာမှာ atom.xml ဆိုပြီး ထည့်ပေးလိုက်ယုံပါပဲ။ အခြား platform က blog တွေ၊ Website တွေ အတွက် RSS Feed ဖြင့်လဲ add ပေးနိုင်ပါတယ်။ Webmaster Help Center မှာ လေ့လာနိုင်ပါတယ်။ RSS Feed ကို support မလုပ်တဲ့ websites တွေအတွက်ကတော့ xml-sitemaps.com မှာ Sitemap ပြုလုပ်ပြီး Add ပေးနိုင်ပါသေးတယ်။ Sitemap ကိုအောင်မြင်စွာ ထည့်သွင်းပြီးသွားပြီဆိုရင် Sitemap details မှာ P[4.2] အတိုင်း အချက်အလက်တွေကို မြင်တွေ့ရပါမယ်။


sitemap details


အဆင့်တွေ အားလုံး ပြုလုပ် အောင်မြင်ပြီဆိုရင် SEO အတွက် အခြေခံ အဆင့်တစ်ခုတော့ အဆင်ပြေသွားပါပြီ။ Search engine ရဲ့ ထိပ်ပိုင်းကို ရောက်ရှိဖို့ အတွက်ကတော့ ဒီလောက် မလွယ်ကူပါဘူး။ အခြား အကြောင်းအရာပေါင်း များစွာ ဆက်နွယ် နေပါသေးတယ်။ မဟုတ်ရင် SEO အတွက် ၀န်ဆောင်မှု ကုမ္ပဏီတွေ ဘယ်လို ဖြစ်ပေါ်လာနိုင်ပါ့မလဲ။ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာစာနဲ့ ရှာဖွေမှုတွေအတွက် တစုံတခုတာ့ အကျိုးရှိနိုင်မှာ သေချာပါတယ်။ Google တင်မကပဲ Yahoo အတွက် Yahoo Site Explorer , MSN အတွက် Webmaster tools တို့မှာ အလားတူ ပြုလုပ်ပေးနိုင်ပါသေးတယ်။ Site Verify လုပ်ခြင်း၊ Sitemap Add ပေးခြင်း ပုံစံ မကွာခြားလှပါဘူး။ ကျန်ရှိနေသေးတဲ့ Webmaster tools တွေကို အလျင်းသင့်သလို တင်ပြေပေးသွားမယ်။



Creative Commons License
This work is licensed under a Creative Commons Attribution.

Read More...
AddThis Social Bookmark Button

What is Professional Blogging and How to?  

Contributor: MhawSayar

အင်တာနက် ကမ္ဘာဦး၊ ကွန်ယက် စာမျက်နှာများ ၏ မူလ နှင့် ၀ဘ်ဘလော့ဂ်တို့ သမိုင်း

Description of Internet Connecting

၁၉၉၁ ခုနှစ်၊ သြဂုတ်လ ၆ ရက်နေ့၊ CERN အဖွဲ့ကြီးကနေ ပြင်သစ်နှင့် ဆွစ်ဇာလန် နှစ်နိုင်ကြား နယ်စပ် တစ်နေရာမှာ World Wide Web အမည်ရတဲ့ ကမ္ဘာလုံး ဆိုင်ရာ ကွန်ပြူတာများ အချင်းချင်း ကွန်ယက် သဖွယ် ချိတ်ဆက် အသုံးပြုနိုင်သော Project တစ်ခုကို၊ အင်္ဂလိပ်လူမျိုး ပညာရှင် Tim Berners-Lee ရဲ့ ကမ္ဘာ့ပထမဆုံး World Wide Web စာမျက်နှာ တစ်ခုနှင့် အတူ လူထုထံ စတင် မိတ်ဆက် ခဲ့ပြီးနောက် ၁၉၈၅ ခုနှစ်မှာ National Science Foundation (United State) ကောင်းမှုနဲ့ စတင် သန္ဓေတည်ခဲ့တဲ့ TCP/IP သုံး ကွန်ယက် စနစ် ဟာ Internet ဆိုသော ကမ္ဘာလုံးဆိုင်ရာ ကွန်ယက် စနစ်ကြီးတစ်ခု အဖြစ် မည်သူမဆို ၀င်ရောက် ချိတ်ဆက် အသုံးပြုနိုင်သော၊ သတင်းစာ၊ ရုပ်မြင်သံကြားနှင့် ရေဒီယိုတို့ ပြီးနောက် စတုတ္ထမြောက် သတင်းနှင့် ပြန်ကြားရေး နည်းပညာ ရပ်ဝန်း တစ်ခုအဖြစ် ထွက်ပေါ်လာခဲ့ပြီး ယနေ့ခေတ် အခါမှာတော့ အလွန်အမင်း လျင်မြန်စွာ ပေါက်ကွဲ ကြီးထွား လျက်ရှိသော ကွန်ယက်ကြီး တစ်ခု အဖြစ် သာမကပဲ ကွန်ပြူတာများ၊ Mobile Devices များမှာပါ ၀င်ရောက် ချိတ်ဆက် အသုံးပြု နိုင်သော မရှိမဖြစ် ဆက်သွယ်ရေး ကြားခံနယ် တစ်ခု ဖြစ်လာပါတယ်။

World Internet Users Latest Graphic

Internet World Stats ရဲ့ ၂၀၀၈ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မှာ ကောက်ယူ ခဲ့တဲ့ စစ်တမ်း တစ်ရပ်အရ ယနေ့ အင်တာနက် ကမ္ဘာမှာ အသုံးပြုသူ ဦးရေ ၁.၄၀၇ ဘီလီယံ ရှိသွားပြီ လို့ဆိုပါတယ်။

အင်တာနက် ခေတ်ဦးကာလက အဓိက အားဖြင့် Research Center ကြီးများနှင့် အစိုးရ အဖွဲ့အစည်း တွေမှာ ဒေတာတွေ၊ သတင်းအချက် အလက်တွေကို တစ်နေရာမှ တစ်နေရာကို လွယ်ကူစွာ လွဲပြောင်း ပေးနိုင်သော ကြားခံ ဆက်သွယ်ရေး ပစ္စည်းတစ်ခု အဖြစ် အသုံးချ ရန်သာ ရည်ရွယ်ခဲ့ကြတာ ဖြစ်ပါတယ်။ World Wide Web ပေါ်လာပြီးတဲ့ နောက် အင်တာနက် ဟာ ဒေတာတွေကို လွဲပြောင်းရေး အတွက်သာ မကတော့ ပဲ သတင်းနှင့် ပြန်ကြားရေး ပစ္စည်းတစ်ခု အဖြစ်ပါ စတင် အသုံးချလာခဲ့ကြပါတယ်။ ကွန်ယက် စာမျက်နှာ တွေ (Web Sites) ကို အစဦးကလက အစိုးရတွေ၊ အဖွဲ့အစည်းတွေ၊ သုတေသန ဌာနတွေရဲ့ ထုတ်ပြန်ချက်၊ သတင်းနှင့် လုပ်ဆောင်မှု စတာတွေကို ဖြန့်ချီဖို့ စတင် အသုံးပြု ခဲ့ကြပြီး နောက်ပိုင်းမှာ ကော်ပိုရေးရှင်း ကြီးတွေ၊ စီးပွားရေး ကုမ္ပဏီကြီးတွေ ကပါ သူတို့ရဲ့ ထုတ်ကုန် ပစ္စည်းတွေကို အရောင်းမြှင့်တင်ဖို့၊ ကုမ္ပဏီရဲ့ မူဝါဒတွေ၊ စည်းမျဉ်း စည်းကမ်း တွေကို သတင်းပြန်ကြားဖို့ စတာတွေ အတွက် အသုံးပြုလာ ကြပါတယ်။

နောက်တစ်ဆင့် အနေနဲ့ ကွန်ယက် စာမျက်နှာတွေကို ကိုယ်ရေးကိုယ်တာ ဆိုင်ရာအတွက် သီးသန့် အသုံးပြု လာကြသူ တွေကတော့ နယ်ပယ် အသီးသီးက နာမည်ကြီး ကျော်ကြားသူ များ ဖြစ်ကြပါတယ်။ သူတို့ရဲ့ ပရိတ်သတ်တွေ၊ အားပေးသူ တွေကို သူတို့ လက်ရှိမှာ ဘာတွေ လုပ်နေတယ် ဆိုတာတွေ ကို သတင်းပေးဖို့၊ ပရိတ်သတ်တွေရဲ့ ရင်းနှီးမှုအားပေးမှု စတာတွေကို ပိုမိုဆွဲဆောင်နိုင် ဖို့အတွက် Personal ဆိုင်ရာ စာမျက်နှာများ အဖြစ် စတင် အသုံးချလာ ကြတာ ဖြစ်ပါတယ်။ ယနေ့ခေတ် အခါမှာတော့ Social Networking ဆိုင်ရာ စာမျက်နှာ တွေမှာ လူတိုင်း မိမိ ဘယ်သူဆိုတာ၊ ဘာလုပ်တယ် ဆိုတာ စတဲ့ ကိုယ်ရေးကိုယ်တာ ဆိုင်ရာ ဒေတာတွေ ကို အခမဲ့ ဖော်ပြနိုင်ရုံမျှမက အဲဒီ ကွန်ယက် စာမျက်နှာ တွေက တစ်ဆင့် မိမိနှင့် စိတ်တူ၊ ၀ါသနာ တူသူတွေ အချင်းချင်း ပညာရပ်ဆိုင်ရာ၊ စိတ်ကူး စိတ်သန်း တွေကို လွတ်လပ်စွာ ဆွေးနွေး ဖလှယ်ပြီး မိတ်ဆွေဖွဲ့နိုင်ကြပါပြီ။

Logos of Blogging Softwares

ဘလော့ဂ် (Blog -အရှည်အားဖြင့် Web Log) ၊ တြိယာ ပုဒ်အားဖြင့် ပြုပြင်ထိန်းသိမ်းသည် (သို့) အကြောင်း အရာများကို ထပ်ပေါင်းသည် လို့ အမည်ရတဲ့ ကွန်ယက် စာမျက်နှာ အမျိုးအစား တစ်မျိုးကို အင်တာနက် တစ်ခွင်လုံးဆိုင်ရာ လွတ်လပ်သော အဘိဓာန် မှာအောက်ပါအတိုင်း အဓိပ္ပါယ် ဖွင့်ထားပါတယ်။

A blog (an abridgment of the term web log) is a website, usually maintained by an individual, with regular entries of commentary, descriptions of events, or other material such as graphics or video. Entries are commonly displayed in reverse chronological order.

ဘလော့ဂ်တစ်ခု ( Web Log ၏ အတိုကောက် အသုံးအနှုန်း) ဆိုသည်မှာ ကွန်ယက် စာမျက်နှာတစ်ခု ပင်ဖြစ်ပြီး အဖြစ်အပျက် များ၏ ရှင်းလင်းချက်များ သို့မဟုတ် ရုပ်ပုံ ဖော်ပြချက်များ နှင့် ရုပ်သံဆိုင်ရာ ပစ္စည်းများပါဝင်ကာ တစ်ဦးချင်းသော် လည်းကောင်း၊ တစ်ဦးထက်ပိုသော ပုံမှန် အဖွဲ့ဝင်များပါဝင်သည့် အဖွဲ့ တစ်ခုခု မှ သော်လည်းကောင်း ပြုပြင် ထိန်းမှုပုံမှန် ပြုလုပ်သည်။ ၎င်းတွင် ဖော်ပြ ထားသမျှသော အရာအားလုံးတို့အား များသောအားဖြင့် နှစ်ကာလ အစီအစဉ်လိုက် ပြောင်းပြန် အားဖြင့် ဖော်ပြထားလေ့ရှိသည်။

အပေါ်က စကားစုတွေ ကတော့ ယခင့်ယခင် ဘလော်ဂါ အစဉ်အဆက်ရော၊ ဒီနေ့ ခေတ် တော်တော် များများ သော ဘလော်ဂါတွေ ပါ သိကြတဲ့ ဘလော့ဂ် ဆိုင်ရာ အဓိပ္ပါယ် သတ်မှတ်ချက် တစ်ခုဖြစ်ပါတယ်။ ယနေ့ နောက်ဆုံးပေါ် ဘလော့ဂ် အတွက် အဓိပ္ပါယ် သတ်မှတ်ချက် အသစ်ကတော့ Better Listing On Google ပါတဲ့။ Digital Inspiration ရဲ့ အလိုအရဖြစ်ပါတယ်။

New Defination of Blog

ဒီနေရာမှာ မှတ်သားဖွယ် တစ်ခုကတော့ “weblog” ဆိုတဲ့ စကားလုံးကို Jorn Barger ဆိုတဲ့ ပုဂ္ဂိုလ်က ဒီဇင်ဘာ ၁၇ ရက်နေ့၊ ၁၉၉၇ ခုနှစ်မှာ စတင်တီထွင် သုံးစွဲခဲ့ပြီး “blog” ဆိုတဲ့ အသုံးအနှုံးကိုတော့ Peter Merholz ဆိုသူက သူ့ ဘလော့ဂ် ရဲ့ ဆိုဒ်ဘားမှာ “we blog” ဆိုတဲ့ အသုံးအနှုန်း တစ်ခုကို ၁၉၉၉ ခုနှစ်ရဲ့ မေ လ နှင့် ဧပြီလ တစ်ခုခုမှာ စတင် ဖော်ပြခြင်း ကနေ အစပြုခဲ့တယ် လို့ဆိုပါတယ်။

Blog တွေရဲ့ မူလ အစမှာတုန်းက ဒီဂျစ်တယ် အဖွဲ့အစည်း တွေ အနေနဲ့ လူတစ်ဦးနှင့်တစ်ဦး မိမိကိုယ်ကို လျင်လျင်မြန်မြန် ဖော်ပြဖို့ အတွက်ရော၊ ဆက်ဆံဆွေးနွေးခြင်း လျင်မြန်လွယ်ကူ ဖို့အတွက်ပါ Bulletin Board Systems တွေ၊ e-mail lists တွေနှင့် Internet forum ကဲ့သို့သော ပုံသဏ္ဍာန် အမျိုးမျိုးကို စမ်းသပ် သုံးစွဲခဲ့ကြပါတယ်။

တစ်ကယ်တန်း မော်ဒန် ဘလော့ဂ်တွေရဲ့ စတင် မွေးဖွားရာ ကတော့ online diary တွေက စတယ် လို့ပြောရမှာပါပဲ။ ဒီ အွန်လိုင်း နေ့စဉ်မှတ်တမ်း ကို အဲဒီခေတ်ကာလ (၁၉၉၄ ၀န်းကျင်) က များသောအားဖြင့် ဂျာနယ်လဇ် တွေ၊ သတင်းထောက်တွေ စသူတို့ ပဲရေးကြတာပါ။ Justin Hall တို့ကဲ့သို့သော ပုဂ္ဂိုလ် မျိုးတွေပါ။ ကျောင်းသား ဘ၀ ၁၉၉၄ ခုနှစ်မှ စတင်ကာ Blog စရေးခဲ့သူ ဖြစ်တဲ့ အတွက် ဘလော့ဂ် လောကရဲ့ ကနဦး ဘလော်ဂါများ စာရင်းမှာ လည်းပါဝင် သူတစ်ဦး ဖြစ်ပါတယ်။

အဲဒီကနေစလို့ နောက်ပိုင်း ကာလများမှာတော့ WordPress, Movable Type, Blogger နှင့် LiveJournal တို့ကဲ့သို့သော Blogging Software တွေကို လူအများ လွတ်လပ်လွယ်ကူ စွာ သုံးစွဲနိုင်လာကြပြီး သကာလမှာ အင်တာနက် လောကထဲ Blog ဆိုသော စကားလုံးက ရေပန်း အစားဆုံး စကားလုံး စာရင်းဝင်လာပါတော့တယ်။

Blog လောကကြီး ပိုမို ကြီးထွား လာစေဖို့ Blogging Community ကြီးတွေရဲ့ အသီးသီး မွေးဖွားမှု မှတ်တမ်း သမိုင်းကို ကြည့်မယ် ဆိုရင် ဒီလိုတွေ့ရမှာပါ။

  • Open Diary - ၁၉၉၈ ခုနှစ်၊ အောက်တိုဘာ လမှာ စတင် ဖွင့်လှစ်ခဲ့ပြီး မကြာခင် ကာလအတွင်း မှာပဲ အွန်လိုင်း ဒိုင်ယာရီ ရေးသားသူ အရေအတွက် ထောင်ပေါင်း များစွာ အထိရောက်ရှိခဲ့ပါတယ်။
  • Brad Fitzpatrick - ဘလော်ဂါ တွေရဲ့ အစလို့ လူသိများတဲ့ LiveJournal က ၁၉၉၉ ခုနှစ်၊ မတ်လမှာ စတင်ခဲ့တာပါ။
  • Blogger.com - Evan Williams နှင့် Meg Hourihan တို့ နှစ်ဦး ၁၉၉၉ ခုနှစ်၊ သြဂုတ်လ မှာ စတင် တည်ထောင်ခဲ့ပြီး Google က ဖေဖော်ဝါရီ ၂၀၀၃ မှာ ကုမ္ပဏီ တစ်ခုလုံး ကို ပြန်လည် ၀ယ်ယူ ခဲ့ပါတယ်။

ဆက်ပါဦးမည်.

ရည်ညွှန်းကိုးကား

၁။ Wikipedia ( Internet, Website, Blog )

၂။ World Wide Web Consortium

၃။ Digital Inspiration

Read More...
AddThis Social Bookmark Button

Alert Gadget for Victims  

Let's Support

မြန်မာဘလော်ဂါ ညီအစ်ကိုမောင်နှမများ ခင်ဗျာ ...

မုန်တိုင်းဒဏ်သင့် မြန်မာပြည်သူများကို ကူညီနိုင်ရန်အတွက် နှိုးဆော်စာများကို မိမိဘလော့တွင် ထည့်သွင်းသွားကြရန် မေတ္တာရပ်ခံပါတယ်။ ပုံအနေဖြင့် မိမိ side bar တွင် ထည့်သွင်းနိုင်ရန်အတွက် အောက်ပါ coding ကို ရယူအသုံးပြုပါ။

Add a new gadget ကို ခေါ်ပါ။ ထို့နောက် HTML/Javascript ကိုဖွင့်ပြီး အောက်ပါ coding ကိုထည့်သွင်းပါ။

<img width="200" alt="Let's Support" src="http://farm3.static.flickr.com/2167/2474727828_c771503615_o.png" height="200"/>

Read More...
AddThis Social Bookmark Button

ဓာတ်ပုံတွေကို မူရင်းအရွယ်အစားအတိုင်း ပေါ်စေလိုလျှင်...  

Contributor: ရန်အောင်

အားလုံးပဲ မင်္ဂလာပါ.

ဒီတစ်ခါတော့ ဘလော့ဂ်မှာ ဓာတ်ပုံတွေ တင်တဲ့ အကြောင်းလေး ဆွေးနွေးချင်ပါတယ်…

အဲလိုပြောလိုက်လို့. “ဟာ… ဒီတိုင်းဓာတ်ပုံကောက်တင်တာများ ရေးကြီးခွင်ကျယ် ပို့စ်တစ်ခုရေးနေစရာလား” လို့ အပြောမစောလိုက်ပါနဲ့ဦး.
မတူပါဘူးခင်ဗျာ. အထူးသဖြင့် Screenshot နဲ့ ရိုက်ယူထားတဲ့ Thumbnail အရွယ်အစားဓာတ်ပုံလေးတွေဆိုရင် ဘလော့ဂ်မှာ ဒီတိုင်းတင်လိုက်ရင် သိပ်ပြီးတော့ မသဲကွဲ မပြတ်သားတွေ ရှိနိုင်ပါတယ်. အဲဒီ့အချိန်ကျရင် ဒီပို့စ်လေးရဲ့ အသုံးဝင်ပုံကို သတိတရ ရှိနေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်.

မတူပုံကို ဒီမှာကြည့်ပါ.

ဒါက PayPal Website မှာ ကျွန်တော်ပြောပြချင်တဲ့ အပိုင်းလေးကို Screenshot ရိုက်ယူခဲ့ပါတယ်. ပြီးတော့ ဓာတ်ပုံတင်တဲ့အခါမှာ Large ကို ရွေးပြီး တင်လိုက်ပါတယ်.

လက်တွေ့မှာ ထွက်လာတဲ့ ပုံက ဒီလိုပါ.


စာဖတ်သူမှာ တော်တော်လေးကို အားစိုက်ပြီး ဖတ်ယူရလိမ့်မယ်လို့ ထင်ပါတယ်. ဒီတော့ စာဖတ်သူဟာ အဲဒီ့ပုံလေးကို ကလစ်ခေါက်လိုက်ပြီး အသစ်ပွင့်လာမယ့် Windows မှာ ပုံကြီးကြီးနဲ့ ပေါ်လာတာကို ပြန်ကြည့်ယူရပါတယ်.

အလုပ်ရှုပ်သွားတာပေါ့ဗျာ နော်.အဲဒါကို ဖြေရှင်းချင်လို့ ဒီပို့စ်လေးရေးတာပါ.

ဒီတော့ ကျွန်တော်တို့ ခုနက တင်လိုက်တဲ့ ဓာတ်ပုံမှာ ဘာတွေထူးခြားသွားလဲဆိုတာလေးကို သူ့ရဲ့ ကုဒ်ဒင်းလေး ယူပြီး ကြည့်လိုက်ကြရအောင်.

Code:

<a onblur="try {parent.deselectBloggerImageGracefully();} catch(e) {}" href="http://3.bp.blogspot.com/_n_MLLA-ikmU/SCFLzvypTxI/AAAAAAAABtI/bMB1LAjBexA/s1600-h/PayPal8.bmp"><img style="display:block; margin:0px auto 10px; text-align:center;cursor:pointer; cursor:hand;" src="http://3.bp.blogspot.com/_n_MLLA-ikmU/SCFLzvypTxI/AAAAAAAABtI/bMB1LAjBexA/s400/PayPal8.bmp" border="0" alt=""id="BLOGGER_PHOTO_ID_5197518797336563474" /></a>

အဲဒီ့မှာ စာကြောင်းနှစ်ကြောင်းရဲ့ ထူးခြားချက်ကို လေ့လာကြည့်လိုက်ကြရအောင်.

href="http://3.bp.blogspot.com/_n_MLLA-ikmU/SCFLzvypTxI/AAAAAAAABtI/bMB1LAjBexA/s1600-h/PayPal8.bmp">

နဲ့

src=http://3.bp.blogspot.com/_n_MLLA-ikmU/SCFLzvypTxI/AAAAAAAABtI/bMB1LAjBexA/s400/PayPal8.bmp

သူတို့နှစ်ကြောင်းမှာ ကွာခြားချက်တစ်ခုပဲ ရှိပါတယ်. ဘာလဲဆိုတော့ s1600-h နဲ့ s400 ပါ. ကျန်တာအားလုံးအတူတူပဲ ဖြစ်ပါတယ်.

သူတို့တွေက ဘာကိုဆိုလိုတာလဲ ဆက်ကြည့်လိုက်ကြရအောင်.

အပေါ်က s1600-h ပါတဲ့ စာကြောင်းက စာဖတ်သူအနေနဲ့ ဘလော့ဂ်ပေါ်က ဓာတ်ပုံကို ကလစ်ခေါက်လိုက်ရင် ပေါ်လာမယ့် နဂိုမူရင်း အရွယ်အစားရှိတဲ့ ဓာတ်ပုံဖြစ်ပါတယ်.

အောက်က စာကြောင်းလေးထဲမှာပါတဲ့ s400 ကတော့ မူရင်း ဓာတ်ပုံကို ကျုံ့လိုက်ပြီး ဘလော့ဂ်ပေါ်တင်လို့ရအောင် လုပ်ပေးထားတာ ဖြစ်ပါတယ်.

ကျွန်တော်တို့က လက်ရှိ Blogger Platform က ပေးထားတဲ့ ဓာတ်ပုံဆိုဒ်ထက် ပိုကြီးတာလိုချင်နေတယ်.

ဆိုလိုတာက နဂိုမူရင်း အရွယ်အစားကိုပဲ တင်ချင်တာ. ဒါမှ စာသေးသေးလေးတွေပါ ပေါ်မယ်လေ.

ဒီတော့ ဘာလုပ်မလဲ.

လွယ်ပါတယ်.

အဲဒီ့ အရွယ်အစားကို ကန့်သတ်ပေးနေတဲ့ s1600 တို့၊ s400 (Large ဖြစ်လျှင်)၊ s320 (Medium ဖြစ်လျှင်)၊ s200 (Small ဖြစ်လျှင်) တွေကို ဖျက်လိုက်ရုံပါပဲ.

အောက်ကပုံစံလေးအတိုင်း ပြင်ပေးလိုက်ရုံပါပဲလေ…

<a onblur="try {parent.deselectBloggerImageGracefully();} catch(e) {}" href="http://3.bp.blogspot.com/_n_MLLA-ikmU/SCFLzvypTxI/AAAAAAAABtI/bMB1LAjBexA/PayPal8.bmp"><img style="display:block; margin:0px auto 10px; text-align:center;cursor:pointer; cursor:hand;" src="http://3.bp.blogspot.com/_n_MLLA-ikmU/SCFLzvypTxI/AAAAAAAABtI/bMB1LAjBexA/PayPal8.bmp" border="0" alt=""id="BLOGGER_PHOTO_ID_5197518797336563474" /></a>


ဒါဆိုရင် အခုလိုမျိုး မူရင်းအရွယ်အစားအတိုင်း ရှိတဲ့ ဓာတ်ပုံလေးတွေကို မိမိတို့ရဲ့ ဘလော့ဂ်လေးတွေပေါ်မှာ အကန့်အသတ် အဆီးအတားမရှိ တင်နိုင်ပါပြီ ခင်ဗျား

ကျန်တဲ့ အသုံးချလို့ ရနိုင်ဦးမယ့် အပိုင်းတွေကိုတော့ ဥာဏ်ရှိသလို အသုံးချပါလို့ပဲ တိုက်တွန်းပြောဆိုလိုပါတယ်…

ကဲ. နှိုင်းယှဉ်ပြီးတော့ အကဲဖြတ်ကြည့်ပါခင်ဗျာ…

Before:



After:



ဝန်ခံချက်။ ။

ဒီနေရာက ပို့စ်လေးကို သင့်တော်သလို ဘာသာပြန်ဆိုရေးသားပါတယ် ခင်ဗျာ...

အားလုံးကို ချစ်ခင်လေးစားလျက်

ရန်အောင်

Read More...
AddThis Social Bookmark Button

PayPal Donation Button လေးတွေ လုပ်ကြမယ်...  

Contributor: ရန်အောင်








မကြာသေးခင်က မြန်မာပြည်ကို ၀င်ရောက်တိုက်ခတ်သွားတဲ့ နာဂစ် အပူပိုင်းမုန်တိုင်းဒဏ်ကြောင့် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ် အပါအ၀င် အောက်မြန်မာပြည်ဖက်မှာ အပျက်အစီးအလွန်များခဲ့ပါတယ်. ဒါကို စာနာနားလည်မှု အပြည့်ရှိကြတဲ့ ကမ္ဘာတစ်လွှားမှာ နေထိုင်ကျင်လည် အသက်မွေးဝမ်းကျောင်းနေကြရတဲ့ မျိုးချစ်မြန်မာပြည်သူတွေဟာ မိမိတို့ တတ်စွမ်းနိုင်သလောက် ချွေးနှဲစာလေးတွေကို ထည့်ဝင်လှူဒါန်းပြီး ကူညီဖို့ ကြိုးစားနေကြတာကိုလည်း အားလုံးအသိပဲ ဖြစ်ပါတယ်.

ဒီလို ပေးပို့လှူဒါန်းတာတွေကို အလှူခံတဲ့အခါမှာ တိုက်ရိုက်ပေးပို့ လှူဒါန်းနိုင်တာတွေရှိနိုင်သလို မိမိတို့ရဲ့ ဘလော့ဂ် (သို့) ၀က်ဘ်ဆိုက်ဒ်လေးတွေပေါ်မှာ Donation Button လေးတွေ တင်ထားပြီး အလှူခံနိုင်တာမျိုးလည်း ရှိကြပါတယ်.

ဒီ့အတွက် ရည်ရွယ်ပြီး PayPal Donation Button လေးတစ်ခုကို ဘယ်လိုတည်ဆောက်ရတယ် ဆိုတဲ့ အကြောင်းလေးကို ဆွေးနွေးတင်ပြလိုပါတယ်ခင်ဗျာ.

ဒီ Button လေးကို ပြုလုပ်နိုင်ဖို့အတွက် မိမိမှာ ဘဏ်အကောင့် ရှိရပါမယ်. PayPal Account ရှိရပါမယ်. ဒီလောက်ပါပဲ. PayPal Account လုပ်နည်းကို မသိသေးသူများ ရှိနိုင်ပါသေးတယ်. အဲဒါကို နောက်ထပ် ပို့စ်အသစ်ထပ်ရေးပြီး တင်ပြပေးပါမယ်. လောလောဆယ်တော့ Donation Button လေး လုပ်နည်းကို အာရုံထားပြီး ပြောလိုပါတယ် ခင်ဗျာ.

၁. PayPal Account ထဲကို ၀င်လိုက်ပါ. ပြီးရင် အပေါ်မှာ မြင်နေရတဲ့ Menu Bar လေးထဲက Merchant Tools ကိုရွေးလိုက်ပါ. ပြီးသွားရင် အောက်ကို နည်းနည်းလေး ဆွဲချကြည့်လိုက်ပြီး PayPal Website Payments Standard ဆိုတာလေးကို ရှာကြည့်ပါ.





၂. အလယ်လောက်မှာ Button လေး သုံးခု ရှိတဲ့အနက်က ညာဖက်အစွန်ဆုံးမှာ Donations ဆိုတဲ့ Button လေး ရှိတာကို တွေ့ရပါလိမ့်မယ်. အဲဒီ့ Button လေးအောက်မှာ ရှိနေတဲ့ Accept Contributions ဆိုတာလေးကို ကလစ်လုပ်လိုက်ပါ.



၃. Donation Button ဆိုတဲ့ Topic လေးအောက်မှာ ဒီလိုပြောထားပါတယ်.

Collect contributions to your cause on your website. Enable donors to choose the amount of their secure donation or set donations to fixed amounts. Good for non-profit and advocacy groups.

• Accept credit card and bank account payments. Funds are deposited into your account instantly.
• You pay transaction fees only when customers click to buy.
• Put the buttons on your website in a few easy steps.
• No monthly fees. No commitment. No lengthy approval process.
• Accurate recordkeeping: PayPal maintains detailed transaction records on our website.



ပြီးတော့ Donation Button လေးတွေကိုလည်း စိတ်ကြိုက်ရွေးချယ်နိုင်ခွင့် ပေးထားပါသေးတယ်.

Get Donations Button လေးကို နှိပ်လိုက်ပါ. နောက်တစ်မျက်နှာမှာ ဒီလိုတွေ့ရပါလိမ့်မယ်.



၎. Form လေးတွေ နည်းနည်းလောက် ဖြည့်ပေးပါ. ဒါမှ ကိုယ့်ရဲ့ Donation Receipt လေးက ပိုပြီး စနစ်တကျနဲ့ သပ်သပ်ရပ်ရပ်လေး ဖြစ်ပါလိမ့်မယ်.

Donation ID/Number ဆိုတာ မလိုပါဘူး. ကျော်ခဲ့လိုက်ပါ. Amount ကို ကိုယ်က သတ်မှတ်ပြီး ထည့်စေချင်ရင် သတ်မှတ်ခဲ့လို့ရပါတယ်. ဒေါ်လာ ၂၀ စသည်ဖြင့်ပေါ့. အဲလိုမဟုတ်ဘဲနဲ့ အလှူရှင်စိတ်ကြိုက်ထည့်ခွင့် ပေးချင်တယ်ဆိုရင်တော့ ဘာမှ ထည့်မရေးခဲ့ပါနဲ့. Currency ကိုလည်း စိတ်ကြိုက်ရွေးချယ်ပေးနိုင်ပါတယ်.

Donor’s Default Country ကိုလည်း ရွေးချယ်ပေးနိုင်ပါတယ်. မရွေးဘဲ ဒီတိုင်းထားလိုက်ရင်တော့ အလှူရှင်ဖာသာ ရွေးချယ်ပြီး လှူဒါန်းနိုင်မှာ ဖြစ်ပါတယ်.

ဒါကတော့ PayPal Button ပုံစံလေးတွေပါ. မိမိစိတ်ကြိုက် ရွေးချယ်နိုင်သလို ကိုယ်တင်ချင်တဲ့ Graphic Design ပုံစံလေးတွေနဲ့လည်း တင်လို့ရပါသေးတယ်. စမ်းကြည့်ပါခင်ဗျာ.



၅. ဒီအဆင့်ကတော့ PayPal Button လေးအတွက် သတ်မှတ်ပေးထားခဲ့တဲ့ အချက်အလက်များကို ပြောင်းလဲလို့မရအောင် Encrypt လုပ်တဲ့ အဆင့်ပဲ ဖြစ်ပါတယ်.



Note: Selecting encryption means you cannot use option fields or create email links.
အဲလိုလေးတော့ ပြောထားပါသေးတယ်. ဒါပေမယ့် အဲဒီ့ အပိုင်းတွေက သိပ်အရေးမကြီးပါဘူး. ဒါကြောင့် မိမိတို့ရဲ့ PayPal Button လေးကို Encrypt လုပ်ဖို့ ကျွန်တော် recommend လုပ်ချင်ပါတယ်.

ပြီးသွားရင်တော့ Create Button Now လုပ်လို့ရပါပြီ.

၆. နောက်တစ်မျက်နှာမှာ ဒီလိုလေးတွေ့ရပါလိမ့်မယ်.



Scroll Box လေးထဲက Scripts လေးတွေကို ကူးယူလိုက်ပါ. မိမိတင်မယ့် Site ဟာ ဘလော့ဂ် ဖြစ်နေခဲ့မယ်ဆိုရင်တော့ Add a Page Element> HTML/Java script ကိုရွေးပါ. ပြီးရင် အခုကူးလာတဲ့ Script လေးတွေကို ကောက်ထည့်လိုက်ရုံပါပဲ…

Website ဆိုရင်လည်း ထိုနည်းလည်းကောင်းပါပဲ.

ဒီလိုမျိုးလေး ပေါ်လာပါလိမ့်မယ်...








ဒါဆိုရင် လှူချင်တဲ့ ပုဂ္ဂိုလ်ဟာ ကမ္ဘာတစ်လွှားဘယ်နေရာမှာပဲ ရှိနေပါစေ၊ ဘယ်ဘဏ်နဲ့ပဲ အကောင့်ဖွင့်ထားပါစေ မိမိတို့ စိတ်ကြိုက် လှူနိုင်တန်းနိုင်ပြီ ဖြစ်လို့ အရမ်းကို အသုံးဝင်တဲ့၊ အချိန်ကုန်သက်သာစေတဲ့ Donation Button လေးတစ်ခု ဖြစ်ပါတယ်လို့ ဆွေးနွေးတင်ပြလိုက်ရပါတယ် ခင်ဗျာ…

ဝန်ခံချက်။

ဒီနေရာက ပို့စ်လေးကို သင့်တော်သလို ဘာသာပြန်ဆို ဖြည့်စွက်ရေးသားပါတယ် ခင်ဗျာ...

အားလုံးကို ချစ်ခင်လေးစားလျက်

ရန်အောင်

Read More...
AddThis Social Bookmark Button