Myanmar Blogger Helpdesk

Learning, Sharing and Growing Together at Blogging Community!
Showing posts with label Basic. Show all posts
Showing posts with label Basic. Show all posts

Awesome New Features from Blogger in Draft  

Contributor: MhawSayar

အထူးသတိပြုရန်

အောက်ပါ ပို့စ် တစ်ခုလုံး၏ ရည်ညွှန်းပါ Bloggr.C0M ဆိုသည်မှာ HTTP://DRAFT.BLOGGER.COM/ ကိုဆိုလိုခြင်း ဖြစ်ကြောင်း သိစေအပ်ပါသည်။ ၎င်း Blogger in Draft ဆိုသည်မှာ အလွယ်ကူဆုံး ပြောရလျင် Blogger.Com ၏ အခြား Admin Dashboard User Interface တစ်ခုဖြစ်ပြီး ထိုနေရာတွင် http://blogger.com/ မှတဆင့် မိမိ ဘလော့ဂ် ၏ Admin Dashboard သို့ ၀င်ရောက် အသုံးပြုပါက မရနိုင်သော Blogger.Com ၏ စိတ်လှုပ်ရှားဖွယ် အခြား Feature အသစ်ပေါင်းများစွာကို ဘလော်ဂါများ အနေဖြင့် ရယူ သုံးစွဲ နိုင်သည်။
[ အောက်တွင် ဖော်ပြပါ Feature အသစ်များ အားလုံးသည် http://blogger.com/ မှ ၀င်ရောက် အသုံး ပြုပါက ရရှိမည် မဟုတ်ပဲ http://draft.blogger.com/ မှ ၀င်ရောက် အသုံးပြုမှသာ ရရှိမည်ဖြစ်သည်။ ]

Blogger in Draft

သူနဲ့ ပတ်သက်လို့ ကျွန်တော် Blogspot Blogger ဘ၀တုန်းက ပို့စ်တစ်ပုဒ် ရေးခဲ့ဖူးပါတယ်။ အဲဒီကတည်းက Blogger in Draft ဟာ တစ်ချိန်ချိန်မှာ Blogger.Com ရဲ့ Admin Panle ရာဇပလ္လင်ကို ၀င်လုမယ့် ပြိုင်ဘက် ဖြစ်လာနိုင်တယ် ဆိုတာ အနည်းငယ် ရိပ်မိခဲ့သလိုပါပဲ။ အခုတော့ အဲဒီယူဆချက် မှန်ကန်ကြောင်း အောက်ပါ အချက်တွေကို ဖတ်ရှုကြည့်တာနဲ့ လူကြီးမင်း သဘောပေါက်နိုင်ပါပြီ။

New Feature-I :  New Dashboard
Dashboard of Blogger in Draft
သိသိသာသာ တိုးတက်ပြောင်းလဲခြင်း လို့ ဆိုနိုင်တဲ့ ဒီ Dashboard ကြီး တစ်ခုလုံးကို ပြောင်းမပစ်ခင် အရင် လူမသိ သူမသိ New Feature တွေ ရှိခဲ့ပါသေးတယ်။ ဒါပေမယ့် ဘလော်ဂ္ဂါတို့ နေ့တစ်ဓူဝ အ၀င်အထွက် လုပ်နေတဲ့ ဒီ Dashboard ကြီး တစ်ခုလုံး ပြောင်းလဲမှု လုပ်လိုက်တာက အစပြုပြီး Blogger.Com ကြီး တစ်ခုလုံးကို Blogger in Draft နဲ့ အစားထိုးပစ်ဖို့ ကြံစည်နေကြောင်း ပိုမိုသိသာ လာပါတယ်။ Blogger in Draft ရဲ့ အသစ်ထုတ်လုပ် လိုက်တဲ့ Admin Dashboard မှာ အောက် ပါတို့ကို Feature အသစ် တွေ အဖြစ် တွေ့ရှိရပါတယ်။


၁။ Blogger in Draft Dashboard ကို မိမိဘလော့ဂ်ရဲ့ Default Dashboard အဖြစ် သတ်မှတ်နိုင်တဲ့ စနစ်တစ်ခု ပါဝင်လာပါတယ်။ http://draft.blogger.com/ ကနေ ၀င်လိုက်တာနဲ့ အဲဒီ Feature အသစ်ကို မိမိဘလော့ဂ် Dashboard ရဲ့ နဖူးစည်းမှာ ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်။
Make Default Dashboard for Blogger

၂။ Blogger in Draft ရဲ့ အသစ်သော Dashboard ကို Dashboard, My Reading List နှင့် Other Stuffs ဆိုပြီး အပိုင်းကြီး သုံးပိုင်းနဲ့ ခွဲခြားထားတာကို တွေ့ရပါတယ်။

  • ပထမ အပိုင်း ဖြစ်တဲ့  Dashboard မှာ မိမိ လက်ရှိရေးသားနေတဲ့ ဘလော့ဂ် အားလုံးတို့ထဲက နောက်ဆုံး Update လုပ်ခဲ့တဲ့ Blog နှစ်ခုကို ပုံသေ သတ်မှတ်ချက် အနေနဲ့ အမြဲပြပေးမှာ ဖြစ်ပါတယ်။ အကယ်၍ မိမိ အကောင့်ထ် ထဲမှာ ရှိတဲ့ ဘလော့ဂ် အားလုံး ပြစေချင်တယ် ဆိုရင်တော့ Blog List ရဲ့ အောက်မှာ ရှိတဲ့ ”Show all Blogs” ဆိုတာလေးကို ကလစ် လိုက်ရင် ရပါပြီ။
  • ဒုတိယ အပိုင်း မှာတော့ My Reading List ဆိုတဲ့ အတိုင်းပဲ Blogger.Com ရဲ့ Official Blog နှစ်ခုဖြစ်တဲ့ Blogger Buzz နှင့် Blogger in Draft တို့က နောက်ဆုံးရ Update သတင်းတွေကို အလွယ်တစ်ကူ ဖတ်လို့ ရအောင် စီမံပေးထားတာကို တွေ့ရမှာပါ။
  • တတိယ အပိုင်း Dashboard ကြီး တစ်ခုလုံးရဲ့ Footer မှာတော့  ခေါင်းစဉ်ကြီး Other Stuffs ဆိုတာရဲ့ အောက်မှာ Mobile Devices, Tools & Resources နှင့် Help Resources ဆိုပြီး ကဏ္ဍသုံးခုနဲ့ ခွဲခြားပြထားတာကို တွေ့ရမှာပါ။ အဲဒီထဲက Mobile Devices ဆိုတာကတော့ Mobile Phone တို့ကဲ့သို့သော ရွေ့ပြောင်းသယ်ဆောင် နိုင်တဲ့ ပေါ့ပေါ့ပါးပါး ပစ္စည်းလေးတွေက တဆင့် Blogging လုပ်နိုင်ဖို့ အတွက် ဖြစ်ပြီး Tools & Resources ဆိုတာကတော့ Seo ဆိုင်ရာ၊ Adsence ဆိုင်ရာ၊ Picasa ဆိုင်ရာ များကို အလွယ် တစ်ကူ  အသုံးချနိုင်စေရန် အတွက် စုစည်းပေးထားခြင်း ဖြစ်ပါတယ်။ နောက်ဆုံး Help Resources ဆိုတဲ့ နေရာမှာတော့ မိမိရဲ့ ဘလော့ဂ် ဂင်းနဲ့ ပတ်သက်တဲ့ အခက်အခဲတွေ ကို ဖြေရှင်းပေးနိုင်ဖို့ အတွက် User တွေ အချင်းချင်း ဆွေးနွေးရာ၊ တိုင်ပင်ရာ၊ လေ့လာစရာ ကျူတိုရီရယ်တွေ စသဖြင့် လိုအပ်သမျှကို စုံလင် အောင် စီစဉ်ထားရှိပေးတာကို တွေ့ရပါမယ်။
New Feature-II :  Posting Gadget for iGoogle

Post Gadget iGoogleနောက် Feature အသစ် တစ်ခုကတော့ မိမိရဲ့ ဘလော့ဂ်ကို ပို့စ် တင်ဖို့ အတွက် တစ်ခြားနေရာတွေကနေ သွားလာနေစရာ မလို၊ Admin Panel ကို ၀င်စရာ မလိုပဲ iGoogle ကနေတဆင့် တိုက်ရိုက် ပို့စ် တင်နိုင်တဲ့ Gadget လေး တစ်ခုကို Blogger in Draft က ထုတ်လုပ်ပေး လိုက်ခြင်းပါပဲ။ အဲဒီ Gadget လေးမှာ ပို့စ် တစ်ပုဒ် အတွက် လိုအပ်တဲ့ အချက်အလက် တွေမှန်သမျှနဲ့ တကွ၊ မိမိမှာ ဘလော့ဂ် လေး၊ငါး ခုရှိခဲ့ ရင် ကြိုက်ရာ ဘလော့ဂ်မှာ ရွေးချယ် ရေးသားနိုင်လောက်အောင် အထိ ပြုလုပ်နိုင်တဲ့ အခွင့် အလမ်းတွေကို အပြည့် အ၀ပေးထားပါတယ်။

စိတ်ပါဝင်စားရင် အောက်က Button လေးကို ကလစ်လို့ အထက်ပါ Gadget လေးကို မိမိ ရဲ့ iGoogle စာမျက်နှာမှာ ထည့်သွင်း အသုံးပြုနိုင်ပါပြီ။
Add post Gadget to iGoogle

New Feature-III:  Embedded Comment Form
Embedded comment Form
Blogger.COM မှ Blogger များ အနှစ်နှစ်အလလ တောင်းဆို၊ အလိုရှိခဲ့ကြတဲ့ WordPress Style Feature တစ်ခုဖြစ်ပါတယ်။ ဘာလို့လဲ။ Comment ဆိုတာ Blogger တစ်ယောက်ရဲ့  Post တစ်ပုဒ်အတွက် များသော အားဖြင့် Blogger အတော်များများအတွက် သူတို့ရဲ့ ကြိုးစား အားထုတ်မှု တွေ အတွက် အမြင့်ဆုံး ပြန်လည်ရရှိတဲ့ ဆုကြေး၊ ဒါမှမဟုတ် ဆုလာဘ်၊ တွန်းအား၊ ရွှေ . စသဖြင့် ရရှိတဲ့ မှတ်ချက်ပေါ်မူတည် ပြီးတော့ အမျိုးမျိုး အဓိပ္ပာယ် ဖွင့်လို့ရပါတယ်။ အဲဒီလို တန်ဖိုးရှိလှတဲ့ အရာတစ်ခုကို သူတို့  ကြိုးစား အားထုတ်ပြီး ရေးဖွဲ့ထားတဲ့၊ ရေးသား တင်ပြထားတဲ့ ပို့စ် တစ်ပုဒ် နှင့် အတူရှိစေချင်၊ မြင်ချင်ကြတာဟာ လည်း Blogger တို့ အတွက် သဘာဝကျပါတယ်။

Blogger.Com မှာ မူလကတည်းက Comment အတွက် ဖတ်တာကိုရော၊ ရေးတာကို ပါ သီးခြား စာမျက်နှာ တစ်ခုဆီကို  သပ်သပ်စီသွားပြီး ဖတ်ခြင်း၊ ရေးခြင်း လုပ်နေရတော့ တယ် အဆင်မပြေလှပါဘူး။ အဲဒီအတွက် နှစ်ရှည်လများကတည်းက Blogspot Blogger များက ဒီ Embedded Comment Form လို့ ခေါ်တဲ့ သက်ဆိုင်ရာ ပို့စ်ရဲ့ အောက်ခြေမှာ တစ်ပါတည်း တွဲရက် Comment များကို ဖတ်၊ရေး လုပ်နိုင်တဲ့ Feature ကို တောင်းဆိုလာခဲ့ကြတာပါ။

သူတို့ရဲ့ တောင်းဆိုမှုတွေဟာ အလဟဿမဖြစ်ခဲ့ဘူးဆိုတာ Blogger in Draft က အခု သက်သေ ပြလိုက်ပြီ ဖြစ်ပါတယ်။ ယခု အသစ် ဖြည့်စွက် လိုက်တဲ့ Embedded Comment Form Feature ဟာဆိုရင် အရင် Blogger.Com ရဲ့ မူလ Comment မှာလိုပဲ Open ID ကို အသုံးပြုနိုင်ခြင်း၊ Word Verification များ ထည့်သွင်း အသုံးပြုနိုင်ခြင်း၊ နောက် Comment message alart များကိုလည်း ယခင်လိုပဲ Comment ရေးသားတဲ့ နေရာရဲ့ အပေါ်မှာ ဖော်ပြပေးထားခြင်း စတာတွေ ပါရှိမှာ ဖြစ်ပါတယ်။ အဲဒီ Embedded Comment Form ဆိုတဲ့ Feature အသစ်စက်စက် ကို အသုံးပြုဖို့ အတွက် အောက်ပါ အတိုင်း လုပ်ဆောင်နိုင်ပါတယ်။:)

Blogger in Draft ကနေတဆင့် မိမိဘလော့ဂ်ရဲ့ Admin Panel Dashboard ကို ၀င်ပါ။ ပြီးတာနဲ့ Seeting ဆိုတဲ့ စာမျက်နှာကို ရွေးချယ် သွားရောက်ပါ။ ၎င်းစာမျက်နှာမှာ Comments ဆိုတာကို ရွေးချယ် ပြီး “Comment Form Placement” ဆိုတဲ့ Setting မှာ  “Embedded below post” ဆိုတာကို ရွေးချယ် ကလစ်ပေးပါ၊ အဲဒီနောက် “Save Setting” ကို ဆက်လက် ကလစ်ပါ။

Comment Form Placement
မိမိဘလော့ဂ် ကိုသွားရောက် ကြည့်ရှုစစ်ဆေးပါ။ ယခင်က စာမျက်နှာ တစ်ခု၊ သို့ Pop up window တစ်ခုနဲ့ တက်လာနေကြ ဖြစ်တဲ့ Comment တွေဟာ သူနဲ့ သက်ဆိုင်ရာ ပို့စ်တွေရဲ့ အောက်တွေမှာ ပြနေ၊ မပြနေ ကြည့်ရှုစစ်ဆေးပါ။ အကယ်၍ လူကြီးမင်းဟာ Modified လုပ်ပြီးသား Template တစ်ခုကို အသုံးပြုထားမယ် ဆိုရင်တော့ အဲဒီ Embedded Comment Form မှာ တိုက်ရိုက် Comment ရေးနိုင်ဖို့ အတွက် အောက် ပါ အဆင့် တစ်ခုကို ထပ်မံလုပ်ဆောင်ရပါမယ်။


မိမိဘလော့ဂ်ရဲ့ Dashboard မှတဆင့် Layout ကိုသွားပါ၊ နောက် တစ်ဆင့် အနေနဲ့ Edit HTML ကို ဆက်သွားပါ။ ဘာမှ ပြုပြင်မှု မလုပ်ခင် မိမိရဲ့ Original Template ကို Bakcup လုပ်ထားတတ်တဲ့ အကျင့်တစ်ခုကို မွေးမြူထားပါ။ မူလ Template ကို Backup လုပ်ပြီးတဲ့ နောက် Template Codex Box ရဲ့ ညာဘက် အပေါ်ထောင့်က  Expand Widget Templates ကို ကလစ် လုပ်ပါ။ ပြီးတဲ့ နောက် အောက်ပါ ကုဒ်လေးကို Ctrl+F အကူအညီနဲ့ Search လုပ်ပါ။
<b:include data='post' name='comment'/>
အထက်ပါ ကုဒ်များကို တွေ့တာနဲ့ သူပြီးနောက် တစ်ကြောင်းမှာ အောက်ပါ ကုဒ်များကို ထပ်မံထည့်သွင်းပေးပါ။
<b:include data='post' name='comment-form'/>
ပြီးတဲ့ နောက် Save Template ကို ဆက်လက် ကလစ် လုပ်ပြီး မိမိဘလော့ဂ်ကို ကြည့်ရှုစစ်ဆေးပါ။ Post တိုင်းရဲ့ အောက်ခြေမှာ Comment များကို တစ်ပါတည်း ရေး၊ ဖတ် လုပ်နိုင်ပြီ ဆိုပါက ၎င်း Embedded Comment Form Feature ကို လူကြီးမင်းရဲ့ ဘလော့ဂ်မှာ အောင်မြင်စွာ ထည့်သွင်းပြီး ဖြစ်တယ် လို့ယုံကြည်နိုင်ပါပြီ။
တစ်ကယ်လို့ အထက်ပါ နည်းလမ်းများ နဲ့ပင် အဆင်မပြေသေးဘူး ဆိုပါက အောက်ပါ နေရာများမှာ ဆွေးနွေးပြောဆို၊ လုပ်ကိုင် ထားကြ တာတွေ ကို သွားရောက် ဖတ်ရှုလေ့လာပြီး မိမိနဲ့ ကိုက်ညီမယ့် နည်းလမ်းကို ရွေးချယ် အသုံးပြု နိုင်ပါကြောင်း။ :D




New Feature-IV: Stars Rating
အရင်တုန်းကတော့ ကျွန်တော်တို့ တတွေဟာ ဒီ Feature လေး သုံးရဖို့ အရေးကို တစ်ခြားသူတွေကနေ Blogger အတွက် Provide လုပ်ပေးထားတဲ့ Widget တွေ ကို လိုက်လံရှာဖွေ ထည့်သွင်း သုံးစွဲခဲ့ကြရပါတယ်။ အခုတော့ Blogger in Draft ကနေ ဒီလိုအပ်ချက်ကို ဖြည့်ဆည်းပေးလိုက်ပါပြီ။

Stars Rating in Blogger
ဒီ Feature လေးကို အသုံးပြုဖို့ အတွက် မိမိ Blog Dashboard ကို http://draft.blogger.com/ ကနေ တဆင့် ၀င်ရောက်ပါ။ Layout ကို ရွေးချယ်ပါ၊ ပြီးတဲ့နောက် Page Element ကို ဆက်လက်ရွေးချယ်ပြီး ပုံမှာ ပြထားတဲ့ အတိုင်း Blog Post နေရာမှာပါတဲ့ Edit ကို ရွေးချယ်ကလစ်ပြီး၊ Configure Blog Posts ဆိုတဲ့ Pop Up Windows  မှာ Show Stars Rating ဆိုတဲ့ Radio Button လေးကို ကလစ် လုပ်ပြီး Save လုပ်ပါ။
၎င်း စာမျက်နှာလေးမှာပဲ Scroll Down အောက်ကို ဆွဲချလို့ အဲဒီ Stars Rating လေးကိုလည်း မိမိထားလိုတဲ့ နေရာမှာ စိတ်ကြိုက် ရွှေ့ပြောင်း ထားရှိနိုင်ပါတယ်။

New Feature-V : Import & Export

ကျွန်တော် Blogspot ကနေ WordPress ကို ပြောင်းရွှေ့စဉ် အခါက Blogspot ဆိုတာ ကိုယ့်ပို့စ် ကိုယ်တောင် မပိုင်တဲ့ဘ၀ ဆိုပြီး ရေးသားခဲ့ဖူးပါတယ်။ အခုတော့ အဲဒီ အမြင်တွေအားလုံး ကို Blogger in Draft က ပြောင်းပြန်လှန်ပစ် လိုက်ပါပြီ။
Export Blogger
Blogger in Draft ကနေတဆင့် မိမိဘလော့ဂ်ရဲ့ Dashboard ကို သွားကာ၊ Setting စာမျက်နှာကို သွားလိုက်တယ် ဆိုရင် ပဲ Basic Submenu Tab မှာအဲဒီ Feature ကို သုံးဖို့အတွက် ခင်ဗျား မျက်လုံးတစ်စုံနဲ့ ရှင်းလင်းစွာ တပ်အပ်မြင်တွေ့ နိုင်ပါပြီ။ အရင် ဘလော့ဂ်အဟောင်း ကပို့စ်တွေကိုပဲ Import လုပ်ချင်သလား၊ အခုဘလော့ဂ် ကိုပဲ Export လုပ်ပြီး မိမိ စက်ထဲမှာ Backup လုပ်ထားချင်သလား စတဲ့ ကြိုက်ရာ Feature တစ်ခုကို ရွေးချယ် အသုံးပြုနိုင်ဖို့ အလွယ် တစ်ကူပဲ ဖော်ပြထားတာကို တွေ့ရမှာပါ။
Export Blogger XML
Export လုပ်လိုသများ အတွက်ကတော့ Export ဆိုတာကို ကလစ်လိုက်တာနဲ့ပဲ တစ်ဖက်ပါ အတိုင်း Popup Window အသေးတစ်ခု တက်လာပြီး ဘယ် ဖိုင် အမျိုးအစားနဲ့ သိမ်းဆည်းမှာလဲ ဆိုတာ မေးမြန်းပါလိမ့်မယ်။ ပုံမှန်အားဖြင့် တော့ သတ်မှတ်ချက်ဖြစ်တဲ့ .xml file Type နဲ့ သိမ်းဆည်းတာ အကောင်းဆုံးပါပဲ။
ဒီ လတ်လတ်ဆတ်ဆတ် နဲ့ တစ်ကယ်အသုံးဝင်တဲ့ Feature နဲ့ ပတ်သက်လို့ မှတ်သားဖွယ်ရာတွေကတော့ အောက်ပါတို့ပဲ ဖြစ်ကြပါတယ်။

  1. (၂) ခုနှင့် အထက် ဘလော့များကို တစ်ခုတည်း အဖြစ် ပေါင်းစည်း နိုင်ခြင်း - မိမိမှာ ရေးသားနေတဲ့ အကြောင်း အရာတူ၊ ဒါမှမဟုတ် အမျိုးအစား တူ ဘလော့ဂ် (၂) ခုနှင့် အထက် ရှိနေခဲ့ ရင် ဒီ Feature မှာ ပါတဲ့ Import function ကို အသုံးပြုပြီး ၁-ခုတည်း အဖြစ် ပေါင်းစည်းပစ်လို့ ရပါတယ်။  လတ်တလော အနေနဲ့ ကတော့ တစ်ခါ Import လုပ်ခြင်း အတွက် ခွင့်ပြုထားတဲ့ File Size Limit က 1-Mb ဖြစ်ပါတယ်။ ဒီသတ်မှတ်ချက်ထက် တိုးပြီးပေးနိုင်ဖို့ Blogger Team မှ လုပ်ဆောင်နေတယ် ဆိုတာကိုလည်း သိရပါတယ်။Import Blogger
  2. ပို့စ် တစ်ခုချင်းစီကို ရွှေ့ပြောင်းချင်း - Import လုပ်ပြီးတဲ့ အဆင့်နောက်မှာ၊ အဲဒီ Import file မှာ ပါတဲ့ ပို့စ်တွေအနက်က ကိုယ်လိုချင်တဲ့ ပို့စ်တွေကိုပဲ ရွေးချယ်လို့၊ မလိုတဲ့ ပို့စ်တွေကို ချန်ထားခြင်းဖြင့်လည်း ပို့စ်တစ်ခုချင်း စီအလိုက် Blog တစ်ခုမှ နောက် တစ်ခု သို့ လွယ်ကူစွာ ရွှေ့ပြောင်းနိုင်ပါတယ်။ အဲဒီလို ပြောင်းရွှေ့တဲ့ နေရာမှာ Blogger in Draft Team ရဲ့ အကြံပေးချက်ကတော့ တစ်ကယ်ပြောင်းမယ့် Blog ထဲကို Import မလုပ်မီ အစမ်း Blog တစ်ခုနဲ့ အရင်ဆုံး အဲဒီ Feature ရဲ့ သဘောသဘာဝတွေကို သိရှိနားလည်အောင် စမ်းသပ်ထားသင့်တယ် လို့ ဆိုပါတယ်။
  3. မိမိဘလော့ဂ်အား Backup ပြုလုပ်ခြင်း - တစ်ခါတစ်ရံမှာ မလိုလားအပ်တဲ့ အခြေအနေတွေနဲ့ ကြုံလာခဲ့ရင် အလွယ်တစ်ကူ ဖြေရှင်းနိုင်ဖို့ အတွက် မိမိရဲ့ ဘလော့ဂ်ကို အမြဲ Backup လုပ်ထားသင့်ပါတယ်။ Blogger in Draft က အဲဒီ အခြေအနေတစ်ခုကို အခု အလွယ်တစ်ကူ ရယူနိုင်အောင် ဖန်တီးပေးလိုက်ပါပြီ။ ထူးထူး ထွေထွေ လုပ်စရာ မရှိပါဘူး။ ဒီ Feature မှာ ပါတဲ့ Import ဆိုတာ ကိုပဲ ပုံမှန် ကလစ် ပြီး သိမ်းဆည်းပေးရုံနဲ့ ခင်ဗျားရဲ့ လက်ရာတွေ၊ စာကောင်းပေမွန်တွေကို စိတ်ချလက်ချ သိမ်းဆည်းထားလို့ ရစေပါမယ်။ လတ်တလောအားဖြင့် တော့ ဒီ Import သို့ Backup Feature မှာ Template file တွေ၊ Widget တွေ မပါသေးပါဘူး။ မိမိရေးသားခဲ့ သမျှ ပို့စ်တွေနဲ့ မှတ်ချက်တွေ (Comments) တွေပဲ ပါဦးမှာ ဖြစ်ပါတယ်။ [အမှန်တော့ အဓိက ကလည်း ဒါပါပဲဗျာ။ Template က Edit HTML Page ကနေလည်း ဒေါင်းလုဒ် လုပ်လို့ ရနေတာပဲ မဟုတ်လား။ ;) ]
  4. ခင်ဗျားရဲ့ ဘလော့ဂ်ကို တစ်နေရာရာ ပြောင်းချင်ရင် - အခု Blogger in Draft က လက်ရှိပေးထားတဲ့ Export File Type အမျိုးအစား ဟာဆိုရင် Standard Atom XML ဖိုင် အမျိုးအစားဖြစ်ပါတယ်။ အဲဒီ အမျိုးအစား ဖိုင်တိုပ် ကိုပဲ တစ်ခြားသော Blogging Platform တွေမှာလည်း Import လုပ်ဖို့ အတွက် ခွင့်ပြုပေးထားတာကို (အနီးစပ်ဆုံး ဥပမာ ပေးရရင်) WordPress User တွေ သိရှိပြီးသား ဖြစ်မှာပါ။ အဲဒီတော့ လိုရင်းကတော့ ဒီ Export File လေးကို အလွယ်တစ်ကူ ဒေါင်းလုဒ် လုပ် သိမ်းဆည်းနိုင်တဲ့ အတွက် တစ်ချိန်ချိန်မှာ Blogger ကနေ တစ်ခြား Blogging Platform တစ်ခုခုကို ပြောင်းချင်လာပြီ ဆိုရင်တောင် အလွယ်တစ်ကူ ပြောင်းရွှေ့နိုင်တဲ့ အခွင့်အရေး တစ်ခုကို အလိုအလျောက် ရရှိစေပါပြီ။
အထက်ပါ အကြောင်း အရာတို့ ကတော့ ကျွန်တော် လေ့လာမိသမျှ နဲ့ ကျွန်တော့် ယူဆချက်တွေ အရ အထူးအရေးကြီးလို့ သတ်မှတ်ထားတဲ့ Blogger in Draft တစ်ဖြစ်လဲ Blogger.Com ကြီးရဲ့ အဓိက ပြုပြင်ပြောင်း လဲမှု တွေ အကြောင်းပဲ ဖြစ်ပါတယ်။ ဒီ Feature အသစ်တွေကို ရယူ အသုံးပြုနိုင်မှု တွေနဲ့ တင် Blogger.Com ဟာလည်း သူ့ရဲ့ စားသုံးသူတွေကို ဆက်လက် ဆွဲဆောင်ထားဖို့၊ အလွယ်ကူဆုံး Blogging Software တစ်ခု အဖြစ် ဆက်လက် ရပ်တည် နိုင်ဖို့ အပြင်းအထန် အားထုတ်နေတယ် ဆိုတာ သိသာနိုင်ပါတယ်။ Blogger.Com ရဲ့ User ဖြစ်တဲ့ Blogger တွေ အနေနဲ့လည်း ဒီ အသစ်သော၊ လတ်ဆတ်သော၊ အသုံးဝင်သော ရင်ခုန်ဖွယ် Feature တွေ အပေါ်မှာ ၀မ်းမြောက်စွာနဲ့ ကြိုဆိုလျက် ရှိကြမယ် ဆိုတာ မှားနိုင်လိမ့်မယ် လို့ ကျွန်တော် မထင်ပါဘူး။ :D
ဒီနေရာမှာ တစ်ခု ကျွန်တော် ပြောစရာ ရှိတာကတော့ အမှန်တစ်ကယ် အရေး အကြီး ဆုံးလို့ ဆိုနိုင်တဲ့ နောက်ဆုံး Feature ကြီး တစ်ခု အကြောင်း ရေးသားဖို့ ကျန်သေးတယ် ဆိုတာပါပဲ။ ဘာအကြောင်း အရာလဲ ဆိုတော့ ဘလော့ဂါတိုင်းနဲ့ မသိမဖြစ်၊ မသုံးမဖြစ် သုံးနေရပြီး ရင်းနှီးကျွမ်းဝင်နေတဲ့၊ Blogger in Draft က အခု နည်းပညာ အသစ်နဲ့ ထပ်မံထုတ်လုပ် လိုက်ပါတယ် ဆိုတဲ့ Feature အသစ်ပေါင်း မြောက်များစွာ ပါဝင်တဲ့ Post Editor အကြောင်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တစ်ကယ်လို့ ကျွန်တော် အဲဒီ အကြောင်းကို ယခု၊ ဒီနေရာမှာ ဆက် ရေးလိုက်ရင် ၄င်း တစ်ခုနဲ့တင် အပေါ်က ရေးပြီးခဲ့သမျှ စာလုံးရေ နီးပါး၊ ရှင်းလင်းချက်တွေ နီးပါးလောက်နဲ့ ပြန်ရေးရ၊ ရှင်းပြရမှာ ဖြစ်ပြီး စာဖတ်သူတွေ ပျင်းရိငြီးငွေ့ပြီး အိပ်ပျော်ခြင်း အဖြစ်ကို ရောက်သွားမှာ စိုးတဲ့ အတွက် (ကျမ်းလေးအံ့စိုး၍ ပေါ့ဗျာ :D ) ချန်ရစ်ခဲ့ပါတယ်။ နောက်နောင် အကြောင်း တိုက်ဆိုင်လို့ ကြုံကြိုက်တဲ့ အခါ အဲဒီ New Post Editor အကြောင်း ကို ရေးပါဦးမယ်။ ယခုလောလောဆယ်တော့ စိတ်ပါဝင်စားသူတွေ အနေနဲ့ Blogger in Draft က မူရင်းပို့စ် ကိုပဲ သွားရောက် ဖတ်ရှု၊ လေ့လာဝေဖန်၊ သုံးသပ်ပြီး အသုံးပြုတော် မူကြပါလို့ပဲ တိုက်တွန်းလိုက်ပါရစေ.။ :)
နောက် ကျန်ရှိနေသေးတဲ့ SEO အတွက် အရေးပါတဲ့ Web Master Tools များ အကြောင်းတို့ ကိုလည်း စိတ်ပါ ၀င်စားသူများ အနေနဲ့  Blogger in Draft official Blog ရဲ့ မူရင်းဆောင်းပါး များမှာ သွားရောက် လေ့လာ ဖတ်ရှုနိုင်တဲ့ အကြောင်း သတင်းလက်ဆောင် ပါးလိုက်ပါရစေ။ :) 
ကျေးဇူးစကား - ၁၀၀ မြောက် ပို့စ် အတွက် မေတ္တာအားဖြင့် လိုဂိုကူညီ ရေးဆွဲပေးသူ The Unrivaled ဂိုဏ်းမှ ရောင်းရင်းကြီး DanFader အား ကျေးဇူး အထူးတင်ရှိပါကြောင်း။ :D 

ရည်ညွန်းကိုးကား

Read More...
AddThis Social Bookmark Button

What is Professional Blogging and How to? [ 2 ]  

Contributor: Mhaw Sayar

ဘလော့ဂ် ခြင်း အမျိုးအစားများ နှင့် ဘလော့ဂ် တို့၏ အရေးပါမှု အဆင့်အတန်း

Trends of Blog Types

Open Diary, LiveJournal, Blogger.com, နှင့် WordPress.com စတဲ့ Blogging Community ကြီးတွေရဲ့ လျင်မြန်စွာ ပေါက်ကွဲ ကြီးထွားမှု တွေနဲ့ အတူ Internet တစ်ခွင်လုံး မှာလည်း ဘလော့ဂ်တွေ၊ ဘလော့ဂ်တွေ မိုးဦးကျ မှိုတွေလို အပြိုင်းပြိုင်း ပေါက်ရောက် လာခဲ့ကြပါတယ်။ တချို့ကလည်း မိမိ ၀ါသနာ ပါတဲ့ အကြောင်းအရာ တွေကို မျှဝေ လိုတဲ့ ဆန္ဒနဲ့ရေး၊ တချို့ကလည်း မိမိရဲ့ အိမ်၊ ကျောင်း၊ အလုပ်က ကိစ္စရပ်များကို မှတ်တမ်းတင်ရာ၊ စိတ်ခံစားမှုများ လျော့ချရာအဖြစ်ရေး၊ တစ်ချို့ကလည်း ကိုယ်နှင့် ကိုယ့်မိသားစုအကြောင်း၊ သူငယ်ချင်းတွေ အကြောင်း စတာတွေကို မှတ်တမ်း မှတ်ရာ၊ ဒိုင်ယာရီ အနေနဲ့ရေး၊ တချို့ကလည်း ယခင် ကတည်းက ဓာတ်ခံရှိခဲ့တဲ့ စာ၊ ကဗျာ စတဲ့ အနုပညာ တွေကို လွတ်လွတ်လပ်လပ် ကိုယ်တိုင်စာစီ၊ ကိုယ်တိုင် တည်းဖြတ်နိုင်ပြီး ကိုယ်တိုင် ထုတ်ဝေခွင့် ရတဲ့ နေရာတစ်ခုအဖြစ် ရေး စတဲ့ အမျိုးမျိုးသော ရည်ရွယ်ချက်တွေနဲ့ ဘလော့ဂ် တွေကို ပုံစံမျိုးစုံနဲ့ ကမ္ဘာ အရပ်ရပ်ကလူတွေ ရေးသား လာခဲ့ကြတာကို တွေ့ရမှာပါ။

အဲဒီလို အမျိုးမျိုးသော ပုံစံတွေနဲ့ ရေးသားလာခဲ့ကြတဲ့ ဘလော့ဂ်တွေ ကို အကြမ်းဖျင်းအားဖြင့် အောက်ပါအတိုင်း အမျိုးအစား ခွဲခြားနိုင်ပါတယ်။

  1. ကိုယ်ရေးကိုယ်တာဆိုင်ရာ (Personal)
  2. သတင်းဆိုင်ရာ (News)
  3. အတင်းအဖျင်းဆိုင်ရာ (Gossip)
  4. နိုင်ငံရေးဆိုင်ရာ (Polities)
  5. နည်းပညာဆိုင်ရာ (Technology)
  6. အထွေထွေ နှင့် (General)
  7. အခြား (Other)

Modern Life က ၂၀၀၆ နိုဝင်ဘာမှာ ပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ရပ်ရဲ့ အလိုအရ အောက်ပါအတိုင်း ဘလော့ဂ် အမျိုးအစားများ ခွဲခြား ဖော်ပြပြီး လေ့လာ ဆန်းစစ်မှု လုပ်ထားတာကို တွေ့ရပါတယ်။ အခြေပြု ဆန်းစစ်ရာ နောက်ခံ အကြောင်းအရာများ ကတော့ ရေးသားသော အကြောင်းအရာ၊ သုံးစွဲသော ဘလော့ဂ် ဆော့ဖ်ဝဲလ်၊ အသုံးပြုသော ဘာသာစကား၊ နောက်ခံအရောင် အသုံးပြုမှု အစရှိတာတို့ ဖြစ်ကြပါတယ်။

၁။ အသုံးပြုသော ဆော့ဖ်ဝဲလ် အလိုက်

Trends of Blogging Application

အဲဒီ ၂၀၀၆ ကာလက Moveable Type က ၁၅ ရာနှုန်းနဲ့ ဦးဆောင်ကာ၊ WordPress က ဒုတိယလိုက်လို့၊ Blogger.Com ကတော့ စတုတ္ထနေရာ အဖြစ်နဲ့ တွေ့ရှိရပါတယ်။ ( လက်ရှိမှာတော့ WordPress က ဦးဆောင်သူ၊ Blogger.Com က ဒုတိယ ဖြစ်နေပါပြီ။ :) )

၂။ ရေးသားသော အကြောင်းအရာ အလိုက်

Trends of Blogging Types

ဒီနေရာမှာတော့ နည်းပညာ ဆိုင်ရာ ဆိုတဲ့ ကဏ္ဍကို ရေးသားကြသူအများဆုံး ဖြစ်ပြီး အထွေထွေက ဒုတိယလိုက်လို့ နိုင်ငံရေး ဘလော့ဂ်များက တတိယနေရာ လိုက်ပါတယ်။

၃။ အသုံးပြုသော ဘာသာစကား အလိုက်

Trends of Blogging Languages

အင်္ဂလိပ် လိုရေးသားကြသူ အများဆုံးဖြစ်ပြီး ဘာသာစကား တစ်ခုချင်းစီ အလိုက်ကြည့်ရင် ဂျပန်က ဒုတိယလိုက်ပါတယ်။ လူဦးရေ သန်း ၁၀၀၀ ကျော် တရုတ်က စတုတ္ထနေရာမှာပါ။ (Apprenticeship ပြောခဲ့တဲ့ မှတ်ချက်တစ်ခု နဲ့လည်း သွား တိုက်ဆိုင်နေပါတယ်။)

၎။ နောက်ခံအရောင် အသုံးပြုမှု အလိုက်

Trends of Blogging Background Colors

ဘလော့ဂ် တွေရဲ့ နောက်ခံ အရောင် အသုံးပြုမှုမှာတော့ အဖြူရောင် က ပထမနေရာ နဲ့ ဗိုလ်စွဲပါတယ်။

ဒါကတော့ Modern Life ရဲ့ ၂၀၀၆ က ကောက်ယူခဲ့တဲ့ စစ်တမ်းတစ်ရပ်ရဲ့ အလိုအရ ဖြစ်ပါတယ်။ ဒီစစ်တမ်းတစ်ရပ်ထက် ပိုမို Update ဖြစ်တဲ့ စစ်တမ်းတစ်ရပ်ကိုတော့ Problogger က ၂၀၀၈ ခုနှစ် အတွင်းမှာပဲ ကောက်ယူ ခဲ့ပါသေးတယ်။ အဲဒီ စာရင်း မှာကတော့ မိမိ ရေးသားတဲ့ အကြောင်းအရာကို လိုက်ပြီး ဘလော့ဂ် အမျိုးအစားခွဲခြားခြင်း ဆိုတဲ့ စစ်တမ်း တစ်ခုသာဖြစ်ပြီး ကျန်တဲ့ ဘာသာစကား၊ အသုံးပြုတဲ့ အရောင် စတဲ့အရာတွေ တော့ မပါဝင်ပါဘူး။ အမျိုးအစားတွေ ကတော့ Modern Life ကထက် ပိုမိုစုံလင်စွာ ခွဲခြား ထားတာကို တွေ့မြင်ရမှာပါ။ Problogger ရဲ့ စစ်တမ်းကို ဒီနေရာမှာ သွားကြည့်နိုင်ပါတယ်။

အထက်ပါ စစ်တမ်း (၂) ရပ် အရကြည့်မယ်ဆိုရင် ဘလော့ဂ် ဆိုတဲ့ ဝေါဟာရ အသုံးအနှုံးနှင့် အတူ ကြီးထွား ရှင်သန် လာတဲ့ ကွန်ယက် စာမျက်နှာ တစ်မျိုးဟာ ကိုယ်ရေးကိုယ်တာဆိုင်ရာ၊ နေ့စဉ် မှတ်တမ်းလောက် အဖြစ် အသုံးပြုရုံသာမကပဲ နယ်ပယ် အသီးသီးမှာ ကြီးမား ကျယ်ပြန့်စွာ အသုံးပြုနေကြတယ် ဆိုတာ ထင်ရှားပါတယ်။ အင်တာနက်ကို ကျယ်ပြန့်စွာ အသုံးပြုနိုင်တဲ့ နိုင်ငံကြီးတွေမှာ ကိုယ်ရေးကိုယ်တာဆိုင်ရာ၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေးနိုင်ငံရေး နှင့် အားကစား၊ ကြော်ငြာကဏ္ဍ စတဲ့ အသီးသီးသော ကဏ္ဍကြီးတွေမှာ ၀ဘ်ဘလော့ဂ်တွေကို အစွမ်းထက် လက်နက်တစ်ခုအဖြစ် ကျယ်ပြန့်စွာ အသုံးချလာခဲ့ ကြတာ ၂၀၀၀ ခုနှစ် အလွန် သက်တမ်းများက စတင်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီလို ဘလော့ဂ် လောကကြီး ကြီးထွားရှင်သန်လာခြင်း နှင့် အတူ သူရဲ့ ကြီးကျယ် အစွမ်းထက်မှု ကို အင်တာနက်ကမ္ဘာရဲ့ လူသားတို့ အသိအမှတ်ပြုကြပြီးသကာလမှာ Blog လောကအတွက် အသုံးအနှုန်း ဆိုင်ရာများ၊ Blog ရှာဖွေရေး အင်ဂျင်များ စတာတွေ ပါ သီးသန့် အနေနဲ့ ပေါ်ထွက်လာ ခဲ့ကြပါတယ်။ ကိုယ်ပိုင် Blog တွေကနေတဆင့်လည်း Blogging သင်ခန်းစာများကို ပို့ချရင်း ကမ္ဘာအရပ်ရပ်မှာပါ အောင်မြင်ကျော်ကြားတဲ့ Blogger University ကြီးတွေလို့ ပြောလို့ရအောင် ကြီးကျယ်ထင်ရှားတဲ့ Blog ကြီးတွေ ပေါ်လာတာလည်း မနည်းလှပါဘူး။

အမှန်တစ်ကယ်လည်း ဘလော့ဂ်ဆိုတဲ့ ကွန်ယက်စာမျက်နှာ တစ်မျိုးဟာ ပြုလုပ်ဖန်တီးရန် လွယ်ကူသလောက် အသုံးချသူရဲ့ ကျွမ်းကျင်မှု၊ အချိန်ကာလ၊ နေရာ၊ ဒေသနှင့် လိုအပ်ချက် ကို သိရှိ ဖြည့်ဆည်းပေးနိုင်မှု စတဲ့ အချက်တွေပေါ်ကို မှီခိုပြီး ကြောက်စရာ ကောင်းလောက်အောင် ကို အစွမ်းထက် လက်နက် တစ်ခုအဖြစ် အသုံးချနိုင်တာကို တွေ့ရပါတယ်။

သာဓကအနေနဲ့ ကြည့်မယ်ဆိုရင် ဘလော့ဂ်တွေကို ကွန်ယက်သဖွယ် ထပ်မံချိတ်ဆက်ပြီး ပညာရေးဆိုင်ရာ ဘလော့ဂ်ကွန်ယက် စာမျက်နှာ များ အဖြစ် ထိရောက်စွာ အသုံးချ နေခြင်းကို Wikipedia စာမျက်နှာ က တစ်ဆင့် လေ့လာနိုင် ပါတယ်။ အဲဒီလိုပဲ နိုင်ငံရေး ဆိုင်ရာများ မှာလည်း ဘလော့ဂ် တွေရဲ့ စွမ်းပကားကို ဘယ်လို အသုံးချ နေကြတယ်ဆိုတာ ဒီစာမျက်နှာမှာ လေ့လာဖတ်ရှုနိုင်ပါတယ်။

စီးပွားရေး ဆိုင်ရာမှာတော့ ဒီဆောင်းပါးခေါင်းစဉ် ရဲ့ မူရင်း ရည်ရွယ်ချက် အရ သာမန် အပျော်တမ်း ဘလော့ဂ် ရေးသားခြင်းမှ သည် ရေးသားသမျှ အကြောင်းအရာတိုင်းကို တစ်စုံတစ်ခုကို စူးစိုက်ရေးသားပြီး ဖတ်သူတိုင်းအတွက် အကျိုးတစ်စုံတစ်ရာ ရရှိစေတဲ့ ဆောင်းပါးများကို ရေးသားပြီးသကာလ ထို ဘလော့ဂ်ဂင်းမှ တစ်ဆင့် ထိရောက်တဲ့ အပိုဝင်ငွေ၊ ပြင်ပ ၀င်ငွေ ရရှိအောင် ဘယ်လို လုပ်နိုင်တယ် ဆိုတဲ့ အကြောင်းအရာတွေကို ဦးစားပေး ပြောဆိုသွား လိုပါတယ်။

အမှန်ပါပဲ။ အပျော်တမ်း ဘလော့ဂ်ဂါတွေကနေ တဆင့် လစဉ် ဒေါ်လာ ထောင်ချီ၊ သောင်းချီရနေတဲ့ ဘလော့ဂါတွေ ဖြစ်လာအောင် လုပ်ကိုင် နေကြသူတွေ တစ်ကယ်ရှိပါတယ်။ သူတို့ အနေနဲ့ ကတော့ အခုအချိန်မှာ ဘလော့ဂ် ရေးသားခြင်းဟာ သူတို့ အတွက် အသက်မွေးဝမ်းကျောင်း ဖြစ်သွားပြီ ဖြစ်ပါတယ်။ ဒါပေမယ့် အိမ်တစ်ဖက်၊ ကျောင်းတစ်ဖက်၊ အလုပ်တစ်ဖက်လုပ် ရင်းကနေလဲ ဘလော့ဂ် ရေးသားခြင်းကနေ အပိုဝင်ငွေ ရှာဖွေနေကြသူတွေလည်း ရှိပါသေးတယ်။

ဒီနေ့ ခေတ် မျက်မှောက် ကမ္ဘာရဲ့ ဘလော့ဂ်တို့၏ အရေးပါမှုကို အထိရောက်ဆုံး အသုံးချပြီး ဘလော့ဂ် ရေးသားခြင်းကနေ သူတို့ အပို ၀င်ငွေတွေ ဘယ်လို ရှာနေကြသလဲ..???

ဆက်လက်ဖော်ပြပါမည်…

Ref;

  1. Wikipedia
  2. Problogger
  3. Modern Life
  4. John Chow

Read More...
AddThis Social Bookmark Button

ဘလော့ဂ်ကို Back Up လုပ်နည်း  


Contributor: ဘုရင့်နောင်

အချိန်ကုန်ခံ၊ အပင်ပန်းခံ၊ ခါးညောင်းခံ တင်ထား ရေးထားတဲ့ မိမိရဲ့ ပို့စ်တွေကို backup လုပ်ထားချင်သူများ အောက်ပါနည်းတွေအတိုင်းလုပ်လို့ ရကြောင်းရှာတွေ့တာလေး ပြန်လည်မျှဝေ လိုက်ပါတယ်။ သိပြီးသား လည်းဖြစ် ချင်ဖြစ်မှာပါ။

http://blogname.blogspot.com/search?max-results=1000

blogname နေရာမှာ မိမိဘလောဂ့် နာမည်ကိုရိုက်ပါ။ ပို့စ် ၁၀၀၀ ထက်နည်းရင် save လုပ်လို့ရ တယ်လို့ ဆိုထားပါ တယ်။ တစ်ထောင် ထက် ကျော်ရင်တော့ မပြောတက်ဘူး။ အပေါ်က လိပ်စာအတိုင်း ရိုက်ထည့်လိုက်ရင် သင်ရေးခဲ့သမျှ ပို့စ်အားလုံးပေါ်လာပါလိမ့်မယ်။ ပထမ ဦးစွာ ပုံတွေကို သီးသန့် save လုပ်ဖို့ firefox extension တခုဖြစ်တဲ့ DownThemAll ကိုသုံးပြီး ပုံတွေကို download လုပ်ယူနိုင်ပါတယ်။ မိမိဖတ်ချင်တဲ့ ဘလော့ဂါတစ်ယောက်ရဲ့ ရေးခဲ့သမျှ ပို့စ်တွေကို တစ်ခါတည်း ဖတ်ချင်ရင်လည်း အပေါ်က လင့်ခ်မှာ မိမိဖတ်မယ့် ဘလော့ဂါရဲ့ လိပ်စာကိုပြောင်း ထည့်လိုက်ပါ။

နောက်တစ်ဆင့်က ရေးထားတဲ့ ပို့စ်တွေက စာတွေကို သီးသန့် save ဖို့ အောက်က လင့်ခ်ကို သွားပါ။

http://blogname.blogspot.com/feeds/posts/default?max-results=1000

XML feed ပါပဲ။ ပို့စ်က စာတွေပဲ သီးသန့်ပေါ်လာတာကို save page as(Ctrl+S) လုပ်လိုက်ရုံပါပဲ။ comments တွေကို သိမ်းဖို့

http://blogname.blogspot.com/feeds/comments/default?max-results=1000

ဖြစ်ပါတယ်။

Read More...
AddThis Social Bookmark Button

File Hosting လုပ်နည်းများ...  


Contributor: ရန်အောင်

File Hosting ဆိုတာက ကိုယ်တင်ချင်တဲ့ ဖိုင်လေးတွေကို အဲဒီ့ Site တွေက သိမ်းပေးထားပြီး http://..... ဆိုတဲ့ URL Link လေး ပြန်ထုတ်ပေးတာပါ. အဲဒါကိုမှ ကိုယ်တင်ချင်တဲ့ website, blog စတဲ့နေရာတွေမှာ တင်ပေးရတာမျိုးပါ. (Host= အိမ်ရှင် ဆိုတော့ ကိုယ့်ဖိုင်လေးတွေက သူ့အိမ်မှာ သွားပြီး စတည်းချနေတာပေါ့ဗျာ.)

Free hosting site တွေ ရှိသလို အခကြေးငွေနဲ့ တင်ပေးတဲ့ site တွေလည်း ရှိပါတယ်. Professionally လုပ်တော့မယ့်သူတွေ၊ ဒါမှမဟုတ် file အများကြီး တင်ချင်တဲ့သူတွေကတော့ ပိုက်ဆံပေးပြီး Capacity များများပေးတဲ့ hosting site တွေမှာ accnt လုပ်ကြပါတယ်. ပုံမှန် ကျွန်တော်တို့လို အပျော်တမ်းသမားတွေကတော့ free hosting site တွေကိုပဲ သုံးကြပါတယ်. သိပ်များလာလို့ မနိုင်တော့ရင် နောက်ထပ် accnt တစ်ခု ထပ်ဖွင့်ရုံပဲပေါ့ဗျာ. အဓိကက ပိုက်ဆံ မပေးရရင် ပြီးရော မဟုတ်လား. ဟတ်ဟတ်

ကဲ. ဒါလေးတွေကတော့ ကျွန်တော်တို့ သိထားသင့်တဲ့ free hosting site လေးတွေပါပဲ ခင်ဗျာ.

ပုံတင်ရန်

http://imageshack.us/
http://photobucket.com/

ဖိုင်တင်ရန်

http://www.fileden.com/
http://www.filefactory.com/
http://www.filexoom.com/
http://www.ripway.com/
http://www.pages.google.com/
http://www.mediafire.com/
http://files-upload.com/
http://www.wikiupload.com/
http://upload2.net/
http://www.filecrunch.com/


အဲဒါလေးတွေကတော့ ကျွန်တော်သိသလောက်လေးတွေပါပဲ. တစ်ခုနဲ့တစ်ခု ပေးတဲ့ storage space မတူပါဘူး. Fileden က 1 G ပေးပါတယ်. Ripway ကတော့ 30 MB ပဲ ပေးပါတယ်. ကျန်တာတွေမှာလည်း ထိုနည်းလည်းကောင်းပါပဲ. Unlimited ပေးတာ တစ်ခုတော့ ရှိပါတယ်. Mediafire ပါ. (စာအုပ်တွေတင်ဖို့ သိပ်ကောင်းပါတယ်) Pages.google.com ကတော့ google pages ကို ပြောတာပါ. Account Sign Up လုပ်စရာ မလိုပါဘူး. ကိုယ့်ရဲ့ Gmail Account နဲ့ပဲ သုံးလို့ရပါတယ်.

တစ်ခုကို အစမ်းလုပ်ပြပါမယ်. သဘောတရားက အတူတူပါပဲ.

http://www.fileden.com ကိုသွားပါမယ်. Account Sign Up လုပ်ပါမယ်. ကိုယ့် Email ကို စာဝင်လာပါလိမ့်မယ်. Activate လုပ်ဖို့ပေါ့. လုပ်လိုက်ပါ. ပြီးသွားရင်တော့ Login လုပ်ပါမယ် ခင်ဗျာ.



အပေါ်မှာ မြင်နေရတဲ့ Navigation Bar လေးထဲကနေ upload files ကို ရွေးပါမယ်. တစ်ခြား site တွေမှာလည်း upload ဆိုတဲ့ ပုံစံလေးတွေ ပါပါလိမ့်မယ်. ချွတ်စွပ်ကြီးတော့ ဘယ်တူပါ့မလဲဗျာနော်. စိတ်ရှည်ရှည်ထားပြီး ရှာကြည့်ရင် သဘောပေါက်သွားပါလိမ့်မယ်…

Upload files ကိုရွေးလိုက်ပါပြီ. အခု file စတင်ပါတော့မယ်. အစမ်းအနေနဲ့ peekaboo လုပ်ဖို့ myhacko.js ဆိုတဲ့ ဖိုင်လေးကို တင်ပေးပါမယ်. အဲဒါကို အရင်ဆုံး ကိုယ့် computer ပေါ်ကို download လုပ်ဖို့ မမေ့နဲ့ဦးနော်. မလုပ်ရသေးရင် ဒီမှာ အခုပဲ လုပ်လိုက်ပါ

Save လုပ်လိုက်တဲ့ File လေးကို Browse လုပ်ပြီး ရှာပါမယ်. Click ခေါက်ပြီး ရွေးလိုက်ပါမယ်. Upload ကို နှိပ်လိုက်ပါပြီ.




ဘာဖြစ်လဲ…



Error message ပေါ်လာပါတယ်. This file extension is not allowed. တဲ့. ကျွန်တော်တို့ တင်တဲ့ ဖိုင်က javascript file လေ. Extension က js နဲ့ ဆုံးတယ်. အဲဒီ့လိုမျိုး file type ကို လက်မခံဘူး. ဘယ်လိုလုပ်မလဲ.

နောက်တစ်မျိုးနဲ့ ပြောင်းတင်မှာပေါ့. မဟုတ်ဘူးလား. ဒါမျိုးကိစ္စလေးတွေ ဖြစ်တတ်လို့ တမင်အမှားကို လုပ်ပြပေးတာပါ. နို့မို့ဆို ကိုယ်လုပ်တာပဲ မှားနေပြီလားလို့ တွေးပူနေမိမှာ စိုးလို့ပါ.

ကဲ. Ripway နဲ့ ပြောင်းတင်ပါမယ်.

ထုံးစံအတိုင်း sign up/register လုပ်ပါ. Email activation တောင်းရင် လုပ်ပေးလိုက်ပါ. မတောင်းရင်တော့ ကိုယ်လုပ်စရာရှိတာသာ ဆက်လုပ်သွားလိုက်ပါ.



My files ဆိုတာကို ရွေးမယ်နော်. ဒီလိုပုံစံ တွေ့ရပါမယ်.



အဲဒီ့ထဲကမှ Upload files ဆိုတာကို ရွေးပါမယ်ခင်ဗျာ. အောက်ကပုံစံအတိုင်းလေး ပေါ်လာပါလိမ့်မယ်



Browse လုပ်ပြီး ကိုယ်တင်မယ့် file ကိုရွေးပါ. Myhacko.js ကိုရွေးမယ်နော်. ရွေးပြီးရင် upload လုပ်လိုက်ပါ. နောက်တစ်မျက်နှာမှာ ဒီလိုမြင်ရပါမယ်.



Continue ဆက်လုပ်လိုက်ပါ. နောက်တစ်မျက်နှာမှာတော့ ကိုယ်တင်လိုက်တဲ့ ဖိုင်လေးကို တွေ့ရပါမယ်. အဲဒီ့ထဲကမှ Direct Link URL ဆိုတာလေးရဲ့ အောက်မှာ တွေ့ရတဲ့ Link လေးဟာ ကျွန်တော်တို့လိုချင်တဲ့ URL link လေးပါပဲ ခင်ဗျာ.



နောက်တစ်ခုအနေနဲ့ googlepages နဲ့ တင်နည်းပြပါမယ်. ဒီနေရာကိုသွားပြီးရင် ကိုယ့်ရဲ့ gmail account နဲ့ sign in ၀င်လိုက်ပါ. ပြီးသွားရင် accept terms တွေဘာတွေ ဆက်လုပ်သွားပါ. နောက်တစ်ဆင့်မှာ ကိုယ့်ကို publish page တစ်ခုခု လုပ်ခိုင်းပါလိမ့်မယ်. အဲဒါလည်း အရေးမကြီးပါဘူး. လုပ်လိုက်ပါ. နာမည်ကိုလည်း ကိုယ်ကြိုက်တာ ပေးလို့ရပါတယ်. ကျွန်တော်ကတော့ theseandthose လို့ ပေးထားခဲ့တယ်ဗျ.

နောက်တစ်မျက်နှာမှာ ဒီလိုမြင်ရပါမယ်.



ညာဖက်နား ခပ်ကျကျလေးက ဒီပုံလေးကို ကြည့်ပါ. အဲဒီ့မှာ file တွေကို Upload လုပ်ရမှာပါပဲ.



Browse လုပ်ပြီး တင်မယ့် file ကို ရွေးပါ. Googlepages က အလိုလိုပဲ တင်ပေးသွားပါလိမ့်မယ်. ပြီးသွားရင် ဖိုင်ရဲ့ URL ကို ယူရပါမယ်.

ကိုယ်တင်လိုက်တဲ့ ဖိုင်လေးရဲ့ အပေါ်မှာ right click လေး ခေါက်လိုက်ပါ. ပြီးရင် copy link location ကို ရွေးလိုက်ပါ. အဲဒါ သူ့ရဲ့ URL ပါပဲ.

တစ်ခြားသော file hosting site များမှာလည်း ဒီပုံစံဆင်ဆင်လေးတွေပါပဲ. စမ်းသုံးကြည့်ကြပါလို့ တိုက်တွန်းပါတယ်.

အားလုံးပဲ အဆင်ပြေချောမွေ့ကြပါစေ..

Read More...
AddThis Social Bookmark Button

မြန်မာဘလော့ဂ်ရေးချင်သူများ ဒါတွေသိထားသင့်တယ်  


Contributor: ညီလင်းဆက်

မြန်မာဘလော့ဂ် လုပ်ချင်သူတွေ အဆင်ပြေအောင် အသုံးဝင်တဲ့ အချက်တွေကို ရေးသားထားတဲ့ ပိုစ့်တွေကို ကျွန်တော် စုထားလိုက်ပါတယ်။ ဒါတွေကို ဖတ်ကြည့်ပြီးရင် ကိုယ်လုပ်ချင်တာ တော်တော်များများ လုပ်နိုင်ပါလိမ့်မယ်။ အသစ်တွေ့ရင် တွေ့သလို ဒီနေရာလေးမှာ တင်ထားပေးပါ ဦးမယ်။ အဆင်ပြေပြေ ရှာနိုင်အောင် ညာဘက် ဆိုဒ်ဘားမှာ လင့်ခ်ကို ဖော်ပြထားပေး ပါမယ်။ ပိုမိုလွယ်ကူ ကောင်းမွန်တဲ့ နည်းစနစ်တွေ ရှိရင်လည်း အကြံပေး နိုင်ပါတယ်။

ဒါတွေဖတ်ပြီးမှ မြန်မာဘလောဂ့် လုပ်ပါ။



Technorati Tags: , , , , , , , , , , , , , , ,

Read More...
AddThis Social Bookmark Button

မြန်မာဘလော့ဂ်တစ်ခု တည်ဆောက်ခြင်း  


Contributor: မျက်လုံး

အဆင့်(၁) http://www.blogger.com/ သို့ သွားပါ။

အဆင့်(၂) CREATE YOUR BLOG NOW တွင် ကလစ်နှိပ်ပါ။

အဆင့်(၃) Create a Google Account စာမျက်နှာသို့ ရောက်ရှိသွားပါပြီ။

  • Email Address Box တွင် သင့်ရဲ့ Google email address ကို ရိုက်ထည့်ပါ။
  • သင့် ဘလော့ဂါ အကောင့်သို့ဝင်ရန် Password ကို ရိုက်ထည့်ပါ။
  • Password ကို နောက်တစ်ခါ ရိုက်ထည့်ပါ။
  • သင့်ဘလော့တွင် ဖော်ပြစေမည့် သင့်ရဲ့ အမည်(အမည်ဝှက်လည်း ဖြစ်နိုင်ပါတယ်။) ကို ရိုက်ထည့်ပါ။
  • Word Verification အတွက် ဖော်ပြထားတဲ့ စကားလုံးလေးများကို အောက်က Text Box မှာ ရိုက်ထည့်ပါ။
  • I accept the Terms of Service ဆိုတဲ့ စာတန်းလေးရှေ့က Check Box လေးမှာ ကလစ်လုပ်ပါ။
  • Continue တွင်ကလစ်လုပ်ပါ။
အဆင့်(၄) Blog Title အတွက် သင်ပေးလိုသော သင့်ဘလော့အတွက် အမည်တစ်ခုရွေးပေးပါ။ ဒီနာမည်ဟာ သင့်ဘလော့ တစ်ခုလုံးအတွက် အမည်ပါ။ သင်ကြိုက်ရာပေး၍ ရပါတယ်။ ) ဥပမာ။ ။ ကျွန်တော့်ဒိုင်ယာရီ၊ ပေါက်ပေါက်ရှာရှာ၊ ရေးချင်တာရေးထားတာပါ၊ My Internet Diary, Have Fun with My Blog စသည်ဖြင့် . . .)





Blog Address URL ဆိုတာကတော့ သင့်ဘလော့သို့ ဆက်သွယ်ရမယ့် အင်တာနက်လိပ်စာ ဖြစ်ပါတယ်။ English လိုပဲ ပေးရမှာပါ။ ကျွန်တော်ရဲ့ ဘလော့တစ်ခုကို myatlone.blogspot.com လို့ပေးထားပါတယ်။ ဒီနေရာမှာတော့ ပေးချင်ရာကို ပေးလို့ ရနိုင်ချင်မှ ရနိုင်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ အခြားဘလော့ဂါများက အသုံးပြုပြီး Address တွေကို နောက်ထပ်ယူသုံးချင်လို့မရနိုင်ပါ။ အဲဒီအတွက် http://(YourBlog).blogspot.com (YourBLog) ဆိုတဲ့နေရာမှာ သင့်ပေးလိုတဲ့ အမည်တစ်ခုပေးပြီး အောက်တစ်ကြောင်းက Check Availability ဆိုတဲ့နေရာမှာ ကလစ်နှိပ်ကြည့်ပါ။ Error မပြဘူးဆိုရင် သင့်ဘလော့အတွက် ဒီလိပ်စာကို သုံးလို့ရပါတယ်။ Error ပြရင်တော့ အခြားအမည်(လိပ်စာ) တစ်ခုပြောင်းပေးရပါလိမ့်မယ်။
Word Verification အတွက် စာသားလေးတွေ ရိုက်ထည့်ပေးလိုက်ပါ။

Continue တွင် ကလစ်လုပ်ပါ။
အဆင့်(၅) သင့်အသုံးပြုချင်တဲ့ Template တစ်ခုရွေးပေးရမှာဖြစ်ပါတယ်။ Template ရွေးပြီးရင် Continue တွင် ကလစ်နှိပ်ပါ။


အဆင့်(၆) ဒါဆိုရင် အခုလို တွေ့ရမှာပါ။


အဆင့်(၇) Start Posting ကို ကလစ်နှိပ်လိုက်ရင် ဒီလိုတွေ့ရမှာပါ။


အဲဒီမှာ ဘလော့ဆိုတဲ့ အင်တာနက်စာမျက်နှာတွေထဲကို သင်ပြောချင်တဲ့ ရင်တွင်းခံစားချက်တွေ၊ သင်မျှဝေချင်တဲ့ အတွေ့အကြုံ၊ နည်းပညာတွေ၊ ဟိုအကြောင်းဒီအကြောင်း စုံစီနဖာတွေ ပြောဖို့ နေရာလေးတစ်ခု ဖန်တီင်္းပြီးသွားပြီပေါ့ဗျာ။

ဒီလောက်ဆိုရင် အခုမှ Blog စလုပ်မယ့်သူတွေအတွက် အလွယ်တကူလုပ်နိုင်ဖို့ တစ်စုံတစ်ခုသော အတိုင်းအတာအထိ အကူအညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် ဒါဟာ ခြေလှမ်းပေါင်းများစွာ လှမ်းဖို့အတွက် ပထမဆုံး ခြေတစ်လှမ်းပဲ ရှိသေးတယ်ဆိုတာတော့ သတိပြုရပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘလော့ကို ဘယ်ဘရောင်ဇာနဲ့ပဲ (Internet Explorer, Fire Fox, Opera, စသည်ဖြင့်) ကြည့်ကြည့် မြန်မာလိုမြင်ရဖို့ လုပ်ပေးရမယ့်အပိုင်းတွေ ရှိပါသေးတယ်။ ဒါတွေအတွက် တတ်ကျွမ်းနားလည်တဲ့ မြန်မာဘလော့ဂါတွေရဲ့ လမ်းညွှန်သင်ကြားမှုတွေကို အောက်မှာ တွေ့နိုင်ပါတယ်။ ကျွန်တော် နားလည်သလောက် ဘာသာပြန်ထားတဲ့ သင့်ဘလော့သို့ Sidebar တစ်ခုပေါင်းထည့်ခြင်း ကိုလည်း လေ့လာနိုင်ပါတယ်။ ဒီ Post လေးရေးဖြစ်အောင် အဓိကတွန်းအားဖြစ်စေတဲ့ မသစ္စာကိုလည်း ကျေးဇူးတင်ပါတယ်။ အခုလောက်ထိ လက်တွဲကူညီသင်ကြားပေးခဲ့တဲ့ နောင်တော်ဝါရင့်ဘလော့ဂါများကိုလည်း ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။

သင့်ကို အကူအညီပေးနိုင်မယ့်နေရာများ

သင့်ဘလော့တွင် ဇော်ဂျီဖောင့် Declare လုပ်ခြင်း

သင့်ဘလော့တွင်နောက်ခံပုံရိပ်ထည့်သွင်းခြင်း

သင့်ဘလော့တွင် DropDown Menu ထည့်သွင်းခြင်း

သင့်ဘလော့တွင် ကော်လံများ စိတ်တိုင်းကျပြုပြင်ခြင်း

သင့်ဘလော့သို့ ကော်လံတစ်ခု ထပ်တိုးခြင်း

နောက်ထပ်လည်း သင့်ဘလော့ကို စိတ်တိုင်းကျ မွမ်းမံဖို့ လမ်းညွှန်တွေ ထပ်ထည့်ပေးသွားပါဦးမယ်။

Read More...
AddThis Social Bookmark Button