Myanmar Blogger Helpdesk

Learning, Sharing and Growing Together at Blogging Community!

Thinker to Thinker အဖွဲ့ရဲ့ Wordpress Offer  

Contributor: သင်ကာ

Wordpress ကို Thinker to Thinker အဖွဲ့က ထိုင်ပေးတဲ့ Host နဲ့ လုပ်ရတဲ့ဟာပါ။ အဲဒီမှာ Worpdress လုပ်ရင် `www.(ကိုယ်ရွေးတဲ့အမည်).thinkertothinker.com´ဆိုပြီး လိပ်စာရမှာ ဖြစ်ပါတယ်။


ဒီ Group ဟာ Capitalism ကိုထောက်ခံတဲ့ အဖွဲ့ ဖြစ်ပါတယ်။ Bernstein ကြေငြာချက်ကို သဘောတူသူတွေ ဖြစ်ရပါမယ်တဲ့။ အဟဲ..ဘလော့ဂ်လုပ်ပါတယ်ဆိုမှ မဲဆွယ်တဲ့ အဖွဲ့နဲ့ တိုးနေတယ်။

ကျနော်စမ်းကြည့်ပြီးတော့ တွေ့ရတာကို ပြောရရင်…

- လိပ်စာကို အပေါ်မှာ ပြောခဲ့တဲ့အတိုင်း thinkertothinker.com နဲ့ ရမှာ ဖြစ်ပါတယ်။ (ကျနော်ယူလိုက်တာက Myanmar.thinkertothinker.com ပါ။)

- Capitalism ကို ထောက်ခံသူတွေက ပေးတဲ့ Host ဆိုပေမယ့် ကိုယ်ရေးချင်တာရေးလို့ရပါတယ်။

- တကယ်တော့ Feature တွေ၊ Blogging အနေအထားတွေဟာ Wordpress.com မှာ တိုက်ရိုက်ဘလော့ဂ်လုပ်တဲ့ အတိုင်းပါပဲ။

- တန်းပလိပ်၊ သီးမ် (Themes) က သူတို့ ပေးထားတဲ့ အကန့်အသတ်အတွင်းမှာပဲ ရပါတယ်။

- စပွန်ဆာလင့် ဆိုပြီ သူတို့ထည့်ပေးထားတဲ့ ကြော်ငြာ ၃ ခုလောက်ပါပေမယ့် ကိုယ်ကလည်း ကြော်ငြာထည့်ခွင့်ရှိပါတယ်။ (Blog Roll ထဲမှာ ပုံနဲ့ လင့်ခ်ထည့်လို့ရတဲ့ Function ရှိတယ်။ အဲဒါနဲ့ ထည့်ရမှာပါ။)

- Sidebar အသေကြီးမို့ ကလိမည့်ဆရာများ ကြိုက်ကြမည်မဟုတ်ပါ။

- စာရိုးရိုးပဲရေးပြီ ဒိုမိန်းအမည်ကို သဘောကျသူတွေအတွက်တော့ အိုကေပါလိမ့်မယ်။

- စမ်းကြည့်ချင်သူတွေက ဖောင်ဖြည့်ရပါမယ်။ မေးလ် ပြန်ပို့လိမ့်မယ်။ ချက်ချင်းမရောက်ပါ။ စောင့်ရသည်။

တခါက မှော်ဆရာညွှန်းပြီး ကျနော်ကလိကြည့်တဲ့ Blogsom နဲ့ နင်လားငါလားပါပဲ။ ကျနော်စမ်းထားတာ ဒီမှာ ၀င်ကြည့်ပါ။

AddThis Social Bookmark Button

0 comments

Post a Comment

Post a Comment