ကိုယ်နှစ်သက်တဲ့ Site လေးတွေကို ဒီလိုစောင့်ဖတ်မယ်...
Contributor: ရန်အောင်
အားလုံးပဲ မင်္ဂလာပါ.
ဒီတစ်ခါမျှဝေချင်တာကတော့ ကိုယ့်ရဲ့ သူငယ်ချင်း (သို့မဟုတ်) ကိုယ်အမြဲဖတ်လေ့ရှိတဲ့ ဘလော့ဂ်လေးတွေ၊ ၀က်ဘ်ဆိုက်လေးတွေမှာ ဘာပို့စ်အသစ်တွေတက်ပြီလဲ၊ ဘယ်တုန်းကတင်လိုက်ပြီလဲ ဆိုတာကို စောင့်ကြည့်လို့ရတဲ့ Widget လေးတစ်ခု အကြောင်းပါ.
ဘာလဲဆိုတာ အရင်ဆုံးသိချင်တယ်ဆိုရင်တော့ ကျွန်တော့်ဘလော့ဂ်ရဲ့ ဆီဘောက်စ်အောက်နားလေးမှာ တင်ထားတဲ့ “Latest News/Posts” ဆိုတာလေးကို ကြည့်လိုက်ပါခင်ဗျာ….
Hack လုပ်ထားတာ မဟုတ်သလို သုံးရတာ ခဲယဉ်းခြင်းလည်း မရှိပါဘူး။ အရမ်းကို လွယ်ကူရိုးရှင်းပါတယ်. ဘာလို့လဲဆိုတော့ ဒီ widget လေးကို Blogger ကိုယ်တိုင်က လုပ်ပေးထားတာမို့ပါ. ယူသုံးရုံပါပဲ. ဒါပေမယ့် မသိသေးသူတွေ ရှိကောင်းရှိနိုင်တာမို့ ကျွန်တော်က လူသိများအောင် လုပ်ပေးလိုက်တယ်လို့ပဲ မှတ်ယူစေချင်ပါတယ်.
ကဲ. ဘယ်လိုလုပ်ရမလဲဆိုတော့ ဒီလိုလုပ်ပါခင်ဗျာ.
Layout>Add a page element ကိုသွားလိုက်ပါ. ဒီလိုလေး ပေါ်လာပါလိမ့်မယ်.
Blog List ဆိုတာလေးကို ရွေးလိုက်ပါ. ဒါမျိုးလေး ထပ်ပေါ်လာပါလိမ့်မယ်.
လက်ကလေးနဲ့ ထောက်ပြထားတဲ့ "Add a blog to your list" ဆိုတာလေးကို ရွေးလိုက်ပါ.
ပေါ်လာတဲ့ ကွက်လပ်ကလေးထဲမှာ ကိုယ်ဖတ်ချင်တဲ့ ဘလော့ဂ် (သို့) ၀က်ဘ်ဆိုက်ရဲ့ URL လင့်ခ်လေးကို ထည့်ပေးလိုက်ရုံပါပဲ.
ဒါဆိုရင် ပြီးပါပြီ. ဟုတ်ကဲ့. အဲသလောက်ကို လွယ်ပါတယ်.
နောက်တစ်ခုသတိထားရမှာကတော့ ကိုယ်က ထည့်ကောင်းကောင်းနဲ့ လင့်ခ်တွေ အများကြီးထည့်နေမိရင် ကိုယ့်ဘလော့ဂ်လေးမှာ ရှုပ်ရှက်ခတ်ကုန်တော့မှာပေါ့. အဲဒီ့တော့ ခုနက Widget လေးမှာပဲ Show ဆိုတဲ့ Drop Down Menu Box လေးကို ဖွင့်ကြည့်လိုက်ပါ. Default ပေးထားတာက All Blogs ပါ. ကျန်တဲ့ ရွေးချယ်စရာ options တွေကတော့ 5 blogs, 10 blogs, 25 blogs တွေပါ. မိမိနှစ်သက်သလို ရွေးချယ်နိုင်ပါတယ်. 5 blogs ကတော့ လုံလောက်ပါတယ်. ကျန်တာတွေကို Show all ခေါက်လိုက်ရင် ပေါ်လာမှာမို့ စိတ်ပူစရာမလိုပါဘူး.
Sort မှာတော့ Alphabetically (အက္ခရာအလိုက်) စဉ်မလား၊ Most Recently Updated (နောက်ဆုံးတင်တဲ့ပို့စ်အလိုက်) စဉ်မလားလို့ မေးထားပါသေးတယ်. Most Recently Updated က ပိုကောင်းပါတယ်. ဒါမှ နောက်ဆုံးတင်လိုက်တဲ့ ပို့စ်လေးတွေကို အလျင်မီအောင် လိုက်ဖတ်လို့ရမှာလေ.
ကဲဗျာ. ဒီတော့ ကျန်တာတွေကို ဥာဏ်ရှိသလို သုံးလို့ရပါတယ်. တစ်ခုတော့ ရှိတယ်နော်. လင့်ခ်ပေးတိုင်း ကောက်ထည့်လို့ရတာမဟုတ်ဘူး. သက်ဆိုင်ရာ ဘလော့ဂ်တွေ၊ ၀က်ဘ်ဆိုက်တွေမှာ RSS ရှိဖို့လိုပါတယ်. မြန်မာဘလော့ဂ်တွေကတော့ လင့်ခ်လေး ကောက်ထည့်လိုက်ရုံနဲ့ ရပါတယ်. တစ်ခြားသတင်းဘလော့ဂ်တွေ (ဥပမာ. CNN, BBC...etc..) တွေကိုတော့ သူတို့ပေးထားတဲ့ RSS Link လေးကို လိုက်ရှာပြီးမှ ထည့်လို့ အဆင်ပြေပါမယ်. Feedburner နဲ့ RSS တွေ အကြောင်းကို ကျွန်တော်နောက်တစ်ခေါက် အကျယ်ချဲ့ပြီး ထပ်ဆွေးနွေးပေးပါဦးမယ်.
ကဲ. ဘယ်သူတွေ ဘာတွေရေးနေကြတယ်ဆိုတာကို မျက်ခြည်မပြတ် စောင့်ဆိုင်း ဖတ်ရှုလေ့လာနိုင်ကြပါစေဗျား....
အားလုံးကို ချစ်ခင်လေးစားလျက်
ရန်အောင်
July 17, 2008 at 6:15 AM
ကျေးဇူးအများကြီးတင်ပါတယ်။
July 29, 2008 at 12:55 AM
ကိုရန်အောင်ရေ့ ဒီပို့ စ်လေးအတွက် ကျေးဇူးပါဗျာ လုပ်ထားပြီးပြီ ကျနော်ထပ်သိချင်လို့  ကျနော်က ဘလော့ဂါ ၁၅ ယောက်လောက်ကို ထည့်ထားချင်တယ် ဒါပေမယ့် ဘလော့မှာတော့ နောက်ဆုံuးpdate ၅ ဦးရဲ့ ပို့ စ်ပဲပေါ်စေချင်လို့ လေ ပို့ စ်ခေါက်တယ်ဆိုတာက
ဘယ်လိုလုပ်ရလဲ အားရင်ပြောပြပေးပါအုံးးးး။
April 8, 2010 at 4:07 AM
အကို...
ကျွန်တော်သိချင်တဲ့ feedburner က setting>site feed>
က feedburner ခင်ဗျာ့.. လုပ်ကြည့်တယ်ရတော့ရတယ်
လိုချင်တဲ့ပုံစံတော့မဟုတ်ဘူး...ကျွန်တော်လိုချင်တဲ့ပုံစံက
စာဖတ်သူတွေကသူတို့ mail ID ပေးခဲ့မယ်ဆိုရင်..ကျွန်တော်
တင်တိုင်းသူတို့ဆီရောက်မယ်.ဆိုတဲ့Function လေးပါ..
သူက..Enter Mail Address: Scribe" ဆိုတဲ့ပုံစံလေးဗျ။
ကျွန်တော် fireBug နဲ့ကိုရန်အောင့် ဘလော့ဂ်ထဲကနေcopy၊
HTml page ထဲ paste ပေမယ့်..value က ရန်အောင်ဖြစ်နေတယ်
ဒီမောင်ကလဲ...တစ်နေတာမို့...ဖြေပေးပါခင်ဗျာ...
August 15, 2012 at 7:02 AM
ကျေးဇူးအများကြီးတင်ပါတယ် ..... ဒီပို့လေးဖတ်ပီးမှ .. စမ်းရေးကြည့်နေတာပါ ...