Myanmar Blogger Helpdesk

Learning, Sharing and Growing Together at Blogging Community!
Showing posts with label News. Show all posts
Showing posts with label News. Show all posts

Firefox 3 News and 5 Essential Plugins  

Contributor: MhawSayar

Firefox 3 News

Firefox 3 NewsFirefox 3 ကတော့ အားလုံး သိတဲ့ အတိုင်းပဲ တစ်ရက်အတွင်း စံချိန်တင် ဒေါင်းလုဒ် ဆွဲမှု အကြိမ်ရေ ၁၄-သန်းကျော် နဲ့ Guinness ကမ္ဘာ့ မှတ်တမ်း စံချိန်ဝင် ဖို့ အတွက် Review အလုပ်ခံနေပါတယ်။ Mozilla ရဲ့ အပြော အရတော့ အရင်က စံချိန်တင် ရှိခဲ့တဲ့ တစ်ရက်အတွင်း ဒေါင်းလုဒ် ဆွဲချမှု အကြိမ်ရေ ၈-သန်းနဲ့ စာရင် အခုတစ်ကြိမ်က အများကြီး ပိုပါတယ်တဲ့။ အဲဒီအတွက် Firefox 3 အနေနဲ့ Guinness စံချိန် ရမရ ဆိုတာတော့ ဆက်လက် စောင့်ကြည့်ဖို့သာ ရှိသေးပါကြောင်း။

နောက်. အဲဒီ Firefox 3 Download Day 2008 နဲ့ ပတ်သက်လို့ Mozilla က ဒေါင်းလုဒ် ဆွဲသူတိုင်းကို အမှတ်တရ Guinness World Record Certificate ဆိုပြီး ပေးနေတာရှိပါတယ်။ အဲဒီ Certificate လိုချင်သူများ အောက်ပါ လင့်ခ်မှာ သွားရောက်လို့ မိမိနာမည် ကို ရိုက်ထည့်ကာ သွားယောက် ယူငင်နိုင်ပါပြီ။

Print Your Guinness World Record Certificate for Firefox 3

ဘာပဲ ဖြစ်ဖြစ် Firefox 3 ကတော့ လွန်ခဲ့ တဲ့ March လ၊ ၅ ရက် နေ့က စတင် ထွက်ရှိခဲ့တဲ့ Microsoft ရဲ့ IE 8 (Internet Explore 8 ) နဲ့စာရင် နှိုင်းယှဉ်စရာ မလိုလောက်အောင်ကို ကျော်ကြားမှု မှာရော၊ အသုံးပြုသူ အရေအတွက် မှာပါ သိသာ ထင်ရှားစွာ သာလွန်ခဲ့ တာကို တွေ့ရမှာပါ။ လက်ရှိ ပုံစံအတိုင်းသာ ဆက်လက် ချီတက်သွားမယ် ဆိုရင်တော့ Microsoft အနေနဲ့ Browser War မှာ အကြီးအကျယ် ထပ်မံ ရှုံးနိမ့်မှု တွေနဲ့ ရင်ဆိုင်ရပြီး ငွေရှင် ကြေးရှင်တွေ ထုံးစံအတိုင်း နောက်ဆုံး Mozilla Community ကြီး တစ်ခုလုံး နှင့် Firefox Browser ကို ငွေနဲ့ ပေါက် ၀ယ်ရမယ့် ကိန်းတွေ ဖြစ်လာနိုင်တယ် လို့ ယူဆမိပါတယ်။

Firefox 3 နဲ့ ပတ်သက်တဲ့ သတင်းစုံ ဖတ်ချင်သေးတယ် ဆိုရင်တော့ အောက်ပါလင့်ခ်ကို ဆက်ကြွပါ။

All about Firefox 3 News

5 Essential Plugins For Firefox 3

The 5 Essential Plugins of Firefox 3

ဒါကတော့ ကျွန်တော် ဂျီဟက်ခ် က ရတဲ့ သတင်းလေး တစ်ပုဒ် အပေါ် အခြေခံပြီး ကျွန်တော့် ယူဆချက်၊ တွေ့ရှိချက်တွေ နဲ့ထပ်မံ မွမ်းမံ ရေးသား ထားခြင်း ဖြစ်ပါတယ်။ အဓိက အနေနဲ့ ကတော့ Firefox အတွက် Plugins တွေ၊ Addons တွေ မြောက်များစွာ ရှိတဲ့ အနက်မှ စားသုံးသူတို့ အတွက် နည်းငယ်မျှဖြစ်စေ ရွေးချယ်စဉ်းစား နိုင်ပါစေကြောင်း ရည်ညွန်းချက် ပေးလိုရင်းပါ။ ဂျီဟက်ခ် ရဲ့ အလိုရော ကျွန်တော့် အလိုပါ နှစ်ခုလုံး ပါပါတယ်။ (ဤကား စကားချပ်) :D

၁။ Google Toolbar Plugin For Firefox : နံပါတ်တစ် ကျွန်တော့် Favourite အဖြစ်ဆုံး Plugin ဖြစ်ပါတယ်။ ဘာကြောင့် ကြိုက်ရတယ် ဆိုတာကို ကျွန်တော် Firefox 3 RC 1,2 ဆောင်းပါး တုန်းက ရေးသားခဲ့ပြီးပါပြီ။ အခု ထပ်မံဖော်ပြပါ့မယ်။

အဓိကအားဖြင့်တော့ Google Toolbar Addon ပါ။ သူ့ကို ကျွန်တော် အဓိက ကြိုက်ရတဲ့ အကြောင်းအရင်း တစ်ခုကတော့ Website တွေကို Bookmark လုပ်တဲ့ Feature ပါပဲ။ Google Toolbar မှာ ပါတဲ့ Bookmark Feature နဲ့ Bookmark လုပ်ထားခြင်းအားဖြင့် ခင်ဗျားရဲ့ Bookmark တွေဟာ မူလ မီးမြေခွေးမှာပါတဲ့ Bookmark တွေလို ကိုယ့်စက်မှာ၊ ဒါမမဟုတ် ကိုယ့်စက်မဟုတ်တဲ့ စက်တစ်ခုကို သုံးစွဲနေတုန်းမှာ ကိုယ်ပြန်ရှာချင်တဲ့ ကိုယ်မှတ်သားထားတဲ့ ဆိုဒ်တွေကို အလွယ်တစ်ကူ ပြန်ရှာမရဖြစ်တတ်တဲ့ ဒုက္ခက လွတ်ကင်းစေပါတယ်။ ဘာလို့လည်း ဆိုတော့ Google Toolbar ကတစ်ဆင့်မှတ်တဲ့ Bookmark တွေကို မိမိ ရဲ့ Google Acoount ထဲမှာ၊ အွန်လိုင်းပေါ်မှာ သွားမှတ်ထားတာ ဖြစ်လို့ပါပဲ။ အဲဒီတော့ ဘယ်နေရာရောက်ရောက်၊ ဘယ်မှာပဲ အင်တာနက်သုံးသုံး၊ Google Toolbar လေးကို Download လုပ်ပြီးသကာလ မိမိ Bookmark တွေမှတ်သားထားတဲ့ Google Acoount နဲ့ Toolbar ညာဘက်အစွန်ဆုံးက Sign in ကိုဝင်ပြီး အသုံးပြုလိုက်မယ် ဆိုရင်ပဲ ပြဿနာတွေ တော်တော်များများ ပြေလည်သွားပါပြီ။

တစ်ကယ်လည်း Bookmark Folder ဆိုတာ အင်တာနက် လောကရဲ့ ရတနာ တစ်ပါးပဲ မဟုတ်ဘူးလားဗျာ။ ဒီ Toolbar လေးရှိတော့ ကိုယ်သွားလေရာကို ကိုယ့်ရတနာတွေ သယ်သယ်သွားနေစရာ မလိုတော့ဘူးပေါ့ဗျာ.. မေ့ကျန်ခဲ့မှာလည်း မစိုးရိမ်ရတော့ဘူးပေါ့..

နောက် တစ်ခု ထပ်မံ ဖြည့်စွက်လိုတာကတော့ PR လို့ အတိုကောက် ခေါ်တဲ့ Page Rank Checker လေး အကြောင်းပါ။ ၀ဘ်ဆိုဒ်တစ်ခုကို ၀င်ပြီဆိုတာနဲ့ ကျွန်တော် ရဲ့ အကျင့်တစ်ခုကတော့ Google Toolbar မှာ ပါတဲ့ Page Rank Checker လေးနဲ့ အဲဒီ ၀ဘ်စာမျက်နှာရဲ့ အဆင့်အတန်းကို လှမ်းအကဲ ခတ်လိုက်တာပါပဲ။ သာမန်လား၊ သိမ်းထားသင့်တဲ့ ၀ဘ်ပေ့ခ်ျလား၊ Subscribe လုပ်ထားရမယ့် ၀ဘ်ပေ့ခ်ျလား ဆိုတာ အဲဒီ PR ကိုကြည့်လိုက်တာနဲ့ တစ်ထိုင်တည်း ဆုံးဖြတ်နိုင်စေပါတယ်။

PR ရဲ့ သဘောသဘာဝကို အကျဉ်းဆုံး ရှင်းရမယ် ဆိုရင်တော့ လူတစ်ယောက်၊ ကားတစ်စီး၊ အိမ်တစ်လုံး.. ဘယ်အရာ မဆိုပါပဲ။ လူတိုင်းက တစ်စုံတစ်ခုကို အကဲဖြတ်ပြီ ဆိုရင် အဲဒီ အရာ အတွက် စံနှုန်း တစ်ခုနဲ့ တိုင်းတာ တတ်ကြပါတယ်။ ကားဆိုရင်လည်း ဆီစား သက်သာတာ၊ ၁ နာရီကို မိုင်ဘယ်လောက် အမြန်နှုန်း နဲ့ မောင်းနှင် နိုင်တာ စတဲ့ အချက်တွေနဲ့ တိုင်းတာသလိုပဲ ၀ဘ်ဆိုဒ် တစ်ခုရဲ့ အဆင့်အတန်း၊ ကျော်ကြားမှု၊ သူ့ရဲ့ အရေးပါမှု အခြေအနေကို ဒီ Page Rank (PR) လေးက ဖော်ပြပါတယ်။ အခြေခံအားဖြင့် ၀ဘ်စာမျက်နှာ တစ်ခုရဲ့ PR အဆင့်အတန်းကို တစ်ရက်အတွင်း လာရောက် လည်ပတ်သူ အရေအတွက်၊ ၎င်း ကွန်ယက်အား Subscriber ပြုလုပ်ထားသူ အရေ အတွက်၊ Search Enging ကြီးတွေမှာ ရှာဖွေတွေ့ရှိနိုင်မှု၊ ထိုဝဘ်စာမျက်နှာ နှင့်တကွ ကွန်ယက် အတွင်းရှိ စာမျက်နှာများကို အခြား ၀ဘ်စာမျက်နှာ နှင့် ကွန်ယက်တွေမှာ လင့်ခ်ပြန်ပေးထားမှု အရေအတွက် (Refback, TrackBack, PingBack) စတာတွေနဲ့ တိုင်းတာ သတ်မှတ်ပါတယ်။

Google ရဲ့ PR (Page Rank) သတ်မှတ်ချက်၊ တိုင်းတာချက် အလုပ်လုပ်ပုံတွေ နဲ့ ပတ်သက်လို့ အကျယ် တစ်ဝင့် ဖတ်ရှု လေ့လာလိုတယ် ဆိုရင်တော့ ဒီနေရာ ကို ကြွပြီး ဖတ်ရှု လေ့လာ နိုင်ပါတယ်။

Google Toolbar နဲ့ ပတ်သက်လို့ ကျွန်တော် မရှိမဖြစ် သတ်မှတ်သုံးစွဲတဲ့ Major Function တွေကို ရှင်းပြခဲ့ပြီးပါပြီ။ နောက်ထပ်လည်း အရေးပါတဲ့ Function တွေက ရှိနေဆဲပါ။ Auto Translation, Blog Search Engine စတဲ့ မြောက်များ လှစွာသော အသုံးဝင် Features တွေကို တော့ ကိုယ်တိုင် ကိုယ်ကျပဲ လက်တွေ့ လေ့လာ စမ်းသပ်ပြီး ယူငင်သုံးစွဲတော် မူကြပါလို့ တိုက်တွန်းလိုက်ပါရစေ။

Download Google Toolbar For Firefox

၂) Web Developer Toolbar - ဒုတိယ မြောက် ကျွန်တော် မရှိမဖြစ်သုံးတဲ့ Plugin တစ်ခုပါ။ အင်တာနက် ဆိုတာ လူသား အချင်းချင်း ပညာတွေကို လွတ်လပ်စွာ မျှဝေတဲ့၊ ဖလှယ်တဲ့ နေရာတစ်ခုပါ။ ကိုယ့် ဒီဇိုင်း၊ သူ့ဒီဇိုင်း ဆိုတာတွေဟာ လေ့လာလို့ မကုန်နိုင်ဖွယ် မြောက်များလှစွာပဲ။ အဲဒီ ဦးခေါင်းအမျိုးမျိုးက ထွက်လာတဲ့ အင်တာနက် ၀ဘ်ဒီဇိုင်း အနုပညာ အမျိုးမျိုး ကို လေ့လာဖို့၊ ဆည်းပူးဖို့၊ သင်ယူဖို့၊ အတုယူဖို့ ကြိုးစားတဲ့ နေရာမှာ ဒီ Toolbar လေးက အဓိက အခန်းကဏ္ဍက ပါဝင်ပါတယ်။ Web Developer တွေ ဆိုရင်လည်း ကိုယ့်ဒီဇိုင်း မှန်မမှန်နဲ့ အမှားရှာ ပြုပြင်ဖို့ အတွက် ဒီ Toolbar လေးရှိရုံနဲ့ အကြီးအကျယ် လုံလောက်တာ သေချာပါတယ်။

Download Web Dev Tolbar For Firefox

၃) Adblock Plus - ဂျီဟက်ခ် ရဲ့ နံပါတ် (၁) Recommend Plugin ဖြစ်ပါတယ်။ ကိုယ် ယုံကြည်တဲ့ ဆိုဒ်တွေကို ချန်ထားလို့ အလိုမရှိတဲ့ ဆိုဒ်တွေက အော်တိုမက်တစ် တက်တက်လာတဲ့ Advertisements တွေကို Block လုပ်ပေးနိုင်တယ်လို့ သိရပါတယ်။ မျက်စိနောက်တာ၊ စိတ်ရှုပ်တာ သက်သာချင်သူများ ရော သာမန်သုံးစွဲသူတွေပါ အထူးသုံးသင့်တဲ့ Plugin တစ်ခုပါပဲ။ တစ်ချို့ Ads တွေက အတော့်ကို စိတ်ပျက်စရာ ကောင်းလောက် အောင် အနှောင့် အယှက်ပေးတာ တစ်ခါလောက် ကြုံဖူးရင် ခင်ဗျားလည်း ဒီ Plugin ကို သုံးဖြစ်ဖို့ သေချာသလောက် ရှိပါပြီ။ :P

၎) No Script- Internet ပေါ်မှာ ၀ဘ်ဆိုဒ်တွေ၊ ဒေတာတွေကို Hacking လုပ်တယ်ဆိုတာ များသော အားဖြင့် ဒီ Script တွေနဲ့ ပြုလုပ်ထားကြတာဖြစ်ပါတယ်။ တစ်ခါတစ်လေ ဒီစာဖတ်နေတဲ့ လူကြီးမင်းတို့ တစ်ချို့ ၀ဘ်ပေ့ခ်ျတွေမှာ Right Click လုပ်မရအောင် လုပ်ထားတာ မျိုး ကြုံဖူးကြပါလိမ့်မယ်။ အဲဒီလို အခြေခံ Hack လေးတွေက အစ နောက်ဆုံး ကိုယ့်ရဲ့ ဒေတာတွေ (Credit Card No, Phone No, Bank Account ) စတာတွေကို အလိုအလျောက် အဲဒီ ဆိုဒ်တစ်ခုထဲ ၀င်လိုက်တာနဲ့ လှမ်းဖတ်ပြီး ရှိနေရင် ယူငင်တတ်တဲ့ Hacker Site တွေအထိ မျက်ကန်း တစ္ဆေ မကြောက် ပုံစံမျိုး သွားလို့လာလို့ ရအောင် Script မှန်သမျှကို Block လုပ်ပေးမယ့် Fighter Plugin ကောင်းကောင်း သုံးလိုတယ် ဆိုရင်တော့ ဒီကောင်လေး သုံးကြည့်ဖို့ ကျွန်တော် လက်တို့ ဖြစ်မှာ အသေအချာပါပဲ။

၅) Video DownloadHelper - Youtube လိုမျိုး ဆိုဒ်တွေကအစ လူသိသူသိရော၊ လူမသိသူမသိ Video Portal တွေ အဆုံး Web Video တွေမှန်သမျှကို အလွယ်တစ်ကူ ဒေါင်းလုဒ် လုပ်လို့ ရစေတဲ့ Plugin လေးဖြစ်ပါတယ်။ gHacks ရဲ့ (၅) ခုမြောက် Recommend Plugin ဖြစ်သလို ကျွန်တော့် အတွက်လည်း (၅) ခုမြောက် ဖြစ်ပါတယ်။

gHacks မှာပါတဲ့ လေးခုမြောက် Searchery Plugin အစား ကျွန်တော် က ဒီ Customization လေးကိုပဲ 2 in 1 အဖြစ်သုံးချင်ပါတယ်။ Google Toolbar ကို Tweak လုပ်ထားတာပါ။

Replace your Google Toolbar Search Box

Firefox ရဲ့ Add-on တွေ၊ Plugin တွေ မှန်သမျှကို တစ်စုတစ်စည်းရော၊ ကွဲကွဲပြားပြား ပါ မြင်တွေ့ လေ့လာ ရှာဖွေ၊ စမ်းသပ် သုံးစွဲ လိုတယ် ဆိုရင်တော့ အောက်ပါနေရာကို သွားရောက် ရှာဖွေကြည့်ရှု သုံးစွဲနိုင်ကြ ကြောင်းပါ ခင်ဗျား။ :)

All about Add-ons and Plugins For Firefox Browser

ရည်ညွန်းကိုးကား

Read More...
AddThis Social Bookmark Button

Blogger In Draft { Updated! }  

Contributor: မှော်ဆရာ



Blogger Draft နောက်တစ်ခေါက်ပြန်လာပါပြီ။ အရင်ကထက် Feature တွေပိုစုံလာတယ်။ နောက် ဘော်ဒါ ဟောင်းကြီး Blogger.Com ကိုအမြဲသုံးနေရတာ ကြာလို့ ငြီးငွေ့လာတဲ့သူတွေ အတွက်လည်း ပြောင်းအသုံးပြုလို့ရတာပေါ့။ ကျွန်တော်လည်း အမှန်အတိုင်းပြောရရင် Draft ကို Beta ထက်ပိုကြိုက်တယ်ဗျ။ သုံးရတာ ပေါ့တယ်။ Design တွေလန်းတယ်။

ဒါနဲ့ အခုအသစ်တစ်ဖန် ပြန် Launch လုပ်လိုက်တဲ့ Draft ကိုလေ့လာကြည့်တော့ အောက်ပါအချက်တွေကို (အပြည့်အစုံတော့ မဟုတ်နိုင်သေး.. ကျွန်တော်သတိထားမိ သမျှသာ) Major Update တွေအဖြစ်တွေ့ရတယ်ဗျို့။

(က) Blogger 3.0 Rounder Template များထည့်သွင်းပေးထားခြင်း {Template အပိုင်းမှာထည့်ထားတာဗျ}

(ခ) အသုံးဝင်တဲ့ Special Widget တွေ အလွယ်တစ်ကူ အသုံးပြုလို့ရအောင် ထပ်မံဖြည့်စွက်ထားခြင်း { Google Gadgets,Search Box,Pool & Slide Show or Photo Album စသဖြင့်..}

ကျွန်တော် ရေကြည့်တာ စုစုပေါင်း Widget -၁၉ ခုအထိရှိပါတယ်။ Blogger Beta မှာတောင် ၁၆-ခုပဲပါတယ်။ အဲဒီထဲက ကျွန်တော့်စိတ်ကြိုက် Widget တစ်ခုကိုပြပါဆိုရင် ”Subscription Links” ဆိုတဲ့ Widget ကိုပြရမှာပဲ။ အရင်က ကိုယ့် Blog လာလည်သူတွေ စိတ်ကြိုက် Reader တစ်ခုခုနဲ့ ဖတ်နိုင်ဖို့အရေး၊ ကိုယ်တိုင်ရှာကြံလုပ်ကိုင်ပြီး ဒီ Widget ရအောင်လုပ်ခဲ့ရတာလေ။ အခုတော့ လွယ်မှလွယ်။ 1 Click & 2 Done! ပဲ။



(ဂ)နောက်ထပ် အကောင်းဆုံး Feature တစ်ခုကတော့ OpenID ပါပဲ။ မှန်ပါတယ်။ အခုဆိုရင် Blogger ရဲ့ Beta မှာမရသေးတဲ့ ဒီ Feature OpenID ကို Blogger Draft မှာရရှိနေပါပြီ။ OpenID အသုံးပြုခြင်းဖြင့် မည်သည့်ဘလော့မဆို (Google Account မရှိသော်ငြားလည်း) ခင်ဗျား Comment ၀င်ရေးလို့ရပါပြီ။
ဒါဟာ Blogger တွေတင်မက Reader တွေအတွက်ပါ အရမ်းကို အဆင်ပြေ၊ အသုံးကျလွန်းတဲ့ Feature တစ်ခုပါ။ ဒီ Feature (Wordpress မှာတော့ရတာ ကြာပါပြီ) ရရှိလာခြင်းဖြင့် မည်သူမဆို Knowledge ပိုင်းဆိုင်ရာတွေ ကိုလွတ်လပ်စွာ နှီးနှောဖလှယ်ခွင့်ရရှိစေပါတယ်။

{OpenID အကြောင်းသိဖို့နဲ့ ကိုယ်ပိုင် OpenID တစ်ခုရယူဖို့အတွက် {ဒီနေရာ} ကိုသွားပါ။}


******************************************************


Blogger in Draft ၏ နောက်ဆက်တွဲသတင်း

အဲဒီ Blogger in Draft က Subscription Links Widget ကို ကျွန်တော် အတော်ကြိုက်တယ်ဆိုတာ အပေါ်မှာ ပြောခဲ့ပြီးပါပြီ။ ဒါပေမယ့် ဒီ့ထက်ကြိုက်တာတစ်ခု ထပ်တွေ့လို့ အချိန်မဆိုင်းပဲ ရောင်းရင်းများကို အမြန်မျှဝေလိုက်ပါတယ်။ Blogger in Draft ရဲ့ Page Element စာမျက်နှာမှာ Search Box ထည့်လို့ရတဲ့ Feature တစ်ခုပါတယ်ဆိုတာ အပေါ်ကပို့စ်ကို ဖတ်ခဲ့ရင်သိပြီးဖြစ်မှာပါ။ အပေါ်ကပို့စ် ကို ရေးပြီးတဲ့ အထိကျွန်တော်လည်း သာမန်လောက်ပဲသဘောထားခဲ့တာပါ။ အခု ကျောင်းက ပြန်ရောက်၊ ဟိုဟိုဒီဒီကြည့်ရင်းနဲ့ Blogger HelpDesk မှာ Search Box လေး တစ်ခုလောက်ထည့်ထားရင် လာရောက် ရှာဖွေသူတွေအတွက် အတော်အဆင်ပြေမယ် လို့တွေးပြီး တဆက်တည်း Blogger in Draft ကို ပြေးသတိရလိုက်ပါတယ်။

ဒီလိုနဲ့ Page Element စာမျက်နှာက တဆင့် Search Box ကို ကျွန်တော် ထည့်လိုက်ပါတယ်။ ၎င်းကိုထည့်တဲ့ အချိန်မှာ ရှာဖွေစေချင်တဲ့ နေရာတွေကို သူက Tick လုပ်ခိုင်းပါတယ်။ ပထမ- မိမိဘလော့ဂ် အတွင်း၊ နောက် မိမိဘလော့ဂ်မှာ လင့်ခ်တွဲထားတဲ့ ဆိုဒ်များအတွင်း၊ နောက်ဆုံးတော့ The Web(Internet) အတွင်းပေါ့ဗျာ။ ကိုယ်ရှာစေချင်တဲ့ နေရာတွေကို Tick လုပ်လိုက်ရုံပါပဲ။ မရှာစေချင်တဲ့ နေရာတော့ ချန်ထားခဲ့ပေါ့ဗျာ။ Search Box ထည့်ပြီးတဲ့အထိလည်း သိပ်ထွေထွေးထူးထူး တွေ့ရလိမ့်မယ်လို့ မမျှော်လင့်မိသေးပါဘူး။ ဘာလို့လည်း ဆိုတော့ အရင်ကတည်းကလည်း ကျွန်တော်တို့ Google ရဲ့ Search Engine ကို ကိုယ်ပိုင် Custom လုပ်လို့တစ်မျိုး၊ မူရင်းအတိုင်း Gadgets များမှတသွယ် အမျိုးမျိုးထည့်ခဲ့ကြပြီး ရှာဖွေလို့ရသမျှဟာလည်း Google မှာရှာသလိုပဲ ၀ဘ်ပေ့ခ်ျတစ်ခုလုံးနဲ့ {New Tab မှာ(သို့)မူရင်းစာမျက်နှာအတွင်းမှာ} ပြသလေ့ရှိပါတယ်။

သို့သော်..သို့သော်ပေါ့.. အခု Blogger in Draft မှာသုံးထားတဲ့ Search Box Widget ကတော့ဖြင့် တစ်မူထူးတယ်ခင်ဗျ။ မြန်မာလိုဖြစ်စေ၊ အင်္ဂလိပ်လိုဖြစ်စေ ကြိုက်ရာတစ်ခုခုကို ရိုက်နှိပ်ရှာဖွေလိုက်တာနဲ့ မိမိဘလော့ဂ်စာမျက်နှာရဲ့ နောက်ဆုံးပို့စ် အထက်မှာ Dynamic HTML Page အဖြစ်နဲ့ အောက်ပါအတိုင်းပြသပေးတယ်ခင်ဗျ။ Page Loading မရှိပဲ AJAX Technology နဲ့ထည့်ပေးထားတယ်ဗျို့။ ရှာဖွေလို့ရသမျှ Results တွေကလည်း အတော့်ကို တိတိကျကျ ဖြစ်အောင်ရှာဖွေပေးထားတာကို တွေ့ရတယ်ဗျ။ ကျွန်တော်က ကျွန်တော့် ဘလော့ဂ်၊ လင့်ခ်တွဲထားတဲ့ ဘလော့ဂ်တွေ၊ ဆိုဒ်တွေ နှင့် နောက်ဆုံး အင်တာနက် ဆိုပြီး ရှာဖွေဖို့ Tick လုပ်ခဲ့တဲ့အတွက် ရှာဖွေလို့ရတဲ့ Results တွေကို Tab သုံးခုနှင့် ပြသပေးထားတာကို တွေ့ရမှာပါ။ မြန်မာလိုလည်း တိတိကျကျ ရှာဖွေပေးတာတွေ့ရတော့ မြန်မာ ဘလော့ဂ်ဂါတွေအတွက် Special ပဲပေါ့ဗျာ။ ကိုယ့်ဘလော့ဂ်မှာ ကဏ္ဍအသီးသီးက မြန်မာဘလော့ဂ်တွေနှင့် အခြား Resources တွေ များများလင့်ခ်ထားလေလေ၊ ကိုယ့်ရဲ့ Search Results များများနဲ့ တိတိကျကျ ပေါ်လေလေပါပဲ။ ၎င်း Widget လေးကတော့ ဒီနေ့အတွက် နှင့် ကျွန်တော့်အတွက် စိတ်ကျေနပ်စရာအကောင်းဆုံး အရာတစ်ခုပါပဲ။




Blogger in Draft နှင့် Blogger Beta တွင် Widget များထည့်သွင်းနည်း

BLogger မှာ Widget တစ်ခုကို ဘယ်လိုထည့်ရမယ်ဆိုတာ သိပြီးသားသူများ အတွက်ကတော့ ဒီအဆင့်မှာတင် ပြီးသွားပါပြီ။ အခုဆက်ရေးမှာက ၎င်း Widget တွေကို မိမိဘလော့ဂ် အတွင်းသို့ ဘယ်လိုထည့်ရမယ်ဆိုတာ မသိသေးသူများအတွက် ထပ်ဆောင်းရှင်းလင်းချက် သဘောမျိုး ဖြစ်ပါတယ်။ ၎င်းနည်းလမ်းများအတိုင်း နောက်များမှာလည်း မိမိနှစ်သက်ရာ Widget တွေကို အလွယ်တစ်ကူ ထည့်သွင်းလို့ရစေပါမယ်။

(က) အထက်ပါ Widget ကိုထည့်သွင်းရန်အတွက် Blogger in Draft မှတဆင့် မိမိ၏ Google Account ဖြင့် Blogger Dashboard သို့ ၀င်ရောက်ပါ။ Dashboard တွင် Posts,Setting,Layout ဆိုပြီး သုံးမျိုးရှိတဲ့အနက် Layout ကိုကလစ်ပါ။



Template Tab အောက်ရှိ Page Element Sub Tab သို့ တိုက်ရိုက် ရောက်သွားတာကို တွေ့ရပါမယ်။ ၎င်းစာမျက်နှာကို ရောက်ပြီဆိုလျင် Search Engine Widget ကို မိမိထည့်လိုတဲ့နေရာမှာ ရှိတဲ့ Page Element တွေအပေါ်က "Add a page element " ဆိုတာကို ထပ်ကလစ်ပါ။



အောက်ပါအတိုင်းပေါ်လာလျင် မိမိထည့်လိုသော Widget အမျိုးအစားကိုရွေးပါ။ အခု ကျွန်တော်တို့က Search Box ထည့်မှာဖြစ်တဲ့ အတွက် ၎င်းကိုရွေးချယ်ပါမယ်။ Add to Blog ကို ကလစ်ပါ။



အောက်ပါအတိုင်း ၀င်းဒိုး အသစ်တစ်ခုတက်လာပြီး Configure Search Box လို့ပေါ်လာရင် မိမိရှာဖွေစေလိုတဲ့ နေရာတွေကို Tick လုပ်ပေးပါ။ မရှာစေချင်တဲ့နေရာကို ချန်ခဲ့လို့ရပါတယ်။ အားလုံးပြီးပြီဆိုတာနဲ့ "Save Change" ကိုကလစ်ပါ။



အထက်ပါအဆင့်ပြီးသွားတာနဲ့ မိမိဘလော့ဂ် ကို View Blog ကနေတဆင့် New Tab နဲ့ဖွင့်ပြီးကြည့်ပါ။ မိမိ Widget ကို နေရာအပြောင်းအရွေ့လုပ်ချင်တယ်ဆိုရင် စောစောက Page Element စာမျက်နှာကိုပြန်သွားပြီး ထည့်ထားတဲ့ Widget ပေါ်မှာကလစ်လုပ်ကာ Drag and Drop လုပ်ခြင်းဖြင့် အလွယ်တစ်ကူ ပြောင်းရွေ့လို့ရပါတယ်။ အားလုံးစိတ်ကြိုက် ဖြစ်ပြီဆိုရင် အောက်က ပြထားတဲ့နေရာမှာ "Save" ကို ကလစ်လုပ်ခြင်းဖြင့် ပြီးဆုံးပါပြီ။



Widget အသစ်များဖြင့် ပျော်ရွှင်လှပ၊ ဘလောဂ့်နိုင်ကြစေ ကုန်သတည်း။


Technorati Tags: | | | | |

Read More...
AddThis Social Bookmark Button

မြန်မာ့အရေးကို အခွင့်ကောင်းယူပြီး ဗိုင်းရပ်စ်တစ်ခု ပျံ့နှံ့နေသည်……  


တိဗက်ဘုန်းတော်ကြီး ဒလိုင်းလားမားရဲ့ အကြောင်းကြားချက်နဲ့ Email စာတစ်စောင်တစ်စောင် ၀င်လာရင် Email မှာပါလာတဲ့ Attached File ကို လုံးဝ (လုံးဝ) မဖွင့်မိဖို့ Sophos အမည်ရှိ ကွန်ပြူတာလုံခြုံရေး နည်းပညာကုမ္ပဏီတစ်ခုက သတိပေးထားပါတယ်.

အဲဒီ့ Email မှာ မြန်မာစစ်အစိုးရရဲ့ အကြမ်းဖက် ဖမ်းဆီးနှိပ်ကွပ်မှုတွေကို ခံနေရတဲ့ ရဟန်းသံဃာတော်များနဲ့ ပြည်သူလူထုကို ထောက်ပံ့ကူညီဖို့ ဘုန်းတော်ကြီး ဒလိုင်းလားမားက မေတ္တာရပ်ခံထားပြီး ဒလိုင်းလားမားရဲ့ မူရင်းစားကို Attached File မှာ ဖွင့်ကြည့်ဖို့ ညွှန်ကြားထားပါတယ်.

အဲဒီ့ ဖိုင်ကိုဖွင့်လိုက်ရင် ထရိုဂျန်အမျိုးအစား ဗိုင်းရပ်စ်တစ်မျိုးဟာ ကိုယ့်ရဲ့ ကွန်ပြူတာအတွင်း ၀င်ရောက်လာပြီး ကိုယ့်ရဲ့ စကားဝှက်တွေ၊ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ၊ ဘဏ်စာရင်းနံပါတ်တွေကို ယူသွားလိမ့်မယ်လို့ သတိပေးထားပါတယ်

ဗိုင်းရပ်စ်ပါဝင်တဲ့ Attached File ရဲ့ အမည်ကတော့ ddhl burma_001.dot ဖြစ်ပါတယ်.

Source: DVB

သုံးသပ်ချက်၊

ဒီဗိုင်းရပ်စ်ကို နအဖက ငှားရမ်းထားတဲ့ ရုရှက ကွန်ပြူတာ ဟက်ကာများက ဖြန့်ဝေတယ်လို့ ယူဆပါတယ်. မကြာသေးခင်ကပဲ ကျွန်တော့်ရဲ့ မိတ်ဆွေတစ်ချို့ သူတို့ရဲ့ Email ကို ၀င်ကြည့်ခံရတယ်လို့ သတိပေးပါတယ်. ဒါဟာ မြန်မာဘလော့ဂါတွေကို အစီအစဉ်ကျကျနဲ့ ဖျက်ဆီးလိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်နေတာ သိသာထင်ရှားပါတယ်. ဒီသတင်းကို နီးစပ်ရာ ဘလော့ဂါတွေနဲ့ မျိုးချစ်မြန်မာလူငယ်များကို လက်ဆင့်ကမ်းပေးကြပါလို့ မေတ္တာရပ်ခံပါတယ်.

အားလုံးကို ချစ်ခင်လေးစားလျက်

ရန်အောင်

Read More...
AddThis Social Bookmark Button