Myanmar Blogger Helpdesk

Learning, Sharing and Growing Together at Blogging Community!
Showing posts with label Myanmar. Show all posts
Showing posts with label Myanmar. Show all posts

ဇော်ဂျီ-ယူနီကုဒ် 5.1 ပြောင်း Box ထည့်ခြင်း  

Contributor: သင်ကာ
Blogspot သုံးသူတွေ အတွက်ကတော့ Head နဲ့ Body ကြားမှာ ဒီကုဒ်လေး ထည့်ပေးရပါမယ်။
<script src=’http://ngwestar.googlepages.com/z-51.js’ type=’text/javascript’/>

ကျနော့်ရဲ့ Blogspot မှာ အစမ်းလုပ်ထားတာကို ဒီမှာ (Click Here) ကြည့်ပါ။
Wordpress ကို Run ပြီး သုံးသူတွေကတော Page Template, Main Index Template ထဲမှာ ထည့်ရပါမယ်။ ပုံမှာ ပြထားပါတယ်။
အခုစမ်းတဲ့ဟာက mmthinker.net မှာ မြင်နေရတဲ့ ဘောက်စ်ကလေးပဲ ဖြစ်ပါတယ်။
အဲဒီဘောက်စ်ကလေး ပျောက်နေစေချင်ရင် ဘောက်စ်မှာပါတဲ့ Cross လေးကို Click ပါ။ ပြန်ပေါ်စေချင်ရင် Refresh ဖြစ်စေ၊ F5 ဖြစ်စေ လုပ်လိုက်ပါ။
ဘောက်စ်တပ်ပြီးတဲ့နောက် စမ်းကြည့်တဲ့ အခါ စာလုံးတွေဟာ ဖွာတာတာဖြစ်နေတယ်၊ ဟထိုး၊ အသတ်တွေ ရွေ့နေတယ်ဆိုရင် အောက်မှာ ပေးထားတဲ့ Myanmar3 ကို Install လုပ်လိုက်ပါ။ ပြီးရင် HTML ထဲက Font Family မှာ ရှိပြီးသား Zawgyi အပြင်၊ ဘေးမှာ Myanmar3 လို့ ထည့်လိုက်ပါ။ ရှင်းလင်းစွာ ပေါ်လာပါလိမ့်မယ်။ ဒါဆိုရင် စတန်းဒတ်ဖောင့်အတွက် သင့်ရဲ့စာတွေ အသင့်ဖြစ်ပါပြီ။
စမ်းသပ်သုံးစွဲပြီး အကြံဥာဏ်များကို Myanmar Font Converter မှာ ဖြစ်စေ၊ ဒီဘလော့ဂ်မှာဖြစ်စေ ပေးကြပါလို့ မေတ္တာရပ်ခံပါတယ်။ လိုအပ်တာတွေ ထပ်မံဖြည့်သွင်းနိုင်ဖို့ ဖြစ်ပါတယ်။
မှတ်ချက်
- How to put Convertor Combo Box နဲ့ How to put Converter box in Wordpress ကို ပြန်ရေးထားတာ ဖြစ်ပါတယ်။
- ဒီ Box ပြုလုပ်ခြင်းနဲ့ ပတ်သက်ပြီး It’s first Off-Line On-the-Fly Myanmar Fonts Converter by The The Aye (Solveware) and Soe Min @ Mark လို့ ရေးထားတာလည်း တွေ့ရပါတယ်။
- Myanmar 3 ဒေါင်းလုဒ် လုပ်ရန် Click Here or Click Here

Read More...
AddThis Social Bookmark Button

ဇော်ဂျီ၊ ယူနီကုဒ် 5.1 နှင့် နောက်ကွယ် ပြဿနာများ  

Contributor: သင်ကာ

တင်ကြို စကားခံရလျှင် မြန်မာဖောင့်နှင့် ပတ်သက်သည့် ပြဿနာအရပ်ရပ်ကို နားလည်ရန် ကျနော် အလှမ်းဝေးပါသည်။ ဝီကီမြန်မာ (MOE) အကောင်အထည်ပေါ်ရေးတွင် ကျနော် ပါဝင်မိပြီးနောက် စတန်းဒတ်မြန်မာဖောင့်ကိစ္စကို ကျနော် အာရုံကျမိပါသည်။ ဒိုင်ခံရှင်းပြပေးသူမှာ ကိုငွေထွန်းဖြစ်ပါသည်။ ကိုငွေထွန်းသည် သူ့အလုပ် သူ့ပညာရပ်တွင် နှံ့စပ်သူ၊ အမြဲတမ်း သင်ယူနေသူ တစ်ယောက်အဖြစ်တွေ့ရပါသည်။
သူနှင့် ကျနော် စကားစပ်မိသမျှပြန်ပြောရလျှင် သူသည် မြန်မာယူနီကုဒ်ကို တွင်ကျယ်စေလိုသူ ဖြစ်ပါသည်။ ဒီထက်ပိုပြောရလျှင် IT ဘာသာစကားသုံးစွဲရေး၌ ကမ္ဘာသုံးအဖြစ် အသိအမှတ်ပြုဖောင့်ဖြင့် အနာဂတ်ကို ကောင်းစေလိုသူဖြစ်ပါသည်။ အားလုံးကို တစ်က ပြန်စရန်မဟုတ်ဘဲ သူက ဇော်ဂျီသာ သုံးစွဲနေသူလည်းအဆင်ပြေနိုင်အောင် Convert လုပ်ရေးဖြစ်ပါသည်။
ယခု ကျနော့်ဘလော့ဂ်၏ ညာစွန်အပေါ်တွင် Choose Font Here ဆိုသည့် ဘောက်စ်ကလေးကို တွေ့ပါမည်။ ဇော်ဂျီနှင့် ယူနီကုဒ် 5.1 အပြောင်းအလဲသုံးနိုင်စေရန်ဖြစ်သည်။
ယူနီကုဒ်ကြောင့်ရနိုင်မယ့် အကျိုးကို Myanmar Font Converter ဘလော့ဂ်မှာ ဒီလိုရေးထားပါတယ်။
Unicode စစ်စစ်ကို သုံးလိုက်ရင် ရလာမယ့် အကျိုးကျေးဇူးတွေက အလွန်ပဲများပြားပါတယ်… အများသိထားတဲ့အတိုင်း Unicode စစ်စစ်က Searchable, Sortable ဖြစ်ပါတယ်… စံတစ်ခုကိုသာ အားလုံးလိုက်နာကြရင် အထက်မှာပြောခဲ့သလို မြန်မာ Font တစ်ခု ရှိနေယုံနဲ့ မြန်မာစာ အားလုံးကို ဖတ်လို့ရနိုင်ပါလိမ့်မယ်… တစ်ခြား အကျိုးကျေးဇူးတွေ အများကြီးရှိပါသေးတယ်…

(နောက်ပြီတော့ မြန်မာဆိုတာ ဗမာတစ်ခုတည်းကိုပြောတာမဟုတ်ပါဘူး…ရှမ်း၊ မွန် စတဲ့ တိုင်းရင်းသားတွေလည်း မြန်မာတွေပါပဲ… မြန်မာစာဆိုတဲ့ နေရာမှာ တိုင်းရင်သားတွေကို ထည့်စဉ်းစားရပါမယ်… မသိချင်ယောင်ဆောင်နေလို့မရပါဘူး… Zawgyi ဆရာသမားတွေ ကောင်းကောင်းသိပါတယ်… သူတို့က တိုင်းရင်းသားတွေအတွက် သတ်မှတ်ထားတဲ့ code point တွေကို အပိုင်စီးထားပါတယ်… အဲ့ဒါကြောင့် Zawgyi နဲ့ ဘယ်တော့မှ တိုင်းရင်းသား စာတွေ ရိုက်လို့ရမှာ မဟုတ်ပါဘူး… Unicode စစ်ရင် ရပါတယ်… တိုင်းရင်းသားတွေအတွက်ပါ ထည့်စဉ်းစားပြီးသားပါ…)
ကူနီကုဒ်စနစ်ကို မလိုက်နာသော ဇော်ဂျီဖောင့်၏ ကံကောင်းအကြောင်းလှစွာ တွင်ကျယ်သွားပုံကိုလည်း အဲဒီမှာ (Click Here) ရေးထားပါတယ်။ ကျနော် လေ့လာတီးခေါက်မိသလောက် ဖောင့်အတည်ဖြစ်ရေးမှာ ကိုယ်ကျိုးစီးပွားတွေ ပါနေတာ စိတ်မကောင်းစွာ တွေ့ရပါတယ်။ ဘလော်ဂါတချို့သည်လည်း အသုံးချခံများ ဖြစ်နေသလား တွေးမိပါတယ်။
နောက်ပို့စ်မှာ ဘလော့ဂ်ထဲ ဇော်ဂျီ-ယူနီကုဒ် 5.1 Convert ထည့်ပုံကို ထပ်ညွှန်းပါ့မယ်။

မြန်မာစာပေ တိုးတက်စေလိုသော စေတနာဖြင့်

သင်ကာ

Read More...
AddThis Social Bookmark Button

What is Professional Blogging and How to? [ 2 ]  

Contributor: Mhaw Sayar

ဘလော့ဂ် ခြင်း အမျိုးအစားများ နှင့် ဘလော့ဂ် တို့၏ အရေးပါမှု အဆင့်အတန်း

Trends of Blog Types

Open Diary, LiveJournal, Blogger.com, နှင့် WordPress.com စတဲ့ Blogging Community ကြီးတွေရဲ့ လျင်မြန်စွာ ပေါက်ကွဲ ကြီးထွားမှု တွေနဲ့ အတူ Internet တစ်ခွင်လုံး မှာလည်း ဘလော့ဂ်တွေ၊ ဘလော့ဂ်တွေ မိုးဦးကျ မှိုတွေလို အပြိုင်းပြိုင်း ပေါက်ရောက် လာခဲ့ကြပါတယ်။ တချို့ကလည်း မိမိ ၀ါသနာ ပါတဲ့ အကြောင်းအရာ တွေကို မျှဝေ လိုတဲ့ ဆန္ဒနဲ့ရေး၊ တချို့ကလည်း မိမိရဲ့ အိမ်၊ ကျောင်း၊ အလုပ်က ကိစ္စရပ်များကို မှတ်တမ်းတင်ရာ၊ စိတ်ခံစားမှုများ လျော့ချရာအဖြစ်ရေး၊ တစ်ချို့ကလည်း ကိုယ်နှင့် ကိုယ့်မိသားစုအကြောင်း၊ သူငယ်ချင်းတွေ အကြောင်း စတာတွေကို မှတ်တမ်း မှတ်ရာ၊ ဒိုင်ယာရီ အနေနဲ့ရေး၊ တချို့ကလည်း ယခင် ကတည်းက ဓာတ်ခံရှိခဲ့တဲ့ စာ၊ ကဗျာ စတဲ့ အနုပညာ တွေကို လွတ်လွတ်လပ်လပ် ကိုယ်တိုင်စာစီ၊ ကိုယ်တိုင် တည်းဖြတ်နိုင်ပြီး ကိုယ်တိုင် ထုတ်ဝေခွင့် ရတဲ့ နေရာတစ်ခုအဖြစ် ရေး စတဲ့ အမျိုးမျိုးသော ရည်ရွယ်ချက်တွေနဲ့ ဘလော့ဂ် တွေကို ပုံစံမျိုးစုံနဲ့ ကမ္ဘာ အရပ်ရပ်ကလူတွေ ရေးသား လာခဲ့ကြတာကို တွေ့ရမှာပါ။

အဲဒီလို အမျိုးမျိုးသော ပုံစံတွေနဲ့ ရေးသားလာခဲ့ကြတဲ့ ဘလော့ဂ်တွေ ကို အကြမ်းဖျင်းအားဖြင့် အောက်ပါအတိုင်း အမျိုးအစား ခွဲခြားနိုင်ပါတယ်။

  1. ကိုယ်ရေးကိုယ်တာဆိုင်ရာ (Personal)
  2. သတင်းဆိုင်ရာ (News)
  3. အတင်းအဖျင်းဆိုင်ရာ (Gossip)
  4. နိုင်ငံရေးဆိုင်ရာ (Polities)
  5. နည်းပညာဆိုင်ရာ (Technology)
  6. အထွေထွေ နှင့် (General)
  7. အခြား (Other)

Modern Life က ၂၀၀၆ နိုဝင်ဘာမှာ ပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ရပ်ရဲ့ အလိုအရ အောက်ပါအတိုင်း ဘလော့ဂ် အမျိုးအစားများ ခွဲခြား ဖော်ပြပြီး လေ့လာ ဆန်းစစ်မှု လုပ်ထားတာကို တွေ့ရပါတယ်။ အခြေပြု ဆန်းစစ်ရာ နောက်ခံ အကြောင်းအရာများ ကတော့ ရေးသားသော အကြောင်းအရာ၊ သုံးစွဲသော ဘလော့ဂ် ဆော့ဖ်ဝဲလ်၊ အသုံးပြုသော ဘာသာစကား၊ နောက်ခံအရောင် အသုံးပြုမှု အစရှိတာတို့ ဖြစ်ကြပါတယ်။

၁။ အသုံးပြုသော ဆော့ဖ်ဝဲလ် အလိုက်

Trends of Blogging Application

အဲဒီ ၂၀၀၆ ကာလက Moveable Type က ၁၅ ရာနှုန်းနဲ့ ဦးဆောင်ကာ၊ WordPress က ဒုတိယလိုက်လို့၊ Blogger.Com ကတော့ စတုတ္ထနေရာ အဖြစ်နဲ့ တွေ့ရှိရပါတယ်။ ( လက်ရှိမှာတော့ WordPress က ဦးဆောင်သူ၊ Blogger.Com က ဒုတိယ ဖြစ်နေပါပြီ။ :) )

၂။ ရေးသားသော အကြောင်းအရာ အလိုက်

Trends of Blogging Types

ဒီနေရာမှာတော့ နည်းပညာ ဆိုင်ရာ ဆိုတဲ့ ကဏ္ဍကို ရေးသားကြသူအများဆုံး ဖြစ်ပြီး အထွေထွေက ဒုတိယလိုက်လို့ နိုင်ငံရေး ဘလော့ဂ်များက တတိယနေရာ လိုက်ပါတယ်။

၃။ အသုံးပြုသော ဘာသာစကား အလိုက်

Trends of Blogging Languages

အင်္ဂလိပ် လိုရေးသားကြသူ အများဆုံးဖြစ်ပြီး ဘာသာစကား တစ်ခုချင်းစီ အလိုက်ကြည့်ရင် ဂျပန်က ဒုတိယလိုက်ပါတယ်။ လူဦးရေ သန်း ၁၀၀၀ ကျော် တရုတ်က စတုတ္ထနေရာမှာပါ။ (Apprenticeship ပြောခဲ့တဲ့ မှတ်ချက်တစ်ခု နဲ့လည်း သွား တိုက်ဆိုင်နေပါတယ်။)

၎။ နောက်ခံအရောင် အသုံးပြုမှု အလိုက်

Trends of Blogging Background Colors

ဘလော့ဂ် တွေရဲ့ နောက်ခံ အရောင် အသုံးပြုမှုမှာတော့ အဖြူရောင် က ပထမနေရာ နဲ့ ဗိုလ်စွဲပါတယ်။

ဒါကတော့ Modern Life ရဲ့ ၂၀၀၆ က ကောက်ယူခဲ့တဲ့ စစ်တမ်းတစ်ရပ်ရဲ့ အလိုအရ ဖြစ်ပါတယ်။ ဒီစစ်တမ်းတစ်ရပ်ထက် ပိုမို Update ဖြစ်တဲ့ စစ်တမ်းတစ်ရပ်ကိုတော့ Problogger က ၂၀၀၈ ခုနှစ် အတွင်းမှာပဲ ကောက်ယူ ခဲ့ပါသေးတယ်။ အဲဒီ စာရင်း မှာကတော့ မိမိ ရေးသားတဲ့ အကြောင်းအရာကို လိုက်ပြီး ဘလော့ဂ် အမျိုးအစားခွဲခြားခြင်း ဆိုတဲ့ စစ်တမ်း တစ်ခုသာဖြစ်ပြီး ကျန်တဲ့ ဘာသာစကား၊ အသုံးပြုတဲ့ အရောင် စတဲ့အရာတွေ တော့ မပါဝင်ပါဘူး။ အမျိုးအစားတွေ ကတော့ Modern Life ကထက် ပိုမိုစုံလင်စွာ ခွဲခြား ထားတာကို တွေ့မြင်ရမှာပါ။ Problogger ရဲ့ စစ်တမ်းကို ဒီနေရာမှာ သွားကြည့်နိုင်ပါတယ်။

အထက်ပါ စစ်တမ်း (၂) ရပ် အရကြည့်မယ်ဆိုရင် ဘလော့ဂ် ဆိုတဲ့ ဝေါဟာရ အသုံးအနှုံးနှင့် အတူ ကြီးထွား ရှင်သန် လာတဲ့ ကွန်ယက် စာမျက်နှာ တစ်မျိုးဟာ ကိုယ်ရေးကိုယ်တာဆိုင်ရာ၊ နေ့စဉ် မှတ်တမ်းလောက် အဖြစ် အသုံးပြုရုံသာမကပဲ နယ်ပယ် အသီးသီးမှာ ကြီးမား ကျယ်ပြန့်စွာ အသုံးပြုနေကြတယ် ဆိုတာ ထင်ရှားပါတယ်။ အင်တာနက်ကို ကျယ်ပြန့်စွာ အသုံးပြုနိုင်တဲ့ နိုင်ငံကြီးတွေမှာ ကိုယ်ရေးကိုယ်တာဆိုင်ရာ၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေးနိုင်ငံရေး နှင့် အားကစား၊ ကြော်ငြာကဏ္ဍ စတဲ့ အသီးသီးသော ကဏ္ဍကြီးတွေမှာ ၀ဘ်ဘလော့ဂ်တွေကို အစွမ်းထက် လက်နက်တစ်ခုအဖြစ် ကျယ်ပြန့်စွာ အသုံးချလာခဲ့ ကြတာ ၂၀၀၀ ခုနှစ် အလွန် သက်တမ်းများက စတင်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီလို ဘလော့ဂ် လောကကြီး ကြီးထွားရှင်သန်လာခြင်း နှင့် အတူ သူရဲ့ ကြီးကျယ် အစွမ်းထက်မှု ကို အင်တာနက်ကမ္ဘာရဲ့ လူသားတို့ အသိအမှတ်ပြုကြပြီးသကာလမှာ Blog လောကအတွက် အသုံးအနှုန်း ဆိုင်ရာများ၊ Blog ရှာဖွေရေး အင်ဂျင်များ စတာတွေ ပါ သီးသန့် အနေနဲ့ ပေါ်ထွက်လာ ခဲ့ကြပါတယ်။ ကိုယ်ပိုင် Blog တွေကနေတဆင့်လည်း Blogging သင်ခန်းစာများကို ပို့ချရင်း ကမ္ဘာအရပ်ရပ်မှာပါ အောင်မြင်ကျော်ကြားတဲ့ Blogger University ကြီးတွေလို့ ပြောလို့ရအောင် ကြီးကျယ်ထင်ရှားတဲ့ Blog ကြီးတွေ ပေါ်လာတာလည်း မနည်းလှပါဘူး။

အမှန်တစ်ကယ်လည်း ဘလော့ဂ်ဆိုတဲ့ ကွန်ယက်စာမျက်နှာ တစ်မျိုးဟာ ပြုလုပ်ဖန်တီးရန် လွယ်ကူသလောက် အသုံးချသူရဲ့ ကျွမ်းကျင်မှု၊ အချိန်ကာလ၊ နေရာ၊ ဒေသနှင့် လိုအပ်ချက် ကို သိရှိ ဖြည့်ဆည်းပေးနိုင်မှု စတဲ့ အချက်တွေပေါ်ကို မှီခိုပြီး ကြောက်စရာ ကောင်းလောက်အောင် ကို အစွမ်းထက် လက်နက် တစ်ခုအဖြစ် အသုံးချနိုင်တာကို တွေ့ရပါတယ်။

သာဓကအနေနဲ့ ကြည့်မယ်ဆိုရင် ဘလော့ဂ်တွေကို ကွန်ယက်သဖွယ် ထပ်မံချိတ်ဆက်ပြီး ပညာရေးဆိုင်ရာ ဘလော့ဂ်ကွန်ယက် စာမျက်နှာ များ အဖြစ် ထိရောက်စွာ အသုံးချ နေခြင်းကို Wikipedia စာမျက်နှာ က တစ်ဆင့် လေ့လာနိုင် ပါတယ်။ အဲဒီလိုပဲ နိုင်ငံရေး ဆိုင်ရာများ မှာလည်း ဘလော့ဂ် တွေရဲ့ စွမ်းပကားကို ဘယ်လို အသုံးချ နေကြတယ်ဆိုတာ ဒီစာမျက်နှာမှာ လေ့လာဖတ်ရှုနိုင်ပါတယ်။

စီးပွားရေး ဆိုင်ရာမှာတော့ ဒီဆောင်းပါးခေါင်းစဉ် ရဲ့ မူရင်း ရည်ရွယ်ချက် အရ သာမန် အပျော်တမ်း ဘလော့ဂ် ရေးသားခြင်းမှ သည် ရေးသားသမျှ အကြောင်းအရာတိုင်းကို တစ်စုံတစ်ခုကို စူးစိုက်ရေးသားပြီး ဖတ်သူတိုင်းအတွက် အကျိုးတစ်စုံတစ်ရာ ရရှိစေတဲ့ ဆောင်းပါးများကို ရေးသားပြီးသကာလ ထို ဘလော့ဂ်ဂင်းမှ တစ်ဆင့် ထိရောက်တဲ့ အပိုဝင်ငွေ၊ ပြင်ပ ၀င်ငွေ ရရှိအောင် ဘယ်လို လုပ်နိုင်တယ် ဆိုတဲ့ အကြောင်းအရာတွေကို ဦးစားပေး ပြောဆိုသွား လိုပါတယ်။

အမှန်ပါပဲ။ အပျော်တမ်း ဘလော့ဂ်ဂါတွေကနေ တဆင့် လစဉ် ဒေါ်လာ ထောင်ချီ၊ သောင်းချီရနေတဲ့ ဘလော့ဂါတွေ ဖြစ်လာအောင် လုပ်ကိုင် နေကြသူတွေ တစ်ကယ်ရှိပါတယ်။ သူတို့ အနေနဲ့ ကတော့ အခုအချိန်မှာ ဘလော့ဂ် ရေးသားခြင်းဟာ သူတို့ အတွက် အသက်မွေးဝမ်းကျောင်း ဖြစ်သွားပြီ ဖြစ်ပါတယ်။ ဒါပေမယ့် အိမ်တစ်ဖက်၊ ကျောင်းတစ်ဖက်၊ အလုပ်တစ်ဖက်လုပ် ရင်းကနေလဲ ဘလော့ဂ် ရေးသားခြင်းကနေ အပိုဝင်ငွေ ရှာဖွေနေကြသူတွေလည်း ရှိပါသေးတယ်။

ဒီနေ့ ခေတ် မျက်မှောက် ကမ္ဘာရဲ့ ဘလော့ဂ်တို့၏ အရေးပါမှုကို အထိရောက်ဆုံး အသုံးချပြီး ဘလော့ဂ် ရေးသားခြင်းကနေ သူတို့ အပို ၀င်ငွေတွေ ဘယ်လို ရှာနေကြသလဲ..???

ဆက်လက်ဖော်ပြပါမည်…

Ref;

  1. Wikipedia
  2. Problogger
  3. Modern Life
  4. John Chow

Read More...
AddThis Social Bookmark Button

What is Professional Blogging and How to?  

Contributor: MhawSayar

အင်တာနက် ကမ္ဘာဦး၊ ကွန်ယက် စာမျက်နှာများ ၏ မူလ နှင့် ၀ဘ်ဘလော့ဂ်တို့ သမိုင်း

Description of Internet Connecting

၁၉၉၁ ခုနှစ်၊ သြဂုတ်လ ၆ ရက်နေ့၊ CERN အဖွဲ့ကြီးကနေ ပြင်သစ်နှင့် ဆွစ်ဇာလန် နှစ်နိုင်ကြား နယ်စပ် တစ်နေရာမှာ World Wide Web အမည်ရတဲ့ ကမ္ဘာလုံး ဆိုင်ရာ ကွန်ပြူတာများ အချင်းချင်း ကွန်ယက် သဖွယ် ချိတ်ဆက် အသုံးပြုနိုင်သော Project တစ်ခုကို၊ အင်္ဂလိပ်လူမျိုး ပညာရှင် Tim Berners-Lee ရဲ့ ကမ္ဘာ့ပထမဆုံး World Wide Web စာမျက်နှာ တစ်ခုနှင့် အတူ လူထုထံ စတင် မိတ်ဆက် ခဲ့ပြီးနောက် ၁၉၈၅ ခုနှစ်မှာ National Science Foundation (United State) ကောင်းမှုနဲ့ စတင် သန္ဓေတည်ခဲ့တဲ့ TCP/IP သုံး ကွန်ယက် စနစ် ဟာ Internet ဆိုသော ကမ္ဘာလုံးဆိုင်ရာ ကွန်ယက် စနစ်ကြီးတစ်ခု အဖြစ် မည်သူမဆို ၀င်ရောက် ချိတ်ဆက် အသုံးပြုနိုင်သော၊ သတင်းစာ၊ ရုပ်မြင်သံကြားနှင့် ရေဒီယိုတို့ ပြီးနောက် စတုတ္ထမြောက် သတင်းနှင့် ပြန်ကြားရေး နည်းပညာ ရပ်ဝန်း တစ်ခုအဖြစ် ထွက်ပေါ်လာခဲ့ပြီး ယနေ့ခေတ် အခါမှာတော့ အလွန်အမင်း လျင်မြန်စွာ ပေါက်ကွဲ ကြီးထွား လျက်ရှိသော ကွန်ယက်ကြီး တစ်ခု အဖြစ် သာမကပဲ ကွန်ပြူတာများ၊ Mobile Devices များမှာပါ ၀င်ရောက် ချိတ်ဆက် အသုံးပြု နိုင်သော မရှိမဖြစ် ဆက်သွယ်ရေး ကြားခံနယ် တစ်ခု ဖြစ်လာပါတယ်။

World Internet Users Latest Graphic

Internet World Stats ရဲ့ ၂၀၀၈ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မှာ ကောက်ယူ ခဲ့တဲ့ စစ်တမ်း တစ်ရပ်အရ ယနေ့ အင်တာနက် ကမ္ဘာမှာ အသုံးပြုသူ ဦးရေ ၁.၄၀၇ ဘီလီယံ ရှိသွားပြီ လို့ဆိုပါတယ်။

အင်တာနက် ခေတ်ဦးကာလက အဓိက အားဖြင့် Research Center ကြီးများနှင့် အစိုးရ အဖွဲ့အစည်း တွေမှာ ဒေတာတွေ၊ သတင်းအချက် အလက်တွေကို တစ်နေရာမှ တစ်နေရာကို လွယ်ကူစွာ လွဲပြောင်း ပေးနိုင်သော ကြားခံ ဆက်သွယ်ရေး ပစ္စည်းတစ်ခု အဖြစ် အသုံးချ ရန်သာ ရည်ရွယ်ခဲ့ကြတာ ဖြစ်ပါတယ်။ World Wide Web ပေါ်လာပြီးတဲ့ နောက် အင်တာနက် ဟာ ဒေတာတွေကို လွဲပြောင်းရေး အတွက်သာ မကတော့ ပဲ သတင်းနှင့် ပြန်ကြားရေး ပစ္စည်းတစ်ခု အဖြစ်ပါ စတင် အသုံးချလာခဲ့ကြပါတယ်။ ကွန်ယက် စာမျက်နှာ တွေ (Web Sites) ကို အစဦးကလက အစိုးရတွေ၊ အဖွဲ့အစည်းတွေ၊ သုတေသန ဌာနတွေရဲ့ ထုတ်ပြန်ချက်၊ သတင်းနှင့် လုပ်ဆောင်မှု စတာတွေကို ဖြန့်ချီဖို့ စတင် အသုံးပြု ခဲ့ကြပြီး နောက်ပိုင်းမှာ ကော်ပိုရေးရှင်း ကြီးတွေ၊ စီးပွားရေး ကုမ္ပဏီကြီးတွေ ကပါ သူတို့ရဲ့ ထုတ်ကုန် ပစ္စည်းတွေကို အရောင်းမြှင့်တင်ဖို့၊ ကုမ္ပဏီရဲ့ မူဝါဒတွေ၊ စည်းမျဉ်း စည်းကမ်း တွေကို သတင်းပြန်ကြားဖို့ စတာတွေ အတွက် အသုံးပြုလာ ကြပါတယ်။

နောက်တစ်ဆင့် အနေနဲ့ ကွန်ယက် စာမျက်နှာတွေကို ကိုယ်ရေးကိုယ်တာ ဆိုင်ရာအတွက် သီးသန့် အသုံးပြု လာကြသူ တွေကတော့ နယ်ပယ် အသီးသီးက နာမည်ကြီး ကျော်ကြားသူ များ ဖြစ်ကြပါတယ်။ သူတို့ရဲ့ ပရိတ်သတ်တွေ၊ အားပေးသူ တွေကို သူတို့ လက်ရှိမှာ ဘာတွေ လုပ်နေတယ် ဆိုတာတွေ ကို သတင်းပေးဖို့၊ ပရိတ်သတ်တွေရဲ့ ရင်းနှီးမှုအားပေးမှု စတာတွေကို ပိုမိုဆွဲဆောင်နိုင် ဖို့အတွက် Personal ဆိုင်ရာ စာမျက်နှာများ အဖြစ် စတင် အသုံးချလာ ကြတာ ဖြစ်ပါတယ်။ ယနေ့ခေတ် အခါမှာတော့ Social Networking ဆိုင်ရာ စာမျက်နှာ တွေမှာ လူတိုင်း မိမိ ဘယ်သူဆိုတာ၊ ဘာလုပ်တယ် ဆိုတာ စတဲ့ ကိုယ်ရေးကိုယ်တာ ဆိုင်ရာ ဒေတာတွေ ကို အခမဲ့ ဖော်ပြနိုင်ရုံမျှမက အဲဒီ ကွန်ယက် စာမျက်နှာ တွေက တစ်ဆင့် မိမိနှင့် စိတ်တူ၊ ၀ါသနာ တူသူတွေ အချင်းချင်း ပညာရပ်ဆိုင်ရာ၊ စိတ်ကူး စိတ်သန်း တွေကို လွတ်လပ်စွာ ဆွေးနွေး ဖလှယ်ပြီး မိတ်ဆွေဖွဲ့နိုင်ကြပါပြီ။

Logos of Blogging Softwares

ဘလော့ဂ် (Blog -အရှည်အားဖြင့် Web Log) ၊ တြိယာ ပုဒ်အားဖြင့် ပြုပြင်ထိန်းသိမ်းသည် (သို့) အကြောင်း အရာများကို ထပ်ပေါင်းသည် လို့ အမည်ရတဲ့ ကွန်ယက် စာမျက်နှာ အမျိုးအစား တစ်မျိုးကို အင်တာနက် တစ်ခွင်လုံးဆိုင်ရာ လွတ်လပ်သော အဘိဓာန် မှာအောက်ပါအတိုင်း အဓိပ္ပါယ် ဖွင့်ထားပါတယ်။

A blog (an abridgment of the term web log) is a website, usually maintained by an individual, with regular entries of commentary, descriptions of events, or other material such as graphics or video. Entries are commonly displayed in reverse chronological order.

ဘလော့ဂ်တစ်ခု ( Web Log ၏ အတိုကောက် အသုံးအနှုန်း) ဆိုသည်မှာ ကွန်ယက် စာမျက်နှာတစ်ခု ပင်ဖြစ်ပြီး အဖြစ်အပျက် များ၏ ရှင်းလင်းချက်များ သို့မဟုတ် ရုပ်ပုံ ဖော်ပြချက်များ နှင့် ရုပ်သံဆိုင်ရာ ပစ္စည်းများပါဝင်ကာ တစ်ဦးချင်းသော် လည်းကောင်း၊ တစ်ဦးထက်ပိုသော ပုံမှန် အဖွဲ့ဝင်များပါဝင်သည့် အဖွဲ့ တစ်ခုခု မှ သော်လည်းကောင်း ပြုပြင် ထိန်းမှုပုံမှန် ပြုလုပ်သည်။ ၎င်းတွင် ဖော်ပြ ထားသမျှသော အရာအားလုံးတို့အား များသောအားဖြင့် နှစ်ကာလ အစီအစဉ်လိုက် ပြောင်းပြန် အားဖြင့် ဖော်ပြထားလေ့ရှိသည်။

အပေါ်က စကားစုတွေ ကတော့ ယခင့်ယခင် ဘလော်ဂါ အစဉ်အဆက်ရော၊ ဒီနေ့ ခေတ် တော်တော် များများ သော ဘလော်ဂါတွေ ပါ သိကြတဲ့ ဘလော့ဂ် ဆိုင်ရာ အဓိပ္ပါယ် သတ်မှတ်ချက် တစ်ခုဖြစ်ပါတယ်။ ယနေ့ နောက်ဆုံးပေါ် ဘလော့ဂ် အတွက် အဓိပ္ပါယ် သတ်မှတ်ချက် အသစ်ကတော့ Better Listing On Google ပါတဲ့။ Digital Inspiration ရဲ့ အလိုအရဖြစ်ပါတယ်။

New Defination of Blog

ဒီနေရာမှာ မှတ်သားဖွယ် တစ်ခုကတော့ “weblog” ဆိုတဲ့ စကားလုံးကို Jorn Barger ဆိုတဲ့ ပုဂ္ဂိုလ်က ဒီဇင်ဘာ ၁၇ ရက်နေ့၊ ၁၉၉၇ ခုနှစ်မှာ စတင်တီထွင် သုံးစွဲခဲ့ပြီး “blog” ဆိုတဲ့ အသုံးအနှုံးကိုတော့ Peter Merholz ဆိုသူက သူ့ ဘလော့ဂ် ရဲ့ ဆိုဒ်ဘားမှာ “we blog” ဆိုတဲ့ အသုံးအနှုန်း တစ်ခုကို ၁၉၉၉ ခုနှစ်ရဲ့ မေ လ နှင့် ဧပြီလ တစ်ခုခုမှာ စတင် ဖော်ပြခြင်း ကနေ အစပြုခဲ့တယ် လို့ဆိုပါတယ်။

Blog တွေရဲ့ မူလ အစမှာတုန်းက ဒီဂျစ်တယ် အဖွဲ့အစည်း တွေ အနေနဲ့ လူတစ်ဦးနှင့်တစ်ဦး မိမိကိုယ်ကို လျင်လျင်မြန်မြန် ဖော်ပြဖို့ အတွက်ရော၊ ဆက်ဆံဆွေးနွေးခြင်း လျင်မြန်လွယ်ကူ ဖို့အတွက်ပါ Bulletin Board Systems တွေ၊ e-mail lists တွေနှင့် Internet forum ကဲ့သို့သော ပုံသဏ္ဍာန် အမျိုးမျိုးကို စမ်းသပ် သုံးစွဲခဲ့ကြပါတယ်။

တစ်ကယ်တန်း မော်ဒန် ဘလော့ဂ်တွေရဲ့ စတင် မွေးဖွားရာ ကတော့ online diary တွေက စတယ် လို့ပြောရမှာပါပဲ။ ဒီ အွန်လိုင်း နေ့စဉ်မှတ်တမ်း ကို အဲဒီခေတ်ကာလ (၁၉၉၄ ၀န်းကျင်) က များသောအားဖြင့် ဂျာနယ်လဇ် တွေ၊ သတင်းထောက်တွေ စသူတို့ ပဲရေးကြတာပါ။ Justin Hall တို့ကဲ့သို့သော ပုဂ္ဂိုလ် မျိုးတွေပါ။ ကျောင်းသား ဘ၀ ၁၉၉၄ ခုနှစ်မှ စတင်ကာ Blog စရေးခဲ့သူ ဖြစ်တဲ့ အတွက် ဘလော့ဂ် လောကရဲ့ ကနဦး ဘလော်ဂါများ စာရင်းမှာ လည်းပါဝင် သူတစ်ဦး ဖြစ်ပါတယ်။

အဲဒီကနေစလို့ နောက်ပိုင်း ကာလများမှာတော့ WordPress, Movable Type, Blogger နှင့် LiveJournal တို့ကဲ့သို့သော Blogging Software တွေကို လူအများ လွတ်လပ်လွယ်ကူ စွာ သုံးစွဲနိုင်လာကြပြီး သကာလမှာ အင်တာနက် လောကထဲ Blog ဆိုသော စကားလုံးက ရေပန်း အစားဆုံး စကားလုံး စာရင်းဝင်လာပါတော့တယ်။

Blog လောကကြီး ပိုမို ကြီးထွား လာစေဖို့ Blogging Community ကြီးတွေရဲ့ အသီးသီး မွေးဖွားမှု မှတ်တမ်း သမိုင်းကို ကြည့်မယ် ဆိုရင် ဒီလိုတွေ့ရမှာပါ။

  • Open Diary - ၁၉၉၈ ခုနှစ်၊ အောက်တိုဘာ လမှာ စတင် ဖွင့်လှစ်ခဲ့ပြီး မကြာခင် ကာလအတွင်း မှာပဲ အွန်လိုင်း ဒိုင်ယာရီ ရေးသားသူ အရေအတွက် ထောင်ပေါင်း များစွာ အထိရောက်ရှိခဲ့ပါတယ်။
  • Brad Fitzpatrick - ဘလော်ဂါ တွေရဲ့ အစလို့ လူသိများတဲ့ LiveJournal က ၁၉၉၉ ခုနှစ်၊ မတ်လမှာ စတင်ခဲ့တာပါ။
  • Blogger.com - Evan Williams နှင့် Meg Hourihan တို့ နှစ်ဦး ၁၉၉၉ ခုနှစ်၊ သြဂုတ်လ မှာ စတင် တည်ထောင်ခဲ့ပြီး Google က ဖေဖော်ဝါရီ ၂၀၀၃ မှာ ကုမ္ပဏီ တစ်ခုလုံး ကို ပြန်လည် ၀ယ်ယူ ခဲ့ပါတယ်။

ဆက်ပါဦးမည်.

ရည်ညွှန်းကိုးကား

၁။ Wikipedia ( Internet, Website, Blog )

၂။ World Wide Web Consortium

၃။ Digital Inspiration

Read More...
AddThis Social Bookmark Button