Myanmar Blogger Helpdesk

Learning, Sharing and Growing Together at Blogging Community!
Showing posts with label Zawgyi Fonts. Show all posts
Showing posts with label Zawgyi Fonts. Show all posts

Pagemaker, InDesign နှင့် ဇော်ဂျီ...  

Contributor: ရန်အောင်

Pagemaker မှာ ဇော်ဂျီဖောင့် သုံးလို့ ရမရ တစ်ယောက်ကမေးလာတာကြောင့် ကျွန်တော် pagemaker ကို ဒေါင်းလုပ်ချပြီး စမ်းကြည့်ပါတယ်. အဆင်မပြေပါဘူး. နောက်ဆုံး အကြံကုန်လာတာနဲ့ Alpha Mandalay က ဦးရဲမြတ်သူဆီကို အီးမေးလ်ပို့ပြီး မေးမြန်း အကူအညီတောင်းကြည့်ပါတယ်. ကျွန်တော့်အထင် ၁၅ မိနစ်လောက် အတွင်းမှာပဲ ဦးရဲမြတ်သူဆီက စာပြန်လာပါတယ်.

ကျွန်တော်တစ်ယောက်တည်းအတွက်သာမက အများအတွက်ပါ အကျိုးများစေနိုင်မယ့် သိမှတ်ဖွယ်ရာ ဗဟုသုတလေးတွေ ပါနေတာကြောင့် ဦးရဲမြတ်သူဆီက ခွင့်တောင်းပြီး အားလုံးအတွက် ပြန်လည်ဝေမျှလိုက်ပါတယ်ခင်ဗျာ.

တတ်သိနားလည်သူများအနေနဲ့ ကော်မန့်မှာ ပါဝင်အကြံပြုဆွေးနွေးပေးဖို့လည်း နွေးထွေးစွာ ဖိတ်ခေါ်ပါတယ်.

မင်္ဂလာပါ ကိုရန်အောင်


Pagemaker ဟာ ကျွန်တော်တို့မှီသမျှပြောရရင် windows 3.1 တုန်းက ပိုင်ရှင်တစ်ဦးပါ။ ဒီအရင်ကတော့ apple မှာပဲ ရှိပါတယ်။aduld လားမသိပါ။ နောက် adobe ကနေဝယ်လိုက်ပါတယ်။ adobe ဟာ pdf တွေ photoshop တွေ ထုတ်တဲ့ software ဆရာကြီးပါ။ နောက်ပြီးသူ့လက်ထဲမှာ Pagemaker ဆိုတဲ့နာမည်နဲ့ version အသစ်မထုတ်ဘဲ InDesign ဆိုပြီးထုတ်ပါတယ်။ InDesign ဟာ Pagemaker file ကို ဖတ်ပါတယ်။ unicode လဲ support လုပ်ပါတယ်။

ခင်ဗျားမှတ်မိသေးလားတော့မသိဘူး အရင်က foxpro ကို တော်တော်သုံးခဲ့ကြရာက Microsoft က ဝယ်တယ် ပြီးတော့ access ကို ဆွဲတင်ပြီး fox ကိုထားခဲ့ပါတယ်။ ဒီလိုဘဲ wordperfect ကို corel draw ကဝယ်တယ် xera ကို ဝယ်တယ်။ market ဝေစုပြိုင်ကြပေါင်းကြ လုကြတာပါ။

ဆိုလိုချင်တာက VB6 မှာတုန်းက MS လည်း unicode support မလုပ်ပါဘူး dotnet ခေတ်ကျမှလုပ်ပါတယ်။ Pagemaker လည်း သူ့ခေတ်မှာ unicode မရှိပါဘူး unicode ခေတ်ကောင်းလာတာ မကြာသေးဘူးလို့ပြောလို့ ရပါတယ်။ Microsoft တောင် အရင် office တွေ မှာ windows မှာ multilanguage အတွက် unicode မသုံးပါဘူး၊ အခြား encode standard တွေရှိပါတယ်။ ဒီတော့ Pagemaker ဟာ unicode ကို အဲဒီနာမည်သုံးစဉ် support မလုပ်ဘူးဆိုနိုင်ပါတယ် adobe လက်ထဲရောက်တော့ Pagemaker အမည်ကနေ InDesign လို့လဲပြောင်းရော မြန်မာတွေက လိုက်မသုံးကြတော့ပါဘူး အစွဲအလန်းကြီးတယ်လေ။

တကယ်လို့သာ Pagemaker 10 တို့ ဘာတို့ဆိုပြီးထုတ်ရင်တော့ သုံးကြမယ်လို့ထင်ပါတယ်။ InDesign ဟာ world Publishing လောကရဲ့ပြောင်းလဲလာတဲ့ trend အတွက်ထုတ်တာဖြစ်လို့ မြန်မာနဲ့ ကိုက်ချင်မှကိုက်ပါမယ်။ သူ့မှာ font converter ကအစ script management တွေအဆုံး အရမ်းကောင်းတာတွေပါပေမဲ့ software အလကားရနေတာတောင် စမ်းသုံးခံရတာ နည်းနေပါသေးတယ်။

ဇော်ဂျီနဲ့ပတ်သက်လို့ကတော့ ဇော်ဂျီဟာ ကျွန်တော်ပိုင်မဟုတ်ဘဲ သုံးစွဲသူများအားလုံးပိုင်တဲ့ web 2.0 ပစ္စည်းတခုပါ။ အားလုံးကောင်းဖို့ ဝိုင်းလုပ်ကြတာကို ချီးကျူးပါတယ်။
ကျွန်တော်အာမခံနိုင်တာတစ်ခုက 5.1 ပေါ်လာတာ လမ်းအသစ်တခုပါ။ ဇော်ဂျီမပျောက်နိုင်ပါဘူးဆိုတာပါပဲ။

ဇော်ဂျီမပေါ်ခင်ကတည်းက myanmar font storage standard ဆိုတာရှိပါတယ် 4.1 ပါ 3 years ကြာခံပါတယ်။ သုံးတဲ့သူသာသိပ်မတွေ့ရတာပါ။ သူလည်း ရရစ် တစ်ခုတည်းသိမ်းပြီးပြောင်းပေးပါတယ်။

အခု 5.1 ပေါ်လာတာလည်းကောင်းပါတယ်။ MS office 2007 မှာ 5.1 fully support လုပ်ပါတယ်။ သိုသော် zawgyi ကို လက်ခံပါတယ်။ ဇော်ဂျီရိုက်မရအောင် MS google စတာတွေက မလုပ်ဘူးလို့ ကျွန်တော်ယုံတယ်။ မြန်မာ အချို့ကတော့ ဒီလိုဖြစ်အောင် လုပ်ကောင်းလုပ်နိုင်ပါတယ်။

ဇော်ဂျီကို အာမခံတာဟာ 5000-10000 ကြားမှာရှိတဲ့ web content တွေကြောင့်ပါဘဲ။ လက်ရှိအချိန်မှာ migration stage ကိုမကျော်ဘဲ encode စနစ်အသစ် မဖြစ်နိုင်လို့ပါ။ ဇော်ဂျီနဲ့ပတ်သက်လို့ နည်းနည်းပါးပါးပြောင်းချင်တာတောင် user group ကြီးကြောင့် keyboard input မှာဘဲ လွတ်လွတ်လပ်လပ်ပြောင်းရပါတယ်။

ရေးချင်တာက DTP မှာ Ascii ကို zawgyi ရော unicode ကရော နေရာဝင်မယူနိုင်သေးဘူး၊ ဇော်ဂျီယူတာနေရာအသစ်။ ဒီလိုပဲ 5.1 ပေါ်လာရင် သူနေရာရမရတော့ မသေချာသေးဘူးရခဲ့ရင်လဲ အသစ်ဖြစ်ပါလိမ့်မယ်။ တစ်ခုတော့ရှိတယ် ကျွန်တော်တို့ဆီမှာ standard လုပ်သူမရှိတော့ Ascii က စံမဟုတ်တဲ့ မြန်မာစာ ဖြစ်နေတယ်။

တကယ်တော့ နိုင်ငံတကာမှာ Ascii standard ရှိ တယ်။ zawgyi လဲ nonrendering unicode ဒီဖက်တိုစတန်းဒတ်ဘဲ၊ render မရှိလို့ standard မဖြစ်ရဘူးဆိုရင် ၊ mobile phone, MP3, mp4 player, DVD , sattlite resiver, poctet PC,.....industial using myanmar font,....စတာတွေလည်း ဘယ်တော့မှ စတန်းဒတ်နဲ့မဖြစ်လာနိုင်ဘူး။
ပြောရင်းရှည်သွားပြီ။ ဆိုလိုချင်တာ က solution ကို ရောင်းကြတဲ့ ခေတ်မှာ အစွဲကင်းသင့်တယ်။

Pagemaker ကအဆင်ပြေရင် Ascii OK ရင် မပြောင်းစေချင်ဘူး DTP မှာ ပြောင်းဖို့ လိုရင် word သို့မဟုတ် InDesign လို ဘက်ကိုလေ့လာစေလိုတယ်။ searchable ဖြစ်မယ် unicode အစွမ်းနဲ့။ zawgyi လဲ type phase design 4 ခုထပ်ထွက်ဖို့ ရှိတယ် dtp မှာ OK သို့ သော် web မှာ ဖောင့်မရှိရင် လေးထောင့်အတုံးလေးတွေ မပေါ်အောင် family font ကိစ္စစမ်းနေကြတယ်။

စာရှည်သွားပြီ

ရဲမြတ်သူ

Read More...
AddThis Social Bookmark Button

ဇော်ဂျီ-ယူနီကုဒ် 5.1 ပြောင်း Box ထည့်ခြင်း  

Contributor: သင်ကာ
Blogspot သုံးသူတွေ အတွက်ကတော့ Head နဲ့ Body ကြားမှာ ဒီကုဒ်လေး ထည့်ပေးရပါမယ်။
<script src=’http://ngwestar.googlepages.com/z-51.js’ type=’text/javascript’/>

ကျနော့်ရဲ့ Blogspot မှာ အစမ်းလုပ်ထားတာကို ဒီမှာ (Click Here) ကြည့်ပါ။
Wordpress ကို Run ပြီး သုံးသူတွေကတော Page Template, Main Index Template ထဲမှာ ထည့်ရပါမယ်။ ပုံမှာ ပြထားပါတယ်။
အခုစမ်းတဲ့ဟာက mmthinker.net မှာ မြင်နေရတဲ့ ဘောက်စ်ကလေးပဲ ဖြစ်ပါတယ်။
အဲဒီဘောက်စ်ကလေး ပျောက်နေစေချင်ရင် ဘောက်စ်မှာပါတဲ့ Cross လေးကို Click ပါ။ ပြန်ပေါ်စေချင်ရင် Refresh ဖြစ်စေ၊ F5 ဖြစ်စေ လုပ်လိုက်ပါ။
ဘောက်စ်တပ်ပြီးတဲ့နောက် စမ်းကြည့်တဲ့ အခါ စာလုံးတွေဟာ ဖွာတာတာဖြစ်နေတယ်၊ ဟထိုး၊ အသတ်တွေ ရွေ့နေတယ်ဆိုရင် အောက်မှာ ပေးထားတဲ့ Myanmar3 ကို Install လုပ်လိုက်ပါ။ ပြီးရင် HTML ထဲက Font Family မှာ ရှိပြီးသား Zawgyi အပြင်၊ ဘေးမှာ Myanmar3 လို့ ထည့်လိုက်ပါ။ ရှင်းလင်းစွာ ပေါ်လာပါလိမ့်မယ်။ ဒါဆိုရင် စတန်းဒတ်ဖောင့်အတွက် သင့်ရဲ့စာတွေ အသင့်ဖြစ်ပါပြီ။
စမ်းသပ်သုံးစွဲပြီး အကြံဥာဏ်များကို Myanmar Font Converter မှာ ဖြစ်စေ၊ ဒီဘလော့ဂ်မှာဖြစ်စေ ပေးကြပါလို့ မေတ္တာရပ်ခံပါတယ်။ လိုအပ်တာတွေ ထပ်မံဖြည့်သွင်းနိုင်ဖို့ ဖြစ်ပါတယ်။
မှတ်ချက်
- How to put Convertor Combo Box နဲ့ How to put Converter box in Wordpress ကို ပြန်ရေးထားတာ ဖြစ်ပါတယ်။
- ဒီ Box ပြုလုပ်ခြင်းနဲ့ ပတ်သက်ပြီး It’s first Off-Line On-the-Fly Myanmar Fonts Converter by The The Aye (Solveware) and Soe Min @ Mark လို့ ရေးထားတာလည်း တွေ့ရပါတယ်။
- Myanmar 3 ဒေါင်းလုဒ် လုပ်ရန် Click Here or Click Here

Read More...
AddThis Social Bookmark Button

ဇော်ဂျီ၊ ယူနီကုဒ် 5.1 နှင့် နောက်ကွယ် ပြဿနာများ  

Contributor: သင်ကာ

တင်ကြို စကားခံရလျှင် မြန်မာဖောင့်နှင့် ပတ်သက်သည့် ပြဿနာအရပ်ရပ်ကို နားလည်ရန် ကျနော် အလှမ်းဝေးပါသည်။ ဝီကီမြန်မာ (MOE) အကောင်အထည်ပေါ်ရေးတွင် ကျနော် ပါဝင်မိပြီးနောက် စတန်းဒတ်မြန်မာဖောင့်ကိစ္စကို ကျနော် အာရုံကျမိပါသည်။ ဒိုင်ခံရှင်းပြပေးသူမှာ ကိုငွေထွန်းဖြစ်ပါသည်။ ကိုငွေထွန်းသည် သူ့အလုပ် သူ့ပညာရပ်တွင် နှံ့စပ်သူ၊ အမြဲတမ်း သင်ယူနေသူ တစ်ယောက်အဖြစ်တွေ့ရပါသည်။
သူနှင့် ကျနော် စကားစပ်မိသမျှပြန်ပြောရလျှင် သူသည် မြန်မာယူနီကုဒ်ကို တွင်ကျယ်စေလိုသူ ဖြစ်ပါသည်။ ဒီထက်ပိုပြောရလျှင် IT ဘာသာစကားသုံးစွဲရေး၌ ကမ္ဘာသုံးအဖြစ် အသိအမှတ်ပြုဖောင့်ဖြင့် အနာဂတ်ကို ကောင်းစေလိုသူဖြစ်ပါသည်။ အားလုံးကို တစ်က ပြန်စရန်မဟုတ်ဘဲ သူက ဇော်ဂျီသာ သုံးစွဲနေသူလည်းအဆင်ပြေနိုင်အောင် Convert လုပ်ရေးဖြစ်ပါသည်။
ယခု ကျနော့်ဘလော့ဂ်၏ ညာစွန်အပေါ်တွင် Choose Font Here ဆိုသည့် ဘောက်စ်ကလေးကို တွေ့ပါမည်။ ဇော်ဂျီနှင့် ယူနီကုဒ် 5.1 အပြောင်းအလဲသုံးနိုင်စေရန်ဖြစ်သည်။
ယူနီကုဒ်ကြောင့်ရနိုင်မယ့် အကျိုးကို Myanmar Font Converter ဘလော့ဂ်မှာ ဒီလိုရေးထားပါတယ်။
Unicode စစ်စစ်ကို သုံးလိုက်ရင် ရလာမယ့် အကျိုးကျေးဇူးတွေက အလွန်ပဲများပြားပါတယ်… အများသိထားတဲ့အတိုင်း Unicode စစ်စစ်က Searchable, Sortable ဖြစ်ပါတယ်… စံတစ်ခုကိုသာ အားလုံးလိုက်နာကြရင် အထက်မှာပြောခဲ့သလို မြန်မာ Font တစ်ခု ရှိနေယုံနဲ့ မြန်မာစာ အားလုံးကို ဖတ်လို့ရနိုင်ပါလိမ့်မယ်… တစ်ခြား အကျိုးကျေးဇူးတွေ အများကြီးရှိပါသေးတယ်…

(နောက်ပြီတော့ မြန်မာဆိုတာ ဗမာတစ်ခုတည်းကိုပြောတာမဟုတ်ပါဘူး…ရှမ်း၊ မွန် စတဲ့ တိုင်းရင်းသားတွေလည်း မြန်မာတွေပါပဲ… မြန်မာစာဆိုတဲ့ နေရာမှာ တိုင်းရင်သားတွေကို ထည့်စဉ်းစားရပါမယ်… မသိချင်ယောင်ဆောင်နေလို့မရပါဘူး… Zawgyi ဆရာသမားတွေ ကောင်းကောင်းသိပါတယ်… သူတို့က တိုင်းရင်းသားတွေအတွက် သတ်မှတ်ထားတဲ့ code point တွေကို အပိုင်စီးထားပါတယ်… အဲ့ဒါကြောင့် Zawgyi နဲ့ ဘယ်တော့မှ တိုင်းရင်းသား စာတွေ ရိုက်လို့ရမှာ မဟုတ်ပါဘူး… Unicode စစ်ရင် ရပါတယ်… တိုင်းရင်းသားတွေအတွက်ပါ ထည့်စဉ်းစားပြီးသားပါ…)
ကူနီကုဒ်စနစ်ကို မလိုက်နာသော ဇော်ဂျီဖောင့်၏ ကံကောင်းအကြောင်းလှစွာ တွင်ကျယ်သွားပုံကိုလည်း အဲဒီမှာ (Click Here) ရေးထားပါတယ်။ ကျနော် လေ့လာတီးခေါက်မိသလောက် ဖောင့်အတည်ဖြစ်ရေးမှာ ကိုယ်ကျိုးစီးပွားတွေ ပါနေတာ စိတ်မကောင်းစွာ တွေ့ရပါတယ်။ ဘလော်ဂါတချို့သည်လည်း အသုံးချခံများ ဖြစ်နေသလား တွေးမိပါတယ်။
နောက်ပို့စ်မှာ ဘလော့ဂ်ထဲ ဇော်ဂျီ-ယူနီကုဒ် 5.1 Convert ထည့်ပုံကို ထပ်ညွှန်းပါ့မယ်။

မြန်မာစာပေ တိုးတက်စေလိုသော စေတနာဖြင့်

သင်ကာ

Read More...
AddThis Social Bookmark Button

ဇော်ဂျီလက်ကွက်ဖြင့် စာရိုက်နည်းများ....  

Contributor: ရန်အောင်



မင်္ဂလာပါခင်ဗျာ.

ဒီတစ်ခါတော့ ဇော်ဂျီလက်ကွက်အကြောင်း နည်းနည်းပြောပြချင်ပါတယ်. လက်ရှိရေးနေတဲ့ ဘလော့ဂါတွေအတွက်တော့ ဒီပို့စ်လေးက နှမ်းဖြူးသလို ဘာမှမပြောပလောက်ပေမယ့် အခုမှ စရေးမယ့် ဘလော့ဂါအသစ်လေးတွေ၊ လူကြီးတွေအတွက်တော့ အသုံးဝင်မယ်လို့ ယူဆပါတယ်. ဘာကြောင့်လဲဆိုတော့ ကျွန်တော့်ဆီကို တစ်ချို့ အီးမေးလ်ပို့ပါတယ်. ဇော်ဂျီမှာ ပါဠိပါဋ္ဌ်ဆင့်တွေ ဘယ်လိုရိုက်ရလဲ မသိလို့ ရှင်းပြပေးစေလိုပါတယ်တဲ့.

ဒါတင်မကသေးပါဘူး. တစ်ချို့သော ဘလော့ဂ်တွေကို လိုက်ကြည့်မိတော့ သူတို့တွေ ပါဠိပါဋ္ဌ်ဆင့်တွေကို မှန်ကန်အောင် မရိုက်ယူနိုင်တာတွေ တွေ့နေရပါတယ်. ဒါကြောင့် ကျွန်တော်ဒီပို့စ်ကို ရေးဖြစ်သွားခဲ့ပါတယ်လို့ စကားပလ္လင်ခံလိုပါတယ် ခင်ဗျာ.

ကဲ. စလိုက်ကြရအောင်နော်.

ဒါက ဇော်ဂျီလက်ကွက်ပါ. ဒေါင်းလုပ် ရယူနိုင်ပါတယ်.

ဇော်ဂျီလက်ကွက်မှာ အင်္ဂလိပ်နဲ့ မြန်မာကို တွဲရိုက်လို့သိပ်လွယ်ကူပါတယ်. Ctrl+Shift နှိပ်လိုက်တာနဲ့ အင်္ဂလိပ်စာနဲ့ မြန်မာစာကို အလွယ်တကူ Switch လုပ်ယူလို့ ရပါတယ်.

“~” ဆိုတဲ့ လက်ဝဲဖက်အပေါ်ဆုံးက Key လေးကို ဇော်ဂျီမှာ Tide Key လို့ခေါ်ပါတယ်. အရမ်းအသုံးဝင်တဲ့ Key လေးတစ်ခုပဲ ဖြစ်ပါတယ်. ဘယ်လိုအသုံးဝင်လဲဆိုတာ နောက်ဆက်ဖတ်ရင် သိလာပါလိမ့်မယ်ခင်ဗျာ.

ဇော်ဂျီကီးဘုတ်ရဲ့ ထူးခြားချက်ကတော့ Key တစ်ခုတည်းမှာ စာလုံး လေးလုံးမြှုပ်နှံထားတာပဲ ဖြစ်ပါတယ်. တစ်ခြားသော Unicode System တွေမှာဆိုရင်တော့ ပါဋ္ဌ်ဆင့်တွေ ရိုက်ယူဖို့ Alt+1234 စတဲ့ နံပါတ်တွေ ရိုက်ယူရတာမျိုး ရှိတတ်ပါတယ်. အဲဒါတွေကို အလွတ်သိအောင် မှတ်ယူရတာ (သို့) ကီးဘုတ် Layout ကို တစ်ချိန်လုံး ဆောင်ထားရတာမျိုးတွေကို ဇော်ဂျီ ယူနီကုဒ်စနစ်က ဖြေရှင်းပေးလိုက်ပါတယ်. Compact ဖြစ်တဲ့ Unicode System တစ်ခု ပဲ ဖြစ်ပါတယ်.

ဥပမာလေးတွေနဲ့ စပြီး စမ်းရိုက်ကြည့်လိုက်ကြရအောင်လား…

ရှင်မဟာ ရဋ္ဌသာရ ရေးသားတော်မူတဲ့ စတုဓမ္မသာရ ကိုးခန်းပျို့ထဲက ကောက်နုတ်ချက်လေးတွေနဲ့ ဆွေးနွေးပေးသွားပါမယ်.

“ဧသုကာရီ၊ ကျော်ညီသတင်း၊ ထိုသည်မင်းနှင့်၊ ရောင်းရင်းတူကွ၊ ငယ်သော်ကလျှင်၊ ပိယသဟာ၊ မေတ္တာကျွန်းမ၀င်၊ တိုင်ပင်ကြသော်၊ ချစ်မွေ့လျော်သား…”

Shift ခံ၍ရိုက်နည်း.

အဲဒီ့စာပိုဒ်လေးကို ရိုက်မယ်ဆိုရင် ပထမဦးဆုံး “ဧ” ဆိုတာကို ရိုက်ဖို့အတွက် လိုက်ကြည့်တော့ [ ဆိုတဲ့ Key လေးရဲ့ အပေါ်မှာ တွေ့ရပါတယ်. ဒါကြောင့် shift+[ ကိုရိုက်ပါတယ်.

ကျန်တဲ့စာလုံးလေးတွေကို ဆက်တိုက်ကြိုးစားရိုက်ကြည့်ပါ. အခက်အခဲမရှိနိုင်ပါဘူး. ပုံမှန်အတိုင်းပဲ ရိုက်ယူသွားမှာ ဖြစ်ပါတယ်.

ပါဋ္ဌ်ဆင့် ရိုက်နည်း

ကဲ. မေတ္တာဆိုတဲ့ စကားလုံးလေးနားကို ရောက်လာပါပြီနော်. ပါဋ္ဌ်ဆင့်ကို စရိုက်ပါတော့မယ်.

A = ေ
R = မ
W = တ

“မေတ” ဆိုတာထိ ရပြီနော်.

တ၀မ်းပူ နောက်တစ်လုံးရိုက်ဖို့အတွက် ကီးဘုတ်ကို ကြည့်လိုက်တော့ “w” ဆိုတဲ့ ကီးလေးရဲ့ ညာဖက်အောက်နားမှာ တ၀မ်းပူ နောက်တစ်လုံးတွေ့ရပါတယ်.

ဇော်ဂျီကီးဘုတ်မှာ ရှင်းပြထားတာက လက်ယာဘက်အောက်က စကားလုံးကို ရိုက်မယ်ဆိုရင် Tide+Key (သို့) Ctrl+Alt+Key လို့ ပြောထားပါတယ်.

ကဲ. ဆက်ရိုက်မယ်နော်.

မေတ ဆိုတာပြီးသွားရင် နောက်ထပ် တ၀မ်းပူကို ဒီလိုရိုက်မယ်.

~ + w = တ္တ
M =ာ

မေတ္တာ ဆိုတဲ့ စကားလုံးလေး ပေါ်လာပါပြီ ခင်ဗျား

ဒါဆိုရင် ကျန်တဲ့ ပါဋ္ဌ်ဆင့်စကားလုံးလေးတွေကို စမ်းရိုက်လို့ရနိုင်ပါပြီ.

ခု ကျွန်တော်ရှင်းပြခဲ့တာတွေက key တစ်ခုစီမှာ ရှိတဲ့ ပုံမှန် အက္ခရာကို ရိုက်နည်း၊ Shift ခံပြီး အပေါ်က အက္ခရာကိုရိုက်နည်း၊ ညာဖက်အောက်နားမှာ ရှိတဲ့ အက္ခရာကို ~ key ခံပြီး ရိုက်ယူနည်းတို့ပဲ ဖြစ်ပါတယ်.

ညာဖက်အပေါ်က အက္ခရာကို ဘယ်လိုရိုက်မလဲ ဆိုတာကို ဆက်လက်ဆွေးနွေးပေးပါမယ်.

“ဃရာဝါသ၊ သမ္ဗာဓဖြင့်၊ ဒုက္ခဖွဲ့နှောင်၊ လူတို့ဘောင်ဝယ်၊ အိမ်ထောင်ညွှတ်ကွင်း၊ သံချိုင့်တွင်းမှ၊ ရှင်းရှင်းလွတ်စင်၊ တောချောင်ဝင်၍…”

ကဲ. ဒီစာပိုဒ်လေးကို ရိုက်ကြည့်ရအောင်.

Shift+C = ဃ

ကျန်တာတွေ ဆက်ရိုက်လို့ရပါတယ်.

Key ၏ ညာဖက်အပေါ်မှ အက္ခရာကို ရိုက်ယူနည်း

“သမ္ဗာဓ” ဆိုတာကိုရိုက်မယ်နော်.

0 = သ
R = မ

ဒီထိရတာက “သမ” ပဲ ရှိသေးတယ်.

“ဗ” ကို “မ” အောက်မှာ ပေါ်ဖို့ ရိုက်မယ်.

ကီးဘုတ်မှာ ပြန်ကြည့်လိုက်တော့ အောက်ဆင့် “ဗ” က “A” Key ရဲ့ ညာဖက်အပေါ်မှာ ရှိနေပါတယ်.

အဲဒါကို ဘယ်လိုရိုက်ယူရမလဲဆိုတော့ ဇော်ဂျီလက်ကွက်မှာ ပြောထားတာက Ctrl+Shift+Key (သို့) Shift+Tide+Key လို့ ပြောထားပါတယ်.

ဒါကြောင့်မို့…

“သမ” လို့ ရိုက်ပြီးရင်

Ctrl+Shift+Alt+A = ၺ

ဆိုပြီး ရိုက်ယူလိုက်ပါမယ် ခင်ဗျား

အခုထိ ကျွန်တော်ဆွေးနွေးပေးခဲ့တာကတော့ ဇော်ဂျီကီးတစ်ခုစီမှာ ရှိနေတဲ့ အက္ခရာ လေးခုကို ရိုက်ယူနည်းတွေပါပဲ.

ပြန်ပြီး အနှစ်ချုပ်ပြောပါမယ်.

ပုံမှန်အက္ခရာအတိုင်း ရိုက်ချင်ရင် သူနဲ့သက်ဆိုင်ရာ ကီးကို ရိုက်ယူပါ.
လက်ဝဲဖက်အပေါ်က အက္ခရာကို ရိုက်ချင်ရင် Shift+ Key ကို ရိုက်ယူပါ
လက်ယာဖက်အောက်က အက္ခရာကို ရိုက်ချင်ရင် ~+Key (သို့) Ctrl+Alt+Key ကို ရိုက်ယူပါ.
လက်ယာဖက်အပေါ်က အက္ခရာကို ရိုက်ချင်ရင်တော့ Shift+~+Key (သို့) Ctrl+Alt+Shift+Key ကို ရိုက်ယူပါ.

ဒီထိရမယ်ထင်ပါတယ်.

ကဲ. တစ်ချို့ ခက်ခဲမယ်ဆိုတာလေးတွေကို အစမ်းရိုက်ကြည့်ကြရအောင်.

“မဇ္ဈိမ” ဆိုတာကို ရိုက်ကြည့်ပါ.

ဒီလိုရိုက်ပါမယ်.

R = မ
Shift + Z = ဇ
Ctrl+Alt+Shift+N =္ဈ
D =ိ
R = မ

ရပါပြီနော်.



ဒီစာပိုဒ်လေးကို ရိုက်ပြီး ကိုယ့်ရဲ့တတ်ကျွမ်းမှုကို စစ်ဆေးဖို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျား...

“မသိတတ်ဘိ - မောဟသိလော့၊ အဟိရိက - မရှက်စွတည့်၊ နောတ္တပ္ပမူ - မလန့်ဟူ၏၊ မှတ်ယူပျံ့လျက် - မငြိမ်သက်ထ - ဥဒ္ဓစ္စနှင့်၊ လောဘသဘော - လိုချင်ဟော၍၊ မှားသောအမြင် - ဒိဋ္ဌိတွင်သား၊ မာနကားမူ - ထောင်လွှားကြွတက်၊ ဒေါသတွက်ကြောင့် - ခက်ခက်ထန်ထန်၊ ဣသာလျှံမူ - လွန်ငြူစူ၏။ ပြောထူမစ္ဆေ - ၀န်တိုလေသတဲ့၊ တစ်ထွေမှတ်ကြ - ကုက္ကုစကား၊ နောင်တတစ်ဖန် - ပူပန်ထန်ပြင်း၊ ထိုင်းခြင်းထိန၊ မှိုင်းမိဒ္ဓနှင့်၊ ဗုဒ္ဓစသည့်၊ ယုံမှားဘိမူ - ၀ိစိကိစ္ဆာ၊ ဆယ့်လေးဖြာသည်၊ မှန်စွာ အကုသိုလ်ချည်းတည်း။”

(နှာ - ၁၃၊ “ကိုယ်ကျင့်အဘိဓမ္မာ”၊ ရှင်ဇနကာဘိဝံသ)

“ဣသာ” ကို ဒီလိုရိုက်ပါ.

Ctrl+Shift+4 = ဣ
O+M = သာ

“ကုက္ကုစ” ကို ဒီလိုရိုက်ပါ.

U+K = ကု
U = က
Shift+U =္က
Shift + K =ု
P = စ

အဲလောက်ပဲ ခက်မယ်ထင်ပါတယ်. ကျန်တာတွေတော့ ကြိုးစားရိုက်ကြည့်ကြပါ. မရှင်းတာရှိရင် ကော်မန့်မှာ မေးမြန်းနိုင်ပါတယ်.

ချစ်ခင်လေးစားလျက်

ရန်အောင်

Read More...
AddThis Social Bookmark Button

Wordpress မှာ ဇော်ဂျီဖောင့်ပေါ်ဖို့ ဒီလိုလုပ်ပါ...  

Wordpress မှာ ငွေသွင်းမထားရင် CSS ကုတ်တွေ ပြင်ခွင့်မရှိပါဘူး။ ဒါပေမယ့် ပို့စ်တင်တဲ့အခါ လိုအပ်တဲ့ ပြင်ဆင်မှုအတွက် ပို့စ်ရေးဖို့နေရာရဲ့ Visual ရဲ့ဘေးမှာ Code ဆိုတာရှိတယ်။ အဲဒီမှာ ပြင်နိုင်ပါတယ်။ ကိုယ့်ကွန်ပျူတာမှာ ဇော်ဂျီဖောင့်ရှိတဲ့ အတွက် ပို့စ်တန်းရေးလို့ ရနေပေမယ့် တခြားသူတွေရဲ့ ကွန်ပျူတာမှာ မြင်ရ၊ မမြင်ရ မသေချာပါ။

မြန်မာလိုရိုက်ပြီးမှ ကုတ်တွေ ခက်ခက်ခဲခဲလိုက်မပြင်ရအောင်၊ ကိုဘုရင့်နောင် အကြံပေးသလို……<.font face.=”Zawgyi-One”.>myanmar sar.<./font.>.....။ myanmar sar တွင် မိမိတင်လိုသော ပို့စ်ကို notepad ပေါ်တွင် ရေးကာ တခုလုံးကို paste လုပ်၍ လည်းကောင်း၊တိုက်ရိုက် type ပြီးအသုံးပြုချင်ရင် မိမိရေးလိုသော စာလုံးအစ ၁လုံး ၂ လုံးကို ရေးပါ။ ပြီးလျှင် Visual ကို ပြန် နှိပ်ပါ။ မြန်မာလို ပေါ်နေပါလိပ့်မယ်။ ထို့နောက် ရေးချင်တာကိုဆက်လက် ရေး…ဆိုတာလုပ်ဖို့လည်း ပျင်းနေတယ်ဆိုရင် ဒီလိုလုပ်ကြည့်ပါ။

ပို့စ်ရေးရမယ့်နေရာမှာ မြန်မာလိုတန်းရိုက်၊ ပြီးရင် ကော်ပီလုပ်ပြီး Microsoft Word မှာ တင်၊ Select လုပ်ပြီး ဇော်ဂျီဖောင့်ပြောင်း၊ ပို့စ်ထဲ ပြန်တင်လိုက်ပါ။ ဒါမှမဟုတ် Microsoft Word မှာ အရင်ရိုက်၊ ပြီးမှ ပို့ထဲ ကော်ပီကူးတည့်လိုက်ပါ။ Code မှာ သူ့အလိုလို ဇော်ဂျီကုတ်ဝင်သွားပါတယ်။

သူများဘလော့ဂ်ကပို့စ်လေး ကြိုက်လို့ ကော်ပီကူးရင်လည်း ဇော်ဂျီဖောင့် ၀င်ချင်မှဝင်ပါတယ်။ အဲဒီလိုဖြစ်ရင်လည်း အထက်ကပြောခဲ့သလို Microsoft Word ထဲ ယူသွား ဇော်ဂျီဖောင့်ပြောင်းပြီးမှ ပြန်ကူးထည့်လိုက်။ အိုကေသွားပါလိမ့်မယ်။

မြန်မာလိုဖတ်လို့ ပေါ်မပေါ် ကျနော်က IE နဲ့ဖွင့်ကြည့်ပြီးပြန်စစ်ပါတယ်။ ပို့စ်ခေါင်းစဉ်တွေရေးရင်လည်း Firefox မှာမြန်မာလိုပေါ်တယ်၊ IE မှာတော့ မပေါ်ပါဘူး။ ကျနော်ကတော့ ခေါင်းစဉ်လောက်တော့ မြန်မာတိုင်း အင်္ဂလိပ်လို ဖတ်တတ်တာပေါ့လို့ သဘောထားပြီး အားမလိုအားမရဖြစ်တာမျိုး မရှိမိပါဘူး။

MMThinker

Read More...
AddThis Social Bookmark Button

Get Zawgyi - Blogger Widget  


Contributor: ညီညီသံလွင်

မြန်မာဘလော့ဂ်ဂါတွေ အတွက် Widget ဆိုတာ အထူးအဆန်းအရာ မဟုတ်တော့ပါဘူး။ Hackosphere.. Cbox.. Vibes .. NeoCounter.. Mybloglog အစရှိတဲ့ Widget တွေကို မြန်မာဘလော့ဂ်ဂါ အတော်များများ သုံးစွဲလာကြတာကို တွေ့ရပါတယ်။ မြန်မာဘလော့ဂ်တွေ တစ်နေ့ထက်တစ်နေ့ ပိုများလာတာနဲ့အမျှ ယူနီကုတ်ဒ်စနစ်နဲ့ ရေးသားထားတဲ့ ဇော်ဂျီဖွန့်ကို အသုံးပြုမှုလည်း များပြားလာပါတယ်။ တချို့သူများက မြန်မာဘလော့ဂ်တွေကို ဖတ်လိုကြပေမယ့် မြန်မာဘလော့ဂ်တိုင်းဟာ Microsoft Web Embedding Font Technology(WEFT) ကို အသုံးပြုပြီး EOT ဖန်တီးထားခြင်း မရှိတာကြောင့် ဇော်ဂျီဖွန့်မရှိလျှင် ဖတ်လို့ မရနိုင်ပါဘူး။ ဒါ့အပြင် EOT ဟာ Microsoft Internet Explorer (IE) နဲ့ ကြည့်မှသာ မြင်ရတာမို့ မြန်မာဘလော့ဂ်တွေကို ဖတ်မယ့်သူတွေ အနေနဲ့ ဇော်ဂျီဖွန့်ဟာ လိုအပ်ချက်တစ်ခုဖြစ်လာပါတယ်။

ဇော်ဂျီဖွန့်၊ ဇော်ဂျီကီးဘုတ်နဲ့ ဇော်ဂျီလက်ကွက်ပုံစံတွေကို တစ်နေရာတည်းကနေ download လုပ်နိုင်အောင်လို့ ယခု 'Get Zawgyi' လို့ အမည်ပေးထားတဲ့ Widget ကလေးကို ဖန်တီးခဲ့ပါတယ်။

Blogger အသုံးပြုသူ မြန်မာဘလော့ဂ်ဂါများအနေနဲ့ မိမိဘလော့ဂ်မှာ ဒီ Widget ကလေးကို ထည့်သွင်းလိုလျှင် အောက်ပါပေးထားတဲ့ ခလုတ်လေးကို နှိပ်ပါ။



ထို့နောက် မိမိသက်ဆိုင်ရာ ဘလော့ဂ်သို့ ၀င်ရောက်ပါ။




မိမိထည့်သွင်းလိုသော ဘလော့ဂ်ကို ရွေးချယ်ပြီး "Add Widget" ကို နှိပ်ပါ။


ဒါဆိုရင် 'Get Zawgyi' Widget ကို အောင်မြင်စွာ ထည့်သွင်းပြီးပါပြီ။ အားလုံးပြီးပြီဆိုရင် ဒီ Widget လေးကို မိမိဘလော့ဂ်မှာ ကြိုက်နှစ်သက်ရာ နေရာမှာ ထည့်သွင်းအသုံးပြုနိုင်ပါတယ်။

Read More...
AddThis Social Bookmark Button

ဇော်ဂျီဖောင့် ထည့်သွင်းခြင်း  


Contributor: ရန်အောင်

ဒီပို့စ်က ဖောင့်သွင်းတာ မပြေလည်သေးသူတွေအတွက် အထူးရည်ရွယ်ပြီး ရေးထားတာပါ ခင်ဗျာ.

ဘလော့ဂ်တစ်ခု စလုပ်တဲ့အခါမှာ EOT တွေဘာတွေ မလုပ်ခင် ဒီတိုင်းလေး စရေးနေလို့လည်း ရပါတယ်. ဖောင့်တွေကို မှန်မှန်ကန်ကန် ထည့်သွင်းတတ်ဖို့ လိုပါတယ်. ဒီအကြောင်းကို ပို့စ်တစ်ခု ရေးပြီး တင်ပေးခဲ့ပါပြီ. ဒါပေမယ့် မမြင်သာဘူးဖြစ်နေတယ် ထင်လို့ လိုတိုရှင်း ထပ်ရေးပေးလိုက်ပါတယ်.

မြန်မာဘလော့ဂ်တွေ စရေးချင်သူများ ကြုံတွေ့ရတဲ့ ပြဿနာကတော့ မြန်မာစာကောင်းကောင်း မပေါ်တာပါပဲ. Classic Template သုံးနေတဲ့ ဘလော့ဂါများ အနေနဲ့ကတော့ ကိုယ့်ဘလော့ဂ်မှာ ဇော်ဂျီဖောင့် Assign လုပ်တဲ့နည်းကို ကိုညီလင်းဆက်က ဒီနေရာမှာ ရေးထားပေးပါတယ်။ ဖြစ်နိုင်ရင်တော့ New Blogger Version ကို ပြောင်းသုံးကြည့်ပါ။ သူကပိုပြီးတော့ user friendly ဖြစ်လို့ပါပဲ။ Widgets တွေ ထည့်ရတာလည်း အဆင်ပြေလို့ပါ။ ဒါကြောင့်မို့လည်း New Blogger Template ကို Widget Template လို့လည်း ခေါ်ပါသေးတယ်.

New Blogger Template သုံးနေသူတွေ များလာပြီမို့ အဲဒီ့ Template တွေအတွက်ပဲ အထူးရည်ရွယ်ပြီး အတိုဆုံး ရေးပေးလိုက်ပါမယ်.

Template ပုံစံတွေ မတူလို့ တစ်ချို့ Template တွေမှာ စာကြောင်း ၂ ကြောင်းလောက်ပဲ ပါတတ်ပေမယ့် တစ်ချို့ Template တွေမှာတော့ ၄ ကြောင်းလောက်ပါတတ်ပါတယ်. တစ်ချို့မှာတော့ အောက်မှာဖော်ပြခဲ့တဲ့ အတိုင်း အကုန်ပါတတ်ပါတယ်. အဲဒါတွေကို ခေါင်းခြောက်ခံမနေပါနဲ့.

% ဆိုတဲ့ Sign လေးရဲ့ နောက်မှာ အနီရောင်လေးနဲ့ ပြထားသလို Zawgyi-One လို့သာ ရိုက်ထည့်ပေးလိုက်ပါ. ၂ ခါတွေ့ရင် ၂ ခါထည့်ပေါ့ဗျာ


<Variable name="bodyFont" description="Text Font" type="font"

default="normal normal 100% Zawgyi-One, Georgia, Times New Roman, Tahoma, Arial, sans-serif" value="normal normal 100% Zawgyi-One, Georgia, Times New Roman, Tahoma, Arial, sans-serif">

<Variable name="pageTitleFont" description="Blog Title Font" type="font"

default="normal bold 200% Zawgyi-One, Georgia, Times New Roman, Tahoma, Arial, sans-serif" value="normal bold 200% Zawgyi-One, Georgia, Times New Roman, Tahoma, Arial, sans-serif">

<Variable name="descriptionFont" description="Description Font" type="font"

default="normal normal 100% Zawgyi-One, Georgia, Times New Roman, Tahoma, Arial, sans-serif" value="normal normal 100% Zawgyi-One, Georgia, Times New Roman, Tahoma, Arial, sans-serif">

<Variable name="headerFont" description="Sidebar Title Font" type="font"

default="normal bold 100% Zawgyi-One, Georgia, Times New Roman, Tahoma, Arial, sans-serif" value="normal bold 100% Zawgyi-One, Georgia, Times New Roman, Tahoma, Arial, sans-serif">

<Variable name="postTitleFont" description="Post Title Font" type="font"

default="normal bold 135% Zawgyi-One, Georgia, Times New Roman, Tahoma, Arial, sans-serif" value="normal bold 135% Zawgyi-One, Georgia, Times New Roman, Tahoma, Arial, sans-serif">


အဲဒါဆိုရင် မိမိဘလော့ဂ်မှာ မြန်မာစာလုံးတွေ ကောင်းမွန်စွာ ပေါ်လာပါလိမ့်မယ် ခင်ဗျာ. ထပ်ပြောပါမယ်နော်. Template တစ်ခုနဲ့တစ်ခု မတူနိုင်ပါဘူး. ဒါပေမယ့် Idea ကတော့ အတူတူပါပဲ. Bodyfont, headerfont…. ဘာပဲလာလာပါ. အဲဒီ့ % နောက်မှာ အပေါ်မှာ ရေးထားသလိုမျိုး ကြေငြာပေးလိုက်ပါ ခင်ဗျာ.

အားလုံးပဲ အဆင်ပြေကြပါစေ..

Read More...
AddThis Social Bookmark Button