Myanmar Blogger Helpdesk

Learning, Sharing and Growing Together at Blogging Community!
Showing posts with label Wordpress. Show all posts
Showing posts with label Wordpress. Show all posts

Thinker to Thinker အဖွဲ့ရဲ့ Wordpress Offer  

Contributor: သင်ကာ

Wordpress ကို Thinker to Thinker အဖွဲ့က ထိုင်ပေးတဲ့ Host နဲ့ လုပ်ရတဲ့ဟာပါ။ အဲဒီမှာ Worpdress လုပ်ရင် `www.(ကိုယ်ရွေးတဲ့အမည်).thinkertothinker.com´ဆိုပြီး လိပ်စာရမှာ ဖြစ်ပါတယ်။


ဒီ Group ဟာ Capitalism ကိုထောက်ခံတဲ့ အဖွဲ့ ဖြစ်ပါတယ်။ Bernstein ကြေငြာချက်ကို သဘောတူသူတွေ ဖြစ်ရပါမယ်တဲ့။ အဟဲ..ဘလော့ဂ်လုပ်ပါတယ်ဆိုမှ မဲဆွယ်တဲ့ အဖွဲ့နဲ့ တိုးနေတယ်။

ကျနော်စမ်းကြည့်ပြီးတော့ တွေ့ရတာကို ပြောရရင်…

- လိပ်စာကို အပေါ်မှာ ပြောခဲ့တဲ့အတိုင်း thinkertothinker.com နဲ့ ရမှာ ဖြစ်ပါတယ်။ (ကျနော်ယူလိုက်တာက Myanmar.thinkertothinker.com ပါ။)

- Capitalism ကို ထောက်ခံသူတွေက ပေးတဲ့ Host ဆိုပေမယ့် ကိုယ်ရေးချင်တာရေးလို့ရပါတယ်။

- တကယ်တော့ Feature တွေ၊ Blogging အနေအထားတွေဟာ Wordpress.com မှာ တိုက်ရိုက်ဘလော့ဂ်လုပ်တဲ့ အတိုင်းပါပဲ။

- တန်းပလိပ်၊ သီးမ် (Themes) က သူတို့ ပေးထားတဲ့ အကန့်အသတ်အတွင်းမှာပဲ ရပါတယ်။

- စပွန်ဆာလင့် ဆိုပြီ သူတို့ထည့်ပေးထားတဲ့ ကြော်ငြာ ၃ ခုလောက်ပါပေမယ့် ကိုယ်ကလည်း ကြော်ငြာထည့်ခွင့်ရှိပါတယ်။ (Blog Roll ထဲမှာ ပုံနဲ့ လင့်ခ်ထည့်လို့ရတဲ့ Function ရှိတယ်။ အဲဒါနဲ့ ထည့်ရမှာပါ။)

- Sidebar အသေကြီးမို့ ကလိမည့်ဆရာများ ကြိုက်ကြမည်မဟုတ်ပါ။

- စာရိုးရိုးပဲရေးပြီ ဒိုမိန်းအမည်ကို သဘောကျသူတွေအတွက်တော့ အိုကေပါလိမ့်မယ်။

- စမ်းကြည့်ချင်သူတွေက ဖောင်ဖြည့်ရပါမယ်။ မေးလ် ပြန်ပို့လိမ့်မယ်။ ချက်ချင်းမရောက်ပါ။ စောင့်ရသည်။

တခါက မှော်ဆရာညွှန်းပြီး ကျနော်ကလိကြည့်တဲ့ Blogsom နဲ့ နင်လားငါလားပါပဲ။ ကျနော်စမ်းထားတာ ဒီမှာ ၀င်ကြည့်ပါ။

Read More...
AddThis Social Bookmark Button

Wordpress Themes  

Contributor: mtj

Wrdpress အတွက် မြန်မာစာ နဲ့ အသင့်သုံးနိုင်တဲ့ themes တွေကို တင်ပေးထားပါတယ်။ themes install လုပ်တာကို how to wordpress မှာ ဖတ်ရှုနိုင်ပါတယ်။ တကယ်လို့ မေးမြန်းချင်တာရှိရင် helpdesk cbox ဖြစ်ဖြစ် smsy cbox တွင် ဖြစ်ဖြစ် မေးမြန်း နိုင်ပါတယ်။







Read More...
AddThis Social Bookmark Button

Wordpress Blogging with Blogsom  

မှော်ဆရာက Wordpress Blogging လုပ်ဖို့ Host အသစ်တွေ့တယ် စမ်းကြပါဆိုလို့ စမ်းကြည့်လိုက်ပါတယ်။ မှော်ဆရာကစမ်းပြီးရင် ပြန်လည်ဝေမျှပါလို့ တိုက်တွန်းထားပါတယ်။ ကျနော် ကလိကြည့်တာကို Wordpress တိုက်ရိုက်လုပ်တာ၊ Free Host ကနေလုပ်တာနဲ့ မှော်ဆရာညွှန်းတဲ့ Blogsom ကနေစမ်းကြည့်တာကို အတွေ့အကြုံအရ ဝေမျှချင်ပါတယ်။ မှော်ဆရာဘုရင့်နောင်ကိုမင်းကျော်တို့လို စုံစုံစေ့စေ့နည်းပညာတော့ ကျမယ်မထင်ဘူး။

Wordpress မှာ တိုက်ရိုက် Account ဖွင့်ရင် CSS ကုတ်တွေ ပြင်လို့မရပါဘူး။ Header ကတော့ တန်းပလိပ်ကို လိုက်ပြီး ပြင်လို့၊ ပြောင်းလို့ ရတာမျိုးတော့ ရှိပါတယ်။ ပို့စ်အတွက် ဇော်ဂျီဖောင့် Assign လုပ်လို့ရပေမယ့် CSS ပြင်မရတာကြောင့် Sidebar ခေါင်းစဉ်၊ ပို့စ်ခေါင်းစဉ်တွေ ပြင်မရလို့ (Firefox, IE အားလုံးမှာဖတ်လို့ရအောင်) အင်္ဂလိပ်လိုပဲ ရေးတာမျိုးရှိပါတယ်။

ဒါကြောင့် ဒုတိယနည်းအနေနဲ့ Free Host မှာ Account ဖွင့်ပြီး Wordpress လုပ်လာကြတာဖြစ်ပါတယ်။ တန်းပလိပ်တွေ အရမ်းကောင်းတယ်။ CSS ကုတ်တွေပြင်လို့ရတယ်။ ဇော်ဂျီ Assign လုပ်လို့ရတယ်။ Open Source တွေရှိတယ်။ ဒါပေမယ့် API Key ကို Recognize မလုပ်လို့ Plug-in အလုပ်မလုပ်တာ၊ Wordpress မှာ အလုပ်လုပ်တဲ့ Spam တွေ တားပေးတဲ့ Plug-in အလုပ်မလုပ်လို့ Spam ကော်မန့်တွေ ၀င်တာ စတဲ့ ပြဿနာလေးတွေရှိပါတယ်။ တန်းပလိပ်ပေါ်မူတည်ပြီး Widget တွေ၊ Sidebar တွေ ပြင်ရတာမို့ စလုပ်သူတွေအဖို့တော့ စိတ်ညစ်ရဖို့ရှိပါတယ်။

အခု မှော်ဆရာညွှန်းတာက Blogsom ပါ။ အဲဒီမှာ Account ဖွင့်ပြီး Wordpress နဲ့ Run လို့ရတာမျိုးဖြစ်ပါတယ်။ Free Host မှာ ဒုက္ခများပြီး တိုင်ပတ်စရာ မလိုဘူးပေါ့။ ဒါပေမယ့် Wordpress တိုက်ရိုက်လုပ်တာ၊ Free Host ကနေလုပ်တာနဲ့ Blogsom ကနေစမ်းကြည့်တာ တွေ့ရတဲ့ ကွာခြားချက်ကလေးကို ပြောချင်ပါတယ်။

Blogsom က Wordpress Function တွေဆိုပေမယ့် ဒိတ်အောက်နေသလိုပါပဲ။ ပေးထားတဲ့ တန်းပလိပ်တွေကလည်း 2003, 2004, 2005 ဒီဇိုင်းတွေဖြစ်ပြီးရိုးပါတယ်။ တချို့ကတော့ စိတ်ကြိုက်ပြင်နိုင်အောင် ဖွင့်ပေးထားပါတယ်။ Default WP Theme 2003 လို ဟာမျိုးပါ။ Blogsom နဲ့ လုပ်ထားတဲ့ နမူနာတွေ လျှောက်ကြည့်တော့ ထူးထူးကဲကဲ ကလိထားကြတာ သိပ်မတွေ့ပါဘူး။ Blogspot ရဲ့ CSS ကုဒ်နဲ့ ယှဉ်ရင် ခက်သယောင်ရှိပါတယ်။ Free Host/Wordpress ရဲ့ CSS က များလွန်းလို့ ခက်တာဖြစ်ပြီး Blogsom က ဘာမှ မရှိလို့ ခက်တာမျိုးပါ။ CSS ပြင်ကြကြေး၊ ကလိကြကြေးဆို Blogspot က သာပါလိမ့်မယ်။

ကျနော်မှားနေတာ လိုနေတာကို ဖြည့်စွက် ညွှန်ကြားပြင်ဆင်ပေးကြပါရန်။ ကျနော်လုပ်ကြည့်ထားတဲ့ နမူနာကို ဒီမှာ ကြည့်နိုင်ပါတယ်။

Click Here.

ဇယားလေးနဲ့ စာရင်းချုပ်ရရင် ဒီလိုပါ။

MM Thinker

Read More...
AddThis Social Bookmark Button

Making Wordpress Blog  

မသိနိုးနားနဲ့ Wordpress မှာ တိုက်ရိုက် ဘလော့ဂ်တစ်ခုလုပ်ပြီးမှ စပ်မိစပ်ရာမှာ ကိုသင်္ကြန်ကျေးဇူးပြုထားတဲ့ Wordpress လုပ်နည်းအရ အသစ်ထပ်လုပ်လိုက်တာ တော်တော်လေးလန်ထွက်နေတဲ့ ဘလော့ဂ်လေးတစ်ခုရလိုက်ပါတယ်။

ကိုသင်္ကြန်က http://freehostia.com နဲ့ www.byethost.com ကို အကြံပေးထားပါတယ်။ ကျနော်ကတော့ http://phpnet.us/ နဲ့ အကောင့်ဖွင့်မိရက်သားဖြစ်တာနဲ့ ပီအိပ်ခ်ျပီနဲ့ပဲ ဆက်လုပ်လိုက်ပါတယ်။

ဒီနေရာမှာ ကျနော်ဝေမျှချင်တာက ကျနော်လို ယောင်ခြောက်ဆယ်ဟိုလုပ်ဒီလုပ် အချိန်မကုန်ရအောင် အတွေ့အကြုံကို ပြောချင်၊ အခက်အခဲလေးတွေရှောင်လွှဲ(သို့) ဖြေရှင်းကျော်လွှားနိုင်ဖို့ အကြံပေးချင်တာပါ။

ပုံမှန်အတိုင်းလုပ်ရမယ့်နည်းတွေကတော့ စပ်မိစပ်ရာမှာ ပီဒီအက်ဖ်ဖိုင်နဲ့ ယူပါ။ လုပ်ပါ။

ကျနော်က http://phpnet.us/ နဲ့ လုပ်ရာမှာ တွေ့ကြုံရတာလေးတွေလည်း ဖြည့်စွက်ပြောချင်တာပါ။

ဘလော့ဂ်ဆရာ၊ မာစတာများက ကကြီးကစပြီးပြောလေ့မရှိပါဘူး။ အဲဒီအခါ ကျနော်တို့လို မနေ့တနေ့ကမှ စလုပ်တဲ့သူတွေအတွက် လိပ်ပတ်မလည်ဖြစ်တတ်လို့ ကကြီးကစကောက်ပြီး ကျနော်ပြောပရစေ။

Wordpress လုပ်ရာမှာ www.wordpress.com ကို ၀င်ပြီး တိုက်ရိုက် ဘလော့ဂ်လုပ်တာရယ်၊ အစမှာ ပြောခဲ့တဲ့ အခမဲ့အထိုင် (Free Host) တစ်ခုခုကနေ လုပ်တာရယ် နှစ်မျိုးရှိပါတယ်။

ပြင်ချင်တိုင်းပြင်လို့ရအောင်၊ စိတ်တိုင်းကျ ပြင်လို့ ကလိလို့ရအောင် အခမဲ့အထိုင် (Free Host) ကနေ လုပ်ကြရင် ပိုကောင်းပါတယ်။ ကျနော်ဆို နှစ်ခါလောက်ပြောင်းလိုက်ရတယ်။ ခက်တယ်၊ ရှုပ်တယ်ထင်ရပေမယ့် ကျနော် လင့်ခ်ထားတဲ့ IT & Blogging ကိုဖြစ်ဖြစ် ဖိုရမ်တွေကိုဖြစ်ဖြစ် သွားမေးနိုင်ပါတယ်။ ကိုမင်းကျော်၊ ကိုသင်္ကြန်၊ ညီလင်းဆက်၊ မှော်ဆရာ စသူတို့က ကူညီဖို့ အသင့်ပါ။

ကျနော်ကတော့ http://phpnet.us/ နဲ့ လုပ်ပါတယ်။

၁။ http://phpnet.us/ မှာ Sign Up

၂။ ပြီးရင် e-mail မှာ သူတို့ပေးလာမယ့် Cpanel အမည်၊ လျှို့ဝှက်ကုဒ်နံပါတ်တွေ သွားကြည့်။

၃။ e-mail ထဲက Cpanel လင့်ခ်ကို ဖွင့်။

၎။ အသေးစိတ် ဘယ်လိုလုပ်သလဲဆိုတာ ပုံနဲ့တကွ ကိုသင်္ကြန်ရဲ့ ဖိုင်အတိုင်းကြည့်ပါ။

၅။ Database လုပ်ပြီးတဲ့ အခါ Database Name, MySQL Host Name တွေ မှတ်ထားဖို့ ကိုသင်္ကြန်က ပြောထားပါတယ်။ http://phpnet.us/ မှာ ပြဿနာက Database Name ပဲတွေ့ပြီး MySQL Host Name မတွေ့ရတာပါပဲ။ အဲဒီလို ဖြစ်နေရင် Database Name ရဲ့ အောက်နားက Admin ဆိုတာကို နှိပ်ပါ။ အပေါ်ဆုံးနားက Sever ဆိုတာတွေ့ပါလိမ့်မယ်။ sql(ကိန်းဂဏန်း).(phpnet.us) ဆိုတာလေးပါ။ ကျန်တာတွေ ကိုသင်္ကြန်ပြောသလို ဆက်နိုင်ပါပြီ။ အဲတာကို သွားပြီးမှတ်မထားရင် ရှေ့ဆက်လို့မရပါ။

၆။ နောက်တစ်ခုပြောချင်တာက Themes ပြောင်းတဲ့နေရာမှာပါ။ အီးမေးလ်လင့်ခ်ကဖွင့်လိုက်တဲ့ cpanel.phpnet.us ကို ပြန်သွား၊ File Manager ကိုဖွင့်၊ အဲဒီမှာ ကိုယူထားတဲ့အမည် (ဥပမာ mmthinker.iblogger.org) ကို တွေ့မယ်။ ကလစ်လုပ်ပါ။ ပြီးရင် ပေါ်လာတဲ့ အထဲမှာ htdos ပြီးရင် wp-content ပြီးရင် Theme ။ ဒါမှမဟုတ် Directory Tree မှာ ကွက်လပ်ဘေးနားက ပုံလေးကို ကလစ်ပါ။ ပထမဆုံး ကိုယ်ရွေးထားတဲ့ URL ကို Double ကလစ် (ဥပမာ mmthinker.iblogger.org)၊ ခဏလေးစောင့်၊ ပြီးရင် htdos ကို Double ကလစ်၊ ခဏစောင့်၊ ပြီးရင် wp-content ကို Double ကလစ်၊ ပြီးရင် Themes ကို Double ကလစ်လုပ်ပါ။ ပြီးရင် အပေါ်မှာ Choose ဆိုတာနှိပ်လိုက်ပါ။

နောက်ဆုံး Upload ပေါ့။ သိပြီးသားသူတွေ အတွက် ဘာမှမဆန်းပေမယ့် အသစ်ထိတွေ့သူတွေအဖို့ ဆင်ကြီး အမြီးကျမှတစ်ဆိုတာလို ဖြစ်တတ်လို့ ဖြည့်ပြောတာပါခင်ဗျာ။

၇။ http://www.wpthemesfree.com နဲ့ http://topwpthemes.com မှာ တန်းပလိတ်တွေရွေးဖို့ ကိုသင်္ကြန်က အကြံပေးပါတယ်။ ကြိုက်တဲ့ဟာ ဒေါင်းလုဒ်လုပ်ယူပြီးရင် zip ဖိုင်ကို သွားမဖြည်ပါနဲ့။ တိုက်ရိုက် Browse လုပ်ချလိုက်ပါ။ Wordpress ရဲ့ Presentation ထဲ ရောက်လာပါလိမ့်မယ်။

၈။ နောက်တစ်ခု ဝေမျှချင်တဲ့ အတွေ့အကြုံက စီဗုံးပါ။ မြန်မာဘလော်ဂါအများစုဟာ Blogspot မှာ မွှေပြီးမှ Wordpress ကိုရောက်လာကြတာပါ။ (မြန်မာပြည်မှာ ဘလော့ဂ်စပေါ့ကို ပိတ်လိုက်လို့လေ)။ ကျနော်ကတော့ ဘလော့ဂ်စပေါ့က စီဗုံးကုဒ်တွေယူလာ၊ Wordpress ရဲ့ Presentation à Widgets ကိုသွား၊ အပိုယူလို့ရတဲ့ Text မှာ ထည့်။ အရင် စီဗုံးအဟောင်းက အတိုင်း ရသွားပါတယ်။ ဆိုက်ကလေးပဲ ဘောင်ဝင်အောင် နည်းနည်းပြင်လိုက်ရပါတယ်။

၉။ Hit Counter ကိုလည်း ထိုနည်းအတိုင်းပါ။ http://www.ultimate-counter.com/ မှာ အသစ်ယူပြီးဖြစ်ဖြစ်ထည့်ပါ။

၁၀။ နိုင်ငံအလိုက်လာလည်သူအရေအတွက်ကို ကြည့်နိုင်တဲ့ NeoCounter လည်း အဟောင်းကို ဒီနည်းနဲ့ပဲ ကူးထည့်နိုင်ပါတယ်။

၁၁။ Wordpress မှာ Read More အတွက် သတ်သတ်လုပ်စရာ မလိုဘူးဗျို့။ Split post with more tag (Alt+t) ဆိုပြီးပါပြီးသား။ ဖြတ်ချင်တဲ့နေရာ ကာဆာချပြီး အဲဒါကို ကလစ်လိုက်၊ ရရော။

၁၂။ Wordpress မှာ တိုက်ရိုက်လုပ်တုံးက ဖောင့်အရောင်ပြောင်းလို့ရပေမယ့် Free Host ကနေလုပ်တော့ မရပြန်ဘူး။ (တခြားသူတွေတော့ မသိဘူး။) ပြဿနာမရှိဘူး။ Microsoft Word ထဲမှာ စိတ်ကြိုက်ကစားပြီး ပြန်ကူးထည့်၊ အိုကေတယ်။ စာပိုဒ်ကို Justify လုပ်ဖို့၊ ဇော်ဂျီနဲ့ သေချာပေါက်ကောင်းကောင်းပေါ်ဖို့၊ Microsoft Word ထဲမှာချ ကစားပြီး ပြောင်းထည့်နည်းနဲ့ပဲ ကျနော်လုပ်ပါတယ်။

အခု ထပ်ထည့်ပြောတာလေးတွေက ကိုသင်္ကြန်ပြောတဲ့ အတိုင်းကို http://phpnet.us/ မှာ လုပ်သွားတဲ့ အကြောင်းပါ။ စလုပ်သူတွေအတွက် နည်းနည်းနှမ်းဖြူးလိုက်တာပေါ့။

အားလုံး အိုကေကြစေသော်ဝ်

သင်ကာ (Thinker)

Read More...
AddThis Social Bookmark Button

wordpress  

Contributor: mtj

wordpress install လုပ်နည်းကို သိသမျှ တင်ပြထားပါတယ်။


how to install wordpress.pdf

Read More...
AddThis Social Bookmark Button

Yet Another Wordpress Blogging  

Contributor: မှော်ဆရာ


[ဒီဆိုဒ်လေး]ကို တွေ့ထားတာ (၁)ပတ်လောက်ရှိသွားပါပြီ။ အခက်အခဲဖြစ်နေတဲ့ မြန်မာဘလော့ဂ္ဂါတွေအတွက် အတော်အဆင်ပြေမယ်လို့ ယူဆမိပါတယ်။ Blogging လုပ်ဖို့အတွက်ဖြစ်ပြီး သဘောကတော့ Blogspot & Wordpress.com လိုပါပဲ။ Platform အဖြစ် Wordpress ကိုသုံးထားပြီး ထူးခြားတာကတော့ Wordpress.com မှာလို CSS နှင့် Template အပိုင်းကို ပိတ်မထားတာပါပဲ။ CSS ကို မိမိကြိုက်သလိုပြင်လို့ရပါတယ်(၀ါ့ဒ် ပရက်စ် ကုဒ်င် ဥပဒေသများနှင့်အညီပေါ့)။ CSS ကို ကိုင်လို့ရပြီဆိုမှတော့ မြန်မာဖောင့်ထ် အတွက်လည်း ပူစရာမလိုတော့ ပါဘူး။ လောလောဆယ်တော့ အချိန်မပေးနိုင်သေးတဲ့ အတွက် အဲဒီမြန်မာဖောင့်ထ် ရမရဆိုတာကို ကျွန်တော်ကိုယ်တိုင် စမ်းမကြည့်ရသေးပါဘူး။ စိတ်ပါဝင်စားသူများ စမ်းသပ်လေ့လာပြီး၊ ပြန်လည်မျှဝေပေးဖို့ တိုက်တွန်းလိုပါတယ်။


အထက်ပါဆိုဒ်မှာ ဘလော့လုပ်လိုသူများအနေဖြင့်-

(၁)မိမိနှစ်သက်ရာ နာမည်တစ်ခုရွေးချယ်ပြီး ဘလော့ဂ်တစ်ခုရယူပါ။ Require Info တွင်ထည့်လိုက်သော မိမိအီးမေးလ်သို့ Wordpress Admin(Blog Admin) လုပ်ရန်အတွက် လင့်ခ် တစ်ခုနှင့် Login လုပ်ရန်အတွက် User name, Password စသည်တို့ကို မေးလ် တစ်စောင်ဖြင့်ပို့လာပါမယ်။

(၂)အထက်ပါ ဒေတာများကို ရယူပြီး မိမိဘလော့ဂ် Admin Panel သို့ဝင်ရောက်ပါ။ Dashboard တွင် Manage မှတဆင့် Themes ကိုသွား၍ မိမိနှစ်သက်ရာ ဒီဇိုင်းတစ်ခုကို ပြောင်းလဲနိုင်ပါတယ်။

(၃)ဘလော့ဂ် ရဲ့ CSS နှင့် ဒီဇိုင်းပိုင်းကို ထပ်မံမွမ်းမံချင်တယ်ဆိုရင်တော့ Manage Tab ထဲမှာပင် Files ကိုသွား၍ မိမိပြင်လိုသော မိမိ၏ Wordpress Template အပိုင်းကို စိတ်ကြိုက်ရွေးချယ်ပြင်ဆင်နိုင်ပါတယ်။


Wordpress Coding ပိုင်းနဲ့ပတ်သက်ပြီး အခြေခံမှစ အတွင်းကျကျ လေ့လာလိုတယ် ဆိုရင်တော့ [ဤနေရာ] သို့ကြွပါ။


Uptade: Blogsome နှင့်ပတ်သက်ပြီး ဆက်လက်လေ့လာဖို့အတွက် ကိုသင်ကာ ရေးထားတဲ့ ဒီပို့စ် ကိုဆက်လက်ဖတ်ရှုပေးပါခင်ဗျား။


Technorati Tags: | | | | | |

Read More...
AddThis Social Bookmark Button

Wordpress မှာ ဇော်ဂျီဖောင့်ပေါ်ဖို့ ဒီလိုလုပ်ပါ...  

Wordpress မှာ ငွေသွင်းမထားရင် CSS ကုတ်တွေ ပြင်ခွင့်မရှိပါဘူး။ ဒါပေမယ့် ပို့စ်တင်တဲ့အခါ လိုအပ်တဲ့ ပြင်ဆင်မှုအတွက် ပို့စ်ရေးဖို့နေရာရဲ့ Visual ရဲ့ဘေးမှာ Code ဆိုတာရှိတယ်။ အဲဒီမှာ ပြင်နိုင်ပါတယ်။ ကိုယ့်ကွန်ပျူတာမှာ ဇော်ဂျီဖောင့်ရှိတဲ့ အတွက် ပို့စ်တန်းရေးလို့ ရနေပေမယ့် တခြားသူတွေရဲ့ ကွန်ပျူတာမှာ မြင်ရ၊ မမြင်ရ မသေချာပါ။

မြန်မာလိုရိုက်ပြီးမှ ကုတ်တွေ ခက်ခက်ခဲခဲလိုက်မပြင်ရအောင်၊ ကိုဘုရင့်နောင် အကြံပေးသလို……<.font face.=”Zawgyi-One”.>myanmar sar.<./font.>.....။ myanmar sar တွင် မိမိတင်လိုသော ပို့စ်ကို notepad ပေါ်တွင် ရေးကာ တခုလုံးကို paste လုပ်၍ လည်းကောင်း၊တိုက်ရိုက် type ပြီးအသုံးပြုချင်ရင် မိမိရေးလိုသော စာလုံးအစ ၁လုံး ၂ လုံးကို ရေးပါ။ ပြီးလျှင် Visual ကို ပြန် နှိပ်ပါ။ မြန်မာလို ပေါ်နေပါလိပ့်မယ်။ ထို့နောက် ရေးချင်တာကိုဆက်လက် ရေး…ဆိုတာလုပ်ဖို့လည်း ပျင်းနေတယ်ဆိုရင် ဒီလိုလုပ်ကြည့်ပါ။

ပို့စ်ရေးရမယ့်နေရာမှာ မြန်မာလိုတန်းရိုက်၊ ပြီးရင် ကော်ပီလုပ်ပြီး Microsoft Word မှာ တင်၊ Select လုပ်ပြီး ဇော်ဂျီဖောင့်ပြောင်း၊ ပို့စ်ထဲ ပြန်တင်လိုက်ပါ။ ဒါမှမဟုတ် Microsoft Word မှာ အရင်ရိုက်၊ ပြီးမှ ပို့ထဲ ကော်ပီကူးတည့်လိုက်ပါ။ Code မှာ သူ့အလိုလို ဇော်ဂျီကုတ်ဝင်သွားပါတယ်။

သူများဘလော့ဂ်ကပို့စ်လေး ကြိုက်လို့ ကော်ပီကူးရင်လည်း ဇော်ဂျီဖောင့် ၀င်ချင်မှဝင်ပါတယ်။ အဲဒီလိုဖြစ်ရင်လည်း အထက်ကပြောခဲ့သလို Microsoft Word ထဲ ယူသွား ဇော်ဂျီဖောင့်ပြောင်းပြီးမှ ပြန်ကူးထည့်လိုက်။ အိုကေသွားပါလိမ့်မယ်။

မြန်မာလိုဖတ်လို့ ပေါ်မပေါ် ကျနော်က IE နဲ့ဖွင့်ကြည့်ပြီးပြန်စစ်ပါတယ်။ ပို့စ်ခေါင်းစဉ်တွေရေးရင်လည်း Firefox မှာမြန်မာလိုပေါ်တယ်၊ IE မှာတော့ မပေါ်ပါဘူး။ ကျနော်ကတော့ ခေါင်းစဉ်လောက်တော့ မြန်မာတိုင်း အင်္ဂလိပ်လို ဖတ်တတ်တာပေါ့လို့ သဘောထားပြီး အားမလိုအားမရဖြစ်တာမျိုး မရှိမိပါဘူး။

MMThinker

Read More...
AddThis Social Bookmark Button

Some Suggestions for Wordpress Start  

Wordpress မှာ တန်းပလိပ် Theme ရွေးရင် သတိပြုစရာ တချို့နဲ့ တွေ့ရတာလေးတွေ ဖောက်သည်ချချင်ပါတယ်။ (Free Host ကနေမဟုတ်ဘဲ) Wordpress မှာ တိုက်ရိုက် ဘလော့ဂ်စလုပ်တဲ့ သူတွေ အတွက်ပါ။

ကော်လံနှင့် Width

ကော်လံ တစ်ခုကနေ၊ လေးခုတန်းပလိပ်မျိုးအထိရှိပါတယ်။ ကွန်ပျူတာ ရင် အပြည့်မှကြိုက်သူတွေက Flexible Width ကိုရွေးနိုင်ပြီး၊ ဆိုက်အနေတော်ကြိုက်သူတွေက Fixed Width ကိုရွေးနိုင်ပါတယ်။

အရောင်

အရောင်ရွေးခွင့်၊ ပြောင်းနိုင်တဲ့ တန်းပလိပ်ရှိသလို ပြောင်းခွင့်မပြုတဲ့ တန်းပလိပ်လည်းရှိပါတယ်။

Header/Banner

Wordpress မှာ တန်းပလိပ်တိုင်း Header/Banner ပြောင်းလို့မရနိုင်ပါဘူး။ Custom Header လို့ရေးထားတဲ့ တန်းပလိပ်မှ Header/Banner ပြောင်းလို့ရပါတယ်။

Navigation/Page

Page ဆိုတာ Blogspot မှာ Navigation လို့ခေါ်တဲ့ဟာ ဖြစ်ပါတယ်။ အဲဒီ Function က ဒီဘလော့ဂ်မှာ ရှိသလို Header/Banner ရဲ့ အထက် (သို့မဟုတ်) အောက်မှာမျိုး တန်းပလိပ်တိုင်းမှာ မရှိပါဘူး။ တချို့ တန်းပလိပ်တွေမှာ ဆိုက်ဒ်ဘားနေရာမှာပဲ ပါပါတယ်။ Header/Banner တ၀ိုက်မှာမှ ရှိစေချင်သူများ သတိပြုဖို့ပါ။

Changing Theme

တန်းပလိတ်Themeကို ပြောင်းချင်သလိုပြောင်းပါ။ Blogspot မှာလို ဆိုက်ဘားမှာထည့်ထားတာတွေ ပျောက်သွားခြင်းမျိုးမရှိပါဘူး။ Backup လုပ်နေစရာ မလိုပါဘူး။ Widgets ကနေ ပြန်ဆွဲချ နဂိုလုပ်ထားတဲ့ အတိုင်းပြန်ရပါတယ်။

C-Box and Other

Blogspot မှာ တမင်ထည့်ပေးရတဲ့ Read more ဆိုတာမျိုး အသင့်ပါပြီး ဖြစ်ပါတယ်။ C-Box နဲ့ တခြား Counter ဆိုတာတွေ ထည့်ဖို့ Text ကို သုံးနိုင်ပါတယ်။ Presentation>Widget> ထဲမှာပါ။ အောက်နားမှာ Text နဲ့ Rss Fee အတွက် အပိုယူလို့ရပါတယ်။ အဲဒီမှာ Text ကို ယူပြီး C-Box Code ကို ထည့်နိုင်ပါတယ်။ ဘလော့ဂ်အဟာင်းက C-Box ကို ယူလာပြီး ထည့်လည်းရပါတယ်။

Upload, Export & Import

Blogspot ထက်ကောင်းတာကတော့ ပုံတွေအပြင် pdf ဖိုင် စတာတွေ ပို့စ်မှာ တိုက်ရိုက် Upload တင်လို့ရပါတယ်။ Blogspot အပြင် Wordpress အချင်းချင်းလည်း ဖိုင်၊ ပို့စ်၊ ကော်မန့်တွေကအစ ပို့၊ ပြောင်း၊ ရွေ့၊ သွင်းလို့ ရပါတယ်။ Export နဲ့ Import ပါ။

MM Thinker

Read More...
AddThis Social Bookmark Button

Testing Zawgyi Font in Wordpress  


Contributor: မျိုးကျော်ထွန်း

တစ်ရက်က ကိုရန်အောင် (ရုပ်ရှင်မင်းသား မဟုတ်ပါ) က မေးပါတယ်။
I also wanna ask u how I can write wordpress blog in myanmar.

သူမေးတာက free host အဖြစ်သုံးမယ့် wordpress.com ပါ။ wordpress.com မှာ တန်းပလိတ် change ဖို့ ခွင့်မပေးပါဘူး။ လုပ်ချင်ရင် ပိုက်ပိုက်ပေးရပါတယ်။ အဲ့ဒိ့အတွက် wordpress.com မှာ မြန်မာလို လက်တည့်စမ်းချင်တဲ့ လူများ ကသိရယ် ကအောင့် ဖြစ်ရပါတယ်။ အဲ့ဒိ့အခါမှာ font ကို ကိုယ်ကြိုက်တာတင်ဖို့ တစ်နည်းတော့ ရှိပါတယ်။ ဒါတောင် content ပါ။ post title မဟုတ်ပါဘူး။ CSS လေးနည်းနည်းပါးပါး ထည့်ရပါတယ်။ ရေးမယ့် panel ထဲကို ဝင်ပါ။ အောက်က ပုံကို ကြည့်ပါ။



text formatting style အဖြစ် သုံးလေ့ရှိတဲ့ <span> tag element ကို သုံးပြီး ရေးလို့ရပါတယ်။
ဥပမာ

<span style="font: 13px 'Zawgyi-One', zawgyi1, arial, sans-serif;">
ဒီအထဲမှာ မြန်မာလိုတွေ ရေးလို့ရပါတယ်။
</span>
ဒီလိုရေးပြပေမယ့် Wodpress အသုံးပြုထားတဲ့ TinyMCE Editor က နည်းနည်းတော့ ပြန်ပြင်ပါတယ်။ ကိစ္စမရှိပါဘူး။ စမ်းကြည့်ချင်ပါတယ်။ Title ကို tag ထည့်ပြီး ရေးကြည့်ခဲ့ပါတယ်။ မရခဲ့ပါဘူး။ အဲဒိ့တော့ Title ကို English လို ရေးပေါ့။

? တွေပေါ်နေလို့ အခက်အခဲဖြစ်ရင် NotePad ထဲမှာ အရင်ရေးပါ။ ပြီးတော့ လာ paste လုပ်ပြီးထည့်ပါ။

ဒါက နမူနာ wordpress blog ပါ။

Read More...
AddThis Social Bookmark Button